ပုပၸါးေမ်ာက္ မ်ိဳးစိတ္သစ္ မဲေခါင္ေဒသ ရွားပါးတိရစၧာန္ထဲ ပါဝင္
{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံက မီးေတာင္ေသျဖစ္တဲ့ ပုပၸားေတာင္က ေမ်ာက္ေတြထဲမွာ အသစ္ေတြ႕ရတဲ့ ေမ်ာက္မ်ဳိးစိတ္အပါအ၀င္ ရွားပါးတဲ့ တိရစၦာန္မ်ဳိးစိတ္အသစ္ ေပါင္း ၂၂၄ မ်ဳိးကို မဲေခါင္ေဒသမွာ ေတြ႕ရွိခဲ့ေၾကာင္း ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ ကမၻာ့ေတာရိုင္းတိရစၦာန္ရန္ပံုေငြအဖဲြ႔ WWF ရဲ႕ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။ အဲဒီပုပၸားေမ်ာက္ မ်ဳိးစိတ္အသစ္ ေမ်ာက္ဟာ မ်က္လံုးတ၀ိုက္မွာ တေစၦလို အျဖဴေရာင္စက္၀ိုင္းရွိေနတာျဖစ္ပါတယ္။
ဒါအျပင္ မဲေခါင္ေဒသျဖစ္တဲ့ ျမန္မာ၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ လာအိုနဲ႔ထိုင္း ႏိုင္ငံေတြမွာ ၾကြယ္၀လွတဲ့ ဇီ၀မ်ဳိးစံု မ်ဳိးကဲြေတြ၊ သဘာ၀ေတာရိုင္းတိရစၦာန္ေတြရဲ႕ ရင္းျမစ္ကို ကာကြယ္ေပးဖို႔ လိုအပ္ေနေၾကာင္း အဲဒီအစီရင္ခံစာမွာ မီးေမာင္းထိုးျပထားပါတယ္။
အစီရင္ခံစာမွာေဖၚျပထားတဲ့ မ်ဳိးစိတ္အသစ္ ၂၂၄ မ်ဳိးကို ၂၀၂၀ျပည့္ႏွစ္ထဲက ေတြ႕ရွိခဲ့တာျဖစ္ေပမယ့္ မႏွစ္က အခ်ိန္မွီထုတ္ျပန္ႏိုင္ျခင္းမရွိပဲ ေႏွာင့္ေႏွးခဲ့ရတယ္လို႔ ဆိုပါတယ္။
မ်ဳိးစိတ္အသစ္ ၂၂၄ မ်ဳိးစာရင္းထဲမွာပါေနတဲ့ပုပၸားေမ်ာက္ မ်ဳိးစိတ္အသစ္ကို ျမန္မာႏိုင္ငံမွာ ေတြ႕ခဲ့တာျဖစ္သလိုတခုတည္းေသာႏို႔တိုက္သတၱ၀ါျဖစ္ၿပီး က်န္တဲ့ မ်ဳိးစိတ္အသစ္ေတြကေတာ့ လာအိုႏိုင္ငံက တြားသြားသတၱ၀ါေတြ၊ ဖား၊ ပုတ္သင္းညိဳ၊ ငါးနဲ႔ အပင္မ်ဳိးစိတ္၁၅၅ မ်ဳိးလည္း ပါ၀င္ပါတယ္။
မဲေခါင္ေဒသဟာ ဇီဝမ်ိဳးစုံမ်ိဳးကြဲေတြ တည္ရွိရာေနရာျဖစ္ၿပီး က်ားေတြ၊ အာရွဆင္ေတြအပါအ၀င္ အလြန္ရွားပါးတဲ့တိရစာၦန္မ်ိဳးစိတ္ေထာင္ေပါင္းမ်ားစြာရွိေနေၾကာင္းWWF အစီရင္ခံစာမွာ ေဖၚျပထားပါတယ္ ။
...................................
ပုပ္ပါးမျောက် မျိုးစိတ်သစ် မဲခေါင်ဒေသ ရှားပါးတိရစ္ဆာန်ထဲ ပါဝင်
{{Zawgyi/Unicode}}
မြန်မာနိုင်ငံက မီးတောင်သေဖြစ်တဲ့ ပုပ္ပားတောင်က မျောက်တွေထဲမှာ အသစ်တွေ့ရတဲ့ မျောက်မျိုးစိတ်အပါအဝင် ရှားပါးတဲ့ တိရစ္ဆာန်မျိုးစိတ်အသစ် ပေါင်း ၂၂၄ မျိုးကို မဲခေါင်ဒေသမှာ တွေ့ရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ WWF ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အဲဒီပုပ္ပားမျောက် မျိုးစိတ်အသစ် မျောက်ဟာ မျက်လုံးတဝိုက်မှာ တစ္ဆေလို အဖြူရောင်စက်ဝိုင်းရှိနေတာဖြစ်ပါတယ်။
ဒါအပြင် မဲခေါင်ဒေသဖြစ်တဲ့ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ထိုင်း နိုင်ငံတွေမှာ ကြွယ်ဝလှတဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေ၊ သဘာဝတောရိုင်းတိရစ္ဆာန်တွေရဲ့ ရင်းမြစ်ကို ကာကွယ်ပေးဖို့ လိုအပ်နေကြောင်း အဲဒီအစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။
အစီရင်ခံစာမှာဖေါ်ပြထားတဲ့ မျိုးစိတ်အသစ် ၂၂၄ မျိုးကို ၂၀၂၀ပြည့်နှစ်ထဲက တွေ့ရှိခဲ့တာဖြစ်ပေမယ့် မနှစ်က အချိန်မှီထုတ်ပြန်နိုင်ခြင်းမရှိပဲ နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။
မျိုးစိတ်အသစ် ၂၂၄ မျိုးစာရင်းထဲမှာပါနေတဲ့ ပုပ္ပားမျောက် မျိုးစိတ်အသစ်ကို မြန်မာနိုင်ငံမှာ တွေ့ခဲ့တာဖြစ်သလို တခုတည်းသောနို့တိုက်သတ္တဝါဖြစ်ပြီး ကျန်တဲ့ မျိုးစိတ်အသစ်တွေကတော့ လာအိုနိုင်ငံက တွားသွားသတ္တဝါတွေ၊ ဖား၊ ပုတ်သင်းညို၊ ငါးနဲ့ အပင်မျိုးစိတ် ၁၅၅ မျိုးလည်း ပါဝင်ပါတယ်။
မဲခေါင်ဒေသဟာ ဇီဝမျိုးစုံမျိုးကွဲတွေ တည်ရှိရာနေရာဖြစ်ပြီး ကျားတွေ၊ အာရှဆင်တွေအပါအဝင် အလွန်ရှားပါးတဲ့ တိရစ္ဆာန်မျိုးစိတ်ထောင်ပေါင်းများစွာရှိနေကြောင်းWWF အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ် ။