သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မ်ိဳးသုဥ္းလုနီးေမ်ာက္မ်ိဳးစိတ္ ျမန္မာႏိုင္ငံမွာ ေတြ႔ရွိ


ပုပၸားေမ်ာက္ - ဓါတ္ပံု AFP PHOTO/ THAUNG WIN

(Zawgyi/Unicode)

မ်ိဳးသုဥ္းေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ ေမ်ာက္မ်ိဳးစိတ္သစ္တမ်ိဳးကို ျမန္မာျပည္အလယ္ပိုင္း ေတာတြင္းတေနရာမွာ ရွာေဖြေတြ ့ရွိခဲ့ပါတယ္။ အေလးခ်ိန္ ၁၈ ေပါင္ခန္ ့သာရွိျပီး အိမ္ေမြးေၾကာင္ ၂ ေကာင္စာေလာက္သာ အေလးခ်ိန္ရွိတာမို ့ အရြယ္အစားေသးငယ္ျပီး ခ်စ္စရာ ေကာင္းပါတယ္။ အညိုေရာင္အေမႊးအမွ်င္ ထိုးထိုးေထာင္ေထာင္နဲ ့ မ်တ္ႏွာဖံုး၀တ္ဆင္ထားသလိုပံုမ်ိဳးရွိတဲ့ ဒီေမ်ာက္မ်ိဳးစိတ္ဟာ ခုေတာ့ မ်ိဳးသုဥ္းေပ်ာက္ကြယ္လုနီးေနပါျပီ ။

ပုပၸားေမ်ာက္လို ့နာမည္ေပးထားတဲ့ ဒီေရွးေမ်ာက္ေတြ မီးေတာင္ေသတလံုးျဖစ္တဲ့ ပုပၸါးေတာင္တ၀ိုက္ မွာရွိတဲ့ ေမ်ာက္အုပ္ေတြထဲ ကေမ်ာက္အုပ္စုတခုျဖစ္ျပီး ယခုအခါ အေကာင္ ၂၅၀ ကေန ၃၀၀ ေလာက္သာက်န္ရွိေနတာမို ့ သုေတသနပညာရွင္ေတြက ့အထူးအႏၱရာယ္က်ေရာက္ေနတဲ့ အုပ္စုထဲ ထည့္သြင္းသတ္မွတ္ထားရွိဖို ့ေတာင္းဆိုေနၾကတာပါ။

ရန္္ကုန္ျမိဳ ့ Fauna & Flora International (FFI) က သုေတသနပညာရွင္္ Frank Momberg ကေတာ့ “ ဒီ ပုပၸါးေမ်ာက္မ်ိဳးစိတ္ေတြဟာ ေရွးယခင္ကာလေတြထဲကိုက မ်ိဳးသုဥ္းေပ်ာက္ကြယ္လုနီးေနခဲ့တယ္" လို ့ေျပာပါတယ္။

အမဲလိုက္ျခင္း၊ စားက်တ္ေပ်ာက္ဆံုးျခင္း၊ ေကာင္ေရက်ဆင္းလာျခင္း၊ စိုက္ပ်ိဳးေရးနဲ ့ တရားမ၀င္ သစ္ထုတ္လုပ္တာေတြေၾကာင့္ ပုပၸါးေမ်ာက္ေကာင္ေရ အၾကီးအက်ယ္ က်ဆင္းသြားတယ္လို ့လည္း ေလ့လာေတြ ့ရွိခ်က္ေတြက ဆိုပါတယ္။

ဒီေမ်ာက္မ်ိဳးစိတ္ေတြကို လြန္ခဲ့တဲ့ရာစုနွစ္ေတြကထဲက ၿဗိတိန္ႏိုင္ငံလန္ဒန္ၿမိဳ ့သဘာ၀သမိုင္းျပတိုက္မွာ ပထမဆံုး ထားရွိခဲ့တာလည္းျဖစ္္ပါတယ္။ သုေတသီ Momberg နဲ ့အဖြဲ ့ရဲ့ ေတြ ့ရွိခ်က္ေတြအရ ယခင္ကမ်ိဳးစိတ္ေဟာင္း နဲ ့ယခုရွာေဖြေတြ ့ရွိတဲ့မ်ိဳးစိတ္သစ္တို ့ရဲ့ မ်ိဳးရိုးဗီဇ နမူနာေတြ တူညီေနဆဲျဖစ္ေနတာမို ့ ဒီပုပၸားေမ်ာက္မ်ိဳးစိတ္ေတြဟာ ဆက္လက္ၿပီး ရုန္းကန္ ရွင္သန္ေနၾကဆဲျဖစ္တယ္လို ့ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မျိုးသုဉ်းလုနီး မျောက်မျိုးစိတ် မြန်မာနိုင်ငံမှာတွေ့ရှိ

(Unicode)

မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မျောက်မျိုးစိတ်သစ်တမျိုးကို မြန်မာပြည်အလယ်ပိုင်း တောတွင်းတနေရာမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အလေးချိန် ၁၈ ပေါင်ခန့်သာရှိပြီး အိမ်မွေးကြောင် ၂ ကောင်စာလောက်သာ အလေးချိန်ရှိတာမို့ အရွယ်အစားသေးငယ်ပြီး ချစ်စရာ ကောင်းပါတယ်။ အညိုရောင်အမွှေးအမျှင် ထိုးထိုးထောင်ထောင်နဲ့ မျတ်နှာဖုံးဝတ်ဆင်ထားသလိုပုံမျိုးရှိတဲ့ ဒီမျောက်မျိုးစိတ်ဟာ ခုတော့ မျိုးသုဉ်းပျောက်ကွယ်လုနီးနေပါပြီ ။

ပုပ္ပားမျောက်လို့နာမည်ပေးထားတဲ့ ဒီရှေးမျောက်တွေ မီးတောင်သေတလုံးဖြစ်တဲ့ ပုပ္ပါးတောင်တဝိုက် မှာရှိတဲ့ မျောက်အုပ်တွေထဲ ကမျောက်အုပ်စုတခုဖြစ်ပြီး ယခုအခါ အကောင် ၂၅၀ ကနေ ၃၀၀ လောက်သာကျန်ရှိနေတာမို့ သုတေသနပညာရှင်တွေက့အထူးအန္တရာယ်ကျရောက်နေတဲ့ အုပ်စုထဲ ထည့်သွင်းသတ်မှတ်ထားရှိဖို့တောင်းဆိုနေကြတာပါ။

ရန်ကုန်မြို့ Fauna & Flora International (FFI) က သုတေသနပညာရှင် Frank Momberg ကတော့ “ ဒီ ပုပ္ပါးမျောက်မျိုးစိတ်တွေဟာ ရှေးယခင်ကာလတွေထဲကိုက မျိုးသုဉ်းပျောက်ကွယ်လုနီးနေခဲ့တယ်" လို့ပြောပါတယ်။

အမဲလိုက်ခြင်း၊ စားကျတ်ပျောက်ဆုံးခြင်း၊ ကောင်ရေကျဆင်းလာခြင်း၊ စိုက်ပျိုးရေးနဲ့ တရားမဝင် သစ်ထုတ်လုပ်တာတွေကြောင့် ပုပ္ပါးမျောက်ကောင်ရေ အကြီးအကျယ် ကျဆင်းသွားတယ်လို့လည်း လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။

ဒီမျောက်မျိုးစိတ်တွေကို လွန်ခဲ့တဲ့ရာစုနှစ်တွေကထဲက ဗြိတိန်နိုင်ငံလန်ဒန်မြို့သဘာဝသမိုင်းပြတိုက်မှာ ပထမဆုံး ထားရှိခဲ့တာလည်းဖြစ်ပါတယ်။ သုတေသီ Momberg နဲ့အဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ ယခင်ကမျိုးစိတ်ဟောင်း နဲ့ယခုရှာဖွေတွေ့ရှိတဲ့မျိုးစိတ်သစ်တို့ရဲ့ မျိုးရိုးဗီဇ နမူနာတွေ တူညီနေဆဲဖြစ်နေတာမို့ ဒီပုပ္ပားမျောက်မျိုးစိတ်တွေဟာ ဆက်လက်ပြီး ရုန်းကန် ရှင်သန်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG