သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း



SRI LANKA-POLITICS-UNREST-ECONOMY

သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့ရက်ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ကရှုံချလိုက်ပြီး၊ နောက်ထပ်အကြမ်း ဖက်တိုက်ခိုက်မှုတွေမဖြစ်အောင်ကာကွယ်ဖို့ သီရိလင်္ကာအစိုးရ ကိုတိုက်တွန်းလိုက်ပါတယ်။

Zawgyi








တိုက်ရိုက် လင့်ခ်

###

Unicode

သီရိလင်္ကာမှာ အကြမ်းဖက်မှုတွေ စုံစမ်းဖော်ထုတ်ဖို့ ကုလလူ့အခွင့်အရေး မဟာမင်းကြီးတောင်းဆို

သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့ရက်ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ကရှုံချလိုက်ပြီး၊ နောက်ထပ်အကြမ်း ဖက်တိုက်ခိုက်မှုတွေမဖြစ်အောင်ကာကွယ်ဖို့နဲ့ တိုင်းပြည်ရင်ဆိုင်နေရတဲ့အကြပ်အတ ည်းအတွက်အဓိပ္ပါယ်ပြည့်ဝတဲ့တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ဖြေရှင်းဖို့သီရိလင်္ကာအစိုးရ ကိုတိုက်တွန်းလိုက်ပါတယ်။

တနင်္လာနေ့တုန်းအစိုးရထောက်ခံသူတွေနဲ့ဆန္ဒပြသူတွေအကြားအကြမ်းဖက်တိုက်ခိုက် မှုတွေဖြစ်ခဲ့တဲ့အတွက်နည်းဆုံး ၇ ဦးသေဆုံးပြီး၊ လူ ၂၅၀ ကျော်ဒါဏ်ရာရခဲ့ပါတယ်။

“လူ့အခွင့်အရေးမဟာမင်းကြီးက အကြမ်းဖက်တိုက်ခိုက်မှုတွေကိုရှုံချပါတယ်။ အကြမ်း ဖက်မှုတိုက်ခိုက်မှုဖြစ်ပေါ်ရတဲ့အကြောင်းရင်းကို လွတ်လပ်ပြီး၊ မြင်သာတဲ့ တဲ့စုံစမ်း စစ်ဆေးမှုပြုလုပ်ဖို့ကိုလည်း တာဝန်ရှိသူတွေကိုတိုက်တွန်းထားပါတယ်” လို့ လူ့အခွင့် အရေးမဟာမင်းကြီး မစ်ရှဲလ် ဘက်ရှလက် ရဲ့ပြောရေးဆိုခွင့်ရှိသူ Liz Throssell က ပြောဆိုသွားတာပါ။

ငြိမ်းချမ်းစွာဆန္ဒြ့ပသူတွေကို သမတရဲ့ညီဝန်ကြီးချုပ် Mahinda Rajapaksa ကိုထောက် ခံသူတွေက စတင်တိုက်ခိုက်ခဲ့တဲ့အတွက်အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရတာလို့ ကနဦးသတင်းတွေမှာဖေါ်ပြပါတယ်။ အဲဒိနေ့မှာဘဲဝန်ကြီးချုပ်နှုတ်ထွက်ခဲ့ပါတယ်။

လက်ရှိသီရိလင်္ကာအစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းတွေ ကိုဖြေရှင်းနိုင်ဖို့ အင်အားစုအားလုံးနဲ့တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ကိုလည်း လူ့အခွင့်အရေးမဟာမင်းကြီးက တိုက်တွန်းထား ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ၁၉၄၈ ခုနှစ်ကနေ၊ ဒီကနေ့အထိကာလအတွင်း အဆိုးရွားဆုံးစီးပွား ရေးကျဆင်းမှုနဲ့ကြုံနေရပြီး၊ အစိုးရနှုတ်ထွက်ပေးဖို့ပြည်သူတွေကဆန္ဒပြ တောင်းဆိုနေ ကြပါတယ်။

XS
SM
MD
LG