Zawgyi
ယူကရိန္းမွာ ႐ုရွားတပ္ေတြရဲ႕ က်ဳးလြန္မႈ စစ္ရာဇ၀တ္မႈေျမာက္ႏိုင္ေၾကာင္း ကုလသတိေပး
ယူကရိန္း က်ဴးေက်ာ္ စစ္ အတြင္း ႐ုရွား တပ္ဖြဲ႔ေတြရဲ႕ က်ဴးလြန္တယ္လို႔ စြပ္စြဲထားတဲ႔ ႏိုင္ငံတကာ လူ႔သားခ်င္းစာနာမႈနဲ႔ လူ႔အခြင့္ေရး ဆိုင္ရာ ဥပေဒ ခ်ိဳးေဖာက္မႈ အမ်ားအျပားဟာ စစ္ရာဇ၀တ္မႈ ေျမာက္ႏိုင္ေၾကာင္း ယူကရိန္းႏိုင္ငံတြင္းက ကုလသမဂၢ ေစာင့္ၾကည့္ေရး အဖြဲ႔တခုက ေျပာဆိုလိုက္ပါတယ္။
႐ုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ စခဲ႔တဲ႔ ၿပီးခဲ႔တဲ႔ ၇၆ ရက္တာ အတြင္း ရာနဲ႔ခ်ီတဲ႔ ခ်ိဳးေဖာက္မႈေတြကို ကုလသမဂၢ အဖြဲ႔က မွတ္တမ္းျပဳစုထားတာပါ။ အခု သက္ေသ အေထာက္အထား စုစည္းခ်က္ဟာဆိုရင္ အဲဒီ ကာလအတြင္း ရက္စက္ၾကမ္းၾကဳတ္တဲ႔ က်ဴးလြန္မႈ အတိုင္းအတာကို မျခံဳငံုမိေသးေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး မစ္ရွင္ အႀကီးအကဲ Matilda Bogner က ေျပာပါတယ္။
႐ုရွား လက္နက္ကိုင္ တပ္ဖြဲ႔ေတြက အရပ္သားေတြကို ဖမ္းဆီးတာ တခ်ိဳ႕ကိုလည္း မွတ္တမ္း ျပဳစုထားပါတယ္။ အမ်ားစုကေတာ့ လူငယ္ အမ်ိဳးသားေတြ ျဖစ္ၿပီး သူတို႔ကို ဘယ္လာ႐ုစ္ကေန ႐ုရွားကိုပို႔ၿပီး စစ္ေၾကာေရး ထိန္းသိမ္းေရး စခန္းေတြမွာ ခ်ဳပ္ေႏွာင္ထားေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး မစ္ရွင္ အႀကီးအကဲ Matilda Bogner က ေျပာဆိုခဲ႔ပါတယ္။
အခု ေနာက္ဆံုးထုတ္ျပန္ခ်က္ေတြမွာေတာ့ အရပ္သား ေသဆံုးမႈ ၇၀၀၀ ေက်ာ္ရွိၿပီး အဲဒီထဲမွာ သတ္ျဖတ္ခံရမႈ ၃,၃၉၀ ဦးလည္း ပါ၀င္ပါတယ္။ အမွန္တကယ္ အေရအတြက္ ဒီထက္ မ်ားႏိုင္တယ္လို႔လည္း Bogner က ေျပာပါတယ္။
ကုလသမဂၢ ေစာင့္ၾကည့္ေရး အဖြဲ႔ သြားေရာက္တဲ႔ ေဒသ အမ်ားအျပားမွာေတာ့ ေက်ာင္းေတြ၊ ေဆးရံုေတြ၊ လူေန အိမ္ယာ အေဆာက္အအံုေတြ ဖ်က္စီးခံရတာ ေတြ႕ခဲ႔ရေၾကာင္းလည္း သူမက ေျပာပါတယ္။ ယူကရိန္းႏိုင္ငံ တ၀န္းမွာ ခရစ္ယာန္၊ ဂ်ဴး၊ မူဆလင္ ၀တ္ျပဳ ကိုးကြယ္ရာ ေနရာ အနည္းဆံုး ၅၀ ပ်က္စီးေနေၾကာင္းလည္း ေျပာပါတယ္။
တရားဥပေဒမဲ႔ သတ္ျဖတ္မႈ၊ ၫွဥ္းပန္း ႏွိပ္စက္မႈ၊ အုပ္စုဖြဲ႔ မုဒိမ္းျပဳက်င့္မႈနဲ႔ အစေဖ်ာက္မႈေတြ အပါအ၀င္ မုဒိမ္းျပဳက်င့္မႈ ဆိုင္ရာ ယံုၾကည္ရေလာက္တဲ႔ သတင္းအခ်က္အလက္ေတြလည္း ကုလသမဂ၈ အဖြဲ႔က ရရွိေနေၾကာင္းလည္း သူမက ေျပာပါတယ္။
#
ယူကရိန်းမှာ ရုရှားတပ်တွေရဲ့ ကျုးလွန်မှု စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း ကုလသတိပေး
ယူကရိန်း ကျူးကျော် စစ် အတွင်း ရုရှား တပ်ဖွဲ့တွေရဲ့ ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံတကာ လူ့သားချင်းစာနာမှုနဲ့ လူ့အခွင့်ရေး ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု အများအပြားဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ယူကရိန်းနိုင်ငံတွင်းက ကုလသမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် စခဲ့တဲ့ ပြီးခဲ့တဲ့ ၇၆ ရက်တာ အတွင်း ရာနဲ့ချီတဲ့ ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အဖွဲ့က မှတ်တမ်းပြုစုထားတာပါ။ အခု သက်သေ အထောက်အထား စုစည်းချက်ဟာဆိုရင် အဲဒီ ကာလအတွင်း ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှု အတိုင်းအတာကို မခြုံငုံမိသေးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေး မစ်ရှင် အကြီးအကဲ Matilda Bogner က ပြောပါတယ်။
ရုရှား လက်နက်ကိုင် တပ်ဖွဲ့တွေက အရပ်သားတွေကို ဖမ်းဆီးတာ တချို့ကိုလည်း မှတ်တမ်း ပြုစုထားပါတယ်။ အများစုကတော့ လူငယ် အမျိုးသားတွေ ဖြစ်ပြီး သူတို့ကို ဘယ်လာရုစ်ကနေ ရုရှားကိုပို့ပြီး စစ်ကြောရေး ထိန်းသိမ်းရေး စခန်းတွေမှာ ချုပ်နှောင်ထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေး မစ်ရှင် အကြီးအကဲ Matilda Bogner က ပြောဆိုခဲ့ပါတယ်။
အခု နောက်ဆုံးထုတ်ပြန်ချက်တွေမှာတော့ အရပ်သား သေဆုံးမှု ၇၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ သတ်ဖြတ်ခံရမှု ၃,၃၉၀ ဦးလည်း ပါဝင်ပါတယ်။ အမှန်တကယ် အရေအတွက် ဒီထက် များနိုင်တယ်လို့လည်း Bogner က ပြောပါတယ်။
ကုလသမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့ သွားရောက်တဲ့ ဒေသ အများအပြားမှာတော့ ကျောင်းတွေ၊ ဆေးရုံတွေ၊ လူနေ အိမ်ယာ အဆောက်အအုံတွေ ဖျက်စီးခံရတာ တွေ့ခဲ့ရကြောင်းလည်း သူမက ပြောပါတယ်။ ယူကရိန်းနိုင်ငံ တဝန်းမှာ ခရစ်ယာန်၊ ဂျူး၊ မူဆလင် ဝတ်ပြု ကိုးကွယ်ရာ နေရာ အနည်းဆုံး ၅၀ ပျက်စီးနေကြောင်းလည်း ပြောပါတယ်။
တရားဥပဒေမဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်း နှိပ်စက်မှု၊ အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှုနဲ့ အစဖျောက်မှုတွေ အပါအဝင် မုဒိမ်းပြုကျင့်မှု ဆိုင်ရာ ယုံကြည်ရလောက်တဲ့ သတင်းအချက်အလက်တွေလည်း ကုလသမဂ၈ အဖွဲ့က ရရှိနေကြောင်းလည်း သူမက ပြောပါတယ်။