သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အေမရိကန္၊ အာဆီယံ ပူးတဲြေၾကညာခ်က္ ေကာက္ႏုတ္ခ်က္  


ေမလ(၁၃)ရက္ ဝါရွင္တန္ဒီစီမွာ က်င္းပတဲ့ အေမရိကန္- အာဆီယံ အထူးထိပ္သီး အစည္းအေဝး။

အေမရိကန္ ျပည္ေထာင္စု ဝါရွင္တန္ဒီစီ ၿမိဳ႕ေတာ္မွာ က်င္းပခဲ့တဲ့ ၂ ရက္ၾကာ အေမရိကန္၊ အာဆီယံ ထိပ္သီး အစည္းအေဝးပြဲအၿပီး ထုတ္ျပန္တဲ့ အခ်က္ ၂၇ ခ်က္ပါ ပူးတြဲေၾကညာခ်က္မွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ အခ်က္ ၂၆ မွာ ေအာက္ပါအတိုင္း ေဖာ္ျပထားပါတယ္။


ျမန္မာ့အေရး အေမရိကန္၊ အာဆီယံ ပူးတဲြေၾကညာခ်က္ ေကာက္ႏုတ္ခ်က္

{{Zawgyi/Unicode}}

အေမရိကန္ ျပည္ေထာင္စု ၀ါရွင္တန္ဒီစီ ၿမိဳ႕ေတာ္မွာ က်င္းပခဲ့တဲ့ ၂ ရက္ၾကာ အေမရိကန္၊ အာဆီယံ ထိပ္သီး အစည္းအေ၀းပဲြအၿပီး ထုတ္ျပန္တဲ့ အခ်က္ ၂၇ ခ်က္ပါ ပူးတဲြေၾကညာခ်က္မွာ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္လုိ႔ အခ်က္ ၂၆ မွာ ေအာက္ပါအတိုင္း ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံအက်ပ္အတည္းအေပၚ က်ေနာ္တုိ႔ အထူးစုိးရိမ္ပါတယ္။ ၂၀၂၁ ခုႏွစ္ ဧၿပီလ ၂၄ ရက္ေန႔ အာဆီယံ ေခါင္းေဆာင္မ်ား အစည္းအေ၀းမွာ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ ၅ ရပ္အေပၚ ျမန္မာႏုိင္ငံက ကတိက၀တ္ျပဳ လက္ခံခဲ့တာကုိလည္း က်ေနာ္တုိ႔ ေထာက္ျပလုိပါတယ္၊ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကုိ အခ်ိန္ကုိက္ အေကာင္အထည္ေဖာ္ဖုိ႔လည္း ေတာင္းဆုိပါတယ္။

သက္ဆုိင္သူေတြ အားလုံးနဲ႔ ေတြ႔ဆုံခြင့္ရၿပီး ယုံၾကည္ကုိးစားမႈေတြ တည္ေဆာက္ေရး၊ အေရးတႀကီး လုိအပ္ေနသူေတြ အပါအ၀င္ ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြကုိ ခဲြျခားဆက္ဆံမႈမရွိဘဲ ေပးအပ္ႏုိင္ေရး စတဲ့ ျမန္မာႏုိင္ငံဆုိင္ရာ အာဆီယံ အထူးကုိယ္စားလွယ္ရဲ႕ လုပ္ငန္းေတြကတဆင့္ ျမန္မာျပည္သူေတြ အက်ဳိးစီးပြားအတြက္ ၿငိမ္းခ်မ္းတဲ့ အေျဖတရပ္ရရွိေအာင္ အာဆီယံက ပံ့ပုိးေနတာကုိလည္း က်ေနာ္တုိ႔ ဆက္လက္ အားေပးသြားမွာ ျဖစ္ပါတယ္။

ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး၊ ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္မႈေတြ အျမန္ဆုံး ရပ္တန္႔ေရး၊ ႏုိင္ငံျခားသားေတြ အပါအ၀င္ ႏုိင္ငံေရးအရ ဖမ္းဆီးခံထားရသူ အားလုံးကုိ ျပန္လႊတ္ေပးေရး အတြက္လည္း သႏၷိဓာန္ခ်မွတ္ထားပါတယ္။ အာဆီယံ ပဋိဥာဥ္မွာ ျပဌာန္းထားတဲ့အတုိင္း လူ႔အခြင့္အေရး၊ အေျခခံလြတ္လပ္ခြင့္ေတြ သႏၷိဓာန္ေတြကုိ ေရာင္ျပန္ထင္ဟပ္တဲ့ ၿငိမ္းခ်မ္းတဲ့ အေျဖတရပ္ ရရွိေရး ဆတိုး ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

ဒီလုိ အေရးႀကီးတဲ့ ႀကိဳးပမ္းမႈမွာ ထိေရာက္မႈရွိေစဖုိ႔ အာဆီယံဥကၠ႒ရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ အထူးသံတမန္နဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးသံတမန္တုိ႔ နီးနီးကပ္ကပ္ ပူးေပါင္း ေဆာင္ရြက္မႈေတြကုိလည္း ႀကိဳဆုိပါတယ္။

...............................


မြန်မာ့အရေး အမေရိကန်၊ အာဆီယံ ပူးတွဲကြေညာချက် ကောက်နုတ်ချက်

{{Unicode}}

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ ကျင်းပခဲ့တဲ့ ၂ ရက်ကြာ အမေရိကန်၊ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲအပြီး ထုတ်ပြန်တဲ့ အချက် ၂၇ ချက်ပါ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အချက် ၂၆ မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းအပေါ် ကျနော်တို့ အထူးစိုးရိမ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် မြန်မာနိုင်ငံက ကတိကဝတ်ပြု လက်ခံခဲ့တာကိုလည်း ကျနော်တို့ ထောက်ပြလိုပါတယ်၊ ဘုံသဘောတူညီချက် ၅ ရပ်ကို အချိန်ကိုက် အကောင်အထည်ဖော်ဖို့လည်း တောင်းဆိုပါတယ်။

သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ရပြီး ယုံကြည်ကိုးစားမှုတွေ တည်ဆောက်ရေး၊ အရေးတကြီး လိုအပ်နေသူတွေ အပါအဝင် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ ပေးအပ်နိုင်ရေး စတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတွေကတဆင့် မြန်မာပြည်သူတွေ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ အဖြေတရပ်ရရှိအောင် အာဆီယံက ပံ့ပိုးနေတာကိုလည်း ကျနော်တို့ ဆက်လက် အားပေးသွားမှာ ဖြစ်ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်ရေး၊ နိုင်ငံခြားသားတွေ အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရေး အတွက်လည်း သန္နိဓာန်ချမှတ်ထားပါတယ်။ အာဆီယံ ပဋိဉာဉ်မှာ ပြဌာန်းထားတဲ့အတိုင်း လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေ သန္နိဓာန်တွေကို ရောင်ပြန်ထင်ဟပ်တဲ့ ငြိမ်းချမ်းတဲ့ အဖြေတရပ် ရရှိရေး ဆတိုး ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဒီလို အရေးကြီးတဲ့ ကြိုးပမ်းမှုမှာ ထိရောက်မှုရှိစေဖို့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်တို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ကြိုဆိုပါတယ်။

XS
SM
MD
LG