သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ဝါရင့္ႏိုင္ငံေရးသမားႀကီး ဦးသုေဝ ကြယ္လြန္


ဝါရင့္ႏိုင္ငံေရးသမားႀကီး ဦးသုေဝ ကြယ္လြန္

ဒီမိုကရက္တစ္ပါတီ( ျမန္မာ)ရဲ႕ ဥကၠ႒ ဦးသုေဝဟာ ရန္ကုန္တိုင္း ေရႊျပည္သာျမဳိ႕ ေနအိမ္မွာ ကြယ္လြန္သြားပါတယ္။ ဝါရင့္ႏိုင္ငံေရးသမားႀကီး ဦးသုေဝ ဟာ ျမန္မာ့ႏိုင္ငံေရးအတြက္ တစိုက္မတ္မတ္ ႀကိဳးပမ္းခဲ့သူ အျဖစ္နဲ႔လည္း ႏိုင္ငံေရး အသိုင္းအ၀န္းနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြက ေျပာၾကပါတယ္။ ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားတာပါ။

ဝါရင့္ႏိုင္ငံေရးသမားႀကီး ဦးသုေဝ ကြယ္လြန္

{{Zawgyi/Unicode}}

ဒီမိုကရက္တစ္ပါတီ( ျမန္မာ)ရဲ႕ ဥကၠ႒ ဦးသုေဝဟာ ေမလ(၁၈)ရက္ ဗုဒၶဟူးေန႔ ညပိုင္း၊ ရန္ကုန္တိုင္း ေရႊျပည္သာျမဳိ႕ ေနအိမ္မွာ ကြယ္လြန္သြားပါတယ္။ ဝါရင့္ႏိုင္ငံေရးသမားႀကီး ဦးသုေဝ ဟာ ျမန္မာ့ႏိုင္ငံေရးအတြက္ တစိုက္မတ္မတ္ ႀကိဳးပမ္းခဲ့သူ အျဖစ္နဲ႔လည္း ႏိုင္ငံေရး အသိုင္းအ၀န္းနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြက ေျပာၾကပါတယ္။ ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားတာပါ။

ဦးသုေဝဟာ ရန္ကုန္ ေရႊျပည္သာၿမိဳ့ ေနအိမ္မွာ ဗုဒၶဟူးေန႔ညေနပိုင္း ေခါင္းမူးၿပီး လဲက်ရာက အင္းစိန္ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ေပမယ့္ ေဆး႐ုံအေရာက္မွာ ေသဆုံးသြားတယ္လို႔ ႏိုင္ငံေရး လုပ္ေဖၚကိုင္ဖက္ေတြက သူတို႔ရဲ႕လူမႈကြန္ယက္ မီဒီယာေပၚမွာ ေရးသားထားတာပါ။ ကြယ္လြန္ခ်ိန္မွာ အသက္(၉၀) ရွိၿပီျဖစ္ပါတယ္။

ဒီမိုကရက္တစ္ပါတီ ( ျမန္မာ)ရဲ႕ ဥကၠ႒ တာဝန္အျပင္ ၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ(UPDJC)ရဲ့ ဒုဥကၠ႒ အျဖစ္လည္း တာဝန္ယူထားတဲ့ ဦးသုေဝဟာ တိ္ုင္းျပည္ ၿငိမ္းခ်မ္းေရးအတြက္ေရာ ဖက္ဒရယ္ျပည္ေထာင္စု အေရးအတြက္ပါ စိတ္အားထက္သန္ခဲ့သူ ျဖစ္တယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္(SNLD)ပါတီ ဥကၠဌ ဦးစိုင္းၫြန္႔လြင္က VOA ကို ေျပာပါတယ္။

" ဝါရင့္ ႏိုင္ငံေရးသမားႀကီးတဦး ကြယ္လြန္သြားတယ္ ဆိုေတာ့ စိတ္မေကာင္း ျဖစ္မိပါတယ္။ သူဟာဆိုရင္ UPDJC လို႔ေခၚတဲ့ NCA ရဲ႕ အကိုင္းအခက္တခုေပါ့။ အဓိကေတာ့ UPDJC မွာ သူ ဒုဥကၠဌျဖစ္ခဲ့တယ္။ ေနာက္ ဖက္ဒရယ္နဲ႔ ပတ္သက္လို႔ အားေပး ေထာက္ခံတာေတြ ရွိခဲ့တယ္။ အခုလို သူကြယ္လြန္သြားတာအတြက္ စိတ္မေကာင္း ျဖစ္ရပါတယ္။ "

ျမန္မာျပည္ လြတ္လပ္ေရးရၿပီးခါစ ဖဆပလ ေခတ္မွာကတည္းက ႏိုင္ငံေရးသမား ျဖစ္လာခဲ့တဲ့ ဦးသုေဝဟာ တႏိုင္ငံလုံးအုံႂကြၿပီး ဒီမိုကေရစီေရး ေတာင္းဆိုခဲ့တဲ့ ၁၉၈၈ လူထုလုပ္ရွားမႈမွာ ျပန္လည္ပါဝင္လာၿပီး စစ္အစိုးရက ဖမ္းဆီး ေထာင္ခ်ခဲ့တာပါ။ အင္းစိန္ေထာင္မွာ ဆုံခဲ့ဖူးတဲ့ ၈၈ မ်ဳိးဆက္ ေက်ာင္းသားေခါင္းေဆာင္တဦး ျဖစ္တဲ့ ဦးေဇာ္မင္းကေတာ့ ဦးသုေဝ ရဲ႕ ႏိုင္ငံေရး ျဖတ္သန္းမႈ တစိတ္တပိုင္းကို အခုလို ေျပာျပပါတယ္။

" ၁၉၈၈ မွာ ဦးသုေဝ ျပန္ပါလာခဲ့ၿပီးေတာ့ ၁၉၉၀ ေရြးေကာက္ပဲြကို ဝင္မယ့္ ပါတီေတြထဲမွာ သူ႔ပါတီက ပထမဆုံး မွတ္ပုံတင္ခဲ့တဲ့ ပါတီျဖစ္ပါတယ္။ အဲဒီကေနမွတဆင့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ CRPP (ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ)ကို ေထာက္ခံသလား မေထာက္ခံဘူးလား ဆိုတဲ့အေၾကာင္းကို ေမးၿပီးေတာ့ သူရယ္ ဦးေထြးျမင့္ရယ္ကို အက်ဥ္းခ်ခဲ့ပါတယ္။ သူတို႔အဲဒီလို အက်ဥ္းက်ေနတဲ့အခ်ိန္ ၊ ၁၉၉၁ ခုႏွစ္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆု လႈပ္ရွားမႈနဲ႔ က်ေနာ္တို႔ အထိမ္းသိမ္းခံရတဲ့အခါမွာ အင္းစိန္ သီးသန္႔ေထာင္ တိုက္မွာ ေတြ႕ဆုံခဲ့ရပါတယ္။ သူ႔ဆီက ႏိုင္ငံေရး အယူအဆေတြ အမ်ားႀကီးသိခဲ့ရတယ္။ အထူးသျဖင့္ သူက ပါတီႏိုင္ငံေရးမွာ ေခါင္းေဆာင္ ပါဝင္သင့္တဲ့လူတေယာက္ ျဖစ္ခဲ့ေပမဲ့ တိုင္းျပည္ရဲ႕ႏိုင္ငံေရးပုံစံေတြေၾကာင့္ သူက လြဲေခ်ာ္ ခဲ့ရတာေပါ့ေနာ္။ ဘာပဲ ေျပာေျပာ ႏိုင္ငံေရးမွာ သူကြယ္လြန္ျခင္းအတြက္ က်ေနာ္တို႔ ဝမ္းနည္းပါတယ္။ သူဟာ ႏိုင္ငံေရးကလြဲလို႔ ဘာမွလုပ္မသြားတဲ့လူ တေယာက္ပါလို႔ပဲ ေျပာခ်င္ပါတယ္။ "

ေခတ္ကာလအလိုက္ ႏိုင္ငံေရးတည္ၿငိမ္မႈ မရွိခဲ့တဲ့ ျမန္မာႏိုင္ငံမွာ ဦးသုေဝ လို ဝါရင့္ႏိုင္ငံေရးသမားဆီက လက္ဆင့္ကမ္း ေလ့လာသင္ယူႏိုင္မယ့္ အခြင့္အလမ္း ဆုံးရႈံးခဲ့ရတယ္လို႔ ထင္ရွားတဲ့ ၈၈၈၈ ေက်ာင္းသားေခါင္းေဆာင္ ဦးေမာင္ေမာင္ေက်ာ္က ေျပာပါတယ္။

" က်ေနာ္က ဦးသုေဝနဲ႔ေတာ့ ၁၉၈၈ မွာ တိုက္႐ိုက္ မေတြ႕ဆုံ ၊ မပတ္သက္ဖူးပါဘူး။ သို႔ေသာ္ ျပည္သူ႔ျပည္ခ်စ္ပါတီ ေခတ္တုန္းက သူနဲ႔အတူ လုပ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ တင္ေမာင္ဝင္း ဆို က်ေနာ့ရဲ႕ဆရာ၊ ေက်းဇူးရွင္ဆိုလည္း မမွားပါဘူး။ ဦးတင္ေမာင္ဝင္း ( ေခတ္ျပဳိင္ သတင္းစာ) ေျပာျပလို႔ ဦးသုေဝ အေၾကာင္းေတြ က်ေနာ္ အေတာ္ေလး ၾကားဖူးပါတယ္။ ဦးသုေဝက တကယ္ အရည္အခ်င္းရွိတဲ့ ႏိုင္ငံေရးသမား၊ ဝါရင့္ႏိုင္ငံေရးသမားႀကီး တဦး ျဖစ္ပါတယ္။ သူတို႔အေတြ႕အၾကဳံေတြ သူတို႔ အယူအဆေတြဟာ စစ္မွန္တဲ့ဒီမိုကေရစီစနစ္ မဖြံ႔ျဖဳိးတဲ့ အတြက္ေၾကာင့္မို႔ သူ႔ဆီက ေလ့လာခြင့္ မရခဲ့တာေတြ အမ်ားႀကီးရွိပါတယ္။ သူ ကြယ္လြန္ ဆုံးရႈံးသြားတဲ့အေပၚမွာ က်ေနာ္ ၈၈ မ်ဳိးဆက္ေဟာင္း တဦးအေနနဲ႔ေပါ့ က်န္ရစ္သူမိသားစုနဲ႔အတူ ဝမ္းနည္းေၾကကြဲေၾကာင္းလည္း ေျပာခ်င္ပါတယ္။ "

ဦးသုေဝကို ဖခင္ ဦးဘအုန္း၊ မိခင္ ေဒၚလွတင္ တို႔ကေန ၁၉၃၂ ခုႏွစ္ ေတာင္ငူၿမိဳ႕မွာ ေမြးဖြားခဲ့တာပါ။ ရန္ကုန္တကၠသိုလ္က ဝိဇၨာဘြဲ႔ ရရွိခဲ့သူျဖစ္ၿပီး ေက်ာင္းသားဘဝ ႏိုင္ငံေရးလႈပ္ရွားမွႈေတြမွာ ပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။

၁၉၅၇ ကေန ၁၉၆၄ ႏွစ္ၾကား ဖဆပလအစိုးရ ဒု၀န္ႀကီးခ်ဳပ္ ဦးေက်ာ္ၿငိမ္းရဲ႕ ကိုယ္ေရးအတြင္းဝန္အျဖစ္ တာဝန္ယူခဲ့သူပါ။ အာဏာရွင္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီးေန၀င္း အာဏာသိမ္းၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးႏုရဲ႕ ျပည္ခ်စ္ပါတီနဲ႔အတူ ထိုင္းနယ္စပ္ကို ေတာခို လႈပ္ရွားခဲ့ဖူးၿပီး၊ သတင္းစာဆရာ တဦးအျဖစ္နဲ႔လည္း လုပ္ကိုင္ခဲ့ပါတယ္။ ဦးသုေဝမွာ သား(၂ ) ေယာက္ သမီး(၁) ေယာက္ ရွိပါတယ္။

ဝါရင့္ႏိုင္ငံေရးသမားႀကီး ဦးသုေဝ ကြယ္လြန္
please wait

No media source currently available

0:00 0:04:31 0:00
တိုက္႐ိုက္ လင့္ခ္

....................................................

ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုေ၀ ကွယ်လွန်

{{Zawgyi/Unicode}}

ဒီမိုကရက်တစ်ပါတီ( မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေဟာ မေလ(၁၈)ရက် ဗုဒ္ဓဟူးနေ့ ညပိုင်း၊ ရန်ကုန်တိုင်း ရွှေပြည်သာမြို့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ဟာ မြန်မာ့နိုင်ငံရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းခဲ့သူ အဖြစ်နဲ့လည်း နိုင်ငံရေး အသိုင်းအဝန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားတာပါ။


ဦးသုဝေဟာ ရန်ကုန် ရွှေပြည်သာမြို့ နေအိမ်မှာ ဗုဒ္ဓဟူးနေ့ညနေပိုင်း ခေါင်းမူးပြီး လဲကျရာက အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်တွေက သူတို့ရဲ့လူမှုကွန်ယက် မီဒီယာပေါ်မှာ ရေးသားထားတာပါ။ ကွယ်လွန်ချိန်မှာ အသက်(၉၀) ရှိပြီဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ( မြန်မာ)ရဲ့ ဥက္ကဋ္ဌ တာဝန်အပြင် ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)ရဲ့ ဒုဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားတဲ့ ဦးသုဝေဟာ တိုင်းပြည် ငြိမ်းချမ်းရေးအတွက်ရော ဖက်ဒရယ်ပြည်ထောင်စု အရေးအတွက်ပါ စိတ်အားထက်သန်ခဲ့သူ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်က VOA ကို ပြောပါတယ်။

" ဝါရင့် နိုင်ငံရေးသမားကြီးတဦး ကွယ်လွန်သွားတယ် ဆိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ သူဟာဆိုရင် UPDJC လို့ခေါ်တဲ့ NCA ရဲ့ အကိုင်းအခက်တခုပေါ့။ အဓိကတော့ UPDJC မှာ သူ ဒုဥက္ကဌဖြစ်ခဲ့တယ်။ နောက် ဖက်ဒရယ်နဲ့ ပတ်သက်လို့ အားပေး ထောက်ခံတာတွေ ရှိခဲ့တယ်။ အခုလို သူကွယ်လွန်သွားတာအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ "

မြန်မာပြည် လွတ်လပ်ရေးရပြီးခါစ ဖဆပလ ခေတ်မှာကတည်းက နိုင်ငံရေးသမား ဖြစ်လာခဲ့တဲ့ ဦးသုဝေဟာ တနိုင်ငံလုံးအုံကြွပြီး ဒီမိုကရေစီရေး တောင်းဆိုခဲ့တဲ့ ၁၉၈၈ လူထုလုပ်ရှားမှုမှာ ပြန်လည်ပါဝင်လာပြီး စစ်အစိုးရက ဖမ်းဆီး ထောင်ချခဲ့တာပါ။ အင်းစိန်ထောင်မှာ ဆုံခဲ့ဖူးတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဇော်မင်းကတော့ ဦးသုဝေ ရဲ့ နိုင်ငံရေး ဖြတ်သန်းမှု တစိတ်တပိုင်းကို အခုလို ပြောပြပါတယ်။

" ၁၉၈၈ မှာ ဦးသုဝေ ပြန်ပါလာခဲ့ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲကို ဝင်မယ့် ပါတီတွေထဲမှာ သူ့ပါတီက ပထမဆုံး မှတ်ပုံတင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ အဲဒီကနေမှတဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ CRPP (ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ)ကို ထောက်ခံသလား မထောက်ခံဘူးလား ဆိုတဲ့အကြောင်းကို မေးပြီးတော့ သူရယ် ဦးထွေးမြင့်ရယ်ကို အကျဉ်းချခဲ့ပါတယ်။ သူတို့အဲဒီလို အကျဉ်းကျနေတဲ့အချိန် ၊ ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု လှုပ်ရှားမှုနဲ့ ကျနော်တို့ အထိမ်းသိမ်းခံရတဲ့အခါမှာ အင်းစိန် သီးသန့်ထောင် တိုက်မှာ တွေ့ဆုံခဲ့ရပါတယ်။ သူ့ဆီက နိုင်ငံရေး အယူအဆတွေ အများကြီးသိခဲ့ရတယ်။ အထူးသဖြင့် သူက ပါတီနိုင်ငံရေးမှာ ခေါင်းဆောင် ပါဝင်သင့်တဲ့လူတယောက် ဖြစ်ခဲ့ပေမဲ့ တိုင်းပြည်ရဲ့နိုင်ငံရေးပုံစံတွေကြောင့် သူက လွဲချော် ခဲ့ရတာပေါ့နော်။ ဘာပဲ ပြောပြော နိုင်ငံရေးမှာ သူကွယ်လွန်ခြင်းအတွက် ကျနော်တို့ ဝမ်းနည်းပါတယ်။ သူဟာ နိုင်ငံရေးကလွဲလို့ ဘာမှလုပ်မသွားတဲ့လူ တယောက်ပါလို့ပဲ ပြောချင်ပါတယ်။ "

ခေတ်ကာလအလိုက် နိုင်ငံရေးတည်ငြိမ်မှု မရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ဦးသုဝေ လို ဝါရင့်နိုင်ငံရေးသမားဆီက လက်ဆင့်ကမ်း လေ့လာသင်ယူနိုင်မယ့် အခွင့်အလမ်း ဆုံးရှုံးခဲ့ရတယ်လို့ ထင်ရှားတဲ့ ၈၈၈၈ ကျောင်းသားခေါင်းဆောင် ဦးမောင်မောင်ကျော်က ပြောပါတယ်။

" ကျနော်က ဦးသုဝေနဲ့တော့ ၁၉၈၈ မှာ တိုက်ရိုက် မတွေ့ဆုံ ၊ မပတ်သက်ဖူးပါဘူး။ သို့သော် ပြည်သူ့ပြည်ချစ်ပါတီ ခေတ်တုန်းက သူနဲ့အတူ လုပ်ခဲ့တဲ့ ဗိုလ်ချုပ် တင်မောင်ဝင်း ဆို ကျနော့ရဲ့ဆရာ၊ ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။ ဦးတင်မောင်ဝင်း ( ခေတ်ပြိုင် သတင်းစာ) ပြောပြလို့ ဦးသုဝေ အကြောင်းတွေ ကျနော် အတော်လေး ကြားဖူးပါတယ်။ ဦးသုဝေက တကယ် အရည်အချင်းရှိတဲ့ နိုင်ငံရေးသမား၊ ဝါရင့်နိုင်ငံရေးသမားကြီး တဦး ဖြစ်ပါတယ်။ သူတို့အတွေ့အကြုံတွေ သူတို့ အယူအဆတွေဟာ စစ်မှန်တဲ့ဒီမိုကရေစီစနစ် မဖွံ့ဖြိုးတဲ့ အတွက်ကြောင့်မို့ သူ့ဆီက လေ့လာခွင့် မရခဲ့တာတွေ အများကြီးရှိပါတယ်။ သူ ကွယ်လွန် ဆုံးရှုံးသွားတဲ့အပေါ်မှာ ကျနော် ၈၈ မျိုးဆက်ဟောင်း တဦးအနေနဲ့ပေါ့ ကျန်ရစ်သူမိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲကြောင်းလည်း ပြောချင်ပါတယ်။ "

ဦးသုဝေကို ဖခင် ဦးဘအုန်း၊ မိခင် ဒေါ်လှတင် တို့ကနေ ၁၉၃၂ ခုနှစ် တောင်ငူမြို့မှာ မွေးဖွားခဲ့တာပါ။ ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ ရရှိခဲ့သူဖြစ်ပြီး ကျောင်းသားဘဝ နိုင်ငံရေးလှုပ်ရှားမှှုတွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၅၇ ကနေ ၁၉၆၄ နှစ်ကြား ဖဆပလအစိုးရ ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေးအတွင်းဝန်အဖြစ် တာဝန်ယူခဲ့သူပါ။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ပြည်ချစ်ပါတီနဲ့အတူ ထိုင်းနယ်စပ်ကို တောခို လှုပ်ရှားခဲ့ဖူးပြီး၊ သတင်းစာဆရာ တဦးအဖြစ်နဲ့လည်း လုပ်ကိုင်ခဲ့ပါတယ်။ ဦးသုဝေမှာ သား(၂ ) ယောက် သမီး(၁) ယောက် ရှိပါတယ်။

XS
SM
MD
LG