သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၀ အလြန္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေဒၚေအာင္ဆန္းစုၾကည္ခ်ျပ


ေနျပည္ေတာ္မွာ က်င္းပတဲ့ ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ညီလာခံ တတိယေန႔မွာ မိန္႔ခြန္းေျပာၾကားေနတဲ့ ႏိုင္ငံေတာ္အတိုင္အပင္ခံ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပဲြေတြ က်င္းပၿပီးေနာက္ ေရွ႕လာမယ့္ႏွစ္မွာ ေဆာင္ရြက္ဖုိ႔ ရည္မွန္းထားတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကုိ ၂၁ ရာစုပင္လံု စတုတၳညီလာခံ အဆုံးသတ္ေန႔မွာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေၾကညာလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ေနျပည္ေတာ္မွာ က်င္းပတဲ့ ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ညီလာခံ တတိယေန႔မွာ မိန္႔ခြန္းေျပာၾကားေနတဲ့ ႏိုင္ငံေတာ္အတိုင္အပင္ခံ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၁၊ ၂၀၂၀)
ေနျပည္ေတာ္မွာ က်င္းပတဲ့ ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ညီလာခံ တတိယေန႔မွာ မိန္႔ခြန္းေျပာၾကားေနတဲ့ ႏိုင္ငံေတာ္အတိုင္အပင္ခံ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၁၊ ၂၀၂၀)

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀းေနာက္ဆံုးေန႔မွာပဲ ၂၀၂၀ ျပည့္ႏွစ္အလြန္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး အစီအစဥ္သစ္ကို ေဒၚေအာင္ဆန္းစုၾကည္ ထုတ္ေဖာ္ေျပာဆိုလုိက္တာ ျဖစ္ပါတယ္။

ဒီအစီအစဥ္သစ္ကို ညီလာခံဖြင့္ပဲြေန႔က ေျပာၾကားခဲ့တဲ့လုပ္ငန္းစဥ္ ၃ ရပ္နဲ႔ ေဖာ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း ညီလာခံမိန္႔ခြန္းမွာေျပာၾကားသြားခဲ့တာပါ။

“ဒီအစီအစဥ္သစ္ဟာ ဒီကေန႔ ခ်ဳပ္ဆိုလိုက္တဲ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ ကို ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ႏိုင္ရပါမယ္။ ဒီအစီအစဥ္သစ္ဟာ NCA လမ္းေၾကာင္းအတိုင္း UPDJC နဲ႔ JMC ယႏၲရားေတြ ပိုမိုခိုင္မာေအာင္ အေထာက္အကူေပးႏိုင္ရမွာျဖစ္သလို NCA လက္မွတ္ မထိုးေသးတဲ့အဖဲြ႕အစည္းေတြ ပါ၀င္လာႏိုင္ေရးကို လမ္းဖြင့္ေပးႏိုင္ရပါမယ္။ ဒီအစဥ္အစဥ္သစ္ဟာ ေဆြးေႏြးညွိႏိႈ္င္းမႈအဆင့္ဆင့္မွာ ပါ၀င္ေနတဲ့ အစုအဖဲြ႕အသီးသီးက ကိ္ုယ္စားလွယ္ေတြကို ပညာရပ္ဆိုင္ရာ အေထာက္အကူေတြ ျပဳေပးႏိုင္မွာျဖစ္သလို က်မတို႔ႏိုင္ငံရဲ႕ ႏိုင္ငံေရးျပႆနာေတြကို လက္ေတြ႕က်က် ေျဖရွင္းႏိုင္မယ့္ ေရြးျခယ္စရာနည္းလမ္းေတြ ရွာေဖြေဖာ္ထုတ္ေပးႏိုင္ရမယ္။ ဒါဟာ ၂၀၂၀ အလြန္ က်မတို႔ ပထမဆံုးဦးစားေပး လုပ္ေဆာင္ရမယ့္ လုပ္ငန္းတာ၀န္ျဖစ္ပါတယ္။”

ညီလာခံေနာက္ဆုံးေန႔မွာပဲ ေဆြးေႏြး သေဘာတူညီထားတဲ့ ျပည္ေထာင္စု သေဘာတူညီခ်က္အစိတ္အပိုင္း ၃ ကို အစိုးရ၊ တပ္မေတာ္၊ လႊတ္ေတာ္ အစုအဖဲြ႕၊ တိုင္းရင္းသားလက္နက္ကိုင္အစုအဖဲြ႕နဲ႔ ႏိုင္ငံေရးပါတီအစုအဖဲြ႕က ကိုယ္စားလွယ္ေတြ ပါ၀င္လက္မွတ္ေရးထိုး အတည္ျပဳခဲ့ၾကပါတယ္။

ညီလာခံဖြင့္ပဲြေန႔က ေျပာၾကားခဲ့တဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ၃ ရပ္ဟာ အမ်ိဳးသားရင္ၾကားေစ့ေရးနဲ႔ ျပည္တြင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ၂ ရပ္ကို ပူးတဲြအေကာင္အထည္ေဖာ္ဖို႔၊ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးကို ပူးတဲြေဖာ္ေဆာင္ဖို႔၊ ဒီ ၂ ခ်က္က ထြက္ေပၚလာတဲ့ သေဘာတူညီခ်က္ေတြကို အေျခခံၿပီး ဖဲြ႕စည္းပံု အေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္းစဥ္ကို ေဆာင္ရြက္ဖို႔ ဆိုတာေတြ ျဖစ္ပါတယ္။

အစီအစဥ္သစ္ကို တင္ျပၿပီးတဲ့ေနာက္မွာေတာ့ ျပည္ေထာင္စုသားအားလံုးက သေဘာတူလက္ခံတဲ့ ျပည္ေထာင္စုလကၡဏာတစ္ရပ္ တည္ေဆာက္ေရးနဲ႔ စဥ္ဆက္မျပတ္ေတြ႕ဆံုေဆြးေႏြးေရး လမ္းေၾကာင္းေပၚမွာ ရွိေနေရးစတဲ့ အခ်က္ေတြကိုလည္း အေလးထား ေျပာၾကားခဲ့ပါတယ္။

ဒီေန႔က်င္းပတဲ့ ညီလာခံ ေနာက္ဆံုးေန႔ ဖြင့္ပဲြ သဘာပတိမိန္႔ခြန္းကိုေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြရဲ႕ ေခါင္းေဆာင္ ႏိုင္ဟံသာက ေျပာၾကားခဲ့ၿပီး လက္ရွိ လက္နက္ကိုင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေရးအတြက္ အခုလို ေျပာဆိုပါတယ္။

“ဒီလက္နက္ကိုင္ ပဋိပကၡကို ႏွစ္ေပါင္းမ်ားစြာ အင္အားသံုးေျဖရွင္းခဲ့ေသာ္လည္း ေလ်ာ့က်သြားျခင္း မရွိခဲ့ပါ။ ေျပလည္ႏိုင္တဲ့အလားအလာလည္း မရွိပါ။ ဒါေၾကာင့္ မွန္ကန္တဲ့နည္းနာအသစ္နဲ႔ ေျဖရွင္းသြားဖို႔ လိုပါတယ္။”

၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ညီလာခံ တတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၁၊ ၂၀၂၀)
၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ညီလာခံ တတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၁၊ ၂၀၂၀)

ဒီလိုေျဖရွင္းဖို႔အတြက္ လြတ္လပ္မႈ၊ တန္းတူညီမွ်မႈနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ေတြ ရရွိဖို႔ လိုအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားပါတယ္။

သဘာပတိအဖဲြ႕၀င္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္က သဘာပတိ နိဂံုးခ်ဳပ္အမွာစကားေျပာၾကားရာမွာေတာ့ NCA လက္မွတ္မထိုးတဲ့ တိုင္းရင္းသားေတြ အေရးကို အခုလို ထည့္သြင္းေျပာၾကားပါတယ္။

“NCA နဲ႔ ဆက္ႏြယ္ေနတဲ့ ေဆြးေႏြးပဲြေတြမွာ မပါ၀င္တဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕အစည္းေတြဟာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္မႈမွာ အတူတကြပါ၀င္ေဆာင္ရြက္ဖို႔ ဘာေတြ လိုအပ္ေနသလဲ။ ေတြ႕ဆံုေဆြးေႏြးျခင္းျဖင့္သာ ပဋိပကၡေတြကို ေျဖရွင္းႏိုင္တယ္ဆိုတဲ့ အယူအဆအရ မွန္ကန္တဲ့ သာဓက ရွိေနပါလွ်က္ ဘာေၾကာင့္ လက္နက္ကိုင္ ေတာင္းဆိုေနသလဲဆိုတဲ့ အေျခခံ အေၾကာင္းတရားေတြကို ေဖာ္ထုတ္ၿပီး က်ေနာ္တို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ အသိုင္းအဝိုင္းအတြင္းမွာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕အစည္းမ်ားအားလံုး ပူးေပါင္း ပါ၀င္လာေအာင္ ႀကိဳးစားေဆာင္ရြက္ဖို႔ လိုအပ္ေၾကာင္း က်ေနာ့္အေနနဲ႔ တင္ျပလိုပါတယ္။”

ဒါ့အျပင္ ရရွိထားတဲ့ ျပည္ေထာင္စုသေဘာတူညီခ်က္ေတြ ဆက္လက္ေဆြးေႏြးအေကာင္အထည္ေဖာ္ရာမွာ ဟန္ခ်က္မညီတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြကို သတိထားဖို႔နဲ႔ အခ်ဳပ္အျခာအာဏာတည္ၿမဲေနမႈကို မထိခိုက္ေစဖို႔ တိုက္တြန္းေျပာၾကားပါတယ္။

ဒီေန႔ လက္မွတ္ေရးထိုးအတည္ျပဳတဲ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ မွာေတာ့ အပိုင္း ၃ ပိုင္းပါ၀င္ၿပီး အပိုင္း၁မွာ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္သေဘာတူညီခ်က္ ၁၅ ခ်က္၊ အပိုင္း၂ - ၂၀၂၀ အလြန္ အဆင့္လိုက္လုပ္ငန္းစဥ္နဲ႔ အဆင့္လိုက္အေကာင္အထည္ေဖာ္မႈဆိုင္ရာ ဇယား ၁ ၊ အပိုင္း ၃ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္ေရးဆိုင္ရာ လမ္းၫႊန္အေျခခံမူ ၅ ခ်က္ကုိ သေဘာတူခဲ့ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည်ချပြ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီးနောက် ရှေ့လာမယ့်နှစ်မှာ ဆောင်ရွက်ဖို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ၂၁ ရာစုပင်လုံ စတုတ္ထညီလာခံ အဆုံးသတ်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြေညာလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးနောက်ဆုံးနေ့မှာပဲ ၂၀၂၀ ပြည့်နှစ်အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အစီအစဉ်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်သစ်ကို ညီလာခံဖွင့်ပွဲနေ့က ပြောကြားခဲ့တဲ့လုပ်ငန်းစဉ် ၃ရပ်နဲ့ ဖော်ဆောင်သွားမှာဖြစ်တယ်လို့လည်း ညီလာခံမိန့်ခွန်းမှာပြောကြားသွားခဲ့တာပါ။

“ဒီအစီအစဉ်သစ်ဟာ ဒီကနေ့ ချုပ်ဆိုလိုက်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရပါမယ်။ ဒီအစီအစဉ်သစ်ဟာ NCA လမ်းကြောင်းအတိုင်း UPDJC နဲ့ JMC ယန္တရားတွေ ပိုမိုခိုင်မာအောင် အထောက်အကူပေးနိုင်ရမှာဖြစ်သလို NCA လက်မှတ် မထိုးသေးတဲ့အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ရေးကို လမ်းဖွင့်ပေးနိုင်ရပါမယ်။ ဒီအစဉ်အစဉ်သစ်ဟာ ဆွေးနွေးညှိနှိုင်းမှုအဆင့်ဆင့်မှာ ပါဝင်နေတဲ့ အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေကို ပညာရပ်ဆိုင်ရာ အထောက်အကူတွေ ပြုပေးနိုင်မှာဖြစ်သလို ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် ရွေးခြယ်စရာနည်းလမ်းတွေ ရှာဖွေဖော်ထုတ်ပေးနိုင်ရမယ်။ ဒါဟာ ၂၀၂၀ အလွန် ကျမတို့ ပထမဆုံးဦးစားပေး လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်ဖြစ်ပါတယ်။”

ညီလာခံနောက်ဆုံးနေ့မှာပဲ ဆွေးနွေး သဘောတူညီထားတဲ့ ပြည်ထောင်စု သဘောတူညီချက်အစိတ်အပိုင်း ၃ ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြပါတယ်။

ညီလာခံဖွင့်ပွဲနေ့က ပြောကြားခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၃ ရပ်ဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂ ရပ်ကို ပူးတွဲအကောင်အထည်ဖော်ဖို့၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ပူးတွဲဖော်ဆောင်ဖို့၊ ဒီ ၂ ချက်က ထွက်ပေါ်လာတဲ့ သဘောတူညီချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ညီလာခံ တတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၁၊ ၂၀၂၀)
၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ညီလာခံ တတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၁၊ ၂၀၂၀)

အစီအစဉ်သစ်ကို တင်ပြပြီးတဲ့နောက်မှာတော့ ပြည်ထောင်စုသားအားလုံးက သဘောတူလက်ခံတဲ့ ပြည်ထောင်စုလက္ခဏာတစ်ရပ် တည်ဆောက်ရေးနဲ့ စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်မှာ ရှိနေရေးစတဲ့ အချက်တွေကိုလည်း အလေးထား ပြောကြားခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ညီလာခံ နောက်ဆုံးနေ့ ဖွင့်ပွဲ သဘာပတိမိန့်ခွန်းကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောကြားခဲ့ပြီး လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် အခုလို ပြောဆိုပါတယ်။

“ဒီလက်နက်ကိုင် ပဋိပက္ခကို နှစ်ပေါင်းများစွာ အင်အားသုံးဖြေရှင်းခဲ့သော်လည်း လျော့ကျသွားခြင်း မရှိခဲ့ပါ။ ပြေလည်နိုင်တဲ့အလားအလာလည်း မရှိပါ။ ဒါကြောင့် မှန်ကန်တဲ့နည်းနာအသစ်နဲ့ ဖြေရှင်းသွားဖို့ လိုပါတယ်။”

ဒီလိုဖြေရှင်းဖို့အတွက် လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိဖို့ လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က သဘာပတိ နိဂုံးချုပ်အမှာစကားပြောကြားရာမှာတော့ NCA လက်မှတ်မထိုးတဲ့ တိုင်းရင်းသားတွေ အရေးကို အခုလို ထည့်သွင်းပြောကြားပါတယ်။

“NCA နဲ့ ဆက်နွယ်နေတဲ့ ဆွေးနွေးပွဲတွေမှာ မပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်မှုမှာ အတူတကွပါဝင်ဆောင်ရွက်ဖို့ ဘာတွေ လိုအပ်နေသလဲ။ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်တယ်ဆိုတဲ့ အယူအဆအရ မှန်ကန်တဲ့ သာဓက ရှိနေပါလျှက် ဘာကြောင့် လက်နက်ကိုင် တောင်းဆိုနေသလဲဆိုတဲ့ အခြေခံ အကြောင်းတရားတွေကို ဖော်ထုတ်ပြီး ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးမှု အသိုင်းအဝိုင်းအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပူးပေါင်း ပါဝင်လာအောင် ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကျနော့်အနေနဲ့ တင်ပြလိုပါတယ်။”

ဒါ့အပြင် ရရှိထားတဲ့ ပြည်ထောင်စုသဘောတူညီချက်တွေ ဆက်လက်ဆွေးနွေးအကောင်အထည်ဖော်ရာမှာ ဟန်ချက်မညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သတိထားဖို့နဲ့ အချုပ်အခြာအာဏာတည်မြဲနေမှုကို မထိခိုက်စေဖို့တိုက်တွန်းပြောကြားပါတယ်။

ဒီနေ့ လက်မှတ်ရေးထိုးအတည်ပြုတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာတော့ အပိုင်း ၃ ပိုင်းပါဝင်ပြီး အပိုင်း၁မှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ အပိုင်း၂ - ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုဆိုင်ရာ ဇယား ၁ ၊ အပိုင်း ၃ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ၅ ချက်ကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG