သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စိန္ေခၚမႈေတြ ေထာက္ျပၿပီး ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ စတင္


ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - (၂၁) ရာစုပင္လုံ စတုတၳအစည္းအေဝးဖြင့္ပြဲအခမ္းအနား ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong's Facebook - ၾသဂုတ္ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ဒီကေန႔ ပထမေန႔မွာပဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ၾကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈေတြကို ထိပ္တန္းေခါင္းေဆာင္ေတြ အေလးထား ေျပာၾကားခဲ့ၾကၿပီး ခ်ဥ္းကပ္ပံုကဲြျပားမႈေတြလည္း ရိွေနတဲ့အေၾကာင္းကို တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - (၂၁) ရာစုပင္လုံ စတုတၳအစည္းအေဝးဖြင့္ပြဲအခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အမွာစကားေျပာၾကားတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Union Peace Conference's Facebook - ၾသဂုတ္ ၁၉၊ ၂၀၂၀)n Peace Conference - 21st Century Panglong's Facebook - ၾသဂုတ္ ၁၉၊ ၂၀၂၀)
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - (၂၁) ရာစုပင္လုံ စတုတၳအစည္းအေဝးဖြင့္ပြဲအခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အမွာစကားေျပာၾကားတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Union Peace Conference's Facebook - ၾသဂုတ္ ၁၉၊ ၂၀၂၀)n Peace Conference - 21st Century Panglong's Facebook - ၾသဂုတ္ ၁၉၊ ၂၀၂၀)

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ဖြင့္ပဲြအျဖစ္ ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္လည္းျဖစ္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠ႒လည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မႈးၾကီးမင္းေအာင္လိႈင္၊ NCA လက္မွတ္ထိုး တိုင္းရင္သား လက္နက္ကိုင္အဖဲြ႔ေတြရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ၾကီး ယြတ္စစ္၊ ႏိုင္ငံေရးပါတီအစုအဖဲြ႔က ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ဒုဥကၠ႒ ၁ စိုင္းၫြန္႔လြင္႔ အမွာစကားေျပာၾကားၾကပါတယ္။

ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားရာမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အခ်က္အခ်ိဳ႕ သေဘာတူညီခ်က္ မရတာဟာ စိုးရိမ္မႈ၊ သံသယနဲ႔ အျပန္အလွန္ ယံုၾကည္မႈ အားနည္းေတြေၾကာင့္လုိ႔ ေထာက္ျပပါတယ္။

ဒါဟာ ႏွစ္ ၇၀ ၾကာ ျပည္တြင္းစစ္နဲ႔ အေပး၊ အယူ၊ အေလွ်ာ့၊ အတင္းလုပ္ၿပီး ညိွႏိႈင္းတဲ့ ယဥ္ေက်းမႈ အားနည္းမႈေတြအေပၚ အေျခခံေနတယ္လုိ႔လည္း ထည့္သြင္းေျပာၾကားပါတယ္။

“စိုးရိမ္ပူပန္မႈေတြ၊ သံသယနဲ႔ သံုးသပ္ၿပီး မယံုမၾကည္ျဖစ္ေနတာေတြဟာ ႏွစ္ေပါင္း ၇၀ ေက်ာ္ လက္နက္ကိုင္ တုိက္ပဲြေတြရဲ့ သက္ေရာက္မႈလုိ႔လည္း ဆုိႏိုင္ပါတယ္။ ယံုၾကည္မႈအားနည္းရျခင္းရဲ့ အေၾကာင္းတစ္ရပ္က အေလွ်ာ့-အတင္း၊ အေပး-အယူ လုပ္ခ်င္စိတ္ မရိွတာေၾကာင့္ ျဖစ္တတ္သလို အေပး-အယူ၊ အေလွ်ာ့-အတင္း လုပ္ၿပီး ညိွႏိႈင္းတတ္တဲ့ ယဥ္ေက်းမႈအားနည္းခဲ့လုိ႔လည္း ျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႕ကလည္း အေလွ်ာ့-အတင္းလုပ္ျခင္းဟာ အရႈံးေပးျခင္းလုိ႔ လဲြမွားစြာ ယူဆေနတာေတြလည္း ရိွႏိုင္ပါတယ္။ အေပး-အယူလုပ္ျခင္း၊ အေလွ်ာ့-အတင္း ျပဳျခင္းေၾကာင့္ ျပည္ေထာင္စု တစ္ခုလံုးအတြက္ အက်ိဳးရိွေစတယ္ဆုိတာကို လက္ေတြ႔ သက္ေသျပႏိုင္ဖို႔ အေရးၾကီးပါတယ္။”

ဒီညီလာခံမွာ ခ်ဳပ္ဆုိမဲ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း၃မွာ ထည့္သြင္းမယ့္ ျပည္နယ္အေျခခံဥပေဒ ေရးဆဲြေရးကို မညိွႏိႈင္းႏိုင္ခဲ့တဲ့အေပၚ ေထာက္ျပေျပာဆုိခဲ့တာပါ။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မႈးၾကီး မင္းေအာင္လိႈင္ကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ မေအာင္ျမင္ရတာဟာ မ႐ိုးသားမႈ၊ အျခားကိစၥေတြနဲ႔ ခ်ိတ္ဆက္ထားလိုမႈ၊ တိက်ျပတ္သားတဲ့အေျခခံမူေတြ အားနည္းမႈေတြေၾကာင့္လုိ႔ ေျပာပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ တပ္မေတာ္ရဲ႕ အခန္းက႑ကုိ ပစ္ပယ္ထားလုိ႔ မရႏုိင္ေၾကာင္းလည္း ေျပာဆုိသြားပါတယ္။

“၁၉၅ဝ ျပည့္ႏွစ္ေလာက္က အေတြးအေခၚ အယူအဆေတြနဲ႔ လက္ရွိၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ဆက္လက္ ေမာင္းႏွင္ေနလိုတဲ့ သေဘာထားေတြဟာ မ႐ိုးေျဖာင့္ဘူးလို႔ဘဲ က်ေနာ္တို႔ ေျပာလိုပါတယ္။ အဲ့ဒီေခတ္က ေခတ္စားခဲ့တဲ့စကားနဲ႔ပဲ ျပန္ေျပာရရင္ “ဆိတ္ေခါင္းခ်ိတ္ၿပီး ေခြးသားေရာင္းဖို႔ မႀကိဳးစားပါနဲ႔။” လို႔ပဲ ဆိုခ်င္ပါတယ္။ တပ္မေတာ္ဟာ ျဖတ္သန္းလာခဲ့တဲ့ အေတြ႕အႀကဳံအရ မျဖစ္သင့္မျဖစ္ထိုက္တာ ေတြမျဖစ္ေအာင္၊ ျဖစ္သင့္ျဖစ္ထိုက္တာေတြျဖစ္ေအာင္ ေဆာင္႐ြက္ေနျခင္း ျဖစ္ပါတယ္။ တပ္မေတာ္ဟာ ဒို႔တာဝန္အေရး ၃ ပါးကို အမ်ိဳးသားေရး တာဝန္အျဖစ္ ဦးထိပ္ပန္ဆင္ၿပီး ေဆာင္႐ြက္ေနျခင္းပဲျဖစ္ပါတယ္။”

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - (၂၁) ရာစုပင္လုံ စတုတၳအစည္းအေဝးဖြင့္ပြဲအခမ္းအနား ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong's Facebook - ၾသဂုတ္ ၁၉၊ ၂၀၂၀)
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - (၂၁) ရာစုပင္လုံ စတုတၳအစည္းအေဝးဖြင့္ပြဲအခမ္းအနား ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong's Facebook - ၾသဂုတ္ ၁၉၊ ၂၀၂၀)

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ဦးတည္ခ်က္ထားဖို႔၊ ပုဂၢလိကဆႏၵေတြ၊ ႏိုင္ငံေရး လိုဘေတြ၊ အဖြဲ႕အစည္းတစ္ခုရဲ႕ အက်ိဳးစီးပြားေတြကုိ ဦးစားမေပးဖုိ႔လည္း တိုက္တြန္းခဲ့ပါတယ္။

တိုင္းရင္သားလက္နက္ကိုင္အဖဲြ႔ေတြရဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ၾကီး ယြတ္စစ္ကေတာ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြေတြမွာ သေဘာတူညီခ်က္ မရတာေတြဟာ အျပန္အလွန္ယံုၾကည္မႈ အားနည္းတာ၊ တရားေသဆန္တာ၊ ထိုက္သင့္တဲ့ အေလွ်ာ့အတင္းမလုပ္ႏိုင္တာေၾကာင့္လုိ႔ သံုးသပ္ေၾကာင္းနဲ႔ ဒီအားနည္းခ်က္ေတြကို သင္ခန္းစာယူၿပီး ေအာင္ျမင္ေအာင္ ႀကိဳးပမ္းဖုိ႔လည္း တုိက္တြန္းခဲ့တာပါ။

NCA သေဘာတူညီခ်က္ဟာလည္း အပစ္ရပ္စာခ်ဳပ္ သက္သက္မဟုတ္ဘဲ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကိုပါ ရည္မွန္းၿပီး ေအာင္ျမင္ေအာင္ ေဆာင္ရြက္ဖုိ႔လုိေၾကာင္းလည္း ေျပာပါတယ္။

“ဒီလုိေဆာင္ရြက္ႏိုင္ဖုိ႔အတြက္ NCA စာခ်ဳပ္မွာ လမ္းျပေျမပံု ၇ ဆင့္ကို တိတိက်က် သတ္မွတ္ေပးထားၿပီး ျဖစ္ပါတယ္။ NCA စာခ်ဳပ္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာမွာ လမ္းျပေျမပံု ၇ ဆင့္အတိုင္း မလဲြမေသြ ေဆာင္ရြက္သြားရမွာ ျဖစ္ပါတယ္။ ”

ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ဒုဥကၠ႒ ၁ စိုင္းညႊန္လြင္တို႔ကလည္း ၿငိမ္းခ်မ္းစြာ အတူယွဥ္တဲြေနထိုင္ေရးကို အေလးထားေျပာၾကားၿပီး ဒီလို ေနထိုင္ဖို႔ ဆုိရင္ တန္းတူညီမွ်ဖုိ႔ လုိအပ္ေၾကာင္း ေထာက္ျပပါတယ္။ တိုင္းျပည္တည္ေဆာက္ရာမွာ အားလုံးမွ်မွ်တတ ပါ၀င္ခြင့္ရေရးကုိလည္း ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

“တစ္စု တစ္ဖဲြ႔ထဲက ႏိုင္ငံတစ္ခုလံုးကို ၾကီးစိုး ခ်ဳပ္ကိုင္ ျခယ္လွယ္သြားတာမ်ိဳးဆိုတာလည္း မျဖစ္သင့္ မျဖစ္ထိုက္တဲ့ ကိစၥပဲ ျဖစ္ပါတယ္။ တုိင္းရင္းသားေပါင္းစုံ၊ အဖဲြ႔အစည္းေပါင္းစံု စုေ၀းေနထိုင္ၾကတဲ့ ႏိုင္ငံတစ္ႏိုင္ငံမို႔ ပုိၿပီး မျဖစ္သင့္ဘူးလုိ႔ ေျပာခ်င္ပါတယ္။ ဘယ္လုိလူမ်ိဳးပဲ ျဖစ္ပါေစ၊ အရည္အခ်င္းရိွသူ ဘယ္သူမဆို ေခါင္းေဆာင္ခြင့္ ေပးရမယ့္ အေျခအေန ျဖစ္ပါတယ္။ အတူေန တုိင္းရင္းသားအားလံုးရဲ့ အမ်ားပိုင္ တုိင္းျပည္တစ္ခုအျဖစ္သာ ပံုေဖာ္ဖုိ႔ ၾကိဳးစားအားထုတ္သင့္ပါတယ္လို႔ တုိက္တြန္းလုိပါတယ္။”

၂၁ ရာစုပင္လံုဟာ ၁၉၄၇ ပင္လံုစာခ်ဳပ္ပါ အခ်က္ေတြကို အျပည့္အ၀ အေကာင္အထည္ေဖာ္ဖို႔ ေဆာင္ရြက္တဲ့ ညီလာခံအျဖစ္ မွတ္ယူလုိေၾကာင္း၊ ၁၉၄၇ ပင္လံုစာခ်ဳပ္ကို လႊမ္းမိုးပယ္ဖ်က္တဲ့ ညီလာခံမျဖစ္ေစလုိေၾကာင္းနဲ႔ မျဖစ္ေအာင္ သတိျပဳဖုိ႔လိုေၾကာင္းလည္း တုိက္တြန္းထားပါတယ္။

ေခါင္းေဆာင္ေတြရဲ့ ႏုတ္ခြန္းဆက္ အမွာစကားေျပာၾကားအၿပီးမွာ ၿငိမ္းခ်မ္းေရးေဆာင္ရြက္မႈ မွတ္တမ္းဗီြဒီယုိ ျပသတာ၊ မွတ္တမ္းဓါတ္ပံုရိုက္ကူးတာေတြ ၿပီးဆံုးတဲ့ေနာက္ ဒီေန႔ က်င္းပတဲ့ညီလာခံ ဖြင့္ပဲြ အခမ္းအနားၿပီးဆံုးခဲ့ပါတယ္။

ေန႔ခင္းပိုင္းမွာေတာ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတဲြေကာ္မတီ UPDJC နဲ႔ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တုိက္ခိုက္မႈ ပူးတဲြေစာင့္ၾကည့္ေရးေကာ္မတီက လုပ္ငန္းအစီရင္ခံစာတင္သြင္းတာနဲ႔ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ပါ အခ်က္ေတြကို အဆိုျပဳလႊာတင္သြင္းတာေတြကို ဆက္လက္ ေဆာင္ရြက္ခဲ့ပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀းကို ဒီေန႔ ၁၉ ရက္ေန႔ကေန ၂၁ ရက္ေန႔အထိ ၃ ရက္ က်င္းပမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စိန်ခေါ်မှုတွေ ထောက်ပြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင်

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဒီကနေ့ ပထမနေ့မှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ထိပ်တန်းခေါင်းဆောင်တွေ အလေးထား ပြောကြားခဲ့ကြပြီး ချဉ်းကပ်ပုံကွဲပြားမှုတွေလည်း ရှိနေတဲ့အကြောင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ NCA လက်မှတ်ထိုး တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်စစ်၊ နိုင်ငံရေးပါတီအစုအဖွဲ့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ၁ စိုင်းညွန့်လွင့် အမှာစကားပြောကြားကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အချက်အချို့ သဘောတူညီချက် မရတာဟာ စိုးရိမ်မှု၊ သံသယနဲ့ အပြန်အလှန် ယုံကြည်မှု အားနည်းတွေကြောင့်လို့ ထောက်ပြပါတယ်။

ဒါဟာ နှစ် ၇၀ ကြာ ပြည်တွင်းစစ်နဲ့ အပေး၊ အယူ၊ အလျှော့၊ အတင်းလုပ်ပြီး ညှိနှိုင်းတဲ့ ယဉ်ကျေးမှု အားနည်းမှုတွေအပေါ် အခြေခံနေတယ်လို့လည်း ထည့်သွင်းပြောကြားပါတယ်။

“စိုးရိမ်ပူပန်မှုတွေ၊ သံသယနဲ့ သုံးသပ်ပြီး မယုံမကြည်ဖြစ်နေတာတွေဟာ နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင် တိုက်ပွဲတွေရဲ့ သက်ရောက်မှုလို့လည်း ဆိုနိုင်ပါတယ်။ ယုံကြည်မှုအားနည်းရခြင်းရဲ့ အကြောင်းတစ်ရပ်က အလျှော့-အတင်း၊ အပေး-အယူ လုပ်ချင်စိတ် မရှိတာကြောင့် ဖြစ်တတ်သလို အပေး-အယူ၊ အလျှော့-အတင်း လုပ်ပြီး ညှိနှိုင်းတတ်တဲ့ ယဉ်ကျေးမှုအားနည်းခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ တချို့ကလည်း အလျှော့-အတင်းလုပ်ခြင်းဟာ အရှုံးပေးခြင်းလို့ လွဲမှားစွာ ယူဆနေတာတွေလည်း ရှိနိုင်ပါတယ်။ အပေး-အယူလုပ်ခြင်း၊ အလျှော့-အတင်း ပြုခြင်းကြောင့် ပြည်ထောင်စု တစ်ခုလုံးအတွက် အကျိုးရှိစေတယ်ဆိုတာကို လက်တွေ့ သက်သေပြနိုင်ဖို့ အရေးကြီးပါတယ်။”

ဒီညီလာခံမှာ ချုပ်ဆိုမဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း၃မှာ ထည့်သွင်းမယ့် ပြည်နယ်အခြေခံဥပဒေ ရေးဆွဲရေးကို မညှိနှိုင်းနိုင်ခဲ့တဲ့အပေါ် ထောက်ပြပြောဆိုခဲ့တာပါ။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - (၂၁) ရာစုပင္လုံ စတုတၳအစည္းအေဝးဖြင့္ပြဲအခမ္းအနား ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong's Facebook - ၾသဂုတ္ ၁၉၊ ၂၀၂၀)
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - (၂၁) ရာစုပင္လုံ စတုတၳအစည္းအေဝးဖြင့္ပြဲအခမ္းအနား ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong's Facebook - ၾသဂုတ္ ၁၉၊ ၂၀၂၀)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ရတာဟာ မရိုးသားမှု၊ အခြားကိစ္စတွေနဲ့ ချိတ်ဆက်ထားလိုမှု၊ တိကျပြတ်သားတဲ့အခြေခံမူတွေ အားနည်းမှုတွေကြောင့်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ထားလို့ မရနိုင်ကြောင်းလည်း ပြောဆိုသွားပါတယ်။

“၁၉၅ဝ ပြည့်နှစ်လောက်က အတွေးအခေါ် အယူအဆတွေနဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် မောင်းနှင်နေလိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့ဘဲ ကျနော်တို့ ပြောလိုပါတယ်။ အဲ့ဒီခေတ်က ခေတ်စားခဲ့တဲ့စကားနဲ့ပဲ ပြန်ပြောရရင် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့။” လို့ပဲ ဆိုချင်ပါတယ်။ တပ်မတော်ဟာ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ မဖြစ်သင့်မဖြစ်ထိုက်တာ တွေမဖြစ်အောင်၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေဖြစ်အောင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ တပ်မတော်ဟာ ဒို့တာဝန်အရေး ၃ ပါးကို အမျိုးသားရေး တာဝန်အဖြစ် ဦးထိပ်ပန်ဆင်ပြီး ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမျိုးသားအကျိုးစီးပွားအတွက် ဦးတည်ချက်ထားဖို့၊ ပုဂ္ဂလိကဆန္ဒတွေ၊ နိုင်ငံရေး လိုဘတွေ၊ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားတွေကို ဦးစားမပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်စစ်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် မရတာတွေဟာ အပြန်အလှန်ယုံကြည်မှု အားနည်းတာ၊ တရားသေဆန်တာ၊ ထိုက်သင့်တဲ့ အလျှော့အတင်းမလုပ်နိုင်တာကြောင့်လို့ သုံးသပ်ကြောင်းနဲ့ ဒီအားနည်းချက်တွေကို သင်ခန်းစာယူပြီး အောင်မြင်အောင် ကြိုးပမ်းဖို့လည်း တိုက်တွန်းခဲ့တာပါ။

NCA သဘောတူညီချက်ဟာလည်း အပစ်ရပ်စာချုပ် သက်သက်မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပါ ရည်မှန်းပြီး အောင်မြင်အောင် ဆောင်ရွက်ဖို့လိုကြောင်းလည်း ပြောပါတယ်။

“ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် NCA စာချုပ်မှာ လမ်းပြမြေပုံ ၇ ဆင့်ကို တိတိကျကျ သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။ NCA စာချုပ် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လမ်းပြမြေပုံ ၇ ဆင့်အတိုင်း မလွဲမသွေ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ၁ စိုင်းညွှန်လွင်တို့ကလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အလေးထားပြောကြားပြီး ဒီလို နေထိုင်ဖို့ ဆိုရင် တန်းတူညီမျှဖို့ လိုအပ်ကြောင်း ထောက်ပြပါတယ်။ တိုင်းပြည်တည်ဆောက်ရာမှာ အားလုံးမျှမျှတတ ပါဝင်ခွင့်ရရေးကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“တစ်စု တစ်ဖွဲ့ထဲက နိုင်ငံတစ်ခုလုံးကို ကြီးစိုး ချုပ်ကိုင် ခြယ်လှယ်သွားတာမျိုးဆိုတာလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ စုဝေးနေထိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံမို့ ပိုပြီး မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။ ဘယ်လိုလူမျိုးပဲ ဖြစ်ပါစေ၊ အရည်အချင်းရှိသူ ဘယ်သူမဆို ခေါင်းဆောင်ခွင့် ပေးရမယ့် အခြေအနေ ဖြစ်ပါတယ်။ အတူနေ တိုင်းရင်းသားအားလုံးရဲ့ အများပိုင် တိုင်းပြည်တစ်ခုအဖြစ်သာ ပုံဖော်ဖို့ ကြိုးစားအားထုတ်သင့်ပါတယ်လို့ တိုက်တွန်းလိုပါတယ်။”

၂၁ ရာစုပင်လုံဟာ ၁၉၄၇ ပင်လုံစာချုပ်ပါ အချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်တဲ့ ညီလာခံအဖြစ် မှတ်ယူလိုကြောင်း၊ ၁၉၄၇ ပင်လုံစာချုပ်ကို လွှမ်းမိုးပယ်ဖျက်တဲ့ ညီလာခံမဖြစ်စေလိုကြောင်းနဲ့ မဖြစ်အောင် သတိပြုဖို့လိုကြောင်းလည်း တိုက်တွန်းထားပါတယ်။

ခေါင်းဆောင်တွေရဲ့ နုတ်ခွန်းဆက် အမှာစကားပြောကြားအပြီးမှာ ငြိမ်းချမ်းရေးဆောင်ရွက်မှု မှတ်တမ်းဗွီဒီယို ပြသတာ၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးတာတွေ ပြီးဆုံးတဲ့နောက် ဒီနေ့ ကျင်းပတဲ့ညီလာခံ ဖွင့်ပွဲ အခမ်းအနားပြီးဆုံးခဲ့ပါတယ်။

နေ့ခင်းပိုင်းမှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီက လုပ်ငန်းအစီရင်ခံစာတင်သွင်းတာနဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ပါ အချက်တွေကို အဆိုပြုလွှာတင်သွင်းတာတွေကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဒီနေ့ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက် ကျင်းပမှာ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG