သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၁ ရာစုပင္လုံ ဒုတိယေန႔ ျပည္ေထာင္စုဆုိင္ရာ ကိစၥေဆြးေႏြး


ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းရ့ဲ ဒုတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong - ၾသဂုတ္ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ပတ္သက္လုိ႔ ထိပ္တန္းေခါင္းေဆာင္ေတြၾကား မတူညီတဲ့ သေဘာထားေတြ ေျပာဆုိခဲ့ၾကၿပီး ဒုတိယေန႔အျဖစ္ ၂၁ ရာစုပင္လံု ညီလာခံကုိ ဒီကေန႔ ဆက္လက္က်င္းပရာမွာ ေနာက္ဆုံးအႀကိမ္ ညီလာခံမွာ ရရွိထားတဲ့ ျပည္ေထာင္စုဆုိင္ရာ သေဘာတူညီခ်က္ေတြနဲ႔ ပတ္သက္လုိ႔ ေဆြးေႏြးၾကတဲ့အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းရ့ဲ ဒုတိယေန႔မွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတဲြေကာ္မတီ UPDJC အစည္းအေ၀းကို က်င္းပၿပီး ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ ကို အတည္ျပဳလက္မွတ္ေရးထိုးၾကေရး ေဆြးေႏြးၾကပါတယ္။

ဒီအစည္းအေ၀းမွာ UPDJC ဥကၠ႒ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အဖြင့္အမွာစကားေျပာရာမွာ ၂၁ရာစုပင္လံု ဒုတိယနဲ႔ တတိယ အစည္းအေ၀းက ရရိွထားတဲ့ ျပည္ေထာင္စု သေဘာတူညီခ်က္ အစိတ္အပိုင္း ၁ နဲ႔ ၂ ပါ သေဘာတူညီခ်က္ ၅၁ ခ်က္နဲ႔ ပတ္သက္ၿပီး အခုလို ထည့္သြင္း ေျပာၾကားပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းရ့ဲ ဒုတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong - ၾသဂုတ္ ၂၀၊ ၂၀၂၀)
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းရ့ဲ ဒုတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong - ၾသဂုတ္ ၂၀၊ ၂၀၂၀)

“က်မတို႔ အားလံုး အေက်အလည္ေဆြးေႏြးညိွႏိႈင္းၿပီး သေဘာတူညီခ်က္ရရိွထားတဲ့ အေျခခံမူ ၅၁ ခ်က္ကို သက္ဆုိင္တဲ့ ေခါင္းစဥ္ေတြေအာက္မွာ ထည့္သြင္းၿပီး အဆင့္လုိက္အေကာင္အထည္ေဖာ္မႈေတြကို အေကာင္အထည္ေဖာ္ေဆာင္သြားဖို႔ပါပဲ။ ေျပာရရင္ ေခါင္းစဥ္ခဲြေတြ ဆက္လက္ ေဆြးေႏြးၿပီး အဆင့္လုိက္ေဖာ္ေဆာင္မယ့္ ဇယား၂ ရရိွလာရင္ မူလ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၁နဲ႔ အစိတ္အပိုင္း ၂ ရဲ႕ အေျခခံမူေတြ အေကာင္အထည္ေဖာ္တဲ့အေျခအေနကို ဆက္လက္ ေဆာင္ရြက္သြားၾကရမွာျဖစ္ေၾကာင္း ေျပာၾကားလုိပါတယ္။”

ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၁ နဲ႔ အစိတ္အပိုင္း ၂ဟာႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ လံုၿခံဳေရးနဲ႔ ေျမယာ သယံဇာတနဲ႔ သေဘာ၀ပတ္၀န္းက်င္ဆုိတဲ့ က႑ ၅ ရပ္ေပၚမွာ အေျခခံထားတာျဖစ္ပါတယ္။

လက္ရိွ ခ်ဳပ္ဆုိမယ့္ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃၊ အပိုင္း ၂ ျဖစ္တဲ့ ၂၀၂၀ အလြန္ အဆင့္လိုက္လုပ္ငန္းစဥ္နဲ႔ အဆင့္လိုက္ အေကာင္အထည္ေဖာ္မႈမွာ ဇယား ၁ အေနနဲ႔ ေခါင္းစဥ္ ၈ ခု ပါ၀င္ ၿပီး အရင္ ရရိွထားတဲ့ သေဘာတူညီခ်က္ေတြကို ဒီသက္ဆုိင္ရာ ေခါင္းစဥ္ေတြေအာက္မွာ ထည့္သြင္း အေကာင္အထည္ေဖာ္ဖုိ႔ ရိွေနတာျဖစ္ပါတယ္။

ဒီလုိ အေကာင္အထည္ေဖာ္ဖို႔ ဆိုရင္ ဇယား၂ ပါ အဆင့္လိုက္အေကာင္အထည္ေဖာ္မႈေတြကို ဆက္လက္ ေဆြးေႏြးၾကရအံုးမွာလည္း ျဖစ္ပါတယ္။

ႏိုင္ငံေရးေလ့လာသူေတြကေတာ့ ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းဖြင့္ပဲြအျဖစ္ မေန႔တုန္းက ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ တုိင္းရင္းသားေခါင္းေဆာင္တခ်ဳိ႕ ေျပာဆိုသြားတဲ့ မိန္႔ခြန္းေတြဟာ အစုိးရ၊ တပ္မေတာ္နဲ႔ တုိင္းရင္းသားအင္အားစုေတြၾကား တဘက္နဲ႔တဘက္ ယံုၾကည္မႈ အားနည္းေနတာကုိ ျပသရာေရာက္တယ္လို႔ ျမင္ၾကပါတယ္။ ျမန္မာအေရး ေလ့လာသံုးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္းကလည္း ဒီအျမင္ကုိ လက္ခံေၾကာင္း ေျပာပါတယ္။

“အစိုးရ၊ တပ္မေတာ္နဲ႔ တုိင္းရင္းသားေတြၾကားမွာ ယံုၾကည္မႈ က်ဆင္းေနတယ္။ ေနာက္ အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္မႈအပိုင္းမွာလည္း အားနည္းခ်က္ေတြ၊ လိုအပ္ခ်က္ေတြ ရိွေနတယ္လုိ႔ သံုးသပ္လုိ႔ ရပါတယ္။ အဲဒီအတြက္ေၾကာင့္မို႔ ၂၀၂၀ အလြန္ ႏိုင္ငံေရးအခင္းအက်င္းမွာ အစိုးရ၊ တပ္မေတာ္နဲ႔ တုိင္းရင္းသားအၾကားမွာ ႏိုင္ငံေရးအရ ေတြ႔ဆံုေဆြးေႏြးမႈေတြ၊ အေပးအယူလုပ္မႈေတြ၊ ညိွႏိႈင္းေဆြးေႏြးမႈေတြ အဲဒီကေနတဆင့္ သေဘာတူညီခ်က္ေတြ ရေအာင္ ေဆာင္ရြက္ဖို႔ မျဖစ္မေန လိုအပ္တယ္လု႔ိ ျမင္ပါတယ္။ အထူးသျဖင့္ကေတာ့ ယံုၾကည္မႈကို ဒီထက္ပိုၿပီးေတာ့ ခုိင္မာေအာင္၊ ဒီထက္ပိုၿပီးေတာ့ အားေကာင္းေအာင္ တည္ေဆာက္ဖုိ႔ လုိအပ္ေနတယ္လုိ႔ အဲဒီလုိ ျမင္ပါတယ္ဗ်။”

လက္ရိွခ်ဳပ္ဆိုမယ့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ ဟာ အားရဖြယ္ရိွတာေတြ ပါ၀င္ေပမဲ့ ဒီသေဘာတူညီခ်က္နဲ႔ ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးကို ဘယ္လုိ ခ်ိတ္ဆက္ ေဆာင္ရြက္မလဲဆုိတာ စိန္ေခၚမႈတ စ္ခုအေနနဲ႔ ရိွေနၿပီး ဒီ အစိတ္အပိုင္း ၃ခုလံုးပါ သေဘာတူညီခ်က္ေတြအေကာင္အထည္ေဖာ္ဖုိ႔ ဆုိရင္ အစိုးရနဲ႔ တပ္မေတာ္ဟာ NCA လက္မွတ္ထိုးနဲ႔ လက္မွတ္မထိုးထားတဲ့ တုိင္းရင္းသားေတြအျပင္ တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြနဲ႔လညး္ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးအေကာင္အထည္ေဖာ္ဖုိ႔ လိုအပ္မွာျဖစ္ေၾကာင္း ေဒါက္တာရန္မ်ိဳးသိမ္းက ေထာက္ျပပါတယ္။

၂၁ ရာစုပင္လံုအစည္းအေ၀းကို ပါ၀င္တက္ေရာက္ေနတဲ့ ပအို၀္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ရဲ့ နာယက ဗိုလ္မႈးၾကီးခြန္ဥကၠာကေတာ့ မေန႔တုန္းက ညီလာခံဖြင့္ပဲြအတြင္း ေျပာဆုိသြားခဲ့ၾကတဲ့ အစုိးရ၊ တပ္မေတာ္နဲ႔ တုိင္းရင္းသား ေခါင္းေဆာင္ေတြရဲ႕ မိန္႔ခြန္းေတြမွာ ဘုံသေဘာတူညီခ်က္ မရေသးတာေတြ႔ရတယ္လုိ႔ အခုလို သံုးသပ္ပါတယ္။

“Common Position မရတာေတာ့ မွန္ပါတယ္။ Common Position ဆိုတာက အဓိပၸါယ္ ဘယ္လုိ ဖြင့္ၾကလဲ။ ျပႆနာကို ဘယ္လုိ ရႈျမင္လဲ ဆိုတဲ့ေနရာမွာက်ေတာ့ မတူတဲ့ ရႈေဒါင့္ေတြ ရိွပါတယ္။ ေျဖရွင္းလို႔ မရတဲ့ ကိစၥေတြလည္း မဟုတ္ပါဘူး။ အဲဒါေၾကာင့္ အဲဒီ မတူညီမႈက အနာဂတ္အတြက္ေတာ့ သက္ေရာက္မႈအားနည္းပါတယ္။ ၿခံဳငံုသံုးသပ္မယ္ဆုိရင္ေတာ့ သိပ္မဆုိးဘူးလို႔ ေျပာရမွာပဲဗ်ာ။ ဘာပဲ ျဖစ္ျဖစ္ေတာ့ ၿငိမ္းခ်မ္းေရး ေရွ႕ဆက္သြားႏိုင္ေအာင္နဲ႔ ၿငိမ္းခ်မ္းေရး မပ်က္မဆီးေအာင္ေတာ့ အားလံုး ၀ိုင္းထိန္းတဲ့ သေဘာေတြ႔ရပါတယ္။ ဒါေပမဲ့ အရိွန္အဟုန္နဲ႔သြားဖို႔ ဆိုတဲ့ေနရာမွာေတာ့ နည္းနည္းေလး ကြာျခားတာရိွခ်င္ ရိွႏိုင္တာေပါ့။”

လက္ရိွ က်င္းပေနတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀းဟာ ၂ ႏွစ္ေက်ာ္ရပ္ဆိုင္းခဲ့ၿပီးမွာ ျပန္လည္ စတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္မွာက်င္းပတဲ့ ေနာက္ဆံုးညီလာခံေနာက္ပိုင္းမွာ ျပည္ေထာင္စုက ခဲြမထြက္ေရးနဲ႔ တပ္မေတာ္တစ္ခုတည္းျဖစ္ေရး စတဲ့ ကိစၥရပ္ေတြကို မညိွႏိႈင္းႏိုင္တာေၾကာင့္ ရပ္ဆုိင္းခဲ့တာလည္း ျဖစ္ပါတယ္။

မနက္ျဖန္မွာေတာ့ ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ေနာက္ဆံုးရက္က်င္းပမွာျဖစ္ၿပီး လက္ရိွ ေဆြးေႏြးထားၿပီးတဲ့ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ ကို လက္မွတ္ ေရးထုိးၾကဖို႔ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

၂၁ ရာစုပင်လုံ ဒုတိယနေ့ ပြည်ထောင်စုဆိုင်ရာကိစ္စဆွေးနွေး

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ထိပ်တန်းခေါင်းဆောင်တွေကြား မတူညီတဲ့ သဘောထားတွေ ပြောဆိုခဲ့ကြပြီး ဒုတိယနေ့အဖြစ် ၂၁ ရာစုပင်လုံ ညီလာခံကို ဒီကနေ့ ဆက်လက်ကျင်းပရာမှာ နောက်ဆုံးအကြိမ် ညီလာခံမှာ ရရှိထားတဲ့ ပြည်ထောင်စုဆိုင်ရာ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးရဲ့ ဒုတိယနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ကျင်းပပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို အတည်ပြုလက်မှတ်ရေးထိုးကြရေး ဆွေးနွေးကြပါတယ်။

ဒီအစည်းအဝေးမှာ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောရာမှာ ၂၁ရာစုပင်လုံ ဒုတိယနဲ့ တတိယ အစည်းအဝေးက ရရှိထားတဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၁ နဲ့ ၂ ပါ သဘောတူညီချက် ၅၁ ချက်နဲ့ ပတ်သက်ပြီး အခုလို ထည့်သွင်း ပြောကြားပါတယ်။

“ကျမတို့ အားလုံး အကျေအလည်ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်ရရှိထားတဲ့ အခြေခံမူ ၅၁ ချက်ကို သက်ဆိုင်တဲ့ ခေါင်းစဉ်တွေအောက်မှာ ထည့်သွင်းပြီး အဆင့်လိုက်အကောင်အထည်ဖော်မှုတွေကို အကောင်အထည်ဖော်ဆောင်သွားဖို့ပါပဲ။ ပြောရရင် ခေါင်းစဉ်ခွဲတွေ ဆက်လက် ဆွေးနွေးပြီး အဆင့်လိုက်ဖော်ဆောင်မယ့် ဇယား၂ ရရှိလာရင် မူလ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁နဲ့ အစိတ်အပိုင်း ၂ ရဲ့ အခြေခံမူတွေ အကောင်အထည်ဖော်တဲ့အခြေအနေကို ဆက်လက် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။”

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ နဲ့ အစိတ်အပိုင်း ၂ဟာနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနဲ့ မြေယာ သယံဇာတနဲ့ သဘောဝပတ်ဝန်းကျင်ဆိုတဲ့ ကဏ္ဍ ၅ ရပ်ပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။

လက်ရှိ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃၊ အပိုင်း ၂ ဖြစ်တဲ့ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုမှာ ဇယား ၁ အနေနဲ့ ခေါင်းစဉ် ၈ ခု ပါဝင် ပြီး အရင် ရရှိထားတဲ့ သဘောတူညီချက်တွေကို ဒီသက်ဆိုင်ရာ ခေါင်းစဉ်တွေအောက်မှာ ထည့်သွင်း အကောင်အထည်ဖော်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဒီလို အကောင်အထည်ဖော်ဖို့ ဆိုရင် ဇယား၂ ပါ အဆင့်လိုက်အကောင်အထည်ဖော်မှုတွေကို ဆက်လက် ဆွေးနွေးကြရအုံးမှာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအဖြစ် မနေ့တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ ပြောဆိုသွားတဲ့ မိန့်ခွန်းတွေဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအင်အားစုတွေကြား တဘက်နဲ့တဘက် ယုံကြည်မှု အားနည်းနေတာကို ပြသရာရောက်တယ်လို့ မြင်ကြပါတယ်။ မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း ဒီအမြင်ကို လက်ခံကြောင်း ပြောပါတယ်။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းရ့ဲ ဒုတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong - ၾသဂုတ္ ၂၀၊ ၂၀၂၀)
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းရ့ဲ ဒုတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong - ၾသဂုတ္ ၂၀၊ ၂၀၂၀)

“အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှု ကျဆင်းနေတယ်။ နောက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာလည်း အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိနေတယ်လို့ သုံးသပ်လို့ ရပါတယ်။ အဲဒီအတွက်ကြောင့်မို့ ၂၀၂၀ အလွန် နိုင်ငံရေးအခင်းအကျင်းမှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအကြားမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ၊ အပေးအယူလုပ်မှုတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေ အဲဒီကနေတဆင့် သဘောတူညီချက်တွေ ရအောင် ဆောင်ရွက်ဖို့ မဖြစ်မနေ လိုအပ်တယ်လု့ိ မြင်ပါတယ်။ အထူးသဖြင့်ကတော့ ယုံကြည်မှုကို ဒီထက်ပိုပြီးတော့ ခိုင်မာအောင်၊ ဒီထက်ပိုပြီးတော့ အားကောင်းအောင် တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ အဲဒီလို မြင်ပါတယ်ဗျ။”

လက်ရှိချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ဟာ အားရဖွယ်ရှိတာတွေ ပါဝင်ပေမဲ့ ဒီသဘောတူညီချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဘယ်လို ချိတ်ဆက် ဆောင်ရွက်မလဲဆိုတာ စိန်ခေါ်မှုတ စ်ခုအနေနဲ့ ရှိနေပြီး ဒီ အစိတ်အပိုင်း ၃ခုလုံးပါ သဘောတူညီချက်တွေအကောင်အထည်ဖော်ဖို့ ဆိုရင် အစိုးရနဲ့ တပ်မတော်ဟာ NCA လက်မှတ်ထိုးနဲ့ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားတွေအပြင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအကောင်အထည်ဖော်ဖို့ လိုအပ်မှာဖြစ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပါတယ်။

၂၁ ရာစုပင်လုံအစည်းအဝေးကို ပါဝင်တက်ရောက်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာကတော့ မနေ့တုန်းက ညီလာခံဖွင့်ပွဲအတွင်း ပြောဆိုသွားခဲ့ကြတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေမှာ ဘုံသဘောတူညီချက် မရသေးတာတွေ့ရတယ်လို့ အခုလို သုံးသပ်ပါတယ်။

“Common Position မရတာတော့ မှန်ပါတယ်။ Common Position ဆိုတာက အဓိပ္ပါယ် ဘယ်လို ဖွင့်ကြလဲ။ ပြဿနာကို ဘယ်လို ရှုမြင်လဲ ဆိုတဲ့နေရာမှာကျတော့ မတူတဲ့ ရှုဒေါင့်တွေ ရှိပါတယ်။ ဖြေရှင်းလို့ မရတဲ့ ကိစ္စတွေလည်း မဟုတ်ပါဘူး။ အဲဒါကြောင့် အဲဒီ မတူညီမှုက အနာဂတ်အတွက်တော့ သက်ရောက်မှုအားနည်းပါတယ်။ ခြုံငုံသုံးသပ်မယ်ဆိုရင်တော့ သိပ်မဆိုးဘူးလို့ ပြောရမှာပဲဗျာ။ ဘာပဲ ဖြစ်ဖြစ်တော့ ငြိမ်းချမ်းရေး ရှေ့ဆက်သွားနိုင်အောင်နဲ့ ငြိမ်းချမ်းရေး မပျက်မဆီးအောင်တော့ အားလုံး ဝိုင်းထိန်းတဲ့ သဘောတွေ့ရပါတယ်။ ဒါပေမဲ့ အရှိန်အဟုန်နဲ့သွားဖို့ ဆိုတဲ့နေရာမှာတော့ နည်းနည်းလေး ကွာခြားတာရှိချင် ရှိနိုင်တာပေါ့။”

လက်ရှိ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးဟာ ၂ နှစ်ကျော်ရပ်ဆိုင်းခဲ့ပြီးမှာ ပြန်လည် စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာကျင်းပတဲ့ နောက်ဆုံးညီလာခံနောက်ပိုင်းမှာ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ တပ်မတော်တစ်ခုတည်းဖြစ်ရေး စတဲ့ ကိစ္စရပ်တွေကို မညှိနှိုင်းနိုင်တာကြောင့် ရပ်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး နောက်ဆုံးရက်ကျင်းပမှာဖြစ်ပြီး လက်ရှိ ဆွေးနွေးထားပြီးတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို လက်မှတ် ရေးထိုးကြဖို့ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG