သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လိင္ပိုင္းဆိုင္ရာ မတရားျပဳမႈနဲ႔ ခံရသူေတြကို အျပစ္တင္မႈေတြ ရပ္ဖို႔ အမ်ိဳးသမီးေတြၾကိဳးပမ္း


အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာ မေတာ္မတရား ျပဳက်င့္မႈေတြဟာ တေနရာတည္း လူမႈအသိုင္းအဝိုင္း တခုတည္းမွာပဲ ႀကဳံေနရတာမဟုတ္သလို၊ သူတို႔ရဲ႕ ဝတ္စားဆင္ယင္မႈနဲ႔လည္း မဆိုင္ဘူးဆိုတာ လူအမ်ား နားလည္ လက္ခံဖို႔ ရည္႐ြယ္တဲ့ ျပပြဲတခုကို အေမရိကန္ ျပည္ေထာင္စု Pennsylvania ျပည္နယ္မွာ က်င္းပခဲ့ပါတယ္။

[Zawgyi/Unicode]

အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာ မေတာ္မတရား ျပဳက်င့္မႈေတြဟာ ေနရာတခုတည္း လူမႈအသိုင္းအဝိုင္း တခုတည္းမွာပဲ ႀကဳံရတဲ့ ျဖစ္ရပ္မ်ိဳး မဟုတ္သလို၊ သူတို႔ရဲ႕ ဝတ္စားဆင္ယင္မႈနဲ႔လည္း မဆိုင္ဘူး ဆိုတာကို လူအမ်ား နားလည္ သိရွိ လက္ခံလာဖို႔ ရည္႐ြယ္တဲ့ ျပပြဲတခုကို အေမရိကန္ ျပည္ေထာင္စု Pennsylvania ျပည္နယ္၊ Lancaster ခ႐ိုင္မွာ က်င္းပခဲ့ပါတယ္။ မတရားျပဳခံရသူေတြ အေပၚ အျပစ္ဖို႔တာေတြ ရပ္တန႔္ေစဖို႔အတြက္လည္း ဒီျပပြဲကို လုပ္ျဖစ္တာလို႔ စီစဥ္သူေတြက ေျပာပါတယ္။ စစ္တပ္အာဏာ သိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာေရာ အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြ မတရားျပဳခံရတဲ့ အေျခအေနေတြ ဘယ္လိုရွိပါလဲ။ အေနအထိုင္ မတတ္လို႔ ျဖစ္ရတာ ဆိုတဲ့ ျပစ္တင္ ေျပာဆိုမႈေတြကေရာ လက္ခံႏိုင္စရာ ရွိပါရဲ႕လား။ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

ကမာၻတဝန္း အမ်ိဳးသမီးနဲ႔ မိန္းကေလးငယ္ေတြထဲ ၃ ေယာက္မွာ ၁ ေယာက္ႏႈန္းဟာ ကိုယ့္ရဲ႕ မိသားစုတြင္းမွာ ျဖစ္ေစ၊ လူမႈ အသိုင္းအဝိုင္း တြင္းမွာ ျဖစ္ေစ တနည္းမဟုတ္တနည္း လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတာ၊ အၾကမ္းဖက္ခံရ တာေတြကို ႀကဳံေနရတယ္လို႔ ကုလသမဂၢရဲ႕ ေလ့လာခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။ ဒီလို လိင္ပိုင္းဆိုင္ရာ မေတာ္မတရားမႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ရွိေနေပမဲ့ က်ဴးလြန္သူ အမ်ားစု ကေတာ့ ျပစ္ဒဏ္ကေန ကင္းလြတ္ခြင့္ ရေနတာကိုလည္း ေလ့လာခ်က္ေတြက ေထာက္ျပပါတယ္။

ခံရသူေတြကို အျပစ္တင္တဲ့ လူမႈ အသိုင္းအဝိုင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ရွိေနဆဲပဲ ဆိုတာကိုလည္း လူ႔အခြင့္အေရးနဲ႔ အမ်ိဳးသမီး အခြင့္အေရး တက္ႂကြ လႈပ္ရွားသူေတြက ေထာက္ျပ ေျပာဆိုၾကပါတယ္။ အမ်ိဳးသမီးေတြ အေနအထိုင္ မတတ္လို႔၊ ဝတ္စားဆင္ယင္တာ မလုံၿခဳံလို႔ ဆိုတဲ့ ျပစ္တင္မႈေတြကို ပယ္ဖ်က္ႏိုင္ဖို႔ အတြက္ အေမရိကန္ျပည္ေထာင္စု ပင္ဆဲေဗးနီးယား ျပည္နယ္မွာေတာ့ ျပခန္းတခု ျပသခဲ့ပါတယ္။

ဒီျပခန္းမွာ ေရွး႐ိုးရာအတိုင္း ဝတ္စားဆင္ယင္ ေနထိုင္ၾကတဲ့ အမ္းမစ္ရွ္ (Amish) လူမ်ိဳးေတြနဲ႔ အလားတူ လူနည္းစု အသိုင္းအဝိုင္းေတြမွာ အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြ အပါအဝင္ အမ်ိဳးသမီးေတြ လိင္ပိုင္းဆိုင္ရာ မတရား ျပဳက်င့္ခံရမႈေတြ ဆက္ ရွိေနတဲ့အေၾကာင္းနဲ႔ ဒီလိုႀကဳံရတာဟာ သူတို႔ရဲ႕ ဝတ္စားဆင္ယင္မႈနဲ႔ မဆိုင္ဘူးဆိုတာကို ေပၚလြင္ေစဖို႔ ရည္႐ြယ္ ျပသတာ ျဖစ္ပါတယ္။ တခ်ိဳ႕ အ႐ြယ္မေရာက္ ေသးတဲ့ ကေလးငယ္ေတြ ဆိုရင္ သူတို႔ဝတ္တဲ့ အဝတ္အစားကိုေတာင္ ကိုယ္တိုင္ ေ႐ြးခ်ယ္ခြင့္ မရွိေသးတဲ့ အ႐ြယ္ေတြမွာ မတရား ျပဳက်င့္ခံရတာကိုၾကည့္ရင္ မိန္းခေလးငယ္ေတြ မေတာ္မတရား ျပဳက်င့္ခံရတာဟာ သူတို႔ရဲ႕ ဝတ္စားဆင္ယင္မႈနဲ႔ ဘာမွမဆိုင္ဘူးလို႔ အ႐ြယ္မေရာက္ခင္ လိင္ပိုင္းဆိုင္ရာ မတရား ျပဳက်င့္ခံခဲ့ရတဲ့ Mary Byler က ေျပာပါတယ္။

"ကေလးငယ္ေတြကို မေတာ္မတရား ျပဳတာနဲ႔ လိင္ပိုင္းဆိုင္ရာ မတရားျပဳက်င့္မႈေတြဟာ လူမႈ အသိုင္းအဝိုင္းတြင္း အလႊာ အသီးသီးမွာ ရွိေနပါတယ္။ ေတနရာတည္းမွာပဲ ျဖစ္ေနတဲ့ ကိစၥမဟုတ္ပါဘူး။ ဒီမွာပဲျဖစ္တယ္။ ဟိုမွာေတာ့ မျဖစ္ဘူးလို႔ ေျပာလို႔မရပါဘူး။ ဒါ့အျပင္ ဝတ္စားဆင္ယင္မႈနဲ႔လည္း မဆိုင္ပါဘူး။ ကေလးငယ္တေယာက္ လိင္ပိုင္းဆိုင္ရာ မေတာ္မတရား ျပဳခံရတာဟာ သူ႔ရဲ႕ ဝတ္စား ဆင္ယင္မႈနဲ႔ ဘာမွမဆိုင္ပါဘူး။”

အမ္းမစ္ရွ္ လူမ်ိဳးေတြဟာ ေရွး႐ိုးရာအတိုင္း ေခါင္းကေန ေျခအဆုံး ခႏၶာကိုယ္ အစိတ္အပိုင္း အားလုံး လုံၿခဳံေအာင္ ဂါဝန္ရွည္ႀကီးေတြ ဝတ္ဆင္ၾကေပမဲ့လို႔လည္း လိင္ပိုင္းဆိုင္ရာ မတရားျပဳခံရတဲ့ အေျခအေနက မလြတ္ၾကပါဘူး။ ဒါကို ေပၚလြင္ေစဖို႔အတြက္ မတရားျပဳ က်င့္ခံရတဲ့ မိန္းခေလးငယ္ ၁၃ ဦးရဲ႕ အဝတ္အစားေတြကို ဒီျပပြဲမွာ ျပသထားပါတယ္။ ဒါနဲ႔ပတ္သက္လို႔ Mary Byler က ခုလို ေျပာပါတယ္။

"မတရားျပဳက်င့္ ခံရသူေတြ နဲ႔ပတ္သက္ၿပီး ဝတ္စား ဆင္ယင္မႈအေၾကာင္းေတြကို အင္တာနက္ေပၚမွာ လူေတြက ေျပာေနၾကလို႔ ဒီျပပြဲကို လုပ္ျဖစ္တာပါ။ တကိုယ္လုံး လုံလုံၿခဳံၿခံဳ ဖုံးထားတဲ့ မတရားျပဳ ခံရသူေတြ ဝတ္ခဲ့ၾကတဲ့ ဂါဝန္ရွည္ေတြကို ျပပြဲ ခင္းက်င္း ျပသပါလားဆိုၿပီး တေယာက္ကလည္း အႀကံေပးခဲ့ပါတယ္။ ျပပြဲ ဦးေဆာင္ စီစဥ္တဲ့ Hope Anne ကလည္း ဒီျပပြဲလုပ္ဖို႔ က်မကို အကူအညီ ေတာင္းခဲ့ပါတယ္။”

Hope Anne Dueck ကေတာ့ ပိုမိုေကာင္းမြန္တဲ့ လမ္း “A Better Way” လို႔ နာမည္ေပးထားတဲ့ အဖြဲ႕ကို တည္ေထာင္သူလည္း ျဖစ္၊ အဖြဲ႕ရဲ႕ အမႈေဆာင္ ၫႊန္ၾကားေရးမႉးလည္း ျဖစ္ပါတယ္။ အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြ၊ အမ်ိဳးသမီးေတြဟာ ကိုယ့္ရဲ႕ မိသားစုတြင္း၊ အနီးကပ္ေနထိုင္တဲ့ လူမႈအသိုင္းအဝိုင္းတြင္းမွာကိုပဲ မတရားျပဳခံရတာေတြ ရွိေနတယ္လို႔ သူက ေျပာပါတယ္။

"မတရားျပဳခံရတဲ့ သူေတြထဲမွာ အသက္ အေတာ္ကို ငယ္ၾကေသးတဲ့ ကေလးေတြ အမ်ားႀကီး ပါ ပါတယ္။ တခ်ိဳ႕က အပ်ိဳေဘာ္ေတာင္ မဝင္ေသးပါဘူး။ သူတို႔ ဘာဝတ္မယ္ဆိုတာကို ေ႐ြးခ်ယ္ ဝတ္တဲ့အ႐ြယ္ေတြေတာင္ မဟုတ္ပါဘူး။ မိဘေတြ ဆင္ေပးတဲ့အတိုင္း ဝတ္ၾကတာပါ။ ဘုရားေက်ာင္းက ဘယ္လို ဝတ္ရမယ္လို႔ ေျပာတဲ့အတိုင္း လုံလုံၿခဳံၿခံဳ ဝတ္ထားတဲ့ၾကားမွာကိုပဲ မတရားျပဳ ခံရတာပါ။ ဆိုေတာ့ ေခါင္းကေန ေျခဖ်ားအဆုံး ဘယ္လိုပဲ လုံၿခံဳေအာင္ ဝတ္ထားပါေစ။ ကေလးငယ္ေတြ မေတာ္မတရား ျပဳက်င့္ခံရတာ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတာေတြ မျဖစ္ႏိုင္ဘူးလို႔ ဘယ္သူမွ အာမခံ မေျပာႏိုင္ပါဘူူး။ ဒါကို လူေတြ နားလည္ လက္ခံလာေအာင္ အေကာင္းဆုံး ျပႏိုင္မယ့္ နည္းလမ္းလို႔ ယူဆၿပီး က်မတို႔ ဒီျပပြဲကို လုပ္ျဖစ္တာပါပဲ။ မတရား ျပဳက်င့္သူေတြထဲမွာ အေတာ္မ်ားမ်ားက ကိုယ့္ရဲ႕ မိသားစုတြင္း လူမႈ အသိုင္းအဝိုင္းတြင္းမွာကိုပဲ ရွိေနတာပါ။”

အမ်ိဳးသမီးတေယာက္ သူ႔ရဲ႕ ဝတ္စားဆင္ယင္မႈေၾကာင့္ မတရားျပဳက်င့္ခံရတာ ဆိုတဲ့ ခံရသူကို အျပစ္ပုံခ်တဲ့ အယူအဆေတြ ရပ္တန႔္ေအာင္ ႀကိဳးပမ္းတဲ့အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြ ကတည္းက အေမရိကန္ ေကာလိပ္ေက်ာင္းေတြနဲ႔ ေနရာ အေတာ္မ်ားမ်ားမွာ ျပပြဲေတြ လုပ္ခဲ့ၾကပါတယ္။ ဒီလိုျပပြဲေတြနဲ႔ အလားတူ လုံလုံၿခဳံၿခံဳ ဝတ္စားဆင္ယင္ၾကတဲ့ အမ္းမစ္ရွ္ အသိုင္းအဝိုင္းကို ထင္ဟပ္တဲ့ ဒီ ျပပြဲကို လုပ္ျဖစ္ခဲ့တာလို႔ ျပပြဲ စီစဥ္သူေတြက ေျပာပါတယ္။ ဒီလို ျပပြဲ လုပ္ဖို႔အတြက္ လိင္ပိုင္းဆိုင္ရာ မတရား ျပဳက်င့္ခံခဲ့ရသူေတြရဲ႕ မိသားစုေတြ ကလည္း ကူညီေပးခဲ့တာပါ။ သူတို႔အတြက္ တရားမွ်တမႈ ရရွိလာဖို႔ေမွ်ာ္လင့္တယ္လို႔ Mary Byler က ေျပာပါတယ္။

"လိင္ပိုင္းဆိုင္ရာ မတရားလုပ္ခံရသူေတြရဲ႕ မိသားစုေတြက ခုလို အဝတ္အစားေတြကို က်မတို႔အေပၚ ယုံယုံၾကည္ၾကည္နဲ႔ မွ်ေဝ ျပသခြင့္ျပဳတာ ဝမ္းသာ ဂုဏ္ယူရပါတယ္။ ဒါေပမဲ့ တဘက္မွာလည္း ဒီ အဝတ္အစားေတြကို ျမင္ရတာ၊ သူတို႔ႀကဳံရတဲ့ အျဖစ္အပ်က္ေတြကို ခံစားရတာက အရမ္း ေက်ကြဲရေစပါတယ္။ သူတို႔ႀကဳံခဲ့ရတဲ့ ျဖစ္ရပ္ေတြကို က်မတို႔ အေလးထားပါတယ္။ မိသားစုေတြက ခုလို မွ်ေဝေပးတဲ့ အတြက္လည္း သူတို႔အတြက္ တရားမွ်တမႈ ရရွိလာဖို႔ က်မတို႔ ေမွ်ာ္လင့္ပါတယ္။”

အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြအေပၚ လိင္ပိုင္းဆိုင္ရာ မေတာ္မတရား ျပဳမႈေတြဟာ အေမရိကန္လို ႏိုင္ငံႀကီးေတြမွာေတာင္ ဒီကေန႔ အထိ ေနရာ အေတာ္မ်ားမ်ားမွာ ရွိေနေသးတာကို ဒီျပပြဲေတြက ျပေနပါတယ္။ စစ္တပ္ အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာလည္း ဒီလိုျဖစ္ရပ္ေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ရွိေနၿပီး ပို ဆိုးတာကေတာ့ ခံရသူေတြအတြက္ တရားမွ်တမႈ ရႏိုင္မယ့္ အေျခအေန မရွိတာပဲလို႔ အမ်ိဳးသမီး အခြင့္အေရး အတြက္ ႏွစ္ေပါင္းမ်ားစြာ တက္ႂကြလႈပ္ရွားေနတဲ့ ျမန္မာ့အမ်ိဳးသမီးသမဂၢ (BWU) ရဲ႕ ဥကၠ႒ မတင္တင္ညိဳက ေျပာပါတယ္။

“က်မတို႔ ျပည္သူေတြက ေ႐ြးေကာက္ခဲ့တဲ့ အစိုးရလက္ေအာက္မွာ ေတာင္မွ က်မတို႔ တတိုင္းျပည္လုံးမွာ အမ်ိဳးသမီးေတြ ဘယ္ေလာက္ ေလာက္ကေတာ့ မုဒိန္းက်င့္ခံေနရတယ္။ ဘယ္ေလာက္ ေလာက္ကေတာ့ အိမ္တြင္း အၾကမ္းဖက္ ခံေနရတယ္ ဆိုတဲ့ data ကို က်မတို႔ စနစ္တက် မေကာက္ခဲ့ႏိုင္ဘူးေပါ့ေနာ္။ ဒါေပမဲ့လည္း ကိုယ္ အလုပ္လုပ္တဲ့ ေဒသအရ ၾကည့္မယ္ဆိုရင္ လိမၼာယဥ္ေက်း ဆိုတဲ့ ဘုန္းႀကီးေတြ စာခ်ေပးေနတဲ့၊ သင္ၾကားေပးေနတဲ့ ေက်ာင္းမွာေတာင္ အမ်ိဳးသမီးေတြ၊ မိန္းခေလးငယ္ေတြဟာ မုဒိန္းက်င့္ ခံေနရတယ္ ဆိုရင္ တျခားေသာ ေနရာေတြမွာ ပိုမို လြယ္လြယ္ကူကူ ဒီအၾကမ္းဖက္မႈေတြ၊ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြ ကေတာ့ ႀကဳံေနႏိုင္တယ္။ ဆိုေတာ့ ဒါက လုံးဝကို ရွိေနတယ္။ က်ယ္က်ယ္ျပန႔္ျပန႔္ကို ဆက္ ျဖစ္ေနႏိုင္တယ္ ဆိုတာကိုေတာ့ က်မတို႔ ေျပာလို႔ရတဲ့ အေနအထား ျဖစ္ေနတာေပါ့ေနာ္။ ဒါေပမဲ့ ဒီအခ်ိန္က အဲ့ဒီလို အခ်က္အလက္ေတြကို အင္မတန္ ေကာက္ရခက္တဲ့ အခ်ိန္ျဖစ္တယ္။ ရပ္ကြက္အလိုက္ ၿမိဳ႕႐ြာအလိုက္ မုဒိန္မႈေတြ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ၊ ေစာ္ကားမႈေတြကေတာ့ ဆက္ျဖစ္ေနမွာပဲ။ ဒါေပမဲ့ က်မတို႔ဟာ စစ္အာဏာရွင္စနစ္ေအာက္မွာ၊ အာဏာသိမ္းထားတဲ့ လူတစုရဲ႕ ခ်ယ္လွယ္မႈေအာက္မွာ ျပည္သူေတြ ေန႔စဥ္ ရွင္သန္ေနရတဲ့ အေနအထားမွာ အၾကမ္းဖက္မႈေတြ ခံေနရတဲ့ အမ်ိဳးသမီးငယ္ပဲ ျဖစ္ျဖစ္၊ အမ်ိဳးသမီးႀကီးပဲ ေျပာေျပာက ဘယ္လိုမွ သူတို႔အေနနဲ႔ တိုင္ၾကားလို႔ရႏိုင္တဲ့ အခြင့္အလမ္း မရွိဘူး။ တိုင္ၾကားလို႔ရတဲ့ ေနရာေတြကလည္း အၾကမ္းဖက္သူေတြရဲ႕ ကိုယ္တိုင္ရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ရွိေနတဲ့ ေနရာေတြ ျဖစ္တယ္။ တရားေရးဌာနပဲ ေျပာေျပာ၊ ရဲ ပဲေျပာေျပာ ဘယ္သူမဆို ယုံၾကည္လို႔ မရတဲ့ အေနအထားမွာ၊ ျဖစ္လာရင္လည္း ဘယ္သူကမွ တိုင္ၾကားမွာမဟုတ္တဲ့အတြက္ေၾကာင့္ ဒီအခ်က္အလက္ေတြကို က်မတို႔ ဘယ္လို ေကာက္ယူမလဲ။ ဘယ္လို ဒါကို ခိုင္မာမႈရွိေၾကာင္း လုပ္မွာလဲ ဆိုတာက အင္မတန္မွ ခက္ခဲၿပီးေတာ့ စိန္ေခၚမႈမ်ားတဲ့အလုပ္ တခု ျဖစ္ပါတယ္။ အဲ့ဒီအတြက္လဲ တရားမွ်တမႈ ရဖို႔အတြက္ အမ်ိဳးသမီးေရး လုပ္ေနတဲ့သူေတြက အမ်ားႀကီး နည္းလမ္းေတြ စဥ္းစားေနရတယ္။ ဘယ္လို အကူအညီေတြ ေပးႏိုင္မလဲ ဆိုတာကိုပါ။”

ခံရသူေတြကို ျပစ္တင္တဲ့ အယူအဆေတြ ကေတာ့ လုံးဝကို လက္ခံႏိုင္စရာ မရွိဘူးလို႔လည္း မတင္တင္ညိဳက ေျပာပါတယ္။

“ဘယ္ႏိုင္ငံမွာပဲျဖစ္ျဖစ္၊ ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္ အမ်ိဳးသမီးေတြ ကေလးသူငယ္ေတြ မုဒိန္းက်င့္ခံရၿပီ ဆိုရင္ ပတ္ဝန္းက်င္က ပုံစံ အမ်ိဳးမ်ိဳးနဲ႔ ေဝဖန္ ျပစ္တင္တာေတြ ရွိတယ္။ အထူးသျဖင့္ အက်င့္ခံရတဲ့သူေတြကို ျပစ္တင္ၾကတယ္။ အဲ့ဒီထဲမွာမွ ပုံစံတူ ေျပာဆိုေလ့ရွိတာက ဒါ ဝတ္စား ဆင္ယင္မႈေၾကာင့္ မုဒိန္းက်င့္ခံရတယ္။ တဘက္သူကို ေသြးေဆာင္ဖ်ားေယာင္းတဲ့ အဝတ္အစားေတြ ဝတ္လို႔ မုဒိန္းက်င့္တာ ဆိုတဲ့ victim blaming ေတြ ျဖစ္တတ္တယ္။ ဆိုေတာ့ အဝတ္အစား ဆိုတာက ဒါ လူ တဦးတေယာက္ခ်င္းစီရဲ႕ ဆင္ယင္ ထုံးဖြဲ႕မႈပဲ ျဖစ္တယ္။ အထူးသျဖင့္ ကေတာ့ အမ်ိဳးသမီးေတြကိုေတြ႕ရင္ မုဒိန္းက်င့္လို႔ ရတယ္ဆိုတဲ့ mindset ၀င္ေနတဲ့သူေတြ အတြက္ ေျပာမယ္ဆိုရင္ ဒါက excuse တခု၊ အေၾကာင္းျပခ်က္ တခုပဲ ျဖစ္တယ္။ ဆိုေတာ့ ဥပမာ ကေလးေတြက လုံလုံၿခဳံၿခံဳပဲ ဝတ္ထားတယ္။ ဘယ္လိုမွ sexy အဝတ္အစား မဝတ္ထားဘူး။ သူတို႔ကိုလည္း မုဒိန္းက်င့္လိုက္တယ္။ အဲ့လိုမ်ိဳးဆိုရင္ေရာ အဝတ္အစားေၾကာင့္လို႔ က်မတို႔ ေျပာဦးမလားေပါ့။ တကယ့္ တကယ္က်ေတာ့ အမ်ိဳးသမီးေတြ၊ ကေလးသူငယ္ေတြကို အားနည္းတဲ့သူလို႔ ျမင္ၿပီးေတာ့မွ ကိုယ့္ရဲ႕ လိင္ပိုင္းဆိုင္ရာ အက်ိဳးအျမတ္အတြက္ ရယူလုပ္ေဆာင္လိုတဲ့ လူ တဦး တေယာက္ခ်င္းစီ၊ အဲ့ဒီအမ်ိဳးသားေတြနဲ႔ပဲ ဆိုင္ပါတယ္။ ဒီလိုမ်ိဳး လုပ္ေနႏိုင္တယ္ ဆိုတာကလည္း ဥပေဒအရ၊ တရားေရးအရ တက္တက္ႂကြႂကြ ကိုင္တြယ္ ေျဖရွင္းတာေတြ မလုပ္ဘူး။ အျပစ္ေပး အေရးယူတာေတြ မလုပ္ဘူး။ ေငြရွိရင္ ေငြနဲ႔ လိုက္လို႔ရတဲ့ တရားေရး စနစ္ေတြရဲ႕ ပ်က္ျပားမႈ၊ ဒီလို အေနအထားေတြနဲ႔ အမ်ားႀကီး ဆိုင္တယ္။ တဘက္ကလည္း ဒီလို တရားေရးစနစ္ေတြရဲ႕ ပ်က္ျပားမႈကို မေထာက္ျပဘဲနဲ႔ victim blaming က်ဴးလြန္တဲ့သူေတြကိုပဲ အျပစ္ဆိုေလ့ရွိတဲ့ ပတ္ဝန္းက်င္ လူ႔အသိုင္းအဝိုင္းရဲ႕ အေနအထားေတြ ေၾကာင့္လည္း အခုလို မုဒိန္းက်င့္ခံရမႈေတြက အၿမဲတမ္း သံသရာရွည္ေနတာျဖစ္တယ္။ ဒါေၾကာင့္မို႔ ဒီလို ကိစၥေတြ ျဖစ္လာၿပီ ဆိုရင္ လူမႈပတ္ဝန္းက်င္ကေရာ၊ ဥပေဒေၾကာင္းကေရာ ေသေသခ်ာခ်ာ ေျဖရွင္းရမယ္။ ဘယ္ က်ဴးလြန္တဲ့သူမဆို တကယ္ကို တိက် ျပတ္သားတဲ့ ႀကီးေလးတဲ့ ျပစ္ဒဏ္ေတြ ေပးရမယ္။ ဒီလို လုပ္မွ ဒီလိုျပႆနာေတြက ေျဖရွင္းႏိုင္မယ္ေပါ့ေနာ္။”

အမ်ိဳးသမီးေတြ၊ အ႐ြယ္ မေရာက္ေသးတဲ့ မိန္းခေလးငယ္ေတြ လိင္ပိုင္း ဆိုင္ရာ မေတာ္မတရား ျပဳခံရတဲ့ ျဖစ္ရပ္ေတြ ေကတာ့ ကမာၻ႔ေနရာ အႏွံ႔ က်ယ္က်ယ္ျပန႔္ျပန႔္ ဆက္ရွိေနတာကေတာ့ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ေတြရဲ႕ အစီရင္ခံစာေတြမွာလည္း ေတြ႕ႏိုင္ပါတယ္။ ဒါေတြ ရပ္တန႔္ဖို႔မွာေတာ့ ပတ္ဝန္းက်င္ လူမႈအသိုင္းအဝိုင္း အားလံုးရဲ႕ ပူးေပါင္း ေဆာင္႐ြက္မႈေတြနဲ႔ ထိေရာက္တဲ့ အေရးယူ ေဆာင္႐ြက္မႈေတြ လိုအပ္တယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

=====================================================

[Unicode]

လိင်ပိုင်းဆိုင်ရာ မတရားပြုမှုနဲ့ ခံရသူတွေကို အပြစ်တင်မှုတွေ ရပ်ဖို့ အမျိုးသမီးတွေကြိုးပမ်း (အမျိုးသမီးကဏ္ဍ)

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုတွေဟာ နေရာတခုတည်း လူမှုအသိုင်းအဝိုင်း တခုတည်းမှာပဲ ကြုံရတဲ့ ဖြစ်ရပ်မျိုး မဟုတ်သလို၊ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့လည်း မဆိုင်ဘူး ဆိုတာကို လူအများ နားလည် သိရှိ လက်ခံလာဖို့ ရည်ရွယ်တဲ့ ပြပွဲတခုကို အမေရိကန် ပြည်ထောင်စု Pennsylvania ပြည်နယ်၊ Lancaster ခရိုင်မှာ ကျင်းပခဲ့ပါတယ်။ မတရားပြုခံရသူတွေ အပေါ် အပြစ်ဖို့တာတွေ ရပ်တန့်စေဖို့အတွက်လည်း ဒီပြပွဲကို လုပ်ဖြစ်တာလို့ စီစဉ်သူတွေက ပြောပါတယ်။ စစ်တပ်အာဏာ သိမ်းထားတဲ့ မြန်မာနိုင်ငံမှာရော အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ မတရားပြုခံရတဲ့ အခြေအနေတွေ ဘယ်လိုရှိပါလဲ။ အနေအထိုင် မတတ်လို့ ဖြစ်ရတာ ဆိုတဲ့ ပြစ်တင် ပြောဆိုမှုတွေကရော လက်ခံနိုင်စရာ ရှိပါရဲ့လား။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ကမ္ဘာတဝန်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေထဲ ၃ ယောက်မှာ ၁ ယောက်နှုန်းဟာ ကိုယ့်ရဲ့ မိသားစုတွင်းမှာ ဖြစ်စေ၊ လူမှု အသိုင်းအဝိုင်း တွင်းမှာ ဖြစ်စေ တနည်းမဟုတ်တနည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ အကြမ်းဖက်ခံရ တာတွေကို ကြုံနေရတယ်လို့ ကုလသမဂ္ဂရဲ့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ ဒီလို လိင်ပိုင်းဆိုင်ရာ မတော်မတရားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပေမဲ့ ကျူးလွန်သူ အများစု ကတော့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရနေတာကိုလည်း လေ့လာချက်တွေက ထောက်ပြပါတယ်။

ခံရသူတွေကို အပြစ်တင်တဲ့ လူမှု အသိုင်းအဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲပဲ ဆိုတာကိုလည်း လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုကြပါတယ်။ အမျိုးသမီးတွေ အနေအထိုင် မတတ်လို့၊ ဝတ်စားဆင်ယင်တာ မလုံခြုံလို့ ဆိုတဲ့ ပြစ်တင်မှုတွေကို ပယ်ဖျက်နိုင်ဖို့ အတွက် အမေရိကန်ပြည်ထောင်စု ပင်ဆဲဗေးနီးယား ပြည်နယ်မှာတော့ ပြခန်းတခု ပြသခဲ့ပါတယ်။

ဒီပြခန်းမှာ ရှေးရိုးရာအတိုင်း ဝတ်စားဆင်ယင် နေထိုင်ကြတဲ့ အမ်းမစ်ရှ် (Amish) လူမျိုးတွေနဲ့ အလားတူ လူနည်းစု အသိုင်းအဝိုင်းတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်ခံရမှုတွေ ဆက် ရှိနေတဲ့အကြောင်းနဲ့ ဒီလိုကြုံရတာဟာ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ မဆိုင်ဘူးဆိုတာကို ပေါ်လွင်စေဖို့ ရည်ရွယ် ပြသတာ ဖြစ်ပါတယ်။ တချို့ အရွယ်မရောက် သေးတဲ့ ကလေးငယ်တွေ ဆိုရင် သူတို့ဝတ်တဲ့ အဝတ်အစားကိုတောင် ကိုယ်တိုင် ရွေးချယ်ခွင့် မရှိသေးတဲ့ အရွယ်တွေမှာ မတရား ပြုကျင့်ခံရတာကိုကြည့်ရင် မိန်းခလေးငယ်တွေ မတော်မတရား ပြုကျင့်ခံရတာဟာ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဘာမှမဆိုင်ဘူးလို့ အရွယ်မရောက်ခင် လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်ခံခဲ့ရတဲ့ Mary Byler က ပြောပါတယ်။

"ကလေးငယ်တွေကို မတော်မတရား ပြုတာနဲ့ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေဟာ လူမှု အသိုင်းအဝိုင်းတွင်း အလွှာ အသီးသီးမှာ ရှိနေပါတယ်။ တေနရာတည်းမှာပဲ ဖြစ်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီမှာပဲဖြစ်တယ်။ ဟိုမှာတော့ မဖြစ်ဘူးလို့ ပြောလို့မရပါဘူး။ ဒါ့အပြင် ဝတ်စားဆင်ယင်မှုနဲ့လည်း မဆိုင်ပါဘူး။ ကလေးငယ်တယောက် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုခံရတာဟာ သူ့ရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ ဘာမှမဆိုင်ပါဘူး။”

အမ်းမစ်ရှ် လူမျိုးတွေဟာ ရှေးရိုးရာအတိုင်း ခေါင်းကနေ ခြေအဆုံး ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး လုံခြုံအောင် ဂါဝန်ရှည်ကြီးတွေ ဝတ်ဆင်ကြပေမဲ့လို့လည်း လိင်ပိုင်းဆိုင်ရာ မတရားပြုခံရတဲ့ အခြေအနေက မလွတ်ကြပါဘူး။ ဒါကို ပေါ်လွင်စေဖို့အတွက် မတရားပြု ကျင့်ခံရတဲ့ မိန်းခလေးငယ် ၁၃ ဦးရဲ့ အဝတ်အစားတွေကို ဒီပြပွဲမှာ ပြသထားပါတယ်။ ဒါနဲ့ပတ်သက်လို့ Mary Byler က ခုလို ပြောပါတယ်။

"မတရားပြုကျင့် ခံရသူတွေ နဲ့ပတ်သက်ပြီး ဝတ်စား ဆင်ယင်မှုအကြောင်းတွေကို အင်တာနက်ပေါ်မှာ လူတွေက ပြောနေကြလို့ ဒီပြပွဲကို လုပ်ဖြစ်တာပါ။ တကိုယ်လုံး လုံလုံခြုံခြုံ ဖုံးထားတဲ့ မတရားပြု ခံရသူတွေ ဝတ်ခဲ့ကြတဲ့ ဂါဝန်ရှည်တွေကို ပြပွဲ ခင်းကျင်း ပြသပါလားဆိုပြီး တယောက်ကလည်း အကြံပေးခဲ့ပါတယ်။ ပြပွဲ ဦးဆောင် စီစဉ်တဲ့ Hope Anne ကလည်း ဒီပြပွဲလုပ်ဖို့ ကျမကို အကူအညီ တောင်းခဲ့ပါတယ်။”

Hope Anne Dueck ကတော့ ပိုမိုကောင်းမွန်တဲ့ လမ်း “A Better Way” လို့ နာမည်ပေးထားတဲ့ အဖွဲ့ကို တည်ထောင်သူလည်း ဖြစ်၊ အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးလည်း ဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေဟာ ကိုယ့်ရဲ့ မိသားစုတွင်း၊ အနီးကပ်နေထိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွင်းမှာကိုပဲ မတရားပြုခံရတာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

"မတရားပြုခံရတဲ့ သူတွေထဲမှာ အသက် အတော်ကို ငယ်ကြသေးတဲ့ ကလေးတွေ အများကြီး ပါ ပါတယ်။ တချို့က အပျိုဘော်တောင် မဝင်သေးပါဘူး။ သူတို့ ဘာဝတ်မယ်ဆိုတာကို ရွေးချယ် ဝတ်တဲ့အရွယ်တွေတောင် မဟုတ်ပါဘူး။ မိဘတွေ ဆင်ပေးတဲ့အတိုင်း ဝတ်ကြတာပါ။ ဘုရားကျောင်းက ဘယ်လို ဝတ်ရမယ်လို့ ပြောတဲ့အတိုင်း လုံလုံခြုံခြုံ ဝတ်ထားတဲ့ကြားမှာကိုပဲ မတရားပြု ခံရတာပါ။ ဆိုတော့ ခေါင်းကနေ ခြေဖျားအဆုံး ဘယ်လိုပဲ လုံခြုံအောင် ဝတ်ထားပါစေ။ ကလေးငယ်တွေ မတော်မတရား ပြုကျင့်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ အာမခံ မပြောနိုင်ပါဘူူး။ ဒါကို လူတွေ နားလည် လက်ခံလာအောင် အကောင်းဆုံး ပြနိုင်မယ့် နည်းလမ်းလို့ ယူဆပြီး ကျမတို့ ဒီပြပွဲကို လုပ်ဖြစ်တာပါပဲ။ မတရား ပြုကျင့်သူတွေထဲမှာ အတော်များများက ကိုယ့်ရဲ့ မိသားစုတွင်း လူမှု အသိုင်းအဝိုင်းတွင်းမှာကိုပဲ ရှိနေတာပါ။”

အမျိုးသမီးတယောက် သူ့ရဲ့ ဝတ်စားဆင်ယင်မှုကြောင့် မတရားပြုကျင့်ခံရတာ ဆိုတဲ့ ခံရသူကို အပြစ်ပုံချတဲ့ အယူအဆတွေ ရပ်တန့်အောင် ကြိုးပမ်းတဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေ ကတည်းက အမေရိကန် ကောလိပ်ကျောင်းတွေနဲ့ နေရာ အတော်များများမှာ ပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဒီလိုပြပွဲတွေနဲ့ အလားတူ လုံလုံခြုံခြုံ ဝတ်စားဆင်ယင်ကြတဲ့ အမ်းမစ်ရှ် အသိုင်းအဝိုင်းကို ထင်ဟပ်တဲ့ ဒီ ပြပွဲကို လုပ်ဖြစ်ခဲ့တာလို့ ပြပွဲ စီစဉ်သူတွေက ပြောပါတယ်။ ဒီလို ပြပွဲ လုပ်ဖို့အတွက် လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်ခံခဲ့ရသူတွေရဲ့ မိသားစုတွေ ကလည်း ကူညီပေးခဲ့တာပါ။ သူတို့အတွက် တရားမျှတမှု ရရှိလာဖို့မျှော်လင့်တယ်လို့ Mary Byler က ပြောပါတယ်။

"လိင်ပိုင်းဆိုင်ရာ မတရားလုပ်ခံရသူတွေရဲ့ မိသားစုတွေက ခုလို အဝတ်အစားတွေကို ကျမတို့အပေါ် ယုံယုံကြည်ကြည်နဲ့ မျှဝေ ပြသခွင့်ပြုတာ ဝမ်းသာ ဂုဏ်ယူရပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဒီ အဝတ်အစားတွေကို မြင်ရတာ၊ သူတို့ကြုံရတဲ့ အဖြစ်အပျက်တွေကို ခံစားရတာက အရမ်း ကျေကွဲရစေပါတယ်။ သူတို့ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကို ကျမတို့ အလေးထားပါတယ်။ မိသားစုတွေက ခုလို မျှဝေပေးတဲ့ အတွက်လည်း သူတို့အတွက် တရားမျှတမှု ရရှိလာဖို့ ကျမတို့ မျှော်လင့်ပါတယ်။”

အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမှုတွေဟာ အမေရိကန်လို နိုင်ငံကြီးတွေမှာတောင် ဒီကနေ့ အထိ နေရာ အတော်များများမှာ ရှိနေသေးတာကို ဒီပြပွဲတွေက ပြနေပါတယ်။ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာလည်း ဒီလိုဖြစ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး ပို ဆိုးတာကတော့ ခံရသူတွေအတွက် တရားမျှတမှု ရနိုင်မယ့် အခြေအနေ မရှိတာပဲလို့ အမျိုးသမီး အခွင့်အရေး အတွက် နှစ်ပေါင်းများစွာ တက်ကြွလှုပ်ရှားနေတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ဥက္ကဋ္ဌ မတင်တင်ညိုက ပြောပါတယ်။

“ကျမတို့ ပြည်သူတွေက ရွေးကောက်ခဲ့တဲ့ အစိုးရလက်အောက်မှာ တောင်မှ ကျမတို့ တတိုင်းပြည်လုံးမှာ အမျိုးသမီးတွေ ဘယ်လောက် လောက်ကတော့ မုဒိန်းကျင့်ခံနေရတယ်။ ဘယ်လောက် လောက်ကတော့ အိမ်တွင်း အကြမ်းဖက် ခံနေရတယ် ဆိုတဲ့ data ကို ကျမတို့ စနစ်တကျ မကောက်ခဲ့နိုင်ဘူးပေါ့နော်။ ဒါပေမဲ့လည်း ကိုယ် အလုပ်လုပ်တဲ့ ဒေသအရ ကြည့်မယ်ဆိုရင် လိမ္မာယဉ်ကျေး ဆိုတဲ့ ဘုန်းကြီးတွေ စာချပေးနေတဲ့၊ သင်ကြားပေးနေတဲ့ ကျောင်းမှာတောင် အမျိုးသမီးတွေ၊ မိန်းခလေးငယ်တွေဟာ မုဒိန်းကျင့် ခံနေရတယ် ဆိုရင် တခြားသော နေရာတွေမှာ ပိုမို လွယ်လွယ်ကူကူ ဒီအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ကတော့ ကြုံနေနိုင်တယ်။ ဆိုတော့ ဒါက လုံးဝကို ရှိနေတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကို ဆက် ဖြစ်နေနိုင်တယ် ဆိုတာကိုတော့ ကျမတို့ ပြောလို့ရတဲ့ အနေအထား ဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ ဒီအချိန်က အဲ့ဒီလို အချက်အလက်တွေကို အင်မတန် ကောက်ရခက်တဲ့ အချိန်ဖြစ်တယ်။ ရပ်ကွက်အလိုက် မြို့ရွာအလိုက် မုဒိန်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ စော်ကားမှုတွေကတော့ ဆက်ဖြစ်နေမှာပဲ။ ဒါပေမဲ့ ကျမတို့ဟာ စစ်အာဏာရှင်စနစ်အောက်မှာ၊ အာဏာသိမ်းထားတဲ့ လူတစုရဲ့ ချယ်လှယ်မှုအောက်မှာ ပြည်သူတွေ နေ့စဉ် ရှင်သန်နေရတဲ့ အနေအထားမှာ အကြမ်းဖက်မှုတွေ ခံနေရတဲ့ အမျိုးသမီးငယ်ပဲ ဖြစ်ဖြစ်၊ အမျိုးသမီးကြီးပဲ ပြောပြောက ဘယ်လိုမှ သူတို့အနေနဲ့ တိုင်ကြားလို့ရနိုင်တဲ့ အခွင့်အလမ်း မရှိဘူး။ တိုင်ကြားလို့ရတဲ့ နေရာတွေကလည်း အကြမ်းဖက်သူတွေရဲ့ ကိုယ်တိုင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ နေရာတွေ ဖြစ်တယ်။ တရားရေးဌာနပဲ ပြောပြော၊ ရဲ ပဲပြောပြော ဘယ်သူမဆို ယုံကြည်လို့ မရတဲ့ အနေအထားမှာ၊ ဖြစ်လာရင်လည်း ဘယ်သူကမှ တိုင်ကြားမှာမဟုတ်တဲ့အတွက်ကြောင့် ဒီအချက်အလက်တွေကို ကျမတို့ ဘယ်လို ကောက်ယူမလဲ။ ဘယ်လို ဒါကို ခိုင်မာမှုရှိကြောင်း လုပ်မှာလဲ ဆိုတာက အင်မတန်မှ ခက်ခဲပြီးတော့ စိန်ခေါ်မှုများတဲ့အလုပ် တခု ဖြစ်ပါတယ်။ အဲ့ဒီအတွက်လဲ တရားမျှတမှု ရဖို့အတွက် အမျိုးသမီးရေး လုပ်နေတဲ့သူတွေက အများကြီး နည်းလမ်းတွေ စဉ်းစားနေရတယ်။ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကိုပါ။”

ခံရသူတွေကို ပြစ်တင်တဲ့ အယူအဆတွေ ကတော့ လုံးဝကို လက်ခံနိုင်စရာ မရှိဘူးလို့လည်း မတင်တင်ညိုက ပြောပါတယ်။

“ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အမျိုးသမီးတွေ ကလေးသူငယ်တွေ မုဒိန်းကျင့်ခံရပြီ ဆိုရင် ပတ်ဝန်းကျင်က ပုံစံ အမျိုးမျိုးနဲ့ ဝေဖန် ပြစ်တင်တာတွေ ရှိတယ်။ အထူးသဖြင့် အကျင့်ခံရတဲ့သူတွေကို ပြစ်တင်ကြတယ်။ အဲ့ဒီထဲမှာမှ ပုံစံတူ ပြောဆိုလေ့ရှိတာက ဒါ ဝတ်စား ဆင်ယင်မှုကြောင့် မုဒိန်းကျင့်ခံရတယ်။ တဘက်သူကို သွေးဆောင်ဖျားယောင်းတဲ့ အဝတ်အစားတွေ ဝတ်လို့ မုဒိန်းကျင့်တာ ဆိုတဲ့ victim blaming တွေ ဖြစ်တတ်တယ်။ ဆိုတော့ အဝတ်အစား ဆိုတာက ဒါ လူ တဦးတယောက်ချင်းစီရဲ့ ဆင်ယင် ထုံးဖွဲ့မှုပဲ ဖြစ်တယ်။ အထူးသဖြင့် ကတော့ အမျိုးသမီးတွေကိုတွေ့ရင် မုဒိန်းကျင့်လို့ ရတယ်ဆိုတဲ့ mindset ဝင်နေတဲ့သူတွေ အတွက် ပြောမယ်ဆိုရင် ဒါက excuse တခု၊ အကြောင်းပြချက် တခုပဲ ဖြစ်တယ်။ ဆိုတော့ ဥပမာ ကလေးတွေက လုံလုံခြုံခြုံပဲ ဝတ်ထားတယ်။ ဘယ်လိုမှ sexy အဝတ်အစား မဝတ်ထားဘူး။ သူတို့ကိုလည်း မုဒိန်းကျင့်လိုက်တယ်။ အဲ့လိုမျိုးဆိုရင်ရော အဝတ်အစားကြောင့်လို့ ကျမတို့ ပြောဦးမလားပေါ့။ တကယ့် တကယ်ကျတော့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေကို အားနည်းတဲ့သူလို့ မြင်ပြီးတော့မှ ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ အကျိုးအမြတ်အတွက် ရယူလုပ်ဆောင်လိုတဲ့ လူ တဦး တယောက်ချင်းစီ၊ အဲ့ဒီအမျိုးသားတွေနဲ့ပဲ ဆိုင်ပါတယ်။ ဒီလိုမျိုး လုပ်နေနိုင်တယ် ဆိုတာကလည်း ဥပဒေအရ၊ တရားရေးအရ တက်တက်ကြွကြွ ကိုင်တွယ် ဖြေရှင်းတာတွေ မလုပ်ဘူး။ အပြစ်ပေး အရေးယူတာတွေ မလုပ်ဘူး။ ငွေရှိရင် ငွေနဲ့ လိုက်လို့ရတဲ့ တရားရေး စနစ်တွေရဲ့ ပျက်ပြားမှု၊ ဒီလို အနေအထားတွေနဲ့ အများကြီး ဆိုင်တယ်။ တဘက်ကလည်း ဒီလို တရားရေးစနစ်တွေရဲ့ ပျက်ပြားမှုကို မထောက်ပြဘဲနဲ့ victim blaming ကျူးလွန်တဲ့သူတွေကိုပဲ အပြစ်ဆိုလေ့ရှိတဲ့ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းရဲ့ အနေအထားတွေ ကြောင့်လည်း အခုလို မုဒိန်းကျင့်ခံရမှုတွေက အမြဲတမ်း သံသရာရှည်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ဒီလို ကိစ္စတွေ ဖြစ်လာပြီ ဆိုရင် လူမှုပတ်ဝန်းကျင်ကရော၊ ဥပဒေကြောင်းကရော သေသေချာချာ ဖြေရှင်းရမယ်။ ဘယ် ကျူးလွန်တဲ့သူမဆို တကယ်ကို တိကျ ပြတ်သားတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးရမယ်။ ဒီလို လုပ်မှ ဒီလိုပြဿနာတွေက ဖြေရှင်းနိုင်မယ်ပေါ့နော်။”

အမျိုးသမီးတွေ၊ အရွယ် မရောက်သေးတဲ့ မိန်းခလေးငယ်တွေ လိင်ပိုင်း ဆိုင်ရာ မတော်မတရား ပြုခံရတဲ့ ဖြစ်ရပ်တွေ ကေတာ့ ကမ္ဘာ့နေရာ အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေတာကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှာလည်း တွေ့နိုင်ပါတယ်။ ဒါတွေ ရပ်တန့်ဖို့မှာတော့ ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်း အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လိုအပ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG