သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခတွေကြောင့် အမျိုးသမီးများ လိင်ပိုင်းအကြမ်းဖက်ခံရနိုင်ခြေ တိုးလာ


လူနေတိုက်ခန်းတွေဖက်သေနတ်နဲ့ချိန်နေကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ၊ မတ် ၄၊ ၂၀၂၁။
လူနေတိုက်ခန်းတွေဖက်သေနတ်နဲ့ချိန်နေကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ၊ မတ် ၄၊ ၂၀၂၁။

မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြားထဲ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရနိုင်ခြေ များလာပြီး မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အထောက်အပံ့ဝန်ဆောင်မှုရပိုင်ခွင့်တွေ ဆုံးရှုံးလာတယ်လို့ UNFPA ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်းပဋိပက္ခတွေမှာ လူဦးရေ ၂ သန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ကြရပြီး အဲဒီအထဲ တဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ကြတယ်လို့လည်း UNFPA က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံတွင်း အမျိုးသမီးနဲ့မိန်းကလေးငယ် ၉.၂ သန်းဟာ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အခက်အခဲတွေကြားထဲမှာပဲ UNFPA ဝန်ထမ်းတွေနဲ့ မြေပြင်မှာရှိတဲ့လက်တွဲဖက်အဖွဲ့အစည်းတွေဟာ ဒီအမျိုးသမီးတွေကို အကာအကွယ်ပေးရေး ကျန်းမာရေးကိစ္စတွေကို ဆက်ပြီးဆောင်ရွက်နေကြတယ်လို့ မြန်မာနိုင်ငံကို သုံးရက်ကြာသွားရောက်ခဲ့တဲ့ UNFPA အာရှ ပစိဖိတ်ဒေသဆိုင်ရာညွန်ကြားရေးမှုး Mr.Pio Smith က ပြောပါတယ်။ UNFPA အာရှပစိတ်ဒေသအကြီးအကဲဟာ နေပြည်တော်ကိုလည်းသွားရောက်ခဲ့ပြီး အကူအညီပေးရေးကိစ္စ၊ UNFPA ဝန်ထမ်းတွေရဲ့ပြည်ဝင်ခွင့်ဗီဇာကိစ္စတွေကို မြန်မာအာဏာပိုင်တွေနဲ့ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေနဲ့ ပဋိပက္ခတွေကြောင့် ၂၀၂၄ မှာလုပ်မယ့် သန်းခေါင်စာရင်းကောက်ယူမှုတွေမှာ UNFPA အနေနဲ့ အကူအညီပေးနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်း မြန်မာအာဏာပိုင်တွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG