သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တီးတိန္ အမ်ိဳးသမီး ၂ ဦး မတရားျပဳက်င္႔ခံရေၾကာင္း တိုင္တန္းမႈ စစ္ေကာင္စီ စံုစမ္းမည္


Tedim တီးတိန္

Zawgyi

တီးတိန္ အမ်ိဳးသမီး ၂ ဦး မတရားျပဳက်င္႔ခံရေၾကာင္း တိုင္တန္းမႈ စစ္ေကာင္စီ စံုစမ္းမည္

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕၊ အာလြယ္ေက်း႐ြာထဲကို ႏိုဝင္ဘာ ၁၁ ရက္ညသန္းေခါင္မွာ စစ္ေကာင္စီတပ္သားတခ်ိဳ႕ ဝင္ေရာက္ခဲ့ၿပီး အဲဒီ႐ြာက အမ်ိဳးသမီး ၂ဦးကို အဓမၼျပဳက်င့္ခဲ့ေၾကာင္း ကာယကံရွင္ေတြရဲ႕ မိသားစုဝင္တဦးက ဗြီအိုေအကို ေျပာပါတယ္။ ဒီကိစၥကို စစ္ေကာင္စီ ေအာက္ေျခပိုင္းနဲ႔ အထက္ပိုင္း တာဝန္ရွိသူေတြကလည္း စုံစမ္းစစ္ေဆးေနၿပီး မွန္ကန္တယ္ဆိုရင္ေတာ့ ဥပေဒအတိုင္း အေရးယူမႈေတြ လုပ္ေဆာင္သြားမယ္လို႔ တုံ႔ျပန္ထားပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းအျပည့္အစုံကို ကိုခင္ေမာင္စိုးမင္းက ေျပာပါတယ္။

………………………………………………………

တီးတိန္ၿမိဳ႕၊ အာလြယ္ေက်း႐ြာက ေနအိမ္တခုမွာ ေဒသကာကြယ္ေရး PDF တပ္ဖြဲ႕ေတြရွိေန တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ႏိုဝင္ဘာ ၁၁ ရက္၊ ည ၁၂ နာရီမွာ စစ္ေကာင္စီ တပ္သားတခ်ိဳ႕ ဝင္ေရာက္ရွာေဖြခဲ့ၿပီး ကေလး၄ေယာက္ရဲ႕မိခင္ မီးေနသည္ အမ်ိဳးသမီးကို အဓမၼျပဳက်င့္ခဲ့ပါတယ္။ သူ႔ရဲ႕အမ်ိဳးသားကိုေတာ့ ေနအိမ္တေနရာမွာ ေသနတ္နဲ႔ ၿခိမ္းေျခာက္ထားၿပီး စစ္သားသုံးေယာက္က ဒီအမ်ိဳးသမီးကို အဓမၼျပဳက်င့္္ခဲ့တာလို႔ သူ႔တို႔ရဲ႕ မိသားစုဝင္တဦးက ေျပာပါတယ္။

အဲဒီတညတည္းမွာပဲ အနီးနားကသူတို႔ေဆြမ်ိဳးသားခ်င္းေတြရဲ႕ ေနအိမ္တလုံးကိုလည္း ဒီစစ္သားေတြက ဝင္ေရာက္ရွာေဖြခဲ့ၿပီး ေနာက္ထပ္ အမ်ိဳးသမီးတေယာက္ကို ထပ္ၿပီး အဓမၼျပဳက်င္္ခဲ့တာပါ။

စစ္ေကာင္စီတပ္သားေတြက အခုလို အႏိုင္က်င့္ခဲ့တယ္ဆိုတာကို ပထမအမ်ိဳးသမီးက အခင္းျဖစ္ၿပီး သုံးရက္အၾကာမွာ ေက်း႐ြာအုပ္ခ်ဳပ္ေရမႉးကို တိုင္တန္းခဲ့ပါတယ္။ ဒုတိယ အမ်ိဳးသမီးကေတာ့ ေၾကာက္႐ြံ႕ေနတဲ့အတြက္ ဒီေန႔ ႏိုဝင္ဘာ ၁၇ ရက္က်မွ သူ အဓမၼျပဳက်င့္္ခံရတယ္ဆိုတာ ဝန္ခံလိုက္တာလို႔ သူ႔တို႔ရဲ႕ မိသားစုဝင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ပထမဆုံး ( တေယာက္) ကေတာ့ ၁၃ ရက္ေန႔က ေပၚတာ၊ တေယာက္က အခုထပ္ေပၚတာ။ ႏွစ္အိမ္ေပါ့ ႏွစ္အိမ္ေနာ္။ ပထမ မုဒိမ္းက်င့္ခံရတဲ့ မိန္းမ (ရဲ႕ ေယာက္က်္ား) နဲ႔ ဒီေန႔ေပၚတဲ့ မိန္းမရဲ႕ ေယာက်္ားက ညီအစ္ကို။”

အာလြယ္ေက်း႐ြာရဲ႕ အုပ္ခ်ဳပ္ေရးမႉး ဦးေဝတန္းကေတာ့ ပထမအမ်ိဳးသမီးရဲ႕ ကိစၥကို အဲဒီ႐ြာမွာ တာဝန္က်ေနတဲ့ စစ္ေကာင္စီအရာရွိေတြဆီကို ျပန္ၿပီးတင္ျပခဲ့ပါတယ္။ ပထမ အမ်ိဳးသမီးကို စစ္ေကာင္စီအရာရွိေတြက ေခၚယူစစ္ေဆးခဲ့ၿပီး စစ္သားေတြယူသြားတဲ့ လက္ဝတ္ရတနာေတြကို ျပန္ေပးခဲ့ပါတယ္။ ဒါေပမဲ့ အဓမၼျပဳက်င့္ ဆိုတာကိုေတာ့ အဲဒီ အခ်ိန္မွာ ဝန္မခံခဲ့ေၾကာင္း ဦးေဝတန္းက ဗြီအိုေအကို ေျပာပါတယ္။

“ စစ္ဗိုလ္ေတြက ေခၚခိုင္းတာ ေခၚၿပီးေတာ့ နာရီတို႔၊ နားကပ္တို႔ စစ္ၿပီးေတာ့ ျပန္ေပးတာ။ ၿပီးေတာ့ အဲဒီအခ်ိန္မွာ မုဒိမ္းက်င့္တာကေတာ့လုံးဝမေျပာဘူးေလ။ ေျပာလို႔ရွိရင္ ေသနတ္နဲ႔ပစ္မယ္ ေပါက္သြားရင္ ေသနတ္နဲ႔ပစ္မယ္လို႔ အဲလိုေျပာလို႔ မေျပာေသးဘူး၊ စစ္သားေတြလည္း ရွိေသးတယ္ဆိုေတာ့ တအားလန႔္တယ္တဲ့။”

အဓမၼျပဳက်င္္ခံရတယ္ဆိုတာ စစ္တပ္အရာရွိေတြေရွ႕မွာ ပထမအမ်ိဳးသမီးက မေျပာခဲ့ ေပမယ့္ သူ႔ကိုေတာ့ အေၾကာင္းစုံဝန္ခံခဲ့ေၾကာင္း ဦးေဝတန္းက ေျပာပါတယ္။

“ ျဖစ္တာကေတာ့ ျဖစ္ႏိုင္တယ္ေနာ့၊ နားကပ္လည္းယူတယ္ ၿပီးေတာ့ သူ႔ေယာက်္ားလည္း အခန္းထဲမွာ မထြက္ခိုင္းဘဲနဲ႔ ေသနတ္နဲ႔ခ်ိန္တယ္။ ၿပီးေတာ့ ႏွာေခါင္းကေန ေသြးလည္းထြက္တယ္။ ပါးစပ္ကေန ေသြးလည္းထြက္တယ္။ ၿပီးေတာ့ ေရခ်ိဳးခန္းမွာ နားကပ္ယူခိုင္းၿပီးေတာ့ အဲဒီမွာ မုဒိမ္းက်င့္တယ္လို႔ ေျပာတာ။”

ပထမအမ်ိဳးသမီး အဓမၼျပဳက်င့္္ခံရတဲ့ကိစၥကို ခ်င္းအရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ ( ျမန္မာႏိုင္ငံ) က အသီးသီးေၾကညာခ်က္ထုတ္ၿပီး စစ္ေကာင္စီကို ျပစ္တင္ေဝဖန္လိုက္ပါတယ္။ ဒီကိစၥကို အျမန္ဆုံးဝိုင္းဝန္းၿပီး အေရးယူ ေဆာင္႐ြက္ေပးဖို႔ လည္း ႏိုင္ငံတကာ အဖြဲ႕အစည္းေတြကို သူတို႔က ေတာင္းဆိုလိုက္တာပါ။

ဒါေတြဟာ လူသားျဖစ္တည္မႈအေပၚဆန႔္က်င္တဲ့ ရာဇဝတ္မႈျဖစ္လို႔ တရားမွ်တမႈအတြက္ အၾကမ္းဖက္စစ္တပ္ကို ထိေရာက္တဲ့ အျပစ္ဒဏ္ေတြ ခ်မွတ္ဖို႔လိုတယ္လို႔ အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ ( ျမန္မာႏိုင္ငံ) ရဲ႕ အတြင္းေရးမႉးက ဗြီအိုေအကို ေျပာပါတယ္။

“ တီးတိန္မွာျဖစ္သြားတဲ့ အမ်ိဳးသမီးကို အုပ္စုလိုက္ မုဒိမ္းက်င့္တဲ့ ကိစၥေတြက တသက္လုံးသူတို႔က်ဴးလြန္တဲ့၊ လူသားျဖစ္မႈကိုဆန႔္က်င္တဲ့ ရာဇဝတ္မႈ၊ စစ္ရာဇဝတ္မႈ အဲဒါေတြကို သူတို႔ေတြက ဆက္ၿပီးေတာ့ က်ဴးလြန္ေနတာျဖစ္တယ္။ ပိုၿပီးခိုင္မာတဲ့ သက္ေသတခုအေနနဲ႔ သူတို႔က ထပ္ၿပီးက်ဴးလြန္တာျဖစ္တယ္။ အဲဒါကို က်မတို႔က လက္ခံလို႔ဘူးေပါ့။ ဘယ္လိုမွ သည္းခံႏိုင္စရာ အေၾကာင္းမရွိဘူး။ ႏိုင္ငံတကာရဲ႕ ယႏၲရားနဲ႔ တရားမွ်တမႈ၊ တာဝန္ယူမႈ တာဝန္ခံမႈ ယႏၲရားေတြနဲ႔ အၾကမ္းဖက္စစ္ေကာင္စီကို ထိေရာက္တဲ့ အျပစ္ေပး အေရးယူမႈေတြ လုပ္ေဆာင္ဖို႔ လိုတယ္ေပါ့၊ အဲဒါကို က်မတို႔ကတကယ္လည္း ေတာင္းဆိုတယ္ေပါ့။”

အခုလိုျဖစ္ေနတဲ့ကိစၥေတြကို စစ္ေဆးသြားမွာျဖစ္ၿပီး မွန္ကန္တယ္ဆို ရင္ေတာ့ စစ္ဘက္ဥပေဒ၊ အရပ္ဘက္ကဥပေဒအတိုင္း အေရးယူ သြားမယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအ ကို ေျပာပါတယ္။

“ က်ေနာ္တို႔ အေနနဲ႔ကေတာ့ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စုံစမ္းေနဆဲရွိေသးတယ္။ ဒီလိုမ်ိဳးျဖစ္စဥ္ေတြ ျဖစ္ခဲ့တယ္ဆိုရင္လည္း၊ ျဖစ္ခဲ့ မျဖစ္ခဲ့ဆိုတာလည္း က်ေနာ္တို႔ မသိေသး ဘူး။ ျဖစ္ခဲ့တယ္ဆိုရင္လည္း က်ေနာ္တို႔က စုံစမ္းစစ္ေဆးလို႔ မွန္ကန္တယ္ဆိုရင္လည္း တရားဥပေဒအရ အေရးယူေဆာင္႐ြက္ပါတယ္။ အခုေတာ့ က်ေနာ္တို႔ လိုက္လံစုံစမ္းေနဆဲပဲ ရွိပါေသးတယ္။”

စစ္သားသုံးေယာက္က ပထမအမ်ိဳးသမီးကို ညသန္းေခါင္မွာ မုဒိမ္းက်င့္ခဲ့တာျဖစ္ၿပီး မနက္အေစာပိုင္းမွာ အဲဒီအထဲက ႏွစ္ေယာက္က ေနာက္တႀကိမ္ ထပ္မံေရာက္လာၿပီး ဒုတိယအႀကိမ္ မုဒိမ္းက်င့္ခဲ့တာပါ။ အခုေတာ့ ပထမအမ်ိဳးသမီးနဲ႔ ဒုတိယအမ်ိဳးသမီးရဲ႕ မိသားစုေတြအားလုံး ႐ြာကေန ထြက္ေျပး၊ တိမ္းေရွာင္သြားၿပီ ျဖစ္ပါတယ္။

“ ေၾကာက္လြန္းတာနဲ႔ ဘယ္ကိုထြက္သြားၾကမွန္း ဘယ္သူမွလည္း မသိၾကဘူး။ ဖုန္းေတာင္ဆက္လို႔မရဘူး။ အေဝးႀကီးထြက္သြားၿပီ။”

စစ္တပ္ဟာ ႏွစ္ပါင္း၇၀အတြင္း ပဋိပကၡျဖစ္ပြားတဲ့ ေနရာေတြမွာ အမ်ိဳးသမီးေတြကို လိင္ပိုင္း ဆိုင္ရာ အၾကမ္းဖက္တာေတြကို လက္နက္အေနနဲ႔ အသုံးခ်ခဲ့တယ္လို႔ တိုင္းရင္းသား အဖြဲ႕အစည္းေတြက ေထာက္ျပေနပါတယ္။ ေဖေဖာ္ဝါရီ၁ရက္ အာဏာသိမ္းၿပီး ေနာက္ပိုင္းလည္း ျမန္မာႏိုင္ငံအႏွံမွာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြကို က်ဴးလြန္ေနၿပီး ျပစ္ဒဏ္ေတြက ကင္းလြတ္ေနတယ္ဆိုတာ ဒီျဖစ္ရပ္ကသက္ေသျပေနတယ္လို႔ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ ( ျမန္မာႏိုင္ငံ) က သူတို႔ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

####

တိုက္႐ိုက္ လင့္ခ္

Unicode

တီးတိန် အမျိုးသမီး ၂ ဦး မတရားပြုကျင့်ခံရကြောင်း တိုင်တန်းမှု စစ်ကောင်စီ စုံစမ်းမည်

ချင်းပြည်နယ်၊ တီးတိန်မြို့၊ အာလွယ်ကျေးရွာထဲကို နိုဝင်ဘာ ၁၁ ရက်ညသန်းခေါင်မှာ စစ်ကောင်စီတပ်သားတချို့ ဝင်ရောက်ခဲ့ပြီး အဲဒီရွာက အမျိုးသမီး ၂ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင်တွေရဲ့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီကိစ္စကို စစ်ကောင်စီ အောက်ခြေပိုင်းနဲ့ အထက်ပိုင်း တာဝန်ရှိသူတွေကလည်း စုံစမ်းစစ်ဆေးနေပြီး မှန်ကန်တယ်ဆိုရင်တော့ ဥပဒေအတိုင်း အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းအပြည့်အစုံကို ကိုခင်မောင်စိုးမင်းက ပြောပါတယ်။

………………………………………………………

တီးတိန်မြို့၊ အာလွယ်ကျေးရွာက နေအိမ်တခုမှာ ဒေသကာကွယ်ရေး PDF တပ်ဖွဲ့တွေရှိနေ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၁၁ ရက်၊ ည ၁၂ နာရီမှာ စစ်ကောင်စီ တပ်သားတချို့ ဝင်ရောက်ရှာဖွေခဲ့ပြီး ကလေး၄ယောက်ရဲ့မိခင် မီးနေသည် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပါတယ်။ သူ့ရဲ့အမျိုးသားကိုတော့ နေအိမ်တနေရာမှာ သေနတ်နဲ့ ခြိမ်းခြောက်ထားပြီး စစ်သားသုံးယောက်က ဒီအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာလို့ သူ့တို့ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

အဲဒီတညတည်းမှာပဲ အနီးနားကသူတို့ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တလုံးကိုလည်း ဒီစစ်သားတွေက ဝင်ရောက်ရှာဖွေခဲ့ပြီး နောက်ထပ် အမျိုးသမီးတယောက်ကို ထပ်ပြီး အဓမ္မပြုကျင်ခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေက အခုလို အနိုင်ကျင့်ခဲ့တယ်ဆိုတာကို ပထမအမျိုးသမီးက အခင်းဖြစ်ပြီး သုံးရက်အကြာမှာ ကျေးရွာအုပ်ချုပ်ရေမှူးကို တိုင်တန်းခဲ့ပါတယ်။ ဒုတိယ အမျိုးသမီးကတော့ ကြောက်ရွံ့နေတဲ့အတွက် ဒီနေ့ နိုဝင်ဘာ ၁၇ ရက်ကျမှ သူ အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ဝန်ခံလိုက်တာလို့ သူ့တို့ရဲ့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ ပထမဆုံး ( တယောက်) ကတော့ ၁၃ ရက်နေ့က ပေါ်တာ၊ တယောက်က အခုထပ်ပေါ်တာ။ နှစ်အိမ်ပေါ့ နှစ်အိမ်နော်။ ပထမ မုဒိမ်းကျင့်ခံရတဲ့ မိန်းမ (ရဲ့ ယောက်ကျ်ား) နဲ့ ဒီနေ့ပေါ်တဲ့ မိန်းမရဲ့ ယောကျ်ားက ညီအစ်ကို။”

အာလွယ်ကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး ဦးဝေတန်းကတော့ ပထမအမျိုးသမီးရဲ့ ကိစ္စကို အဲဒီရွာမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီအရာရှိတွေဆီကို ပြန်ပြီးတင်ပြခဲ့ပါတယ်။ ပထမ အမျိုးသမီးကို စစ်ကောင်စီအရာရှိတွေက ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်သားတွေယူသွားတဲ့ လက်ဝတ်ရတနာတွေကို ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဓမ္မပြုကျင့် ဆိုတာကိုတော့ အဲဒီ အချိန်မှာ ဝန်မခံခဲ့ကြောင်း ဦးဝေတန်းက ဗွီအိုအေကို ပြောပါတယ်။

“ စစ်ဗိုလ်တွေက ခေါ်ခိုင်းတာ ခေါ်ပြီးတော့ နာရီတို့၊ နားကပ်တို့ စစ်ပြီးတော့ ပြန်ပေးတာ။ ပြီးတော့ အဲဒီအချိန်မှာ မုဒိမ်းကျင့်တာကတော့လုံးဝမပြောဘူးလေ။ ပြောလို့ရှိရင် သေနတ်နဲ့ပစ်မယ် ပေါက်သွားရင် သေနတ်နဲ့ပစ်မယ်လို့ အဲလိုပြောလို့ မပြောသေးဘူး၊ စစ်သားတွေလည်း ရှိသေးတယ်ဆိုတော့ တအားလန့်တယ်တဲ့။”

အဓမ္မပြုကျင်ခံရတယ်ဆိုတာ စစ်တပ်အရာရှိတွေရှေ့မှာ ပထမအမျိုးသမီးက မပြောခဲ့ ပေမယ့် သူ့ကိုတော့ အကြောင်းစုံဝန်ခံခဲ့ကြောင်း ဦးဝေတန်းက ပြောပါတယ်။

“ ဖြစ်တာကတော့ ဖြစ်နိုင်တယ်နော့၊ နားကပ်လည်းယူတယ် ပြီးတော့ သူ့ယောကျ်ားလည်း အခန်းထဲမှာ မထွက်ခိုင်းဘဲနဲ့ သေနတ်နဲ့ချိန်တယ်။ ပြီးတော့ နှာခေါင်းကနေ သွေးလည်းထွက်တယ်။ ပါးစပ်ကနေ သွေးလည်းထွက်တယ်။ ပြီးတော့ ရေချိုးခန်းမှာ နားကပ်ယူခိုင်းပြီးတော့ အဲဒီမှာ မုဒိမ်းကျင့်တယ်လို့ ပြောတာ။”

ပထမအမျိုးသမီး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စကို ချင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးများ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ) က အသီးသီးကြေညာချက်ထုတ်ပြီး စစ်ကောင်စီကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒီကိစ္စကို အမြန်ဆုံးဝိုင်းဝန်းပြီး အရေးယူ ဆောင်ရွက်ပေးဖို့ လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေကို သူတို့က တောင်းဆိုလိုက်တာပါ။

ဒါတွေဟာ လူသားဖြစ်တည်မှုအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်လို့ တရားမျှတမှုအတွက် အကြမ်းဖက်စစ်တပ်ကို ထိရောက်တဲ့ အပြစ်ဒဏ်တွေ ချမှတ်ဖို့လိုတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ) ရဲ့ အတွင်းရေးမှူးက ဗွီအိုအေကို ပြောပါတယ်။

“ တီးတိန်မှာဖြစ်သွားတဲ့ အမျိုးသမီးကို အုပ်စုလိုက် မုဒိမ်းကျင့်တဲ့ ကိစ္စတွေက တသက်လုံးသူတို့ကျူးလွန်တဲ့၊ လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု အဲဒါတွေကို သူတို့တွေက ဆက်ပြီးတော့ ကျူးလွန်နေတာဖြစ်တယ်။ ပိုပြီးခိုင်မာတဲ့ သက်သေတခုအနေနဲ့ သူတို့က ထပ်ပြီးကျူးလွန်တာဖြစ်တယ်။ အဲဒါကို ကျမတို့က လက်ခံလို့ဘူးပေါ့။ ဘယ်လိုမှ သည်းခံနိုင်စရာ အကြောင်းမရှိဘူး။ နိုင်ငံတကာရဲ့ ယန္တရားနဲ့ တရားမျှတမှု၊ တာဝန်ယူမှု တာဝန်ခံမှု ယန္တရားတွေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုတယ်ပေါ့၊ အဲဒါကို ကျမတို့ကတကယ်လည်း တောင်းဆိုတယ်ပေါ့။”

အခုလိုဖြစ်နေတဲ့ကိစ္စတွေကို စစ်ဆေးသွားမှာဖြစ်ပြီး မှန်ကန်တယ်ဆို ရင်တော့ စစ်ဘက်ဥပဒေ၊ အရပ်ဘက်ကဥပဒေအတိုင်း အရေးယူ သွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေ ကို ပြောပါတယ်။

“ ကျနော်တို့ အနေနဲ့ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းနေဆဲရှိသေးတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်ဆိုရင်လည်း၊ ဖြစ်ခဲ့ မဖြစ်ခဲ့ဆိုတာလည်း ကျနော်တို့ မသိသေး ဘူး။ ဖြစ်ခဲ့တယ်ဆိုရင်လည်း ကျနော်တို့က စုံစမ်းစစ်ဆေးလို့ မှန်ကန်တယ်ဆိုရင်လည်း တရားဥပဒေအရ အရေးယူဆောင်ရွက်ပါတယ်။ အခုတော့ ကျနော်တို့ လိုက်လံစုံစမ်းနေဆဲပဲ ရှိပါသေးတယ်။”

စစ်သားသုံးယောက်က ပထမအမျိုးသမီးကို ညသန်းခေါင်မှာ မုဒိမ်းကျင့်ခဲ့တာဖြစ်ပြီး မနက်အစောပိုင်းမှာ အဲဒီအထဲက နှစ်ယောက်က နောက်တကြိမ် ထပ်မံရောက်လာပြီး ဒုတိယအကြိမ် မုဒိမ်းကျင့်ခဲ့တာပါ။ အခုတော့ ပထမအမျိုးသမီးနဲ့ ဒုတိယအမျိုးသမီးရဲ့ မိသားစုတွေအားလုံး ရွာကနေ ထွက်ပြေး၊ တိမ်းရှောင်သွားပြီ ဖြစ်ပါတယ်။

“ ကြောက်လွန်းတာနဲ့ ဘယ်ကိုထွက်သွားကြမှန်း ဘယ်သူမှလည်း မသိကြဘူး။ ဖုန်းတောင်ဆက်လို့မရဘူး။ အဝေးကြီးထွက်သွားပြီ။”

စစ်တပ်ဟာ နှစ်ပါင်း၇၀အတွင်း ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ အမျိုးသမီးတွေကို လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်တာတွေကို လက်နက်အနေနဲ့ အသုံးချခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ထောက်ပြနေပါတယ်။ ဖေဖော်ဝါရီ၁ရက် အာဏာသိမ်းပြီး နောက်ပိုင်းလည်း မြန်မာနိုင်ငံအနှံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်နေပြီး ပြစ်ဒဏ်တွေက ကင်းလွတ်နေတယ်ဆိုတာ ဒီဖြစ်ရပ်ကသက်သေပြနေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ) က သူတို့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG