သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တီးတိန္ ျမန္မာ့စီးပြားေရးဘဏ္ခြဲ အေစာင့္ရဲေတြ ပစ္ခတ္ခံရၿပီး ေသဆံုး


ဘဏ္တခုတြင္ ေငြထုတ္ရန္ ေစာင့္ဆိုင္းေနၾကသူမ်ား (ဓာတ္ပုံ - AFP)

(Zawgyi/Unicode)

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္ခြဲေရွ႕က လံုျခံဳေရးအေစာင့္ရဲ ၃ ေယာက္ကို ဒီကေန႔ ပစ္ခတ္ၿပီး ဘဏ္ကိုဝင္လုသြားပါတယ္။ စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕က ေက်း႐ြာတ႐ြာကို စစ္ေကာင္စီက အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္ၿပီး ႐ြာသားေတြကို ဖမ္းဆီးသလို ေနအိမ္ေတြကို ဖ်က္ဆီးခဲ့ၾကပါတယ္။ ဒီအေၾကာင္းေတြအပါအဝင္ ႏိုင္ငံတဝန္းက ပစ္ခတ္မႈနဲ႔ ဖမ္းဆီးမႈ ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက ေျပာျပပါမယ္။

တီးတိန္တၿမိဳ႕နယ္လုံး ပင္စင္ထုတ္တဲ့ ေနာက္ဆုံးေန႔ လူရွင္းတဲ့အခ်ိန္မွာ ဆိုင္ကယ္နဲ႔ လာတဲ့ လူတခ်ိဳ႕က ျမန္မာ့စီးပြားေရးဘဏ္ခြဲ အေစာင့္ရဲေတြကို ပစ္ခတ္ခဲ့တာျဖစ္ၿပီး ဘဏ္ထဲကို ဝင္ေရာက္ဖ်က္ဆီးခဲ့သလို ေငြတခ်ိဳ႕ကိုလည္း ယူေဆာင္ ထြက္ေျပးသြားတယ္လို႔ အဲ့ဒီ ျဖစ္စဥ္အတြင္း အနီးမွာ ရွိေနခဲ့သူတဦးက VOA ကို ေျပာျပပါတယ္။

“မေန႔ကနဲ႔ ဒီေန႔က ပင္စင္ထုတ္ရက္ေပါ့။ တီးတိန္ၿမိဳ႕နယ္ တၿမိဳ႕နယ္လုံးမွာ ပင္စင္ထုတ္ရက္ ဒီေန႔ ေနာက္ဆုံးဆိုေတာ့ ဒီေန႔က လူသိပ္မရွိေတာ့ဘူး၊ လူရွင္းေနၿပီ။ ေန႔လယ္ ၁၂ နာရီဝန္းက်င္မွာ ျဖစ္တာေပါ့။ လူေတာ့ ရွင္းေနၿပီ။ သူတို႔က ပင္စင္ထုတ္မလိုနဲ႔ အဲ့လိုမ်ိဳး လူတစုလာတယ္ေပါ့။ အဲ့လူတစုက ဆိုင္ကယ္မိုးကာဝတ္လာၿပီးေတာ့ အဲ့ဘဏ္ေရွ႕မွာရွိတဲ့ ရဲ ၂ ေယာက္ကိုေတာ့ ခ်က္ခ်င္းပစ္လိုက္တာေပါ့ ေသနတ္နဲ႔။ မ်က္ေစာင္းထိုးနားမွာ ရွိေနတဲ့ ရဲ တယာက္ကိုလည္း သူတို႔ ဆြဲတယ္၊ ဆြဲၿပီးေတာ့ ပစ္လိုက္တယ္ေပါ့။ အဲ့ေတာ့ အဲ့မွာ လုံၿခဳံေရးယူေနတဲ့ ၃ ေယာက္စလုံး ပြဲခ်င္းၿပီး ေသသြားတာေပါ့။ ၿပီးေတာ့ ဘဏ္ထဲကိုေတာ့ ဝင္တယ္။ ဝင္ၿပီးေတာ့ ဘဏ္ထဲမွာရွိတဲ့ အထုတ္ေတြေပါ့။ ပိုက္ဆံေတြပဲ ထင္ပါတယ္။ ပိုက္ဆံေတြကို အဲ့လိုမ်ိဳးယူသြားတယ္။ ၿပီးေတာ့ သူတို႔က ထြက္ေျပးတာေပါ့။”

ပစ္ခတ္မႈေတြ ျဖစ္ၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္ေတြ ေရာက္လာၿပီး လုံၿခဳံေရးယူတာနဲ႔ စစ္ေဆးတာတခ်ိဳ႕ လုပ္ခဲ့ၾကတယ္လို႔လည္းေျပာပါတယ္။ အခု တီးတိန္ ျမန္မာ့စီးပြားေရးဘဏ္ျဖစ္ရပ္ကို စစ္ေကာင္စီဘက္က ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ (CDF) လက္ခ်က္လို႔ စြပ္စြဲေျပာဆိုထားပါတယ္။ လံုျခံုေရးေတြကို ပ္စခတ္ၿပီးတဲ့ေနာက္ ဘဏ္ထဲဝင္ၿပီး ႐ံုးလုပ္ငန္းသံုးပစၥည္းေတြ၊ ကြန္ျပဴတာနဲ႔ CCTV ေတြကို ေသနတ္နဲ႔ပစ္ၿပီး ေငြက်ပ္ ၃၈၈ သိန္းေက်ာ္နဲ႔ လံုျခံဳေရးတပ္ဖြဲ႔ဝင္ေတြရဲ႕ လက္နက္ငယ္တခ်ဳိ႕ကိုယူၿပီး ထြက္ေျပးသြားတယ္လို႔ စစ္ေကာင္စီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္ကိုင္းတိုင္း အရာေတာ္ၿမိဳ႕က ေႂကြပုဂံေက်း႐ြာကို ဒီကေန႔ မနက္ ၁ နာရီေလာက္က စစ္ေကာင္စီတပ္ေတြက အင္အား ၁၀၀ ေက်ာ္နဲ႔ ႐ြာကို ႏွစ္ဘက္ညႇပ္ပိတ္ ဝင္ေရာက္လာၿပီး ႐ြာသားေတြကို ဖမ္းဆီးတာ၊ ေနအိမ္ေတြကို ဖ်က္ဆီးတာေတြ လုပ္ခဲ့ပါတယ္။ စစ္ေကာင္စီသတင္းေပးေတြနဲ႔ ဝင္ေရာက္လာတာျဖစ္ၿပီး ဒီ႐ြာအတြင္းမွာ လက္နက္ေတြလုပ္တယ္၊ PDF ေတြ ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဝင္ေရာက္စီးနင္း ဖမ္းဆီးတာျဖစ္တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“သူက ဗ်ဴဟာခင္းၿပီးေတာ့ ေတာင္ေရာေျမာက္ေရာ ပတ္ၿပီးေတာ့ အလုံးအရင္းနဲ႔ ဝင္ၿပီးေတာ့ ဖမ္းတာ။ ည ၁ နာရီ ၄၅ ေလာက္ကစၿပီး ဝင္ေရာက္ လႈပ္ရွားၿပီး ဖမ္းတာဗ်။ ေႂကြပုဂံဆိုတဲ့႐ြာကိုေပါ့ေနာ္၊ ဝင္ၿပီးေတာ့ မွန္းေခ် မိန္းကေလး ၈ ေယာက္နဲ႔ ေယာက္်ားေလး ၇ ေယာက္ေပါ့ေနာ္၊ ဖမ္းသြားတယ္လို႔ သတင္းရပါတယ္ဗ်။ အိမ္ေျခေတြလည္း အမ်ားႀကီး ဖ်က္ဆီးသြားပါတယ္ဗ်။ ဖမ္းတုန္းကေတာ့ အကုန္ ၁၀၀ ေက်ာ္ေလာက္ဖမ္းၿပီးေတာ့ သက္ႀကီး႐ြယ္အိုနဲ႔ အပ်ိဳ မိန္းကေလးေတြကို ျပန္လႊတ္ၿပီးေတာ့ အိမ္ေထာင္ရွိတဲ့ မိန္းကေလးေတြ ဖမ္းေခၚသြားတယ္။”

စစ္ေကာင္စီတပ္ေတြ အဲဒီေက်း႐ြာကျပန္အထြက္ တုံတစ္႐ြာနဲ႔ ဇရစ္႐ြာၾကားမွာ မိုင္းဆြဲတိုက္ခိုက္ခံရၿပီး စစ္ေကာင္စီဘက္က ထိခိုက္မႈရွိတယ္လို႔ သတင္းၾကားရေပမယ့္ ေသခ်ာေတာ့ မသိရေသးဘူးလို႔ အဲ့ဒီ ေဒသခံက ေျပာပါတယ္။

“ခုေတာ့ သူတို႔ ထြက္သြားၿပီဗ်။ ထြက္သြားၿပီးေတာ့ တုံတစ္နဲ႔ ဇရစ္ၾကားမွာ မိုင္းဆြဲတိုက္ခိုက္ခံရပါတယ္ဗ် သူတို႔။ သူတို႔ရဲ႕ ကားကိုလည္း ထိတယ္လို႔ေတာ့ေျပာတယ္ဗ်။ သတင္းအတိက်ေတာ့ မရေသးပါဘူး။ ခုေတာ့ သူတို႔ စစ္ေကာင္စီဘက္က အင္အား အလုံးအရင္းနဲ႔ အင္အားျဖည့္ၿပီးေတာ့ ႐ြာေတြကိုျပန္ၿပီး ဖိႏွိပ္မယ့္ သေဘာရွိပါတယ္ဗ်။”

မေကြးတိုင္း၊ ဂန္႔ေဂါၿမိဳ႕၊ လယ္ႀကီးအေရွ႕႐ြာက အုပ္ခ်ဳပ္ေရးမွဴးတဦး မေန႔ညက ပစ္ခတ္ခံရပါတယ္။ ဒီကေန႔ မနက္အေစာပိုင္းက စစ္ကိုင္းတိုင္း ဘုတလင္ၿမိဳ႕ ေက်း႐ြာတ႐ြာက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဆိုင္းဘုတ္တင္ထားတဲ့ အိမ္တအိမ္ကို စစ္ေကာင္စီတပ္က မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။

ႏိုင္ငံတစ္ဝန္းမွာ ပစ္ခတ္မႈနဲ႔ ဖမ္းဆီးမႈေတြ ဆက္တိုက္ရွိေနေပမယ့္လည္း စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပ စစ္ေၾကာင္းေတြလည္း ရသေလာက္အင္အားနဲ႔ ခ်ီတက္ ဆႏၵျပေနၾကဆဲ ျဖစ္ပါတယ္။ ဒီကေန႔မွာ မႏၲေလး၊ ကေလး၊ ထားဝယ္၊ ေလာင္းလုံ၊ မိုးကုတ္၊ ေ႐ႊဘို၊ ပခုကၠဴ စတဲ့ ၿမိဳ႕ေတြ႐ြာေတြမွာ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပခဲ့ၾကပါတယ္။

............................................................................................

တိုက္႐ိုက္ လင့္ခ္


တီးတိန် မြန်မာ့စီးပွားရေးဘဏ်ခွဲ အစောင့်ရဲတွေ ပစ်ခတ်ခံရပြီး သေဆုံး

(Unicode)

ချင်းပြည်နယ်၊ တီးတိန်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့က လုံခြုံရေးအစောင့်ရဲ ၃ ယောက်ကို ဒီကနေ့ ပစ်ခတ်ပြီး ဘဏ်ကိုဝင်လုသွားပါတယ်။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့က ကျေးရွာတရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီးသလို နေအိမ်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒီအကြောင်းတွေအပါအဝင် နိုင်ငံတဝန်းက ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှု ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

တီးတိန်တမြို့နယ်လုံး ပင်စင်ထုတ်တဲ့ နောက်ဆုံးနေ့ လူရှင်းတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ လာတဲ့ လူတချို့က မြန်မာ့စီးပွားရေးဘဏ်ခွဲ အစောင့်ရဲတွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘဏ်ထဲကို ဝင်ရောက်ဖျက်ဆီးခဲ့သလို ငွေတချို့ကိုလည်း ယူဆောင် ထွက်ပြေးသွားတယ်လို့ အဲ့ဒီ ဖြစ်စဉ်အတွင်း အနီးမှာ ရှိနေခဲ့သူတဦးက VOA ကို ပြောပြပါတယ်။

“မနေ့ကနဲ့ ဒီနေ့က ပင်စင်ထုတ်ရက်ပေါ့။ တီးတိန်မြို့နယ် တမြို့နယ်လုံးမှာ ပင်စင်ထုတ်ရက် ဒီနေ့ နောက်ဆုံးဆိုတော့ ဒီနေ့က လူသိပ်မရှိတော့ဘူး၊ လူရှင်းနေပြီ။ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပေါ့။ လူတော့ ရှင်းနေပြီ။ သူတို့က ပင်စင်ထုတ်မလိုနဲ့ အဲ့လိုမျိုး လူတစုလာတယ်ပေါ့။ အဲ့လူတစုက ဆိုင်ကယ်မိုးကာဝတ်လာပြီးတော့ အဲ့ဘဏ်ရှေ့မှာရှိတဲ့ ရဲ ၂ ယောက်ကိုတော့ ချက်ချင်းပစ်လိုက်တာပေါ့ သေနတ်နဲ့။ မျက်စောင်းထိုးနားမှာ ရှိနေတဲ့ ရဲ တယာက်ကိုလည်း သူတို့ ဆွဲတယ်၊ ဆွဲပြီးတော့ ပစ်လိုက်တယ်ပေါ့။ အဲ့တော့ အဲ့မှာ လုံခြုံရေးယူနေတဲ့ ၃ ယောက်စလုံး ပွဲချင်းပြီး သေသွားတာပေါ့။ ပြီးတော့ ဘဏ်ထဲကိုတော့ ဝင်တယ်။ ဝင်ပြီးတော့ ဘဏ်ထဲမှာရှိတဲ့ အထုတ်တွေပေါ့။ ပိုက်ဆံတွေပဲ ထင်ပါတယ်။ ပိုက်ဆံတွေကို အဲ့လိုမျိုးယူသွားတယ်။ ပြီးတော့ သူတို့က ထွက်ပြေးတာပေါ့။”

ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ ရောက်လာပြီး လုံခြုံရေးယူတာနဲ့ စစ်ဆေးတာတချို့ လုပ်ခဲ့ကြတယ်လို့လည်းပြောပါတယ်။ အခု တီးတိန် မြန်မာ့စီးပွားရေးဘဏ်ဖြစ်ရပ်ကို စစ်ကောင်စီဘက်က ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) လက်ချက်လို့ စွပ်စွဲပြောဆိုထားပါတယ်။ လုံခြုံရေးတွေကို ပ်စခတ်ပြီးတဲ့နောက် ဘဏ်ထဲဝင်ပြီး ရုံးလုပ်ငန်းသုံးပစ္စည်းတွေ၊ ကွန်ပြူတာနဲ့ CCTV တွေကို သေနတ်နဲ့ပစ်ပြီး ငွေကျပ် ၃၈၈ သိန်းကျော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ငယ်တချို့ကိုယူပြီး ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း အရာတော်မြို့က ကြွေပုဂံကျေးရွာကို ဒီကနေ့ မနက် ၁ နာရီလောက်က စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ ကျော်နဲ့ ရွာကို နှစ်ဘက်ညှပ်ပိတ် ဝင်ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။ စစ်ကောင်စီသတင်းပေးတွေနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ဒီရွာအတွင်းမှာ လက်နက်တွေလုပ်တယ်၊ PDF တွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူက ဗျူဟာခင်းပြီးတော့ တောင်ရောမြောက်ရော ပတ်ပြီးတော့ အလုံးအရင်းနဲ့ ဝင်ပြီးတော့ ဖမ်းတာ။ ည ၁ နာရီ ၄၅ လောက်ကစပြီး ဝင်ရောက် လှုပ်ရှားပြီး ဖမ်းတာဗျ။ ကြွေပုဂံဆိုတဲ့ရွာကိုပေါ့နော်၊ ဝင်ပြီးတော့ မှန်းချေ မိန်းကလေး ၈ ယောက်နဲ့ ယောက်ျားလေး ၇ ယောက်ပေါ့နော်၊ ဖမ်းသွားတယ်လို့ သတင်းရပါတယ်ဗျ။ အိမ်ခြေတွေလည်း အများကြီး ဖျက်ဆီးသွားပါတယ်ဗျ။ ဖမ်းတုန်းကတော့ အကုန် ၁၀၀ ကျော်လောက်ဖမ်းပြီးတော့ သက်ကြီးရွယ်အိုနဲ့ အပျို မိန်းကလေးတွေကို ပြန်လွှတ်ပြီးတော့ အိမ်ထောင်ရှိတဲ့ မိန်းကလေးတွေ ဖမ်းခေါ်သွားတယ်။”

စစ်ကောင်စီတပ်တွေ အဲဒီကျေးရွာကပြန်အထွက် တုံတစ်ရွာနဲ့ ဇရစ်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်လို့ သတင်းကြားရပေမယ့် သေချာတော့ မသိရသေးဘူးလို့ အဲ့ဒီ ဒေသခံက ပြောပါတယ်။

“ခုတော့ သူတို့ ထွက်သွားပြီဗျ။ ထွက်သွားပြီးတော့ တုံတစ်နဲ့ ဇရစ်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်ဗျ သူတို့။ သူတို့ရဲ့ ကားကိုလည်း ထိတယ်လို့တော့ပြောတယ်ဗျ။ သတင်းအတိကျတော့ မရသေးပါဘူး။ ခုတော့ သူတို့ စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ အင်အားဖြည့်ပြီးတော့ ရွာတွေကိုပြန်ပြီး ဖိနှိပ်မယ့် သဘောရှိပါတယ်ဗျ။”

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ လယ်ကြီးအရှေ့ရွာက အုပ်ချုပ်ရေးမှူးတဦး မနေ့ညက ပစ်ခတ်ခံရပါတယ်။ ဒီကနေ့ မနက်အစောပိုင်းက စစ်ကိုင်းတိုင်း ဘုတလင်မြို့ ကျေးရွာတရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်တင်ထားတဲ့ အိမ်တအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေပေမယ့်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ စစ်ကြောင်းတွေလည်း ရသလောက်အင်အားနဲ့ ချီတက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ မန္တလေး၊ ကလေး၊ ထားဝယ်၊ လောင်းလုံ၊ မိုးကုတ်၊ ရွှေဘို၊ ပခုက္ကူ စတဲ့ မြို့တွေရွာတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG