သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပန္ဆိုင္းၿမိဳ႕အနီး စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔တပ္ တိုက္ပြဲျဖစ္ပြား


A Government soldier fighting with MNDAA kokang army

Zawgyi/Unicode

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ထဲက ပန္ဆိုင္းၿမိဳ႕အနီးမွာ စစ္ေကာင္စီတပ္ နဲ႔ MNDAA ကိုးကန္႔တပ္ေတြ ဒီကေန႔ တိုက္ပဲြထပ္မံျဖစ္ပြားခဲ့ပါတယ္။ သီေပါၿမိဳ႕ နယ္အတြင္းမွာလည္း ရွမ္းလက္နက္ကိုင္အဖဲြ႔ ၂ ခုၾကား တိုက္ပဲြျပင္းထန္ေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းက အေျခအေနကို ကိုၿငိမ္းခ်မ္းက တင္ျပထားပါတယ္။

တရုတ္-ျမန္မာနယ္စပ္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ပန္ဆိုင္း၊ မံုးကိုးနဲ႔ ေဖာင္းဆိုင္ေဒ သဘက္ေတြမွာ စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔ လက္နက္ကိုင္အဖဲြ႔ေတြၾကား ဇူလိုင္လတည္းက စခဲ့တဲ့ တိုက္ပြဲေတြ ဒီရက္ပိုင္းမွာလည္း ေန႔စဥ္ဆုိသလို ဆက္ျဖစ္ေနပါတယ္။

ဒီေန႔မွာေတာ့ ပန္ဆိုင္းၿမိဳ႕အနီး ေရပူစမ္းမွာ တိုက္ပဲြ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“ေရပူစမ္းအထြက္မွာပါ။ ၁၁ နဲ႔ ၁၂ ၾကားမွာ။ မၾကာဘူး။ ၅ မိနစ္ေလာက္။ ၁၀ မိနစ္ေလာက္ပဲ ျဖစ္မယ္ထင္တယ္။ ၃ ရက္တေခါက္။ ၆ ရက္တေခါက္ျဖစ္တာ ဒီအခ်ိန္ထိပဲ။”

ဒီလ ၂၀ ရက္ေန႔ကလည္း ပန္ဆိုင္းၿမိဳ႕ေပၚမွာ ျဖစ္တဲ့တိုက္ပြဲအတြင္း ကခ်င္ႏွစ္ျခင္းခရစ္ယာန္ ဘုရားေက်ာင္းဝန္းထဲကို လက္နက္ႀကီးက်ည္ ၂ လံုးက်ေရာက္ခဲ့ပါတယ္။

ၾသဂုတ္လ ၂၀ ရက္ေန႔က စစ္ေကာင္စီတပ္နဲ႔ မီတန္ေတာင္ေၾကာမွာ တိုက္ပဲြ ၂ ႀကိမ္ ျဖစ္ခဲ့သလို ပန္ဆိုင္းၿမိဳ႕ရဲစခန္းမွာလည္း တုိက္ပဲြျဖစ္ခဲ့ေၾကာင္းနဲ႔ ၂၁ ရက္ေန႔မွာလည္း တိုက္ပဲြ ၃ ႀကိမ္ ျဖစ္ခဲ့ေၾကာင္း MNDAA ကိုးကန္႔တပ္ဖဲြ႔က ထုတ္ျပန္ထားပါတယ္။

ပန္ဆိုင္းၿမိဳ႕အနီးက ဖုိင္းေကာင္းရြာနားမွာ ဒီလ ၃ ရက္ေန႔မွာ စတင္ခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ ေဒသခံ ၁၅၀၀ ေလာက္ဟာ တရုတ္ ျမန္မာ နယ္စပ္ေဒသမွာ တိမ္းေရွာင္ေနၾကရပါတယ္။

စစ္ေဘးဒုကၡသည္ေတြရဲ႕ အေျခအေနနဲ႔ပတ္သက္လို႔ ဒုကၡသည္ေတြကို အကူအညီေပးေနသူတေယာက္က ခုလိုေျပာျပပါတယ္။

“ဒီ ဖုိင္ေကာင္းအနီးတဝိုက္က ျပည္သူေတြေတာ့ ေရွာင္ေနရတာေပါ့။ ရြာထဲမွာေနလို႔ အဆင္မေျပဘူးေပါ့။ တရုတ္နယ္စပ္ ေခ်ာင္းေဘးနားမွာေနၾကတာ။ ၿပီးခဲ့တဲ့ ၄- ၅ ရက္ မုိးရြာေတာ့ သူတို႔ေတာင္ ေတာ္ေတာ္ေလး ဒုကၡေရာက္ေသးတယ္။ စစ္ေရွာင္ေတြက ဒီအေတာအတြင္းမွာ လမ္းခရီးလည္း ပိတ္ပင္ထားတာ အကုန္ရိွတယ္ ဆုိေတာ့ စားဝတ္ေနေရးေတာင္ အခက္အခဲရိွတယ္လို႔ မေန႔ကေတာင္ က်ေနာ္တုိ႔ကို ေျပာလာေသးတယ္။ မုံးကိုးအထက္ ေဖာင္းဆိုင္ဘက္က စစ္ေရွာင္ေတြက အဲဒီဘက္က ကားေတြက ၾကဴကုတ္၊ ပန္ဆိုင္းဘက္က ကားေတြက အဲဒီဘက္ကို ၀င္လုိ႔ မရဘူး။ အဲဒီဘက္ကလူေတြက ေတာ္ေတာ္ေလး ဒုကၡေရာက္ေနတာ။ သူတို႔လည္း နယ္စပ္မွာပဲ မုိးကာတဲေတြနဲ႔ သြားေနေနတာ။ အခု မုိးရာသီလည္းျဖစ္၊ စားနပ္ရိကၡာေတြက ဘယ္ဘက္ကမွ ပို႔လုိ႔ မရဘူးျဖစ္ေနတာ။”

မုံးကိုး၊ ေဖာင္းဆိုင္ေဒသဘက္မွာ စစ္ေျပးဒုကၡသည္ ၂၀၀ ေက်ာ္ေလာက္ရိွပါတယ္။ အဲဒီဒုကၡသည္ေတြကို တရုတ္ျပည္ဘက္က ကူညီႏိုင္ဖုိ႔ ၾကိဳးစားေပမဲ့Covid ေရာဂါေၾကာင့္ လမ္းပိတ္တာေတြ ရိွေနလို႔ အခက္အခဲ ရိွေၾကာင္းလည္း ေျပာပါတယ္။

မူဆယ္ၿမိဳ႕နယ္ဘက္မွာ တုိက္ပဲြေတြ ျပင္းထန္ေနခ်ိန္မွာပဲ သီေပါၿမိဳ႕နယ္ဘက္မွာလည္း RCSS ရွမ္းေတာင္ တပ္နဲ႔ SSPP ရွမ္းေျမာက္တပ္ဖဲြ႔ေတြအၾကား ဒီေန႔ တိုက္ပဲြျပင္းထန္ေနပါတယ္။

နမ့္လန္ၿမိဳ႕အနီး ကံုးေကာ္ရြာဘက္မွာ တိုက္ပြဲ ျဖစ္ပြားေနတာျဖစ္တယ္လို႔နမ့္လန္ေဒသခံတဦးက ေျပာပါတယ္။

“ဒီမနက္က တုိက္ပဲြျဖစ္တာ ဟုတ္တယ္။ ကံုးေကာ္၊ မန္ကံုးဘက္ရယ္။ ေနာက္ ဒီဘက္ ခိုက္စင္ဘက္ရယ္၊ ေကာင္းဟန္ဘုန္းၾကီးေက်ာင္း အေက်ာ္ေလာက္မွာလည္း ျဖစ္တယ္။ ၿငိမ္ေနတာ ၄-၅ရက္ တပတ္ေလာက္ရိွၿပီ။ ဒီေန႔ မနက္ခင္းမွာ စၿပီး ျပန္ျဖစ္တာ။ မနက္ကေတာ့ လက္နက္ၾကီးသံေတြေတာ့ ၾကားရတယ္။ ”

လက္နက္ၾကီးသံေတြကို မနက္ ၆နာရီေလာက္က စတင္ၾကားၿပီးေန႔ခင္း ၁ နာရီေက်ာ္အထိ ၾကိဳးၾကားၾကားေနရတယ္လို႔ ေျပာပါတယ္။

ဒီကေန႔ျဖစ္ပြားတဲ့ တိုက္ပဲြေၾကာင့္ ေဒသခံ ၁၀၀ ေက်ာ္ဟာ မိုင္းကိုင္ၿမိဳ႕နယ္ တံုေလာေက်းရြာဘက္ကို တိမ္းေရွာင္ေနရၿပီး စားနပ္ရိကၡာနဲ႔ မုိးကာေတြ လိုအပ္ေနတယ္လို႔ သွ်မ္းသံေတာ္ဆင့္ သတင္းဌာနကသတင္းထုတ္ျပန္ထားပါတယ္။ ဒီလ ၁၁ ရက္ေန႔က ရွမ္းတပ္ဖဲြ႔ ၂ ဖဲြ႔အၾကားျဖစ္တဲ့ တုိက္ပဲြေၾကာင့္ သီေပါၿမိဳ႕နယ္ နမ့္လန္ေဒသက ျပည္သူ ၅၀၀ ေက်ာ္ တိမ္းေရွာင္ေနရတယ္လို႔လည္းသွ်မ္းသံေတာ္ဆင့္သတင္းဌာနက ဒီလ ၁၇ ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာလည္း RCSS ရွမ္းေတာင္တပ္ဖဲြ႔ကတဘက္SSPP ရွမ္းေျမာက္နဲ႔ TNLA တအန္း(ပေလာင္) တပ္ေတြကတဘက္ အခုရက္ပိုင္းေတြမွာ တိုက္ပြဲေတြျဖစ္ေနၿပီး အနည္းဆံုးေဒသခံ ၃၀၀ ေက်ာ္ေလာက္ေက်ာက္မဲၿမိဳ႔႕ေပၚနဲ႔ အနီးအနား ေက်းရြာေတြမွာ စစ္ေဘးလြတ္ေအာင္ တိမ္းေ႐ွာင္ေနၾကရပါတယ္။

======

တိုက္႐ိုက္ လင့္ခ္

Unicode

ပန်ဆိုင်းမြို့အနီး စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ် တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက ပန်ဆိုင်းမြို့အနီးမှာ စစ်ကောင်စီတပ် နဲ့ MNDAA ကိုးကန့်တပ်တွေ ဒီကနေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။ သီပေါမြို့ နယ်အတွင်းမှာလည်း ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ခုကြား တိုက်ပွဲပြင်းထန်နေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေ သဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေကြား ဇူလိုင်လတည်းက စခဲ့တဲ့ တိုက်ပွဲတွေ ဒီရက်ပိုင်းမှာလည်း နေ့စဉ်ဆိုသလို ဆက်ဖြစ်နေပါတယ်။

ဒီနေ့မှာတော့ ပန်ဆိုင်းမြို့အနီး ရေပူစမ်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ရေပူစမ်းအထွက်မှာပါ။ ၁၁ နဲ့ ၁၂ ကြားမှာ။ မကြာဘူး။ ၅ မိနစ်လောက်။ ၁၀ မိနစ်လောက်ပဲ ဖြစ်မယ်ထင်တယ်။ ၃ ရက်တခေါက်။ ၆ ရက်တခေါက်ဖြစ်တာ ဒီအချိန်ထိပဲ။”

ဒီလ ၂၀ ရက်နေ့ကလည်း ပန်ဆိုင်းမြို့ပေါ်မှာ ဖြစ်တဲ့တိုက်ပွဲအတွင်း ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝန်းထဲကို လက်နက်ကြီးကျည် ၂ လုံးကျရောက်ခဲ့ပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့က စစ်ကောင်စီတပ်နဲ့ မီတန်တောင်ကြောမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့သလို ပန်ဆိုင်းမြို့ရဲစခန်းမှာလည်း တိုက်ပွဲဖြစ်ခဲ့ကြောင်းနဲ့ ၂၁ ရက်နေ့မှာလည်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့ကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပန်ဆိုင်းမြို့အနီးက ဖိုင်းကောင်းရွာနားမှာ ဒီလ ၃ ရက်နေ့မှာ စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၁၅၀၀ လောက်ဟာ တရုတ် မြန်မာ နယ်စပ်ဒေသမှာ တိမ်းရှောင်နေကြရပါတယ်။

စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတယောက်က ခုလိုပြောပြပါတယ်။

“ဒီ ဖိုင်ကောင်းအနီးတဝိုက်က ပြည်သူတွေတော့ ရှောင်နေရတာပေါ့။ ရွာထဲမှာနေလို့ အဆင်မပြေဘူးပေါ့။ တရုတ်နယ်စပ် ချောင်းဘေးနားမှာနေကြတာ။ ပြီးခဲ့တဲ့ ၄- ၅ ရက် မိုးရွာတော့ သူတို့တောင် တော်တော်လေး ဒုက္ခရောက်သေးတယ်။ စစ်ရှောင်တွေက ဒီအတောအတွင်းမှာ လမ်းခရီးလည်း ပိတ်ပင်ထားတာ အကုန်ရှိတယ် ဆိုတော့ စားဝတ်နေရေးတောင် အခက်အခဲရှိတယ်လို့ မနေ့ကတောင် ကျနော်တို့ကို ပြောလာသေးတယ်။ မုံးကိုးအထက် ဖောင်းဆိုင်ဘက်က စစ်ရှောင်တွေက အဲဒီဘက်က ကားတွေက ကြူကုတ်၊ ပန်ဆိုင်းဘက်က ကားတွေက အဲဒီဘက်ကို ဝင်လို့ မရဘူး။ အဲဒီဘက်ကလူတွေက တော်တော်လေး ဒုက္ခရောက်နေတာ။ သူတို့လည်း နယ်စပ်မှာပဲ မိုးကာတဲတွေနဲ့ သွားနေနေတာ။ အခု မိုးရာသီလည်းဖြစ်၊ စားနပ်ရိက္ခာတွေက ဘယ်ဘက်ကမှ ပို့လို့ မရဘူးဖြစ်နေတာ။”

မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ စစ်ပြေးဒုက္ခသည် ၂၀၀ ကျော်လောက်ရှိပါတယ်။ အဲဒီဒုက္ခသည်တွေကို တရုတ်ပြည်ဘက်က ကူညီနိုင်ဖို့ ကြိုးစားပေမဲ့Covid ရောဂါကြောင့် လမ်းပိတ်တာတွေ ရှိနေလို့ အခက်အခဲ ရှိကြောင်းလည်း ပြောပါတယ်။

မူဆယ်မြို့နယ်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ သီပေါမြို့နယ်ဘက်မှာလည်း RCSS ရှမ်းတောင် တပ်နဲ့ SSPP ရှမ်းမြောက်တပ်ဖွဲ့တွေအကြား ဒီနေ့ တိုက်ပွဲပြင်းထန်နေပါတယ်။

နမ့်လန်မြို့အနီး ကုံးကော်ရွာဘက်မှာ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်တယ်လို့နမ့်လန်ဒေသခံတဦးက ပြောပါတယ်။

“ဒီမနက်က တိုက်ပွဲဖြစ်တာ ဟုတ်တယ်။ ကုံးကော်၊ မန်ကုံးဘက်ရယ်။ နောက် ဒီဘက် ခိုက်စင်ဘက်ရယ်၊ ကောင်းဟန်ဘုန်းကြီးကျောင်း အကျော်လောက်မှာလည်း ဖြစ်တယ်။ ငြိမ်နေတာ ၄-၅ရက် တပတ်လောက်ရှိပြီ။ ဒီနေ့ မနက်ခင်းမှာ စပြီး ပြန်ဖြစ်တာ။ မနက်ကတော့ လက်နက်ကြီးသံတွေတော့ ကြားရတယ်။ ”

လက်နက်ကြီးသံတွေကို မနက် ၆နာရီလောက်က စတင်ကြားပြီးနေ့ခင်း ၁ နာရီကျော်အထိ ကြိုးကြားကြားနေရတယ်လို့ ပြောပါတယ်။

ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော်ဟာ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာဘက်ကို တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာနကသတင်းထုတ်ပြန်ထားပါတယ်။ ဒီလ ၁၁ ရက်နေ့က ရှမ်းတပ်ဖွဲ့ ၂ ဖွဲ့အကြားဖြစ်တဲ့ တိုက်ပွဲကြောင့် သီပေါမြို့နယ် နမ့်လန်ဒေသက ပြည်သူ ၅၀၀ ကျော် တိမ်းရှောင်နေရတယ်လို့လည်းသျှမ်းသံတော်ဆင့်သတင်းဌာနက ဒီလ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာလည်း RCSS ရှမ်းတောင်တပ်ဖွဲ့ကတဘက်SSPP ရှမ်းမြောက်နဲ့ TNLA တအန်း(ပလောင်) တပ်တွေကတဘက် အခုရက်ပိုင်းတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး အနည်းဆုံးဒေသခံ ၃၀၀ ကျော်လောက်ကျောက်မဲမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေမှာ စစ်ဘေးလွတ်အောင် တိမ်းရှောင်နေကြရပါတယ်။

#မုံးကိုး#ကိုးကန့်#စစ်အစိုးရတပ်ဖွဲ့#သီပေါ#လက်နက်ကြီး#VOABurmese

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG