သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဟူးေကာင္းခ်ိဳင့္၀ွမ္းေဒသ တႏိုင္းၿမိဳ႔နယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA အဖဲြ႔ၾကား တုိက္ပဲြျဖစ္ပြား


KIA တပ္ဖြဲ ့၀င္တခ်ိဳ ့ (ဓာတ္ပုံ - AFP )

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ ဟူးေကာင္းခ်ိဳင့္၀ွမ္းေဒသ တႏိုင္းၿမိဳ႔နယ္အတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA အဖဲြ႔ၾကား ဒီကေန႔ မနက္က တုိက္ပဲြျဖစ္ပြားခဲ့ပါတယ္။ ဖားကန္႔ၿမိဳ႔နယ္ထဲမွာလည္း KIA က တပ္ရိကၡာ တင္ယာဥ္ကို ခုရက္ပိုင္းအတြင္း မီးရိႈဖ်က္ဆီးခဲ့ပါတယ္။ KIA နဲ႔ တုိက္ပြဲေတြ ဆက္တိုက္ျဖစ္ေနခ်ိန္ ကခ်င္ျပည္နယ္တြင္းမွာ အင္တာနက္လိုင္း ျပတ္ေတာက္မႈေတြလည္း ျဖစ္ေနပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ ကခ်င္ျပည္နယ္က အေျခအေနကို ကိုသိန္းထိုက္ဦးက က ေျပာျပပါမယ္။

တႏိုင္းၿမိဳ႕နယ္ထဲမွာ စစ္တပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA အဖဲြ႔တို႔ ဒီေန႔ ၾသဂုတ္လ ၂၄ ရက္ေန႔မွာ တိုက္ပြဲျဖစ္ပြားတဲ့ေနရာကေန လက္နက္ၾကီး၊ လက္နက္ငယ္ ပစ္ခတ္သံေတြကို တႏိုင္းၿမိဳ႕ေပၚကပါ ၾကားရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ တိုက္ပဲြျဖစ္ပြားတဲ့ေနရာဟာ တႏိုင္းၿမိဳ႔နယ္ နမ့္ဗ်ဴေက်းရြာအနီးေလာက္မွာ ျဖစ္ႏိုင္ေၾကာင္း ၿမိဳ႕ခံတေယာက္က VOA ကို အခုလို ေျပာပါတယ္။

“ဒီဘက္မွာ အသံေတာ့ ၾကားေနရတယ္။ နမ့္ဗ်ဴ။ နမ့္ဗ်ဴ၊ နမ့္ခမ္ ေပါ့ေနာ။ အဲဒီျခမ္းျဖစ္ႏိုင္တယ္။ ေနရာအတိအက်ေတာ့ မသိႏိုင္ဘူး။ အသံေတာ့ၾကားရတယ္။ ေတာင္ယာကေနလည္း လက္နက္ၾကီးေရာ၊ လက္နက္ငယ္ေရာၾကားရတယ္။ ေတာင္ယာကေန။ ဒီမနက္ ၇နာရီကေန ၾကားရတာ၊ ၁၂နာရီထိ ေတာင္မွ ၾကားတယ္လို႔ ေျပာတယ္။”

တႏိုင္းဘက္က တိုက္ပြဲေတြနဲ႔ ပတ္သက္ၿပီး KIA ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗုိလ္မႈးၾကီးေနာ္ဘူက အခုလို ေျပာပါတယ္။

“ ဒီမနက္ အေစာၾကီးေပါ့ေနာ္။ ၇ နာရီ ၀န္းက်င္ေလာက္မွာ တိုက္ပဲြျဖစ္တယ္ဆိုတဲ့ သတင္းကေတာ့ တက္ပါတယ္။ အဲဒါကေတာ့ မေန႔ကလည္း ဒီတုိက္ပဲြျဖစ္တဲ့ေနရာမွာ ျဖစ္ပါတယ္။ တႏိုင္းဘက္က အရင္ကေတာ့ က်ေနာ္တုိ႔ရဲ့ တပ္ရင္း ၁၄နယ္ေျမျဖစ္ပါတယ္။ မေန႔ကလည္း ထိေတြ႔ရင္ဆိုင္တိုက္ပဲြျဖစ္တယ္။ ဒီမနက္လည္း ျပန္ျဖစ္တယ္ဆိုတာ သတင္းေလာက္ပဲ ရပါတယ္။ က်ေနာ္တို႔ တပ္ပိုင္းက တက္လာတဲ့သတင္းေတြကေတာ့ ဘာမွ မရေသးဘူးခင္ဗ်။ နမ့္ခမ္၊ နမ့္ဗ်ဴ အဲဒီဘက္မွာ။ အင္ဂါဂါးကေနၿပီးေတာ့ နည္းနည္းတက္ရမွာ၊ အထက္ပိုင္းက်မွာ။”

ဒီတိုက္ပဲြေတြနဲ႔ ပါတ္သက္လို႔ စစ္ေကာင္စီဘက္က တစံုတရာ ထုတ္ျပန္တာ မ႐ွိေသးပါဘူး။

KNG ေခၚ ကခ်င္သတင္းဌာနကေတာ့ ဒီလ ၂၁ ရက္ေန႔ကလည္း နမ့္ခမ္ေက်းရြာအနီးမွာ တိုက္ပဲြ ၂ ၾကိမ္ျဖစ္ပြားခဲ့ေၾကာင္းနဲ႔ ၂၁ ရက္ေန႔ စစ္ေကာင္စီတပ္ရဲ့ စစ္ေၾကာင္းကို KIA က ၾကားျဖတ္တိုက္ခိုက္တာေၾကာင့္ ထိခိုက္မႈ မ်ားျပားေၾကာင္းလည္း ေဖာ္ျပထားေပမဲ့ ဗိုလ္မႈးၾကီးေနာ္ဘူကေတာ့ ေအာက္ေျခတပ္ေတြရဲ့ သတင္း အတိအက်မရေသးဘူးလုိ႔ ေျပာပါတယ္။

၂၁ ရက္ေန႔က ဖားကန္႔ၿမိဳ႔နယ္ လ၀ါးရြာအနီးမွာလည္း စစ္ေကာင္စီတပ္အတြက္ ရိကၡာသယ္ေဆာင္လာတဲ့ အရပ္သားေမာ္ေတာ္ယာဥ္တစ္စီးကို KIA က သတင္းရတာေၾကာင့္ ၾကားျဖတ္ဖမ္းဆီးၿပီး မီးရိႈခဲ့တာကိုေတာ့ ကာမိုင္းေဒသခံ တစ္ဦးက ေျပာျပပါတယ္။

“ လိုင္းကားေလ မွန္လံုကားၾကီး။ Express ကားၾကီး။ တပ္ရိကၡာတင္တဲ့ကားတဲ့။ ျဖစ္စဥ္က သတင္းၾကားေတာ့ ရပ္ခုိင္းၿပီးမွ လမ္းၾကားဘက္ကို ေမာင္းခိုင္းလုိက္ၿပီးမွ ေခ်ာင္းေဘးနားမွာ ရႈိ႔ေပးလိုက္တယ္လို႔ ၾကားတယ္။ လူ ထိခိုက္မႈေတြေတာ့ မရိွဘူးလို႔ ေျပာတယ္။ ”

ဒါနဲ႔ပါတ္သက္လို႔လည္း ဗုိလ္မႈးၾကီးေနာ္ဘူက သတင္းမရေသးဘူးလို႔ ေျပာပါတယ္။

ကခ်င္ျပည္နယ္ထဲက ဖားကန္႔ၿမိဳ႔နယ္အတြင္းမွာေတာ့ အင္တာနက္လိုင္းေတြ ဒီလ ၂၀ရက္ေန႔တည္းက ျဖတ္ေတာက္ခံထားပါတယ္။ ျမန္မာ့ဆက္သြယ္ေရး MPT ရဲ႕ ဖုန္းလိုင္းေတြလည္း ျပတ္ေတာက္ေနတဲ့အတြက္ အခက္အခဲတခ်ဳိ႕ ႀကံဳေနတယ္လို႔ ဖားကန္႔ေဒသခံတဦးက ေျပာပါတယ္။

“ ဟုတ္တယ္ အကုန္လံုးျဖတ္ထားတယ္။ ဖုန္းေတာ့ အဆင္ေျပေသးတယ္။ MPT ေတာ့ သိပ္အဆင္မေျပေတာ့ဘူး။ ဖုန္း Bill ျဖည့္လို႔ မရတာမ်ိဳးတို႔ ဘာတို႔ ျဖစ္တာေပါ့။ Telenor ေတြ ရတယ္။”

ကခ်င္ျပည္နယ္အတြင္းမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ မတ္လထဲမွာ တိုက္ပဲြေတြ ျပန္လည္စတင္ခဲ့ၿပီး စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပဲြေတြဟာ စစ္ကိုင္းတိုင္း ဘက္အထိပါ က်ယ္ျပန္႔လာေနပါတယ္။

ေလာေလာဆည္မွာေတာ့ စစ္ေကာင္စီဘက္က တပ္အင္အားတိုးျမွင့္ ပို႔ေဆာင္တာေတြ ရိွေနတာေၾကာင့္ ပြင့္လင္းရာသီမွာ တိုက္ပဲြေတြ ပိုျပင္းထန္လာႏိုင္ေၾကာင္း သံုးသပ္တာေတြ ရိွေနပါတယ္။

..........................................................................................


ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွား

(Unicode)

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အဖွဲ့ကြား ဒီကနေ့ မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဖားကန့်မြို့နယ်ထဲမှာလည်း KIA က တပ်ရိက္ခာ တင်ယာဉ်ကို ခုရက်ပိုင်းအတွင်း မီးရှိုဖျက်ဆီးခဲ့ပါတယ်။ KIA နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေချိန် ကချင်ပြည်နယ်တွင်းမှာ အင်တာနက်လိုင်း ပြတ်တောက်မှုတွေလည်း ဖြစ်နေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ကချင်ပြည်နယ်က အခြေအနေကို ကိုသိန်းထိုက်ဦးက က ပြောပြပါမယ်။

တနိုင်းမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA အဖွဲ့တို့ ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကို တနိုင်းမြို့ပေါ်ကပါ ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တနိုင်းမြို့နယ် နမ့်ဗျူကျေးရွာအနီးလောက်မှာ ဖြစ်နိုင်ကြောင်း မြို့ခံတယောက်က VOA ကို အခုလို ပြောပါတယ်။

“ဒီဘက်မှာ အသံတော့ ကြားနေရတယ်။ နမ့်ဗျူ။ နမ့်ဗျူ၊ နမ့်ခမ် ပေါ့နော။ အဲဒီခြမ်းဖြစ်နိုင်တယ်။ နေရာအတိအကျတော့ မသိနိုင်ဘူး။ အသံတော့ကြားရတယ်။ တောင်ယာကနေလည်း လက်နက်ကြီးရော၊ လက်နက်ငယ်ရောကြားရတယ်။ တောင်ယာကနေ။ ဒီမနက် ၇နာရီကနေ ကြားရတာ၊ ၁၂နာရီထိ တောင်မှ ကြားတယ်လို့ ပြောတယ်။”

တနိုင်းဘက်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ ဒီမနက် အစောကြီးပေါ့နော်။ ၇ နာရီ ဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းကတော့ တက်ပါတယ်။ အဲဒါကတော့ မနေ့ကလည်း ဒီတိုက်ပွဲဖြစ်တဲ့နေရာမှာ ဖြစ်ပါတယ်။ တနိုင်းဘက်က အရင်ကတော့ ကျနော်တို့ရဲ့ တပ်ရင်း ၁၄နယ်မြေဖြစ်ပါတယ်။ မနေ့ကလည်း ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ ဒီမနက်လည်း ပြန်ဖြစ်တယ်ဆိုတာ သတင်းလောက်ပဲ ရပါတယ်။ ကျနော်တို့ တပ်ပိုင်းက တက်လာတဲ့သတင်းတွေကတော့ ဘာမှ မရသေးဘူးခင်ဗျ။ နမ့်ခမ်၊ နမ့်ဗျူ အဲဒီဘက်မှာ။ အင်ဂါဂါးကနေပြီးတော့ နည်းနည်းတက်ရမှာ၊ အထက်ပိုင်းကျမှာ။”

ဒီတိုက်ပွဲတွေနဲ့ ပါတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

KNG ခေါ် ကချင်သတင်းဌာနကတော့ ဒီလ ၂၁ ရက်နေ့ကလည်း နမ့်ခမ်ကျေးရွာအနီးမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်းနဲ့ ၂၁ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်တာကြောင့် ထိခိုက်မှု များပြားကြောင်းလည်း ဖော်ပြထားပေမဲ့ ဗိုလ်မှုးကြီးနော်ဘူကတော့ အောက်ခြေတပ်တွေရဲ့ သတင်း အတိအကျမရသေးဘူးလို့ ပြောပါတယ်။

၂၁ ရက်နေ့က ဖားကန့်မြို့နယ် လဝါးရွာအနီးမှာလည်း စစ်ကောင်စီတပ်အတွက် ရိက္ခာသယ်ဆောင်လာတဲ့ အရပ်သားမော်တော်ယာဉ်တစ်စီးကို KIA က သတင်းရတာကြောင့် ကြားဖြတ်ဖမ်းဆီးပြီး မီးရှိုခဲ့တာကိုတော့ ကာမိုင်းဒေသခံ တစ်ဦးက ပြောပြပါတယ်။

“ လိုင်းကားလေ မှန်လုံကားကြီး။ Express ကားကြီး။ တပ်ရိက္ခာတင်တဲ့ကားတဲ့။ ဖြစ်စဉ်က သတင်းကြားတော့ ရပ်ခိုင်းပြီးမှ လမ်းကြားဘက်ကို မောင်းခိုင်းလိုက်ပြီးမှ ချောင်းဘေးနားမှာ ရှို့ပေးလိုက်တယ်လို့ ကြားတယ်။ လူ ထိခိုက်မှုတွေတော့ မရှိဘူးလို့ ပြောတယ်။ ”

ဒါနဲ့ပါတ်သက်လို့လည်း ဗိုလ်မှုးကြီးနော်ဘူက သတင်းမရသေးဘူးလို့ ပြောပါတယ်။

ကချင်ပြည်နယ်ထဲက ဖားကန့်မြို့နယ်အတွင်းမှာတော့ အင်တာနက်လိုင်းတွေ ဒီလ ၂၀ရက်နေ့တည်းက ဖြတ်တောက်ခံထားပါတယ်။ မြန်မာ့ဆက်သွယ်ရေး MPT ရဲ့ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတဲ့အတွက် အခက်အခဲတချို့ ကြုံနေတယ်လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

“ ဟုတ်တယ် အကုန်လုံးဖြတ်ထားတယ်။ ဖုန်းတော့ အဆင်ပြေသေးတယ်။ MPT တော့ သိပ်အဆင်မပြေတော့ဘူး။ ဖုန်း Bill ဖြည့်လို့ မရတာမျိုးတို့ ဘာတို့ ဖြစ်တာပေါ့။ Telenor တွေ ရတယ်။”

ကချင်ပြည်နယ်အတွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် မတ်လထဲမှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေဟာ စစ်ကိုင်းတိုင်း ဘက်အထိပါ ကျယ်ပြန့်လာနေပါတယ်။

လောလောဆည်မှာတော့ စစ်ကောင်စီဘက်က တပ်အင်အားတိုးမြှင့် ပို့ဆောင်တာတွေ ရှိနေတာကြောင့် ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG