Zawgyi/ Unicode
ယူကရိန္းအေပၚ က်ဴးေက်ာ္မႈကိုဆန္႔က်င္တဲ႔ ရုရွားသံတမန္ ရာထူးကႏႈတ္ထြက္
လြန္ခဲ့တဲ့ ၃ လက ႐ုရွားသမၼတ Vladimir Putin ရဲ႕ ယူကရိန္းကို ဝင္ေရာက္က်ဴးေက်ာ္မႈဟာ သိပ္ကိုရွက္ဖို႔ ေကာင္းတယ္လို႔ ေျပာၿပီး ဂ်နီဗာ ကုလသမဂၢရံုးက ဝါရင့္႐ုရွားသံတမန္တဦးျဖစ္တဲ့ Boris Bondarev က တနလၤာေန႔မွာ ႏႈတ္ထြက္စာ တင္လိုက္ပါတယ္။
ဒီလို လုပ္ရပ္မ်ိဳးရွားေပမယ့္ ဒါဟာ ႐ုရွားသံတမန္ေတြၾကား အခုလို ဆန္႔က်င္ဆႏၵျပမႈမ်ိဳး ကေတာ့ မၾကံဳစဖူးျဖစ္ရပ္မဟုတ္ပါဘူး။ အသက္ ၄၁ ႏွစ္အရြယ္ Bondarev က သံအမတ္ႀကီး Gennady Gatilov ကို လိပ္မူၿပီး ႏႈတ္ထြက္စာတင္ခဲ့တဲ့ေနာက္ ႐ုရွားရဲ႕ စစ္ဆင္ႏႊဲမႈကို ပစ္ပစ္ခါခါ ေဝဖန္ရႈတ္ခ် လိုက္တာပါ။
သမၼတ Putin ရဲ႕ ယူကရိန္းအေပၚဆင္ႏႊဲတဲ့ ရန္လိုတဲ့ စစ္ပြဲဟာ တကယ္ေတာ့ အေနာက္ကမာၻတခြင္လံုးကိုပါ စစ္ဆင္ႏႊဲတာ ျဖစ္ၿပီး ဒါဟာ ယူကရိန္းျပည္သူေတြအေပၚ ရာဇဝတ္မႈ က်ဴးလြန္တာ တခုထဲ မဟုတ္ပဲ လြတ္လပ္တဲ့လူမႈအသိုင္းဝိုင္းနဲ႔ ႐ုရွားႏိုင္ငံျဖစ္လာဖို႔ ေမွ်ာ္လင့္ ေစာင့္စားေနၾကတဲ့ ျပည္သူေတြကိုလည္း ေမွ်ာ္လင့္ခ်က္ေတြ ပ်က္ေအာင္ စစ္ပြဲေထာက္ခံတဲ့ အထိန္းမွတ္ Z သံုးၿပီး ရာဇဝတ္မႈ က်ဴးလြန္တာက အဆိုးဝါးဆံုးျဖစ္ဖို႔ မ်ားတယ္လို႔လည္း Bondarev က ေျပာပါတယ္။
ဂ်နီဗာမွာ လက္နက္ဖ်က္သိမ္းေရးဆိုင္ရာ ကိစၥရပ္ေတြကို ကိုင္တြယ္ေနတဲ့ Bondarev က အခုစစ္ပြဲဆင္ႏႊဲေနသူေတြဟာ သူတို႔အာဏာတည္ၿမဲၿပီး ခန္းခန္းနားနားေနႏိုင္ဖို႔၊ ႐ုရွားေရတပ္တခုလံုးရဲ႕ ကုန္က်စားရိတ္ေလာက္ တန္ေက်းရွိတဲ့ ဇိမ္ခံရြက္သေဘၤာႀကီးေတြစီးၿပီး၊ ျပစ္ဒဏ္ကင္းလြတ္ခြင့္နဲ႔ အာဏာအျပည့္ရေနတာကို သေဘာာေတြ႕ေနၾကတယ္လို႔လည္း ေျပာပါတယ္။ ဒီ့အတြက္ သူတို႔ဟာ လူ႔အသက္ေပါင္းမ်ားစြာကို စေတးဖို႔ ဝန္မေလးတဲ့အတြက္ ခုဆို ေထာင္နဲ႔ခ်ီတဲ့ ႐ုရွားေတြနဲ႔ ယူကရိန္းေတြ ေသဆံုးခဲ့ရၿပီလို႔လည္း ေျပာပါတယ္။
ကေမာၻဒီးယား နဲ႔ မြန္ဂိုလီးယား အပါအဝင္ ႏိုင္ငံေပါင္းမ်ားစြာမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ သူ႔ရဲ႕ သံတမန္သက္တမ္း ၂၀ အတြင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ အလိမ္အညာေတြနဲ႔ သံတမန္ေရးကၽြမ္းက်င္သူ မပီသမႈေတြဟာ တေန႔တျခား ပိုဆိုးလာေနတယ္လို႔လည္း ေျပာၾကားလိုက္ၿပီး ဒါကို လက္ေတြ႕ဥပမာအျဖစ္ လက္ရွိႏိုင္ငံျခားေရးဝန္ႀကီး Sergey Lavrov ကိုေတြ႕ ႏိုင္တယ္လို႔ ေျပာပါတယ္။
#
ယူကရိန်းအပေါ် ကျူးကျော်မှုကိုဆန့်ကျင်တဲ့ ရုရှားသံတမန် ရာထူးကနှုတ်ထွက်
လွန်ခဲ့တဲ့ ၃ လက ရုရှားသမ္မတ Vladimir Putin ရဲ့ ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုဟာ သိပ်ကိုရှက်ဖို့ ကောင်းတယ်လို့ ပြောပြီး ဂျနီဗာ ကုလသမဂ္ဂရုံးက ဝါရင့်ရုရှားသံတမန်တဦးဖြစ်တဲ့ Boris Bondarev က တနင်္လာနေ့မှာ နှုတ်ထွက်စာ တင်လိုက်ပါတယ်။
ဒီလို လုပ်ရပ်မျိုးရှားပေမယ့် ဒါဟာ ရုရှားသံတမန်တွေကြား အခုလို ဆန့်ကျင်ဆန္ဒပြမှုမျိုး ကတော့ မကြုံစဖူးဖြစ်ရပ်မဟုတ်ပါဘူး။ အသက် ၄၁ နှစ်အရွယ် Bondarev က သံအမတ်ကြီး Gennady Gatilov ကို လိပ်မူပြီး နှုတ်ထွက်စာတင်ခဲ့တဲ့နောက် ရုရှားရဲ့ စစ်ဆင်နွှဲမှုကို ပစ်ပစ်ခါခါ ဝေဖန်ရှုတ်ချ လိုက်တာပါ။
သမ္မတ Putin ရဲ့ ယူကရိန်းအပေါ်ဆင်နွှဲတဲ့ ရန်လိုတဲ့ စစ်ပွဲဟာ တကယ်တော့ အနောက်ကမ္ဘာတခွင်လုံးကိုပါ စစ်ဆင်နွှဲတာ ဖြစ်ပြီး ဒါဟာ ယူကရိန်းပြည်သူတွေအပေါ် ရာဇဝတ်မှု ကျူးလွန်တာ တခုထဲ မဟုတ်ပဲ လွတ်လပ်တဲ့လူမှုအသိုင်းဝိုင်းနဲ့ ရုရှားနိုင်ငံဖြစ်လာဖို့ မျှော်လင့် စောင့်စားနေကြတဲ့ ပြည်သူတွေကိုလည်း မျှော်လင့်ချက်တွေ ပျက်အောင် စစ်ပွဲထောက်ခံတဲ့ အထိန်းမှတ် Z သုံးပြီး ရာဇဝတ်မှု ကျူးလွန်တာက အဆိုးဝါးဆုံးဖြစ်ဖို့ များတယ်လို့လည်း Bondarev က ပြောပါတယ်။
ဂျနီဗာမှာ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်နေတဲ့ Bondarev က အခုစစ်ပွဲဆင်နွှဲနေသူတွေဟာ သူတို့အာဏာတည်မြဲပြီး ခန်းခန်းနားနားနေနိုင်ဖို့၊ ရုရှားရေတပ်တခုလုံးရဲ့ ကုန်ကျစားရိတ်လောက် တန်ကျေးရှိတဲ့ ဇိမ်ခံရွက်သင်္ဘောကြီးတွေစီးပြီး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ အာဏာအပြည့်ရနေတာကို သဘောာတွေ့နေကြတယ်လို့လည်း ပြောပါတယ်။ ဒီ့အတွက် သူတို့ဟာ လူ့အသက်ပေါင်းများစွာကို စတေးဖို့ ဝန်မလေးတဲ့အတွက် ခုဆို ထောင်နဲ့ချီတဲ့ ရုရှားတွေနဲ့ ယူကရိန်းတွေ သေဆုံးခဲ့ရပြီလို့လည်း ပြောပါတယ်။
ကမ္ဘောဒီးယား နဲ့ မွန်ဂိုလီးယား အပါအဝင် နိုင်ငံပေါင်းများစွာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ရဲ့ သံတမန်သက်တမ်း ၂၀ အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အလိမ်အညာတွေနဲ့ သံတမန်ရေးကျွမ်းကျင်သူ မပီသမှုတွေဟာ တနေ့တခြား ပိုဆိုးလာနေတယ်လို့လည်း ပြောကြားလိုက်ပြီး ဒါကို လက်တွေ့ဥပမာအဖြစ် လက်ရှိနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကိုတွေ့ နိုင်တယ်လို့ ပြောပါတယ်။