Zawgyi/Unicode
ယူကရိန္းကို ၿဗိတိန္ ဒံုးက်ည္ေထာက္ပံ့မည္
ၿဗိတိန္က ယူကရိန္းကုိ အေရအတြက္ေဖၚျပထားျခင္းမရွိတဲ့ မစ္ဇုိင္းဒုံး လက္နက္ေတြေပးအပ္သြားမွာျဖစ္ၿပီး ဒီဒုံးလက္ႏွက္ေတြကုိကုိင္တြယ္ပစ္ခတ္ႏုိင္ဖုိ့ ယူကရိန္းတပ္ဖဲြ႔ေတြကုိ လာမယ့္အပတ္အတြင္း ၿဗိတိန္ႏုိင္ငံမွာေခၚယူသင္တန္းေပးသြားမွာျဖစ္ေၾကာင္း ၿဗိတိန္ကာကြယ္ေရး၀န္ႀကီးက တနလၤာေန႔မွာထုတ္ေဖၚေၾကျငာပါတယ္။
ၿဗိတိန္ကေပးအပ္မယ့္လက္နက္ဟာ ကီလုိမီတာ ၈၀ ေလာက္အေဝးကုိ အဆက္မျပတ္ ပစ္ခတ္ႏုိင္တဲ့ M270 MLRS မစ္ဇုိင္းစနစ္ျဖစ္ပါတယ္။ GPS နဲ႔ပစ္မွတ္ကုိခ်ိန္ရြယ္ပစ္ခတ္ႏိုင္တဲ့ ဒီဒုံးလက္နက္ဟာ တမိနစ္ကုိ ၁၂ စင္းပစ္လႊတ္ႏုိင္ပါတယ္။
ဒီစစ္ပဲြမွာ ၿဗိတိန္ဟာ ယူကရိန္းဘက္ရပ္တည္ၿပီး ယူကရိန္းေတြ သူတုိ့ႏုိင္ငံကုိခုခံကာကြယ္ႏုိင္ဖုိ႔ အဓိကလုိအပ္တဲ့လက္နက္ေတြကုိ ဦးေဆာင္ကူညီေထာက္ပံ့ေပးေနတဲ့ ႏုိင္ငံျဖစ္တယ္လုိ႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးခ်ဳပ္ Ben Vallace က တနလၤာေန႔မွာ ထုတ္ျပန္တဲ့သူရဲ့ေၾကညာခ်က္မွာေဖၚျပထားပါတယ္။
ဒီလုိလက္နက္ေတြ ယူကရိန္းကုိေပးအပ္ျခင္းအားျဖင့္ ရုရွားတပ္ေတြက ဒံုးက်ည္ေတြနဲ့ေနရာမေရြးပစ္ခတ္တုိက္ခုိက္ေနတာေတြကပုိမုိုိ ခုခံကာကြယ္ႏုိင္မွာျဖစ္တယ္လုိ႔လည္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးကေျပာပါတယ္။
ယူကရိန္းကလည္း ဒီလုိလက္နက္မ်ိဳးေတြကုိအႀကိမ္ႀကိမ္ေတာင္းဆုိေနခဲ့ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ ထဲတုန္းကလည္း အလားတူ M142 HIMARS ဒံုးက်ည္ေတြကုိအေမရိကန္ကေပးအပ္ဖုိ႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ၿဗိတိန္ကလည္းအခုလုိေပးအပ္လုိက္တာပါ။
##
Unicode
ယူကရိန်းကို ဗြိတိန် ဒုံးကျည်ထောက်ပံ့မည်
ဗြိတိန်က ယူကရိန်းကို အရေအတွက်ဖေါ်ပြထားခြင်းမရှိတဲ့ မစ်ဇိုင်းဒုံး လက်နက်တွေပေးအပ်သွားမှာဖြစ်ပြီး ဒီဒုံးလက်နှက်တွေကိုကိုင်တွယ်ပစ်ခတ်နိုင်ဖို့ ယူကရိန်းတပ်ဖွဲ့တွေကို လာမယ့်အပတ်အတွင်း ဗြိတိန်နိုင်ငံမှာခေါ်ယူသင်တန်းပေးသွားမှာဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက တနင်္လာနေ့မှာထုတ်ဖေါ်ကြေငြာပါတယ်။
ဗြိတိန်ကပေးအပ်မယ့်လက်နက်ဟာ ကီလိုမီတာ ၈၀ လောက်အဝေးကို အဆက်မပြတ် ပစ်ခတ်နိုင်တဲ့ M270 MLRS မစ်ဇိုင်းစနစ်ဖြစ်ပါတယ်။ GPS နဲ့ပစ်မှတ်ကိုချိန်ရွယ်ပစ်ခတ်နိုင်တဲ့ ဒီဒုံးလက်နက်ဟာ တမိနစ်ကို ၁၂ စင်းပစ်လွှတ်နိုင်ပါတယ်။
ဒီစစ်ပွဲမှာ ဗြိတိန်ဟာ ယူကရိန်းဘက်ရပ်တည်ပြီး ယူကရိန်းတွေ သူတို့နိုင်ငံကိုခုခံကာကွယ်နိုင်ဖို့ အဓိကလိုအပ်တဲ့လက်နက်တွေကို ဦးဆောင်ကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးချုပ် Ben Vallace က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့သူရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။
ဒီလိုလက်နက်တွေ ယူကရိန်းကိုပေးအပ်ခြင်းအားဖြင့် ရုရှားတပ်တွေက ဒုံးကျည်တွေနဲ့နေရာမရွေးပစ်ခတ်တိုက်ခိုက်နေတာတွေကပိုမိို ခုခံကာကွယ်နိုင်မှာဖြစ်တယ်လို့လည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
ယူကရိန်းကလည်း ဒီလိုလက်နက်မျိုးတွေကိုအကြိမ်ကြိမ်တောင်းဆိုနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ထဲတုန်းကလည်း အလားတူ M142 HIMARS ဒုံးကျည်တွေကိုအမေရိကန်ကပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ဗြိတိန်ကလည်းအခုလိုပေးအပ်လိုက်တာပါ။