သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ရဲ႕အခ်က္အလက္ မရရွိလို႔ ကိုဗစ္ဇစ္ျမစ္ မေဖၚထုတ္ႏိုင္ (WHO)


ကိုဗစ္ေရာဂါပိုး စတင္ျဖစ္ပြားခဲ့တယ္လို႔ ေျပာဆိုေနၾကတဲ့ ဝူဟန္ေဒသ

[[ ZAWGYI / UNICODE ]]

တ႐ုတ္ရဲ႕အခ်က္အလက္ မရရွိလို႔ ကိုဗစ္ဇစ္ျမစ္ မေဖၚထုတ္ႏိုင္ (WHO)

ကိုဗစ္ကပ္ေရာဂါ ရဲ႕ မူလဇစ္ျမစ္ကို ေနာက္ဆုံးအေနနဲ႔ စုံစမ္းစစ္ေဆးမႈေတြ ခိုင္လုံမႈမရွိႏိုင္တာဟာ တရုတ္ႏိုင္ငံဖက္က အခ်က္အလက္ေတြ ေပ်ာက္ဆုံးကုန္တာက အဓိက အေၾကာင္းအရာျဖစ္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က ၾကာသပေတးေန႔က ေျပာပါတယ္။

အဲဒီလိုျဖစ္သြားတာဟာ WHO ရဲ႕ ႏွစ္ေတြနဲ႔ခ်ီ ႀကိဳးစားအားထုတ္မႈေတြကို ေနာက္ထပ္ ထိုးႏွက္ခံရသလို ျဖစ္သြားတယ္လို႔လည္း ေျပာပါတယ္။ WHO ကြ်မ္းက်င္သူေတြရဲ႕ အစီခံခ်က္အရ ကိုဗစ္ကပ္ေရာဂါဟာ လင္းႏို႔ ငွက္ေတြ ဒါမွမဟုတ္ တိရစာၦန္ေတြကေန တဆင့္ ကူးစက္လာႏိုင္ဖြယ္ေၾကာင္း အခ်က္အလက္ေတြက ညႊန္ျပေနေၾကာင္း ေဖာ္ျပထားပါတယ္။

အရင္ ၂ဝ၂၁ ခုႏွစ္ကလည္း WHO အေနနဲ႔ တရုတ္ျပည္ကို သြားေရာက္ခဲ့ၿပီးတဲ့ေနာက္ အလားတူ ပုံစံမ်ဳိး ေကာက္ခ်က္ခ်ခဲ့ပါတယ္။ ၂ဝ၁၉ ဒီဇင္ဘာလက ကိုဗစ္ကပ္ေရာဂါ ပထမဦးဆုံးအႀကိမ္ ေတြ႔ရွိခဲ့တဲ့ တရုတ္ႏိုင္ငံကေန အခ်က္အလက္ေတြ ေပ်ာက္ဆုံးကုန္ေပမယ့္ ဗိုင္းရပ္ပိုးဟာ လူကို ဘယ္လိုကူးစက္တယ္ဆိုတာ တိတိက်က် ေဖာ္ထုတ္ႏိုင္ဖို႔ေတာ့ မျဖစ္ႏိုင္ခဲ့ပါဘူး။

WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros A Ghebreyesus က ေဖေဖာ္ဝါရီလထဲမွာ တရုတ္အစိုးရဆီကို ၂ ႀကိမ္စာေရးၿပီး ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ အခ်က္အလက္ေတြ ပိုမိုရွာေဖြဖို႔ စာေရးေတာင္းဆိုခဲ့ပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ အနည္းဆုံး လူေပါင္း ၆ သန္း ေသဆုံးခဲ့တယ္လို႔ Johns Hopkins တကၠသိုလ္က ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ကုိဗစ္ကူးစက္မႈအစကို ရွာေဖြတာဟာ ႏိုင္ငံေရးျဖစ္လာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============================

{{ UNICODE }}

တရုတ်ရဲ့အချက်အလက် မရရှိလို့ ကိုဗစ်ဇစ်မြစ် မဖေါ်ထုတ်နိုင် (WHO)

ကိုဗစ်ကပ်ရောဂါ ရဲ့ မူလဇစ်မြစ်ကို နောက်ဆုံးအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ခိုင်လုံမှုမရှိနိုင်တာဟာ တရုတ်နိုင်ငံဖက်က အချက်အလက်တွေ ပျောက်ဆုံးကုန်တာက အဓိက အကြောင်းအရာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြာသပတေးနေ့က ပြောပါတယ်။

အဲဒီလိုဖြစ်သွားတာဟာ WHO ရဲ့ နှစ်တွေနဲ့ချီ ကြိုးစားအားထုတ်မှုတွေကို နောက်ထပ် ထိုးနှက်ခံရသလို ဖြစ်သွားတယ်လို့လည်း ပြောပါတယ်။ WHO ကျွမ်းကျင်သူတွေရဲ့ အစီခံချက်အရ ကိုဗစ်ကပ်ရောဂါဟာ လင်းနို့ ငှက်တွေ ဒါမှမဟုတ် တိရစ္ဆာန်တွေကနေ တဆင့် ကူးစက်လာနိုင်ဖွယ်ကြောင်း အချက်အလက်တွေက ညွှန်ပြနေကြောင်း ဖော်ပြထားပါတယ်။

အရင် ၂ဝ၂၁ ခုနှစ်ကလည်း WHO အနေနဲ့ တရုတ်ပြည်ကို သွားရောက်ခဲ့ပြီးတဲ့နောက် အလားတူ ပုံစံမျိုး ကောက်ချက်ချခဲ့ပါတယ်။ ၂ဝ၁၉ ဒီဇင်ဘာလက ကိုဗစ်ကပ်ရောဂါ ပထမဦးဆုံးအကြိမ် တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံကနေ အချက်အလက်တွေ ပျောက်ဆုံးကုန်ပေမယ့် ဗိုင်းရပ်ပိုးဟာ လူကို ဘယ်လိုကူးစက်တယ်ဆိုတာ တိတိကျကျ ဖော်ထုတ်နိုင်ဖို့တော့ မဖြစ်နိုင်ခဲ့ပါဘူး။

WHO ညွှန်ကြားရေးမှူးချုပ် Tedros A Ghebreyesus က ဖေဖော်ဝါရီလထဲမှာ တရုတ်အစိုးရဆီကို ၂ ကြိမ်စာရေးပြီး ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်လို့ အချက်အလက်တွေ ပိုမိုရှာဖွေဖို့ စာရေးတောင်းဆိုခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် အနည်းဆုံး လူပေါင်း ၆ သန်း သေဆုံးခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ကူးစက်မှုအစကို ရှာဖွေတာဟာ နိုင်ငံရေးဖြစ်လာပါတယ်။

XS
SM
MD
LG