သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား သိမ္းပိုက္ထားတဲ့ ယူကရိန္းဆိပ္ကမ္းၿမိဳ႕မွာ ကာလ၀မ္းေရာဂါ အႏၲရာယ္နဲ႔ၾကံဳ


TIMELINE - Russia's invasion of Ukraine enters 100th day

[[ ZAWGYI / UNICODE ]]

႐ုရွား သိမ္းပိုက္ထားတဲ့ ယူကရိန္းဆိပ္ကမ္းၿမိဳ႕မွာ ကာလ၀မ္းေရာဂါ အႏၲရာယ္နဲ႔ၾကံဳ

႐ုရွားသိမ္းပိုက္ထားတဲ့ Mariupol ၿမိဳ႕မွာ ကာလဝမ္းေရာဂါ ကူးစက္မႈအႏၲရာယ္ ၾကံဳေနရေၾကာင္း ယူကရိန္းနဲ႔ ႏိုင္ငံတကာ အစိုးရ တာဝန္ရွိသူေတြ သတိေပးလိုက္ပါတယ္။

႐ုရွားက သိမ္းပိုက္ထားတဲ့ နယ္ေျမေတြမွာ မိလႅာ၊ သန႔္ရွင္းတဲ့ ေသာက္သုံးေရနဲ႔ ေဆးဝါးအပါအဝင္ အေျခခံ ဝန္ေဆာင္မႈေတြေပးဖို႔ အခက္အခဲေတြ ရွိေနေၾကာင္း ၿဗိတိန္ေထာက္လွမ္းေရး ေအဂ်င္စီက Twitter လူမႈကြန္ရက္မွာ ေသာၾကာေန႔က ေဖာ္ျပခဲ့တာပါ။

ၿမိဳ႕ထဲမွာ လူတခ်ဳိ႕ ကာလဝမ္းေရာဂါ စတင္ျဖစ္ပြားေနေၾကာင္း သတင္းေတြ ထြက္ေပၚေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ၿမိဳ႕ေတာ္ဝန္ရဲ႕ လက္ေထာက္ျဖစ္တဲ့ Petro Andryushchenko ကလည္း Mariupol ၿမိဳ႕မွာ လူသားခ်င္းစာနာမႈ အေျခအေနေတြ ေန႔စဥ္နဲ႔အမွ် ဆိုးဝါးလာေနတယ္လို႔ ဒီသီတင္းပတ္ အေစာပိုင္းမွာပဲ ေျပာခဲ့ပါတယ္။

ေသာက္သုံးေရကန္ေတြထဲမွာ ပုပ္ပြေနတဲ့ အမိႈက္ေတြ၊ လူေသအေလာင္းေတြနဲ႔ ညစ္ညမ္းေနတာေၾကာင့္ ကာလဝမ္းေရာဂါျဖစ္ပြားမယ့္ အႏၲရာယ္ မ်ားလာေနေၾကာင္း ယူကရိန္း႐ုပ္ျမင္သံၾကားမွာ ေျပာဆိုခဲ့တာပါ။ သူ႔ေျပာၾကားခ်က္အေပၚ အတည္ျပဳႏိုင္ျခင္းမရွိေသးေပမဲ့ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ဥေရာပဆိုင္ရာ ညႊန္ၾကားေရးမွဴး Hans Kluge က ရုရွားသိမ္းပိုက္ထားတဲ့ ေဒသေတြမွာ မိလႅာနဲ႔ ေရျဖန္႔ေ၀တဲ့ အေျခခံအေဆာက္အအုံေတြ ပ်က္စီးကုန္တဲ့အတြက္ေၾကာင့္ ကာလဝမ္းေရာဂါ ျဖစ္ႏိုင္ေခ်ရွိေၾကာင္း သတိေပးခ်က္ကို ၿပီးခဲ့တဲ့လက ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားထားပါတယ္။

ရုရွားတပ္ဖြဲ႔ေတြရဲ႕ သီတင္းပတ္နဲ႔ခ်ီ ဗုံးႀကဲတိုက္ခိုက္မႈေတြေၾကာင့္ Mariupol ၿမိဳ႕ရဲ႕ ၉၀ ရာခိုင္ႏႈန္း ပ်က္စီးခဲ့ေၾကာင္းလည္း ယူကရိန္းအစိုးရ အရာရွိေတြက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်းဆိပ်ကမ်းမြို့မှာ ကာလဝမ်းရောဂါ အန္တရာယ်နဲ့ကြုံ

ရုရှားသိမ်းပိုက်ထားတဲ့ Mariupol မြို့မှာ ကာလဝမ်းရောဂါ ကူးစက်မှုအန္တရာယ် ကြုံနေရကြောင်း ယူကရိန်းနဲ့ နိုင်ငံတကာ အစိုးရ တာဝန်ရှိသူတွေ သတိပေးလိုက်ပါတယ်။

ရုရှားက သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ မိလ္လာ၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ ဆေးဝါးအပါအဝင် အခြေခံ ဝန်ဆောင်မှုတွေပေးဖို့ အခက်အခဲတွေ ရှိနေကြောင်း ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီက Twitter လူမှုကွန်ရက်မှာ သောကြာနေ့က ဖော်ပြခဲ့တာပါ။

မြို့ထဲမှာ လူတချို့ ကာလဝမ်းရောဂါ စတင်ဖြစ်ပွားနေကြောင်း သတင်းတွေ ထွက်ပေါ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ မြို့တော်ဝန်ရဲ့ လက်ထောက်ဖြစ်တဲ့ Petro Andryushchenko ကလည်း Mariupol မြို့မှာ လူသားချင်းစာနာမှု အခြေအနေတွေ နေ့စဉ်နဲ့အမျှ ဆိုးဝါးလာနေတယ်လို့ ဒီသီတင်းပတ် အစောပိုင်းမှာပဲ ပြောခဲ့ပါတယ်။

သောက်သုံးရေကန်တွေထဲမှာ ပုပ်ပွနေတဲ့ အမှိုက်တွေ၊ လူသေအလောင်းတွေနဲ့ ညစ်ညမ်းနေတာကြောင့် ကာလဝမ်းရောဂါဖြစ်ပွားမယ့် အန္တရာယ် များလာနေကြောင်း ယူကရိန်းရုပ်မြင်သံကြားမှာ ပြောဆိုခဲ့တာပါ။ သူ့ပြောကြားချက်အပေါ် အတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဥရောပဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က ရုရှားသိမ်းပိုက်ထားတဲ့ ဒေသတွေမှာ မိလ္လာနဲ့ ရေဖြန့်ဝေတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးကုန်တဲ့အတွက်ကြောင့် ကာလဝမ်းရောဂါ ဖြစ်နိုင်ချေရှိကြောင်း သတိပေးချက်ကို ပြီးခဲ့တဲ့လက ယူကရိန်းနိုင်ငံ Kyiv မြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ သီတင်းပတ်နဲ့ချီ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် Mariupol မြို့ရဲ့ ၉၀ ရာခိုင်နှုန်း ပျက်စီးခဲ့ကြောင်းလည်း ယူကရိန်းအစိုးရ အရာရှိတွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG