သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္ေအာက္ ယိုယြင္းလာတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ


A medical staff makes a three finger salute with a red ribbon on a uniform at the Yangon General Hospital in Yangon on February 3, 2021 as calls for a civil disobedience gather pace following a military coup detaining civilian leader Aung San Suu Kyi. (Ph

[[ ZAWGYI / UNICODE ]]

စစ္ေကာင္စီလက္ေအာက္ ယိုယြင္းလာတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ က်န္းမာေရး ဝန္ထမ္းေတြလည္း ပါဝင္တာေၾကာင့္ ေဆး႐ုံေတြမွာ ဝန္ထမ္းအင္အား နည္းပါးခဲ့တာေတြရဲ႕ အက်ိဳးဆက္က ကိုဗစ္တတိယလႈိင္းမွာ ေတာ္ေတာ္ ခံခဲ့ရပါတယ္။ ကိုဗစ္အႏၲရာယ္ ေအးသြားခ်ိန္ ခုလို အာဏာသိမ္းတာ ၂ ႏွစ္ထဲ ခ်ဥ္းနင္းဝင္ေရာက္ လာခ်ိန္မွာေကာ ျပည္သူ႔ က်န္းမာေရးစနစ္နဲ႔ အစိုးရ ေဆး႐ုံေတြ ဘယ္လို အေျခအေနရွိေနပါသလဲ။ စစ္ေကာင္စီဖက္က ပုံမွန္အတိုင္း လည္ပတ္ႏိုင္ေအာင္ လုပ္ေဆာင္ လာႏိုင္ပါရဲ႕လား။ ရန္ကုန္က တင္ျပလာတဲ့ ျမန္မာျပည္ ျပည္သူ႔က်န္းမာေရးစနစ္ အေျခအေနစုစည္း တင္ျပခ်က္ကို ကိုရဲမြန္က ေျပာျပမွာပါ။


စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း ထိခိုက္မႈေတြ ဆိုးဆိုးဝါးဝါး ႀကဳံလာရတဲ့ ျမန္မာႏိုင္ငံရဲ႕ လုပ္ငန္း အစိတ္အပိုင္းေတြထဲမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းက ထိပ္ဆုံးက ပါပါတယ္။ ခုဆို အာဏာသိမ္းယူခဲ့တာ ၂ ႏွစ္အတြင္း ခ်ဥ္းနင္းဝင္ေရာက္လာေပမယ့္ ျပည္သူ႔က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းဟာ ထင္သေလာက္ လည္ပတ္ႏိုင္တာ မရွိေသးဘူးလို႔ ဆိုပါတယ္။ နယ္ေဒသေတြမွာသာမက ၿမိဳ႕ေပၚမွာေတာင္ က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္သေလာက္ မရႏိုင္ေသးပါဘူး။ စစ္ေကာင္စီ လည္ပတ္ေနတဲ့ က်န္းမာေရးစနစ္နဲ႔ ပတ္သတ္လို႔ ကိုယ္တိုင္ ႀကဳံေနရသူ ရန္ကုန္ၿမိဳ႕ခံတဦးက အခုလို ရင္ဖြင့္လာပါတယ္။

" ကင္ဆာ ကုေနရတာ။ အဆင့္ ၃ ပါ။ ေငြေၾကးလည္း မတတ္ႏိုင္ဘူး။ ျပည္သူ႔ေဆး႐ုံပဲ သြားရတာေပါ့။ ဓါတ္ကင္ဖို႔ ေစာင့္ေနရတာ အရင္ထဲက တင္ထားသူေတြလဲ မ်ားတယ္။ ရန္ကုန္ေဆး႐ုံႀကီးမွာ တင္ထားတာ ၅ လေက်ာ္ၿပီ အလွည့္မေရာက္ေသးဘူး။ ဓါတ္ကင္ရမယ့္ ေန႔က ေက်ာ္ေနၿပီ။ ႐ိုက္ေပးမယ့္ ဝန္ထမ္းမရွိတာ၊ ဓါတ္ကင္ခန္း ပ်က္ေနတာနဲ႔ပဲ ေစာင့္ေနရတာ ေဆးသြင္းတာေတြေတာင္ တေလာေလးကမွ ျပန္လုပ္ေပးႏိုင္တယ္။ ကင္ဆာပိုး ျပန႔္လည္း မတတ္ႏိုင္ဘူးေလ ထိုင္ေစာင့္႐ုံပဲ။ အရင္က အဲေလာက္မၾကာဘူး။ ခုက ပိုဆိုးလာတာ။"

ျမန္မာျပည္သူ သန္း ၅၀ ေက်ာ္ကို က်န္းမာေရးေစာင့္ေရွာက္မႈ အဓိကေပးေနတဲ့ ေဆး႐ုံေတြနဲ႔ ေဆးခန္း ၈၀ ရာခိုင္ႏႈန္းဟာ အစိုးရပိုင္တဲ့ လူထုက်န္းမာေရး စနစ္ေအာက္မွာ ရွိပါတယ္။ စစ္တပ္က အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း ဆႏၵျပပြဲေတြ ျဖစ္ပြားလာခဲ့ၿပီး အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ က်န္းမာေရးဝန္ထမ္းေတြဟာ ျပည္သူ႔ေဆး႐ုံေတြနဲ႔ ကင္းကြာ လာခဲ့ရပါတယ္။ ကင္းကြာလာရတဲ့ အေၾကာင္းအရင္းေတြထဲမွာ အာဏာသိမ္းမႈကို ဆန႔္က်င္ၿပီး ျပည္သူလိုလားတဲ့အစိုးရ တက္မွ ျပန္လုပ္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ကင္းကြာလာခဲ့တာအျပင္ ေနာက္တခ်က္ကေတာ့ စစ္ေကာင္စီက မတရားဖမ္းဆီး အေရးယူ ဖိႏွိပ္တာေတြေၾကာင့္လည္းပါဝင္တယ္လို႔ ဆိုၾကပါတယ္။

ဖမ္းဆီး အေရးယူမႈေတြဟာ ျပင္းထန္လာသလို ျပည္သူေတြ ယုံၾကည္ကိုးစားတဲ့ ဆရာဝန္ႀကီးေတြကိုေတာင္ သူတို႔နဲ႔ မပူးေပါင္းလို႔ဆိုတဲ့ အခ်က္တခ်က္ထဲနဲ႔ေတာင္ ေထာင္ခ်တဲ့အထိ အျပစ္ေပးတာ၊ ဖမ္းဆီးေထာင္ခ် ခံရတာ မရွိေပမယ့္ ေစာင့္ၾကည့္ခံရတဲ့အျပင္ ေဆးကုသခြင့္လက္မွတ္ သိမ္းပစ္လိုက္တာ ၊ CDM လုပ္တဲ့ ဆရာဝန္ ဆရာဝန္မေတြက ျပည္သူ႔က်န္းမာေရးအတြက္ ကိုယ္ထူကိုယ္ထေဆးခန္းေတြ ဖြင့္ ကုတာမွာလည္း ေဆးခန္းပိတ္တဲ့အထိ ဖိအားေပးတာ နယ္လွည့္ကုသဖို႔ ေဆာင္႐ြက္တာေတြရွိရင္လည္း အာဏာဖီဆန္တယ္ဆိုတဲ့ ျပစ္ခ်က္တပ္ကာ ႐ိုက္ႏွက္ဖမ္းဆီး ေထာင္ခ်တာေတြ လုပ္လာခဲ့တာမို႔ ၊ က်န္းမာေရးဝန္ထမ္း အေတာ္ေတာ္မ်ားမ်ားဟာ ျပည္သူ႔က်န္းမာေရး ကိစၥေတြကို သိသိႀကီးနဲ႔ မ်က္ႏွာလႊဲရတာေတြအျပင္ ကိုယ့္လုံၿခဳံေရးအတြက္ ျပည္ေျပးဘဝနဲ႔ပါ ရွင္သန္လာခဲ့ရတာေတြရွိပါတယ္။

ယုတ္ေလ်ာ့ေနတဲ့ က်န္းမာေရးက႑နဲ႔ပတ္သတ္လို႔ စစ္ေကာင္စီဘက္ကေတာ့ အခ်ိန္မွီျဖည့္တင္းႏိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္လို႔ ဆိုေပမယ့္ အရင္အစိုးရေတြ လက္ထက္ကတည္းက အားနည္းေနတဲ့ က်န္းမာေရးစနစ္ဟာ ပိုၿပီး အက်ဖက္ကိုသာ ဦးတည္ေနတာပါ။

ဒီလို စစ္ေကာင္စီဘက္က က်န္းမာေရးက႑နဲ႔ပတ္သတ္လို႔ က်န္းမာေရးဝန္ထမ္းေတြ လိုအပ္တဲ့ ေနရာေတြမွာ လိုအပ္မႈမရွိေအာင္ ျပန္လည္ ျဖည့္တင္းေနတယ္လို႔ ဆိုတာနဲ႔ပတ္သတ္လို႔ ေမးခြန္းထုတ္ရမယ္ဆိုတဲ့ အေျခအေနေတြ ေျမျပင္မွာ ႀကဳံေနရတယ္လို႔ ဆိုလာသူကေတာ့ ရွမ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္က ရပ္႐ြာအေျချပဳ ပရဟိတ လုပ္ေနသူတဦးပါ။

" အရင္အစိုးရ လက္ထက္မွာ လူထုက်န္းမာေရးသည္ perfect မျဖစ္ပါဘူး။ အခု စစ္အုပ္ခ်ဳပ္ေရးကာလမွာ အဲဒီအေျခအေနထက္ ပိုဆိုးပါတယ္။ က်န္းမာေရး ေဆးကုသစရိတ္ မတန္တဆ ပိုမ်ားလာတယ္။ လူေတြမွာေဆးကုရတာ ေတာ္ေတာ္ ႐ြာလည္တိုင္ပတ္လာတယ္။ ဟိုသြားရမလို ဒီသြားရမလို ဟိုေဆး႐ုံက လက္မခံ ဒီေဆး႐ုံက လက္မခံ၊ က်န္းမာေရးဝန္ထမ္းေတြ လုံးဝ အားနည္းသြားတာ ခုလည္း ျပန္ျဖည့္တယ္ဆိုတာ က်ေနာ္ေတာ့ မျမင္ရေသးဘူး။ က်န္းမာေရးဝန္ထမ္း ဆိုတာကလည္း ဆရာဝန္ရွိမယ္ သူနာျပဳရွိမယ္ ေနာက္တျခားေဆး႐ုံမွာ သားဖြားဆိုလည္း သားဖြားပိုင္းေပါ့။ ဥပမာ ဓါတ္မွန္ ႐ိုက္ေပးသူေတြ ရွိရမယ္ ခုက အဲဒါေတြေတာင္မရွိလို႔ ဘာမွကို မလုပ္ႏိုင္ေတာ့ဘူး။ ဒါက လက္ရွိအေျခအေနပါ စစ္အစိုးရအေနနဲ႔ ျပန္ျဖည့္တယ္ဆိုတာကို ဘယ္မွာလဲလို႔ က်ေနာ္တို႔က ေမးရမလိုျဖစ္ေနတယ္။ က်န္းမာေရးပိုင္းက ေတာ္ေတာ္ ဆိုးဆိုး႐ြား႐ြား ျဖစ္ေနတဲ့ အေျခအေနႀကဳံေနရတယ္။ "

စစ္ေကာင္စီဘက္က က်န္းမာေရးက႑ပိုင္းကို ျပန္လည္ လည္ပတ္ဖို႔ ေဆာင္႐ြက္လာေပမဲ့ လတ္တေလာ အေျခအေနအရ နယ္ၿမိဳ႕ေဆး႐ုံေတြမွာ လူအင္အား မလုံေလာက္တဲ့ အျပင္၊ ေဆးဝါး မလုံေလာက္တဲ့ ျပႆနာေတြကိုပါ ရင္ဆိုင္ေနရတယ္လို႔ ထားဝယ္ေဒသခံတဦးက ေျပာပါတယ္။ လက္လုပ္ လက္စားနဲ႔ ေငြေၾကး မတတ္ႏိုင္တဲ့ ျပည္သူေတြအတြက္ ေဆးကုသမႈပိုင္းက အေတာ္ေလးကို ပိုၿပီး ခက္ခဲလာေနတယ္လို႔ သူကေျပာပါတယ္။

" ၿမိဳ႕ေပၚ ထားဝယ္ျပည္သူ႔ေဆး႐ုံမွာ ဆိုရင္ ခုေနာက္ပိုင္း အာဏာသိမ္းၿပီး ၁ ႏွစ္ေက်ာ္လာခ်ိန္မွာက်ေတာ့ ေဆး႐ုံေတြ ျပန္လည္ပတ္ေနတယ္ ေျပာလို႔ရတယ္။ ၅၀ ရာခိုင္ႏႈန္းေလာက္ ျပန္ လည္ပတ္ေနတာေတြ႕ရတယ္။ ေငြေၾကး မတတ္ႏိုင္သူေတြကေတာ့ အဲဒီေဆး႐ုံေတြကိုပဲ အားကိုး ေနရတာေပါ့ေနာ္။ ေငြေၾကး တတ္ႏိုင္သူေတြက်ေတာ့ ပုဂၢလိက ေဆး႐ုံေတြသြားၾကတယ္။ သူတို႔ ကုေပးႏိုင္လားဆိုရင္ေတာ့ သူတို႔က အဆင္မေျပဘူးဆိုတဲ့ စကားေတြ အမ်ားႀကီးေျပာတယ္။ ငါတို႔မွာ လူအင္အား မလုံေလာက္ဘူးဆိုၿပီး တခ်ိဳ႕လူနာ ေတြကို မခြဲေပးတာရွိတယ္။ တခ်ိဳ႕ကိုဆို ပုဂၢလိက ေဆး႐ုံလႊတ္တယ္။ အစကတည္းက ေဆးဝါး မလုံေလာက္ဘူး။ အရင္အေျခအေနမွာ အလကားရတဲ့ ေဆးဝါးေတြ ခုမရဘူး။ အကုန္လုံး ဝယ္ေနရတယ္။ သူတို႔မွာ အေၾကာင္းျပခ်က္ လုံလုံေလာက္ေလာက္ ေပးလို႔ရတယ္။ ငါတို႔မွာ လူအင္အား မလုံေလာက္ဘူးေပါ့။ မလုပ္ႏိုင္တာ ေတာ္ေတာ္မ်ားမ်ား ရွိတယ္။ မတတ္ႏိုင္သူေတြကေတာ့ ဒုကၡခံ သူတို႔မ်က္ႏွာၾကည့္ သြားေနရတဲ့ အေျခအေနျဖစ္ေနတယ္။ "

တခ်ိဳ႕နယ္ေတြမွာဆိုရင္ တာဝန္က် ဆရာဝန္ မရွိတာ ၄ လေက်ာ္ ရွိေနသလို ေဆး႐ုံတခုလုံးကို သူနာျပဳ ဆရာမေတြနဲ႔သာ ဖြင့္လွစ္ထားေနရတဲ့ အေျခအေနေတြ ရွိေနတယ္လို႔ ဧရာဝတီတိုင္း ဘိုကေလးဖက္က ေဒသခံတဦးက ဆိုပါတယ္။

" က်ေနာ္တို႔ တိုက္နယ္ေဆး႐ုံမွာ အထက္တန္း သူနာျပဳတေယာက္ ၊ သားဖြားနပ္စ္ ၂ ေယာက္။ ဒါေတာင္ ၁ ေယာက္က ေျပာင္းေတာ့မယ္။ ဆရာဝန္ႀကီး မရွိဘူး၊ ၁ လပိုင္း ၁၂ ရက္ထဲကေန ေျပာင္းသြားတာ ခုထိ ဆရာဝန္ မလာႏိုင္ေသးဘူး။ အေရးေပၚလူနာကို ဘိုကေလးကို ပို႔ရမယ္ဆိုရင္ ကားလမ္းက အရမ္းၾကမ္းတယ္။ ၄ နာရီေလာက္ ေမာင္းမွရတယ္။ "

ဒီအေျခအေနမွာ ေငြေၾကးတတ္ႏိုင္သူေတြ အတြက္ကေတာ့ ပုဂၢလိက ေဆး႐ုံေဆးခန္းေတြနဲ႔ က်န္းမာေရး ျပႆနာကို အေျဖရွာခြင့္ ရွိေနေပမယ့္ ဒီအပိုင္းမွာလည္း ေဆးဝယ္ရမွာ ေပးေခ်ရတဲ့ ေဒၚလာေငြေၾကး ျပႆနာေတြေၾကာင့္ ေဆးျပတ္လပ္မႈ ျပႆနာေတြႀကဳံေနရပါတယ္။ နာတာရွည္ ေဆးေတြထဲက ကင္ဆာေဆးတခ်ိဳ႕ ျပတ္လပ္တာေတြေၾကာင့္ ေဆးကုမၸဏီေတြကေန လူနာရွင္ေတြက တိုက္႐ိုက္ မွာေနရတာေတြအျပင္ ေဆးကုသမႈစရိတ္က ေတာ္ေတာ္ ျမင့္လာတာေတြေၾကာင့္ ၊ ေဆးကုသမႈအပိုင္း အေတာ္ေလး စဥ္းစားရမယ့္ အခ်က္တခု ျဖစ္ေနျပန္တယ္လို႔ ပုဂၢလိကေဆး႐ုံေတြမွာ ကုေနသူေတြက ဆိုပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ယိုယြင္းလာေနတဲ့ ျမန္မာ့ က်န္းမာေရးေစာင့္ေရွာက္မႈအေျခအေနက ဘယ္အေျခအေနအထိ ယိမ္းယိုင္သြားမလဲဆိုတာ ဘယ္သူမွ မခန႔္မွန္းႏိုင္တဲ့အေျခအေန ျဖစ္ေနတယ္လို႔ သုံးသပ္သူေတြက ယူဆေနၾကပါတယ္။

==================================

{{ UNICODE }}

စစ်ကောင်စီလက်အောက် ယိုယွင်းလာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်တာကြောင့် ဆေးရုံတွေမှာ ဝန်ထမ်းအင်အား နည်းပါးခဲ့တာတွေရဲ့ အကျိုးဆက်က ကိုဗစ်တတိယလှိုင်းမှာ တော်တော် ခံခဲ့ရပါတယ်။ ကိုဗစ်အန္တရာယ် အေးသွားချိန် ခုလို အာဏာသိမ်းတာ ၂ နှစ်ထဲ ချဉ်းနင်းဝင်ရောက် လာချိန်မှာကော ပြည်သူ့ ကျန်းမာရေးစနစ်နဲ့ အစိုးရ ဆေးရုံတွေ ဘယ်လို အခြေအနေရှိနေပါသလဲ။ စစ်ကောင်စီဖက်က ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် လုပ်ဆောင် လာနိုင်ပါရဲ့လား။ ရန်ကုန်က တင်ပြလာတဲ့ မြန်မာပြည် ပြည်သူ့ကျန်းမာရေးစနစ် အခြေအနေစုစည်း တင်ပြချက်ကို ကိုရဲမွန်က ပြောပြမှာပါ။


စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိခိုက်မှုတွေ ဆိုးဆိုးဝါးဝါး ကြုံလာရတဲ့ မြန်မာနိုင်ငံရဲ့ လုပ်ငန်း အစိတ်အပိုင်းတွေထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းက ထိပ်ဆုံးက ပါပါတယ်။ ခုဆို အာဏာသိမ်းယူခဲ့တာ ၂ နှစ်အတွင်း ချဉ်းနင်းဝင်ရောက်လာပေမယ့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းဟာ ထင်သလောက် လည်ပတ်နိုင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။ နယ်ဒေသတွေမှာသာမက မြို့ပေါ်မှာတောင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သလောက် မရနိုင်သေးပါဘူး။ စစ်ကောင်စီ လည်ပတ်နေတဲ့ ကျန်းမာရေးစနစ်နဲ့ ပတ်သတ်လို့ ကိုယ်တိုင် ကြုံနေရသူ ရန်ကုန်မြို့ခံတဦးက အခုလို ရင်ဖွင့်လာပါတယ်။

" ကင်ဆာ ကုနေရတာ။ အဆင့် ၃ ပါ။ ငွေကြေးလည်း မတတ်နိုင်ဘူး။ ပြည်သူ့ဆေးရုံပဲ သွားရတာပေါ့။ ဓါတ်ကင်ဖို့ စောင့်နေရတာ အရင်ထဲက တင်ထားသူတွေလဲ များတယ်။ ရန်ကုန်ဆေးရုံကြီးမှာ တင်ထားတာ ၅ လကျော်ပြီ အလှည့်မရောက်သေးဘူး။ ဓါတ်ကင်ရမယ့် နေ့က ကျော်နေပြီ။ ရိုက်ပေးမယ့် ဝန်ထမ်းမရှိတာ၊ ဓါတ်ကင်ခန်း ပျက်နေတာနဲ့ပဲ စောင့်နေရတာ ဆေးသွင်းတာတွေတောင် တလောလေးကမှ ပြန်လုပ်ပေးနိုင်တယ်။ ကင်ဆာပိုး ပြန့်လည်း မတတ်နိုင်ဘူးလေ ထိုင်စောင့်ရုံပဲ။ အရင်က အဲလောက်မကြာဘူး။ ခုက ပိုဆိုးလာတာ။"

မြန်မာပြည်သူ သန်း ၅၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု အဓိကပေးနေတဲ့ ဆေးရုံတွေနဲ့ ဆေးခန်း ၈၀ ရာခိုင်နှုန်းဟာ အစိုးရပိုင်တဲ့ လူထုကျန်းမာရေး စနစ်အောက်မှာ ရှိပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့ပြီး အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်သူ့ဆေးရုံတွေနဲ့ ကင်းကွာ လာခဲ့ရပါတယ်။ ကင်းကွာလာရတဲ့ အကြောင်းအရင်းတွေထဲမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူလိုလားတဲ့အစိုးရ တက်မှ ပြန်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကင်းကွာလာခဲ့တာအပြင် နောက်တချက်ကတော့ စစ်ကောင်စီက မတရားဖမ်းဆီး အရေးယူ ဖိနှိပ်တာတွေကြောင့်လည်းပါဝင်တယ်လို့ ဆိုကြပါတယ်။

ဖမ်းဆီး အရေးယူမှုတွေဟာ ပြင်းထန်လာသလို ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ ဆရာဝန်ကြီးတွေကိုတောင် သူတို့နဲ့ မပူးပေါင်းလို့ဆိုတဲ့ အချက်တချက်ထဲနဲ့တောင် ထောင်ချတဲ့အထိ အပြစ်ပေးတာ၊ ဖမ်းဆီးထောင်ချ ခံရတာ မရှိပေမယ့် စောင့်ကြည့်ခံရတဲ့အပြင် ဆေးကုသခွင့်လက်မှတ် သိမ်းပစ်လိုက်တာ ၊ CDM လုပ်တဲ့ ဆရာဝန် ဆရာဝန်မတွေက ပြည်သူ့ကျန်းမာရေးအတွက် ကိုယ်ထူကိုယ်ထဆေးခန်းတွေ ဖွင့် ကုတာမှာလည်း ဆေးခန်းပိတ်တဲ့အထိ ဖိအားပေးတာ နယ်လှည့်ကုသဖို့ ဆောင်ရွက်တာတွေရှိရင်လည်း အာဏာဖီဆန်တယ်ဆိုတဲ့ ပြစ်ချက်တပ်ကာ ရိုက်နှက်ဖမ်းဆီး ထောင်ချတာတွေ လုပ်လာခဲ့တာမို့ ၊ ကျန်းမာရေးဝန်ထမ်း အတော်တော်များများဟာ ပြည်သူ့ကျန်းမာရေး ကိစ္စတွေကို သိသိကြီးနဲ့ မျက်နှာလွှဲရတာတွေအပြင် ကိုယ့်လုံခြုံရေးအတွက် ပြည်ပြေးဘဝနဲ့ပါ ရှင်သန်လာခဲ့ရတာတွေရှိပါတယ်။

ယုတ်လျော့နေတဲ့ ကျန်းမာရေးကဏ္ဍနဲ့ပတ်သတ်လို့ စစ်ကောင်စီဘက်ကတော့ အချိန်မှီဖြည့်တင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ ဆိုပေမယ့် အရင်အစိုးရတွေ လက်ထက်ကတည်းက အားနည်းနေတဲ့ ကျန်းမာရေးစနစ်ဟာ ပိုပြီး အကျဖက်ကိုသာ ဦးတည်နေတာပါ။

ဒီလို စစ်ကောင်စီဘက်က ကျန်းမာရေးကဏ္ဍနဲ့ပတ်သတ်လို့ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်တဲ့ နေရာတွေမှာ လိုအပ်မှုမရှိအောင် ပြန်လည် ဖြည့်တင်းနေတယ်လို့ ဆိုတာနဲ့ပတ်သတ်လို့ မေးခွန်းထုတ်ရမယ်ဆိုတဲ့ အခြေအနေတွေ မြေပြင်မှာ ကြုံနေရတယ်လို့ ဆိုလာသူကတော့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်က ရပ်ရွာအခြေပြု ပရဟိတ လုပ်နေသူတဦးပါ။

" အရင်အစိုးရ လက်ထက်မှာ လူထုကျန်းမာရေးသည် perfect မဖြစ်ပါဘူး။ အခု စစ်အုပ်ချုပ်ရေးကာလမှာ အဲဒီအခြေအနေထက် ပိုဆိုးပါတယ်။ ကျန်းမာရေး ဆေးကုသစရိတ် မတန်တဆ ပိုများလာတယ်။ လူတွေမှာဆေးကုရတာ တော်တော် ရွာလည်တိုင်ပတ်လာတယ်။ ဟိုသွားရမလို ဒီသွားရမလို ဟိုဆေးရုံက လက်မခံ ဒီဆေးရုံက လက်မခံ၊ ကျန်းမာရေးဝန်ထမ်းတွေ လုံးဝ အားနည်းသွားတာ ခုလည်း ပြန်ဖြည့်တယ်ဆိုတာ ကျနော်တော့ မမြင်ရသေးဘူး။ ကျန်းမာရေးဝန်ထမ်း ဆိုတာကလည်း ဆရာဝန်ရှိမယ် သူနာပြုရှိမယ် နောက်တခြားဆေးရုံမှာ သားဖွားဆိုလည်း သားဖွားပိုင်းပေါ့။ ဥပမာ ဓါတ်မှန် ရိုက်ပေးသူတွေ ရှိရမယ် ခုက အဲဒါတွေတောင်မရှိလို့ ဘာမှကို မလုပ်နိုင်တော့ဘူး။ ဒါက လက်ရှိအခြေအနေပါ စစ်အစိုးရအနေနဲ့ ပြန်ဖြည့်တယ်ဆိုတာကို ဘယ်မှာလဲလို့ ကျနော်တို့က မေးရမလိုဖြစ်နေတယ်။ ကျန်းမာရေးပိုင်းက တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အခြေအနေကြုံနေရတယ်။ "

စစ်ကောင်စီဘက်က ကျန်းမာရေးကဏ္ဍပိုင်းကို ပြန်လည် လည်ပတ်ဖို့ ဆောင်ရွက်လာပေမဲ့ လတ်တလော အခြေအနေအရ နယ်မြို့ဆေးရုံတွေမှာ လူအင်အား မလုံလောက်တဲ့ အပြင်၊ ဆေးဝါး မလုံလောက်တဲ့ ပြဿနာတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ထားဝယ်ဒေသခံတဦးက ပြောပါတယ်။ လက်လုပ် လက်စားနဲ့ ငွေကြေး မတတ်နိုင်တဲ့ ပြည်သူတွေအတွက် ဆေးကုသမှုပိုင်းက အတော်လေးကို ပိုပြီး ခက်ခဲလာနေတယ်လို့ သူကပြောပါတယ်။

" မြို့ပေါ် ထားဝယ်ပြည်သူ့ဆေးရုံမှာ ဆိုရင် ခုနောက်ပိုင်း အာဏာသိမ်းပြီး ၁ နှစ်ကျော်လာချိန်မှာကျတော့ ဆေးရုံတွေ ပြန်လည်ပတ်နေတယ် ပြောလို့ရတယ်။ ၅၀ ရာခိုင်နှုန်းလောက် ပြန် လည်ပတ်နေတာတွေ့ရတယ်။ ငွေကြေး မတတ်နိုင်သူတွေကတော့ အဲဒီဆေးရုံတွေကိုပဲ အားကိုး နေရတာပေါ့နော်။ ငွေကြေး တတ်နိုင်သူတွေကျတော့ ပုဂ္ဂလိက ဆေးရုံတွေသွားကြတယ်။ သူတို့ ကုပေးနိုင်လားဆိုရင်တော့ သူတို့က အဆင်မပြေဘူးဆိုတဲ့ စကားတွေ အများကြီးပြောတယ်။ ငါတို့မှာ လူအင်အား မလုံလောက်ဘူးဆိုပြီး တချို့လူနာ တွေကို မခွဲပေးတာရှိတယ်။ တချို့ကိုဆို ပုဂ္ဂလိက ဆေးရုံလွှတ်တယ်။ အစကတည်းက ဆေးဝါး မလုံလောက်ဘူး။ အရင်အခြေအနေမှာ အလကားရတဲ့ ဆေးဝါးတွေ ခုမရဘူး။ အကုန်လုံး ဝယ်နေရတယ်။ သူတို့မှာ အကြောင်းပြချက် လုံလုံလောက်လောက် ပေးလို့ရတယ်။ ငါတို့မှာ လူအင်အား မလုံလောက်ဘူးပေါ့။ မလုပ်နိုင်တာ တော်တော်များများ ရှိတယ်။ မတတ်နိုင်သူတွေကတော့ ဒုက္ခခံ သူတို့မျက်နှာကြည့် သွားနေရတဲ့ အခြေအနေဖြစ်နေတယ်။ "

တချို့နယ်တွေမှာဆိုရင် တာဝန်ကျ ဆရာဝန် မရှိတာ ၄ လကျော် ရှိနေသလို ဆေးရုံတခုလုံးကို သူနာပြု ဆရာမတွေနဲ့သာ ဖွင့်လှစ်ထားနေရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဧရာဝတီတိုင်း ဘိုကလေးဖက်က ဒေသခံတဦးက ဆိုပါတယ်။

" ကျနော်တို့ တိုက်နယ်ဆေးရုံမှာ အထက်တန်း သူနာပြုတယောက် ၊ သားဖွားနပ်စ် ၂ ယောက်။ ဒါတောင် ၁ ယောက်က ပြောင်းတော့မယ်။ ဆရာဝန်ကြီး မရှိဘူး၊ ၁ လပိုင်း ၁၂ ရက်ထဲကနေ ပြောင်းသွားတာ ခုထိ ဆရာဝန် မလာနိုင်သေးဘူး။ အရေးပေါ်လူနာကို ဘိုကလေးကို ပို့ရမယ်ဆိုရင် ကားလမ်းက အရမ်းကြမ်းတယ်။ ၄ နာရီလောက် မောင်းမှရတယ်။ "

ဒီအခြေအနေမှာ ငွေကြေးတတ်နိုင်သူတွေ အတွက်ကတော့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေး ပြဿနာကို အဖြေရှာခွင့် ရှိနေပေမယ့် ဒီအပိုင်းမှာလည်း ဆေးဝယ်ရမှာ ပေးချေရတဲ့ ဒေါ်လာငွေကြေး ပြဿနာတွေကြောင့် ဆေးပြတ်လပ်မှု ပြဿနာတွေကြုံနေရပါတယ်။ နာတာရှည် ဆေးတွေထဲက ကင်ဆာဆေးတချို့ ပြတ်လပ်တာတွေကြောင့် ဆေးကုမ္ပဏီတွေကနေ လူနာရှင်တွေက တိုက်ရိုက် မှာနေရတာတွေအပြင် ဆေးကုသမှုစရိတ်က တော်တော် မြင့်လာတာတွေကြောင့် ၊ ဆေးကုသမှုအပိုင်း အတော်လေး စဉ်းစားရမယ့် အချက်တခု ဖြစ်နေပြန်တယ်လို့ ပုဂ္ဂလိကဆေးရုံတွေမှာ ကုနေသူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ယိုယွင်းလာနေတဲ့ မြန်မာ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေက ဘယ်အခြေအနေအထိ ယိမ်းယိုင်သွားမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ သုံးသပ်သူတွေက ယူဆနေကြပါတယ်။

XS
SM
MD
LG