သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဓာတ္ဆီခြန္ ကင္းလြတ္ကာလနဲ႔ တ႐ုတ္ကုန္ပစၥည္းအခြန္ ေလွ်ာ့ခ်ေရး သမၼတ Biden စဥ္းစား


အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen

[[ ZAWGYI /UNICODE ]]

ဓာတ္ဆီခြန္ ကင္းလြတ္ကာလနဲ႔ တ႐ုတ္ကုန္ပစၥည္းအခြန္ ေလွ်ာ့ခ်ေရး သမၼတ Biden စဥ္းစား

အေမရိကန္ျပည္ေထာင္စုမွာ စားသုံးသူေတြ ရင္ဆိုင္ေနရတဲ့ ကုန္ေဈးႏႈန္း ႀကီးျမင့္မႈေတြ သက္သာေစဖို႔ ဓာတ္ဆီအေပၚ ဗဟိုအစိုးရက ေကာက္ခံတဲ့အခြန္ကို ကာလတခုအထိ ကင္းလြတ္ခြင့္ေပးဖို႔နဲ႔ တ႐ုတ္ကလာတဲ့ သြင္းကုန္ေတြကို အခြန္ေလ်ာ့ေပါ့ေပးဖို႔ သမၼတ ဂ်ိဳးဘိုင္ဒင္အေနနဲ႔ စဥ္စားေနေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen က တနဂၤေႏြေန႔မွာ ေျပာဆိုလိုက္ပါတယ္။

သမတ ဂ်ိဳးဘိုင္ဒင္အေနနဲ႔ စားသုံးသူေတြ သက္သာေစဖို႔ ျဖစ္ႏိုင္တဲ့နည္းလမ္း အားလုံးနဲ႔ လုပ္ေဆာင္သြားလိုေၾကာင္းနဲ႔ ဒီသီတင္းပတ္အတြင္း ေလာင္စာဆီေဈးႏႈန္းေတြ အဆမတန္ျမင့္တက္ခဲ့တာဟာ စားသုံးသူေတြအေပၚ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစတယ္လို႔လည္း သူမကေျပာဆိုပါတယ္။

ဓာတ္ဆီေဈးဟာ တဂါလံကို အနည္းဆုံး ၅ ေဒၚလာအထိ ျမင့္တက္ခဲ့ၿပီး၊ လြန္ခဲ့တဲ့ႏွစ္ကထက္ ၄၈ ရာခိုင္ႏႈန္း ျမင္တက္ခဲ့တာပါ။ ဓာတ္ဆီတဂါလံကို ၁၈ ဒႆမ ၄ ဆင့္ ဗဟိုအစိုးရက ေကာက္ခံတဲ့အခြန္ကို အခ်ိန္ကာလတခုအထိ ေလ်ာ့ေပါ့ေပးလိုက္ရင္ အက်ိဳးရွိႏိုင္တဲ့အတြက္ သမတဘိုင္ဒင္အေနနဲ႔ လႊတ္ေတာ္နဲ႔ ညႇိႏိုင္းေဆာင္႐ြက္ဖို႔ ဆႏၵရွိတယ္လို႔ ဘ႑ာေရးဝန္ႀကီး Yellen က ေျပာပါတယ္။ သမၼတဘိုင္ဒင္အစိုးရက ေရနံနဲ႔ေလာင္စာဆီလုပ္ငန္း လုပ္ကိုင္သူေတြကို ပိုမိုတိုးၿပီး ထုတ္လုပ္ၾကဖို႔ တိုက္တြန္းထားပါတယ္။

စားေသာက္ကုန္၊ ေရ၊ မီး အပါအဝင္ ေန႔စဥ္ ကုန္က်စားရိတ္ေတြနဲ႔ ဝန္ေဆာင္မႈ စားရိတ္ေတြဟာ ၿပီးခဲ့တဲ့ ေမလတြင္း ၈ ဒႆမ ၆ ရာႏႈန္းေလာက္ထိုး တက္သြားခဲ့ၿပီး ႏွစ္ေပါင္း ၄၀ အတြင္း အျမန္ဆုံးႏႈန္းျဖစ္ပါတယ္။

======================

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

ဓာတ်ဆီခွန် ကင်းလွတ်ကာလနဲ့ တရုတ်ကုန်ပစ္စည်းအခွန် လျှော့ချရေး သမ္မတ Biden စဉ်းစား

အမေရိကန်ပြည်ထောင်စုမှာ စားသုံးသူတွေ ရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ သက်သာစေဖို့ ဓာတ်ဆီအပေါ် ဗဟိုအစိုးရက ကောက်ခံတဲ့အခွန်ကို ကာလတခုအထိ ကင်းလွတ်ခွင့်ပေးဖို့နဲ့ တရုတ်ကလာတဲ့ သွင်းကုန်တွေကို အခွန်လျော့ပေါ့ပေးဖို့ သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ စဉ်စားနေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

သမတ ဂျိုးဘိုင်ဒင်အနေနဲ့ စားသုံးသူတွေ သက်သာစေဖို့ ဖြစ်နိုင်တဲ့နည်းလမ်း အားလုံးနဲ့ လုပ်ဆောင်သွားလိုကြောင်းနဲ့ ဒီသီတင်းပတ်အတွင်း လောင်စာဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်ခဲ့တာဟာ စားသုံးသူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့လည်း သူမကပြောဆိုပါတယ်။

ဓာတ်ဆီဈေးဟာ တဂါလံကို အနည်းဆုံး ၅ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး၊ လွန်ခဲ့တဲ့နှစ်ကထက် ၄၈ ရာခိုင်နှုန်း မြင်တက်ခဲ့တာပါ။ ဓာတ်ဆီတဂါလံကို ၁၈ ဒဿမ ၄ ဆင့် ဗဟိုအစိုးရက ကောက်ခံတဲ့အခွန်ကို အချိန်ကာလတခုအထိ လျော့ပေါ့ပေးလိုက်ရင် အကျိုးရှိနိုင်တဲ့အတွက် သမတဘိုင်ဒင်အနေနဲ့ လွှတ်တော်နဲ့ ညှိနိုင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီး Yellen က ပြောပါတယ်။ သမ္မတဘိုင်ဒင်အစိုးရက ရေနံနဲ့လောင်စာဆီလုပ်ငန်း လုပ်ကိုင်သူတွေကို ပိုမိုတိုးပြီး ထုတ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

စားသောက်ကုန်၊ ရေ၊ မီး အပါအဝင် နေ့စဉ် ကုန်ကျစားရိတ်တွေနဲ့ ဝန်ဆောင်မှု စားရိတ်တွေဟာ ပြီးခဲ့တဲ့ မေလတွင်း ၈ ဒဿမ ၆ ရာနှုန်းလောက်ထိုး တက်သွားခဲ့ပြီး နှစ်ပေါင်း ၄၀ အတွင်း အမြန်ဆုံးနှုန်းဖြစ်ပါတယ်။

XS
SM
MD
LG