သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမီး ဒူတာေတး ဖိလစ္ပိုင္ ဒုသမၼတအျဖစ္ က်မ္းသစၥာဆို


က်မ္းသစၥာက်ိန္ေနတဲ့ ဖိလစ္ပိုင္ ဒုသမၼတသစ္ Sara Duterte (အလယ္)နဲ႔ မိဘမ်ား (June 19, 2022)

[[ ZAWGYI / UNICODE ]]

သမီးဒူတာေတး ဖိလစ္ပိုင္ ဒုသမၼတအျဖစ္ က်မ္းသစၥာဆို

တာဝန္က အနားယူေတာ့မယ့္ ဖိလစ္ပိုင္သမၼတ Rodrigo Duterte ရဲ႕သမီးျဖစ္သူ Sara Duterte ဟာ ၿပီးခဲ့တဲ့ ေမလ ေရြးေကာက္ပဲြမွာ အႏိုင္ရထားတာေၾကာင့္ တနဂၤေႏြေန႔က ဖိလစ္ပိုင္ ဒု-သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုလိုက္ပါတယ္။ ႏိုင္ငံတြင္း မူးယစ္-သံသယရွိသူေတြကို ႏွိမ္နင္းရာမွာ လူေထာင္ခ်ီ သတ္ခဲ့တဲ့ လုပ္ရပ္အတြက္ လူ႔အခြင့္အေရးခ်ဳိးေဖါက္မႈအျဖစ္ ဖိလစ္ပိုင္သမၼတ Rodrigo Duterte အေပၚ ေဝဖန္မႈေတြ မ်ားခဲ့ေပမယ့္လည္း သမီးျဖစ္သူ Sara Duterte ကေတာ့ ေရြးေကာက္ပြဲမွာ အႏိုင္ရခဲ့တာပါ။

က်မ္းသစၥာက်ိန္ဆိုပြဲ အခမ္းအနားကို သူမရဲ႕ ေမြးရပ္ဇာတိ ဖိလစ္ပိုင္ေတာင္ပိုင္း Davao ျမဳိ႕မွာ က်င္းပခဲ့ပါတယ္။ Davao ရဲ႕ ျမဳိ႕ေတာ္ဝန္လည္းျဖစ္တဲ့ Sara Duterte ဟာ အဲဒီတာဝန္ကို စြန္႔လႊတ္ၿပီး၊ ဇြန္လ(၃၀)က်ရင္ ဒုသမၼတအျဖစ္ စတင္ တာဝန္ယူမွာ ျဖစ္ပါတယ္။ Sara ဟာ ေမလေရြးေကာက္ပဲြမွာ Bongbong Marcos နဲ႔လက္တြဲၿပီး သမၼတ ေရြးေကာက္ပဲြကို ဝင္ေရာက္ယွဥ္ျပဳိင္ အႏိုင္ရခဲ့ပါတယ္။ သမၼတ Bongbong ကေတာ့ ဇြန္လ(၃၀)ရက္က်ရင္ မနီလာျမဳိ႕မွာ က်မ္းသစၥာက်ိန္ဆိုဖို႔ ရွိပါတယ္။

ႏိုင္ငံ့တာဝန္ေတြ ထမ္းေဆာင္ဖို႔ သူမကို မဲေပးလိုက္ၾကတဲ့ (၃၂)သန္းေက်ာ္ေသာ ဖိလစ္ပိုင္ျပည္သူေတြရဲ႕အသံက က်ယ္ေလာင္ၿပီး ရွင္းလင္းျပတ္သားပါတယ္.. လို႔ Sara Duterte က က်မ္းက်ိန္ပဲြ တက္ေရာက္လာတဲ့ ျပည္သူေတြကို ေျပာၾကားခဲ့ပါတယ္။

ကေလး(၃)ေယာက္ မိခင္ျဖစ္တဲ့ သူမကို မဲေပးေထာက္ခံသူေတြက "Inday Sara" လို႔ ခ်စ္စႏိုး ေခၚၾကပါတယ္။ ဒုသမၼတ ျဖစ္လာတဲ့ Sara က အမ်ဳိးသားညီၫြတ္ေရး တည္ေဆာက္ၾကဖို႔နဲ႔ ဖိလစ္ပိုင္ အမ်ဳိးသားေခါင္းေဆာင္ႀကီး Jose Rizal (ဟိုေဆး ရီေဇာ္)လို မ်ဳိးခ်စ္စိတ္ဓါတ္နဲ႔ တိုင္းျပည္ေကာင္းစားေရးကို လုပ္ေဆာင္သြားမယ္လို႔ ပရိသတ္ေတြကို ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ဖိလစ္ပိုင္ျပည္သူေတြ ႏွစ္ေပါင္းမ်ားစြာ ရင္ဆိုင္လာရတဲ့ ဆင္းရဲမြဲေတမႈ ၊ မိသားစု အကြဲအၿပဲ၊ တရားမဝင္ မူးယစ္ေမွာင္ခိုမႈ၊ လူလူခ်င္း အႏိုင္က်င့္ခံရမႈနဲ႔ အြန္လိုင္းေပၚ သတင္းမွား ျဖန္႔ေဝမႈ စတဲ့ ျပႆနာေတြဟာ ကိုင္တြယ္ေျဖရွင္းရမယ့္ အရာေတြ ျဖစ္တယ္လို႔လည္း ထည့္သြင္း ေျပာၾကားသြားပါတယ္။

သမီး Sara Duterte ရဲ႕ က်မ္းက်ိန္ပဲြကို အသက္(၇၇)ႏွစ္ရွိၿပီျဖစ္တဲ့ သမၼတ Rodrigo Duterte ကလည္း လုံျခဳံေရး အျခံအရံ ထူထပ္စြာနဲ႔ တက္ေရာက္ခဲ့ပါတယ္။

==================

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

သမီးဒူတာတေး ဖိလစ်ပိုင် ဒုသမ္မတအဖြစ် ကျမ်းသစ္စာဆို

တာဝန်က အနားယူတော့မယ့် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့သမီးဖြစ်သူ Sara Duterte ဟာ ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲမှာ အနိုင်ရထားတာကြောင့် တနင်္ဂနွေနေ့က ဖိလစ်ပိုင် ဒု-သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ နိုင်ငံတွင်း မူးယစ်-သံသယရှိသူတွေကို နှိမ်နင်းရာမှာ လူထောင်ချီ သတ်ခဲ့တဲ့ လုပ်ရပ်အတွက် လူ့အခွင့်အရေးချိုးဖေါက်မှုအဖြစ် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte အပေါ် ဝေဖန်မှုတွေ များခဲ့ပေမယ့်လည်း သမီးဖြစ်သူ Sara Duterte ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို သူမရဲ့ မွေးရပ်ဇာတိ ဖိလစ်ပိုင်တောင်ပိုင်း Davao မြို့မှာ ကျင်းပခဲ့ပါတယ်။ Davao ရဲ့ မြို့တော်ဝန်လည်းဖြစ်တဲ့ Sara Duterte ဟာ အဲဒီတာဝန်ကို စွန့်လွှတ်ပြီး၊ ဇွန်လ(၃၀)ကျရင် ဒုသမ္မတအဖြစ် စတင် တာဝန်ယူမှာ ဖြစ်ပါတယ်။ Sara ဟာ မေလရွေးကောက်ပွဲမှာ Bongbong Marcos နဲ့လက်တွဲပြီး သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။ သမ္မတ Bongbong ကတော့ ဇွန်လ(၃၀)ရက်ကျရင် မနီလာမြို့မှာ ကျမ်းသစ္စာကျိန်ဆိုဖို့ ရှိပါတယ်။

နိုင်ငံ့တာဝန်တွေ ထမ်းဆောင်ဖို့ သူမကို မဲပေးလိုက်ကြတဲ့ (၃၂)သန်းကျော်သော ဖိလစ်ပိုင်ပြည်သူတွေရဲ့အသံက ကျယ်လောင်ပြီး ရှင်းလင်းပြတ်သားပါတယ်.. လို့ Sara Duterte က ကျမ်းကျိန်ပွဲ တက်ရောက်လာတဲ့ ပြည်သူတွေကို ပြောကြားခဲ့ပါတယ်။

ကလေး(၃)ယောက် မိခင်ဖြစ်တဲ့ သူမကို မဲပေးထောက်ခံသူတွေက "Inday Sara" လို့ ချစ်စနိုး ခေါ်ကြပါတယ်။ ဒုသမ္မတ ဖြစ်လာတဲ့ Sara က အမျိုးသားညီညွတ်ရေး တည်ဆောက်ကြဖို့နဲ့ ဖိလစ်ပိုင် အမျိုးသားခေါင်းဆောင်ကြီး Jose Rizal (ဟိုဆေး ရီဇော်)လို မျိုးချစ်စိတ်ဓါတ်နဲ့ တိုင်းပြည်ကောင်းစားရေးကို လုပ်ဆောင်သွားမယ်လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်ပြည်သူတွေ နှစ်ပေါင်းများစွာ ရင်ဆိုင်လာရတဲ့ ဆင်းရဲမွဲတေမှု ၊ မိသားစု အကွဲအပြဲ၊ တရားမဝင် မူးယစ်မှောင်ခိုမှု၊ လူလူချင်း အနိုင်ကျင့်ခံရမှုနဲ့ အွန်လိုင်းပေါ် သတင်းမှား ဖြန့်ဝေမှု စတဲ့ ပြဿနာတွေဟာ ကိုင်တွယ်ဖြေရှင်းရမယ့် အရာတွေ ဖြစ်တယ်လို့လည်း ထည့်သွင်း ပြောကြားသွားပါတယ်။

သမီး Sara Duterte ရဲ့ ကျမ်းကျိန်ပွဲကို အသက်(၇၇)နှစ်ရှိပြီဖြစ်တဲ့ သမ္မတ Rodrigo Duterte ကလည်း လုံခြုံရေး အခြံအရံ ထူထပ်စွာနဲ့ တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG