Zawgyi/Unicode
ဖိလစ္ပိုင္ သမၼတ ေ႐ြးေကာက္ပြဲ သမၼတေဟာင္း မားကို႔စ္သား ထိပ္ကေျပး
ဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပေနတဲ့ သမၼတေ႐ြးေကာက္ပြဲမွာ အာဏာရွင္သမၼတေဟာင္း မားကို႔စ္ရဲ႕ သား Bong Bong မားကို႔စ္ ေခၚ မားကို႔စ္ ဂ်ဴနီယာ က မဲအေရအတြက္ ၇၇ ရာခိုင္ႏႈန္းေက်ာ္ရရွိေနပါတယ္။
သူ႔ရဲ႕ အဓိကၿပိဳင္ဘက္ ျဖစ္တဲ့ လူ႔အခြင့္ေရး တက္ႂကြလႈပ္ရွားသူ လက္ရွိ ဒုသမၼတ Leni Robredo က မဲေပါင္း ၁၂ သန္းနီးပါးရရွိၿပီး Bong Bong မားကို႔စ္က မဲေပါင္း ၂၅ သန္း ရရွိေနတာပါ။
ေနာက္တက္လာမယ့္ သမၼတသစ္ အေနနဲ႔ ရာထူးကေန ႏႈတ္ထြက္ေတာ့မယ့္ သမၼတ Duterte လက္ထက္က မူးယစ္ေဆးဝါး ႏွိမ္နင္းရာမွာ လူေပါင္း ေထာင္ခ်ီ ေသဆုံးရတဲ့ ကိစၥကို တရားဥပေဒအရ အေရးယူဖို႔ အေတာင္းဆိုခံရႏိုင္ဖြယ္ ရွိေနပါတယ္။
လက္ရွိသမၼတ Duterte ရဲ႕ သမီး Daveo ေျမာက္ပိုင္းၿမိဳ႕ေတာ္ဝန္ Sara Duterte ဟာ မားကို႔စ္ ဂ်ဴနီယာ ရဲ႕ ဒုတိယသမၼတေလာင္း အျဖစ္ ယွဥ္ၿပိဳင္ေနတာျဖစ္ပါတယ္။
ဒါဟာ အာဏာရွင္ေခါင္းေဆာင္ ၂ ဦးရဲ႕ မ်ိဳးဆက္ေတြ မဟာမိတ္ ဖြဲ႕စည္းမႈ ျဖစ္တယ္ဆိုၿပီး လူ႔အခြင့္ေရး အုပ္စုေတြက စိုးရိမ္မကင္း ျဖစ္ေနၾကပါတယ္။
ဒီေ႐ြးေကာက္ပြဲ အႏိုင္ရရွိသူဟာ ဇြန္လ ၃၀ ရက္ေန႔မွာ ၆ႏွစ္တာသမၼတရာထူးကို စတင္ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။ ဒီေ႐ြးေကာက္ပြဲမွာ မဲေပးဖို႔အတြက္ ႏိုင္ငံျခားေရာက္ေနတဲ့ လူ ၁.၆ သန္းအပါအဝင္ စုစုေပါင္း ၆၇ သန္း မွတ္ပုံတင္ခဲ့ၾကပါတယ္။
##
Unicode
ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲ သမ္မတဟောင်း မားကို့စ်သား ထိပ်ကပြေး
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ သမ္မတရွေးကောက်ပွဲမှာ အာဏာရှင်သမ္မတဟောင်း မားကို့စ်ရဲ့ သား Bong Bong မားကို့စ် ခေါ် မားကို့စ် ဂျူနီယာ က မဲအရေအတွက် ၇၇ ရာခိုင်နှုန်းကျော်ရရှိနေပါတယ်။
သူ့ရဲ့ အဓိကပြိုင်ဘက် ဖြစ်တဲ့ လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူ လက်ရှိ ဒုသမ္မတ Leni Robredo က မဲပေါင်း ၁၂ သန်းနီးပါးရရှိပြီး Bong Bong မားကို့စ်က မဲပေါင်း ၂၅ သန်း ရရှိနေတာပါ။
နောက်တက်လာမယ့် သမ္မတသစ် အနေနဲ့ ရာထူးကနေ နှုတ်ထွက်တော့မယ့် သမ္မတ Duterte လက်ထက်က မူးယစ်ဆေးဝါး နှိမ်နင်းရာမှာ လူပေါင်း ထောင်ချီ သေဆုံးရတဲ့ ကိစ္စကို တရားဥပဒေအရ အရေးယူဖို့ အတောင်းဆိုခံရနိုင်ဖွယ် ရှိနေပါတယ်။
လက်ရှိသမ္မတ Duterte ရဲ့ သမီး Daveo မြောက်ပိုင်းမြို့တော်ဝန် Sara Duterte ဟာ မားကို့စ် ဂျူနီယာ ရဲ့ ဒုတိယသမ္မတလောင်း အဖြစ် ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။
ဒါဟာ အာဏာရှင်ခေါင်းဆောင် ၂ ဦးရဲ့ မျိုးဆက်တွေ မဟာမိတ် ဖွဲ့စည်းမှု ဖြစ်တယ်ဆိုပြီး လူ့အခွင့်ရေး အုပ်စုတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ဒီရွေးကောက်ပွဲ အနိုင်ရရှိသူဟာ ဇွန်လ ၃၀ ရက်နေ့မှာ ၆နှစ်တာသမ္မတရာထူးကို စတင်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် နိုင်ငံခြားရောက်နေတဲ့ လူ ၁.၆ သန်းအပါအဝင် စုစုပေါင်း ၆၇ သန်း မှတ်ပုံတင်ခဲ့ကြပါတယ်။