သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း



တတိယအကြိမ် လွှတ်တော် တက်ရောက်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို COVID ကာကွယ်ဆေး စတင် ထိုးနှံသည့် မြင်ကွင်း။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)


Zawgyi/Unicode






တိုက်ရိုက် လင့်ခ်

##

ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၅ သန်း ဖိလစ်ပိုင်က မြန်မာကိုလှူမည်

ဖိလစ်ပိုင် နိုင်ငံမှာ ရှိနေတဲ့ သက်တမ်း ကုန်လုနီးပါး Sputnik V Covid ကာကွယ်ဆေး အလုံးရေ ၅ သန်းကို မြန်မာနိုင်ငံကို လှူဒါန်းဖို့ စဉ်းစားနေကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူက တနလာင်္နေ့မှာ ပြောပါတယ်။

လူဦးရေ သန်း ၁၁၀ အတွက် ကာကွယ်ဆေး ရရှိရေး ပြီးခဲ့တဲ့နှစ်က အပြင်းအထန် ကြိုးစားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ တခြား နိုင်ငံ တခုကို ပထမဆုံး အကြိမ် လှူဒါန်းမှုလည်း ဖြစ်လာနိုင်ပါတယ်။ ဖိလစ်ပိုင်မှာ ကာကွယ်ဆေး လုံလောက်နေပြီလို့လည်း ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားထုတ် Covid ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကနေ တဆင့် လှူဒါန်းနိုင်ရေး ဖိလစ်ပိုင် အာဏာပိုင်တို့ ကြိုးစားနေကြောင်း ကျန်းမာရေး ဌာန အမြဲတမ်း အတွင်းဝန် Maria Rosario Vergeire က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာ ကျန်းမာရေး ဌာနရဲ့ အဆိုအရတော့ Covid ကာကွယ်ဆေး၂ ကြိမ် ထိုးပြီးသူက မြန်မာ ပြည်သူ ၅၃ သန်းရဲ့ ထက်ဝက် မပြည့်သေးပါဘူး။ စစ်တပ်က အာဏာသိမ်းမှု နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အထွေထွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG