(Zawgyi / Unicode)
ၿဗိတိန္ႏုိင္ငံမွာ စတုတၳေျမာက္ ကုိဗစ္ကာကြယ္ေဆး စတင္ထိုးႏွံေပးေတာ့မယ္လို႔ NHS အမ်ိဳးသားက်န္းမာေရးဌာနက တနဂၤေႏြေန႔မွာ ေၾကညာပါတယ္။ ပိုးကူးႏုိင္ေျခမ်ားတဲ့ ျပည္သူ သန္းနဲ႔ခ်ီကို ကာကြယ္ေဆး ထိုးၾကဖို႔လည္း ကမ္းလွမ္းထားပါတယ္။
သက္ႀကီးေစာင့္ေရွာက္ေရးေဂဟာေတြ၊ အသက္ ၇၅ ႏွစ္အထက္ ရွိသူေတြနဲ႔ ကိုယ္ခံအားနည္းတဲ့ လူေတြကို ၄ ႀကိမ္ေျမာက္ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပးမွာ ျဖစ္ပါတယ္။
ၿဗိတိန္ျပည္သူ ၅ သန္းေလာက္ ကာကြယ္ေဆး ထိုးေပးႏုိင္မယ္လို႔လည္း တာဝန္ရွိသူေတြ ခန္႔မွန္းထားပါတယ္။
Omicron မ်ိဳးကြဲသစ္ေၾကာင့္ ၿဗိတိန္ႏုိင္ငံတဝန္း ပိုးကူးစက္မႈ တေက်ာ့ျပန္ ျမင့္တက္ေနၿပီး လူ ၂၀ မွာ ၁ ေယာက္ေလာက္က ပိုးကူးခံေနရတာပါ။
ေဆး႐ံုေတြမွာလည္း ကိုဗစ္လူနာေတြ ျပန္တိုးလာေနေပမယ့္ အထူးၾကပ္မတ္ကုသေပးရတဲ့ လူနာေတြေတာ့ သိပ္မမ်ားပါဘူး။
ၿဗိတိန္ႏုိင္ငံဟာ ကပ္ေရာဂါကို အလူးအလဲ ရင္ဆုိင္ခဲ့ရတဲ့ ကမၻာ့ႏုိင္ငံေတြထဲက တခုအပါအဝင္ျဖစ္ၿပီး ကိုဗစ္ပိုးေၾကာင့္ လူေပါင္း ၁ သိန္း ၆ ေသာင္း ၃ ေထာင္ေက်ာ္ ေသဆုံးခဲ့ရပါတယ္။
-------------------------------
(Unicode)
ဗြိတိန်မှာ စတုတ္ထမြောက် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်
ဗြိတိန်နိုင်ငံမှာ စတုတ္ထမြောက် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးတော့မယ်လို့ NHS အမျိုးသားကျန်းမာရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ပိုးကူးနိုင်ခြေများတဲ့ ပြည်သူ သန်းနဲ့ချီကို ကာကွယ်ဆေး ထိုးကြဖို့လည်း ကမ်းလှမ်းထားပါတယ်။
သက်ကြီးစောင့်ရှောက်ရေးဂေဟာတွေ၊ အသက် ၇၅ နှစ်အထက် ရှိသူတွေနဲ့ ကိုယ်ခံအားနည်းတဲ့ လူတွေကို ၄ ကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှာ ဖြစ်ပါတယ်။
ဗြိတိန်ပြည်သူ ၅ သန်းလောက် ကာကွယ်ဆေး ထိုးပေးနိုင်မယ်လို့လည်း တာဝန်ရှိသူတွေ ခန့်မှန်းထားပါတယ်။
Omicron မျိုးကွဲသစ်ကြောင့် ဗြိတိန်နိုင်ငံတဝန်း ပိုးကူးစက်မှု တကျော့ပြန် မြင့်တက်နေပြီး လူ ၂၀ မှာ ၁ ယောက်လောက်က ပိုးကူးခံနေရတာပါ။
ဆေးရုံတွေမှာလည်း ကိုဗစ်လူနာတွေ ပြန်တိုးလာနေပေမယ့် အထူးကြပ်မတ်ကုသပေးရတဲ့ လူနာတွေတော့ သိပ်မများပါဘူး။
ဗြိတိန်နိုင်ငံဟာ ကပ်ရောဂါကို အလူးအလဲ ရင်ဆိုင်ခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲက တခုအပါအဝင်ဖြစ်ပြီး ကိုဗစ်ပိုးကြောင့် လူပေါင်း ၁ သိန်း ၆ သောင်း ၃ ထောင်ကျော် သေဆုံးခဲ့ရပါတယ်။