သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရှိမရှိ တံတွေးမှာ စမ်းသပ်တဲ့နည်း ဗြိတိန်တီထွင်


ဗြိတိန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဧပြီ ၂၃၊ ၂၀၂၀)
ဗြိတိန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဧပြီ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

လူတွေရဲ့တံတွေးကို စမ်းသပ်စစ်ဆေးခြင်းအားဖြင့် COVID-19 ပိုး ကူးစက်ထားခြင်း ရှိမရှိဆိုတာ အလွယ်တကူ ခြေရာခံ သိရှိနိုင်မယ့် ကိရိယာတခုကို ဗြိတိန်ဆေးသိပ္ပံ ပညာရှင်တွေက တီထွင်လိုက်ကြောင်း Vatic လို့ခေါ်တဲ့ ဗြိတိန်ကုမ္ပဏီက ပြောပါတယ်။

Vatic ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ သူတို့ရဲ့စမ်းသပ်မှု ရလဒ်တွေဟာ အလွန်ကို တိကျပြီး နောက်ဆုံး အုပ်စု စမ်းသပ်မှုတွေမှာ အမှားအယွင်း တခုတောင်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တံတွေး သွားရည်နဲ့ စစ်ဆေးဖို့ လူတွေကို တပတ်အတွင်း အကြိမ်ကြိမ် စမ်းသပ်ခဲ့ပေမယ့် လူတွေက စိတ်ပျက်မသွားဘဲ ပူးပေါင်းကူညီခဲ့ကြပါတယ်။ စမ်းသပ်လို့ရတဲ့ အဖြေကို ၁၅ မိနစ်အတွင်းမှာ သိရှိနိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

လောလောဆယ် အဲဒီ စမ်းသပ်ကိရိယာကို လူထုအတွက် အသုံးပြုဖို့ အဆင်သင့် မဖြစ်သေးပေမယ့် လူတွေကြား ရောင်းချ အသုံးပြုနိုင်တဲ့ အဆင့်ထိရောက်အောင် အကြိမ်ကြိမ် စမ်းသပ်အတည်ပြုသွားမှာ ဖြစ်တယ်လို့ Vatic ကုမ္ပဏီက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)






XS
SM
MD
LG