သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻတလႊား ကိုဗစ္ကာကြယ္ေဆး သန္း ၆,၀၀၀ ေက်ာ္ ထိုးႏွံၿပီးစီး


အေမရိကန္ႏုိင္ငံမွာ ကုိဗစ္ကာကြယ္ေဆး ထုိးႏံွေပးေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးေရာဂါ စတင္ျဖစ္ခဲ့ၿပီးေနာက္ပိုင္း ကမၻာတလႊားမွာ COVID-19 ကာကြယ္ေဆး သန္း ၆,၀၀၀ ေက်ာ္ ထိုးႏွံၿပီးျဖစ္ေၾကာင္း အေမရိကန္ျပည္ေထာင္စုက John Hopkins တကၠသိုလ္ရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ဆိုင္ရာ စင္တာက ထုတ္ျပန္ပါတယ္။

စေနေန႔ ေန႔ခင္းပိုင္းအခ်ိန္ထိ ကမၻာတလႊားက လူေပါင္း ၆ ဒသမ ၆ ဘီလ်ံေလာက္ဟာ အနည္းဆံုး ကာကြယ္ေဆးတႀကိမ္ ထိုးႏွံၿပီးျဖစ္တယ္လို႔ စင္တာက ေဖာ္ျပပါတယ္။

အေမရိကန္ျပည္သူ သန္း ၆၀ ေလာက္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး အျပည့္ထိုးၿပီးေနာက္ အားျဖည့္တဲ့အေနနဲ႔ ေနာက္တလံုး ထပ္ထိုးဖို႔ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီေၾကာင္း သမၼတ Joe Biden က ေျပာဆိုၿပီး ေနာက္တေန႔မွာပဲ အခုထုတ္ျပန္ခ်က္ ထြက္လာတာပါ။ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီတဲ့ အေမရိကန္ေတြ အေနနဲ႔ COVID-19 ကာကြယ္ေဆး ေနာက္တလံုး ထပ္ထိုးၾကဖို႔ သမၼတ Biden က တိုက္တြန္းထားၿပီး သူလည္း အျမန္ဆံုး ထိုးမယ့္အေၾကာင္း ေျပာပါတယ္။

ဥေရာပသမဂၢရဲ႕ ေဆးဝါးဆိုင္ရာ ႀကီးၾကပ္မႈဌာနကေတာ့ အသက္ ၁၆ ႏွစ္နဲ႔အထက္ လူေတြကို Pfizer-BioNTech ရဲ႕ COVID-19 ကာကြယ္ေဆး တတိယတလံုး ထပ္ထိုးေရး အတည္ျပဳခ်က္ ေပးမေပးဆိုတာကို လာမယ့္ ေအာက္တိုဘာလ အေစာပိုင္းမွာ ဆံုးျဖတ္ဖို႔ စီစဥ္ထားေၾကာင္း ၾကာသပေတးေန႔က ေျပာပါတယ္။

နယ္သာလန္ႏိုင္ငံမွာေတာ့ ကာကြယ္ေဆး ထိုးႏွံၿပီးစီးေၾကာင္း အေထာက္အထား လိုအပ္ခ်က္သစ္ကို စေနေန႔က လူေပါင္း ရာခ်ီ ဆႏၵျပၾကပါတယ္။ အေဖ်ာ္ယမကာဆိုင္ေတြ၊ စားေသာက္ဆိုင္၊ ႐ုပ္ရွင္႐ုံနဲ႔ တျခားေနရာေတြကို ဝင္ေရာက္ခြင့္အတြက္ ကို႐ိုနာလက္မွတ္လို႔ ေခၚတဲ့ ကာကြယ္ေဆး ထိုးႏွံၿပီးေၾကာင္း အေထာက္အထားျပဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

-----------------------

(Unicode)

ကမ္ဘာတလွှား ကိုဗစ်ကာကွယ်ဆေး သန်း ၆,၀၀၀ ကျော် ထိုးနှံပြီးစီး

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါ စတင်ဖြစ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတလွှားမှာ COVID-19 ကာကွယ်ဆေး သန်း ၆,၀၀၀ ကျော် ထိုးနှံပြီးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက John Hopkins တက္ကသိုလ်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စင်တာက ထုတ်ပြန်ပါတယ်။

စနေနေ့ နေ့ခင်းပိုင်းအချိန်ထိ ကမ္ဘာတလွှားက လူပေါင်း ၆ ဒသမ ၆ ဘီလျံလောက်ဟာ အနည်းဆုံး ကာကွယ်ဆေးတကြိမ် ထိုးနှံပြီးဖြစ်တယ်လို့ စင်တာက ဖော်ပြပါတယ်။

အမေရိကန်ပြည်သူ သန်း ၆၀ လောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အပြည့်ထိုးပြီးနောက် အားဖြည့်တဲ့အနေနဲ့ နောက်တလုံး ထပ်ထိုးဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီကြောင်း သမ္မတ Joe Biden က ပြောဆိုပြီး နောက်တနေ့မှာပဲ အခုထုတ်ပြန်ချက် ထွက်လာတာပါ။ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အမေရိကန်တွေ အနေနဲ့ COVID-19 ကာကွယ်ဆေး နောက်တလုံး ထပ်ထိုးကြဖို့ သမ္မတ Biden က တိုက်တွန်းထားပြီး သူလည်း အမြန်ဆုံး ထိုးမယ့်အကြောင်း ပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ ဆေးဝါးဆိုင်ရာ ကြီးကြပ်မှုဌာနကတော့ အသက် ၁၆ နှစ်နဲ့အထက် လူတွေကို Pfizer-BioNTech ရဲ့ COVID-19 ကာကွယ်ဆေး တတိယတလုံး ထပ်ထိုးရေး အတည်ပြုချက် ပေးမပေးဆိုတာကို လာမယ့် အောက်တိုဘာလ အစောပိုင်းမှာ ဆုံးဖြတ်ဖို့ စီစဉ်ထားကြောင်း ကြာသပတေးနေ့က ပြောပါတယ်။

နယ်သာလန်နိုင်ငံမှာတော့ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း အထောက်အထား လိုအပ်ချက်သစ်ကို စနေနေ့က လူပေါင်း ရာချီ ဆန္ဒပြကြပါတယ်။ အဖျော်ယမကာဆိုင်တွေ၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံနဲ့ တခြားနေရာတွေကို ဝင်ရောက်ခွင့်အတွက် ကိုရိုနာလက်မှတ်လို့ ခေါ်တဲ့ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထားပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG