(Zawgyi / Unicode)
COVID-19 ေရာဂါ အားျဖည့္ကာကြယ္ေဆး ထိုးလို႔ရတဲ့ အေမရိကန္ႏုိင္ငံသား သန္း ၆၀ ေလာက္ရွိတယ္လုိ႔ သမၼတ Joe Biden က ေသာၾကာေန႔မွာ ေျပာပါတယ္။
ထိုးလို႔ရတဲ့ အေမရိကန္ေတြအားလံုး အားျဖည့္ကာကြယ္ေဆး ထိုးၾကဖို႔ သမၼတ Biden က တိုက္တြန္းခဲ့သလို သူကိုယ္တိုင္လည္း ေစာႏုိင္သမွ် အေစာဆံုး ထပ္ထိုးမယ္လုိ႔ ေျပာပါတယ္။
"ပထမတလံုးနဲ႔ ဒုတိယတလံုး ထိုးခဲ့သလိုပါပဲ၊ အားျဖည့္ထိုးေဆးဟာလည္း အခမဲ့ျဖစ္ၿပီး အလြယ္တကူ ရပါတယ္" လို႔ သမၼတ Biden က အိမ္ျဖဴေတာ္ကေန ေသာၾကာေန႔မွာ ေျပာခဲ့ပါတယ္။
အသက္ ၆၅ ႏွစ္နဲ႔အထက္ အေမရိကန္ႏုိင္ငံသားေတြအတြက္ ကိုဗစ္ အားျဖည့္ကာကြယ္ေဆးအျဖစ္ ထုိးဖို႔ Pfizer ကုမၸဏီထုတ္ ကာကြယ္ေဆးကို အေမရိကန္ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC) က ၾကာသပေတးေန႔မွာ အတည္ျပဳေပးခဲ့တာပါ။ ဆရာ ဆရာမေတြ၊ က်န္းမာေရးလုပ္သားေတြ၊ COVID-19 ေရာဂါ ကူးစက္ႏုိင္တဲ့ အႏၱရာယ္ရွိတဲ့ အလုပ္အကိုင္မ်ဳိး လုပ္ေနရသူေတြ၊ နဂိုေရာဂါအခံရွိတဲ့ အသက္ ၅၀ ကေန ၆၄ ႏွစ္ၾကားအရြယ္ေတြ အားျဖည့္ကာကြယ္ေဆး ထိုးခြင့္ရမွာ ျဖစ္ပါတယ္။
Pfizer ကာကြယ္ေဆးကို အနည္းဆံုး လြန္ခဲ့တဲ့ ၆ လမွာ ထိုးခဲ့ၿပီးသူေတြကို အားျဖည့္ကာကြယ္ေဆး ထိုးေပးမွာပါ။
အားျဖည့္ကာကြယ္ေဆး ခ်က္ခ်င္းထိုးလို႔ရတဲ့ အေမရိကန္ႏိုင္ငံသား သန္း ၂၀ ရွိၿပီး အရင္ထိုးခဲ့ၿပီးတဲ့ေနာက္ ၆ လျပည့္တဲ့အခါ အားျဖည့္ကာကြယ္ေဆး ထပ္ထိုးလို႔ရမယ့္ လူအေရအတြက္က သန္း ၆၀ ရွိတယ္လို႔ သမၼတအိမ္ျဖဴေတာ္က ေသာၾကာေန႔မွာ ေျပာပါတယ္။
ဒီအေတာအတြင္းမွာပဲ Pfizer-BioNTech COVID-19 ကာကြယ္ေဆး တတိယတလံုးကုိ အသက္ ၁၆ ႏွစ္အထက္ေတြအတြက္ ထိုးေပးဖို႔ အတည္ျပဳမျပဳဆုိတာကို ေအာက္တိုဘာလဆန္းမွာ ဆံုးျဖတ္ဖို႔ စီစဥ္ထားတယ္လုိ႔ ဥေရာပသမဂၢ (EU) က ၾကာသပေတးေန႔မွာ ေျပာပါတယ္။
---------------------
(Unicode)
ကန်နိုင်ငံသား သန်း ၆၀ ကိုဗစ် အားဖြည့်ကာကွယ်ဆေး ထိုးခွင့်ရမည်
COVID-19 ရောဂါ အားဖြည့်ကာကွယ်ဆေး ထိုးလို့ရတဲ့ အမေရိကန်နိုင်ငံသား သန်း ၆၀ လောက်ရှိတယ်လို့ သမ္မတ Joe Biden က သောကြာနေ့မှာ ပြောပါတယ်။
ထိုးလို့ရတဲ့ အမေရိကန်တွေအားလုံး အားဖြည့်ကာကွယ်ဆေး ထိုးကြဖို့ သမ္မတ Biden က တိုက်တွန်းခဲ့သလို သူကိုယ်တိုင်လည်း စောနိုင်သမျှ အစောဆုံး ထပ်ထိုးမယ်လို့ ပြောပါတယ်။
"ပထမတလုံးနဲ့ ဒုတိယတလုံး ထိုးခဲ့သလိုပါပဲ၊ အားဖြည့်ထိုးဆေးဟာလည်း အခမဲ့ဖြစ်ပြီး အလွယ်တကူ ရပါတယ်" လို့ သမ္မတ Biden က အိမ်ဖြူတော်ကနေ သောကြာနေ့မှာ ပြောခဲ့ပါတယ်။
အသက် ၆၅ နှစ်နဲ့အထက် အမေရိကန်နိုင်ငံသားတွေအတွက် ကိုဗစ် အားဖြည့်ကာကွယ်ဆေးအဖြစ် ထိုးဖို့ Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) က ကြာသပတေးနေ့မှာ အတည်ပြုပေးခဲ့တာပါ။ ဆရာ ဆရာမတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ COVID-19 ရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ အလုပ်အကိုင်မျိုး လုပ်နေရသူတွေ၊ နဂိုရောဂါအခံရှိတဲ့ အသက် ၅၀ ကနေ ၆၄ နှစ်ကြားအရွယ်တွေ အားဖြည့်ကာကွယ်ဆေး ထိုးခွင့်ရမှာ ဖြစ်ပါတယ်။
Pfizer ကာကွယ်ဆေးကို အနည်းဆုံး လွန်ခဲ့တဲ့ ၆ လမှာ ထိုးခဲ့ပြီးသူတွေကို အားဖြည့်ကာကွယ်ဆေး ထိုးပေးမှာပါ။
အားဖြည့်ကာကွယ်ဆေး ချက်ချင်းထိုးလို့ရတဲ့ အမေရိကန်နိုင်ငံသား သန်း ၂၀ ရှိပြီး အရင်ထိုးခဲ့ပြီးတဲ့နောက် ၆ လပြည့်တဲ့အခါ အားဖြည့်ကာကွယ်ဆေး ထပ်ထိုးလို့ရမယ့် လူအရေအတွက်က သန်း ၆၀ ရှိတယ်လို့ သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ Pfizer-BioNTech COVID-19 ကာကွယ်ဆေး တတိယတလုံးကို အသက် ၁၆ နှစ်အထက်တွေအတွက် ထိုးပေးဖို့ အတည်ပြုမပြုဆိုတာကို အောက်တိုဘာလဆန်းမှာ ဆုံးဖြတ်ဖို့ စီစဉ်ထားတယ်လို့ ဥရောပသမဂ္ဂ (EU) က ကြာသပတေးနေ့မှာ ပြောပါတယ်။