သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဩစေၾတးလ်မွာ ကိုဗစ္ေရာဂါပိုးေၾကာင့္ ေသဆုံးသူ ၃ ဦးတိုး


ၾသစေၾတးလ်ႏုိင္ငံ New South Wales ျပည္နယ္မွာ ကုိဗစ္ကာကြယ္ေဆး ထုိးႏွံေပးေနတဲ့ျမင္ကြင္း။ (ၾသဂုတ္ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

ၾသစေၾတးလ်ႏိုင္ငံရဲ႕ လူဦးေရ အထူထပ္ဆုံး ျပည္နယ္တခုျဖစ္တဲ့ New South Wales ျပည္နယ္မွာ အခု တနဂၤေႏြမွာေတာ့ COVID-19 ေရာဂါနဲ႔ ေသဆုံးသူ ၃ ဦးရွိၿပီး ကူးစက္မႈအသစ္ ၁,၅၀၀ နီးပါးရွိေၾကာင္း သတင္းရရွိပါတယ္။

လာမယ့္ ရက္သတၱပတ္ေတြအတြင္း ေရာဂါပိုးကူးစက္မႈ အထြတ္အထိပ္ကို ေရာက္လာမယ္လို႔ ခန္႔မွန္းထားေၾကာင္း News South Wales ျပည္နယ္ဝန္ႀကီးခ်ဳပ္ Gladys Berejiklian က သတင္းေထာက္ေတြကို ေျပာပါတယ္။

ဩစေၾတးလ်ႏိုင္ငံ ဗစ္တိုးရီးယားျပည္နယ္မွာေတာ့ တနဂၤေႏြေန႔ စာရင္းအရ ျပည္နယ္တြင္းမွာပဲ အခ်င္းခ်င္း ကူးစက္ခံရသူ ၁၈၀ ထက္မနည္း ရွိပါတယ္။ ကိုဗစ္ေရာဂါနဲ႔ ေဆး႐ုံတင္ထားရသူ အမ်ားစုဟာ ကိုဗစ္ကာကြယ္ေဆး ထိုးမထားသူေတြ ျဖစ္တယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

နယူးဇီလန္ႏိုင္ငံမွာေတာ့ ရက္ေပါင္း ၂၀၀ ေက်ာ္အတြင္း ပထမဦးဆုံး COVID-19 နဲ႔ ဆက္ႏႊယ္ၿပီး ေသဆုံးမႈရွိခဲ့ၿပီလို႔ က်န္းမာေရးအရာရွိေတြက ၿပီးခဲ့တဲ့ စေနေန႔က ထုတ္ျပန္ပါတယ္။

ဂ်ပန္ႏိုင္ငံမွာေတာ့ COVID-19 ကာကြယ္ေဆးထိုးမွတ္တမ္းကို အြန္လိုင္းကတဆင့္ ထုတ္ေပးဖို႔ အစိုးရအေနနဲ႔ စီစဥ္ေနတယ္လို႔ Nikkei သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ဘရာဇီးႏိုင္ငံမွာေတာ့ တရားဝင္ခြင့္ျပဳခ်က္မရဘဲ ထုတ္လုပ္ခဲ့တဲ့ Anvisa ကိုဗစ္ကာကြယ္ေဆးထိုးျခင္းကို ရက္ ၉၀ ရပ္တန္႔လိုက္ပါတယ္။ ဘရာဇီးၿမိဳ႕ ေတာ္ေတာ္မ်ားမ်ားမွာေတာ့ Sinovac ကိုဗစ္ကာကြယ္ေဆး ထိုးထားသူေတြဟာ ေဆးအာနိသင္အေပၚ စိုးရိမ္တာေၾကာင့္ ေနာက္ထပ္ ထပ္ေဆာင္း အားျဖည့္ကာကြယ္ေဆး ထိုးေနၾကတယ္လို႔ AP သတင္းမွာ ေဖာ္ျပပါတယ္။

ျပင္သစ္၊ အစၥေရး၊ တ႐ုတ္နဲ႔ ခ်ီလီႏိုင္ငံေတြမွာလည္း အသက္အရြယ္ႀကီးရင့္သူ တခ်ိဳ႕ကို ေနာက္တႀကိမ္ စြမ္းအားျမႇင့္ ကာကြယ္ေဆးေတြ ထိုးေပးေနပါတယ္။

အေမရိကန္ႏိုင္ငံမွာေတာ့ လူေတာ္ေတာ္မ်ားမ်ားကို စက္တင္ဘာ ၂၀ မွာ ေနာက္တႀကိမ္ အားျဖည့္ကာကြယ္ေဆးထိုးဖို႔ စီစဥ္ထားၿပီး Moderna ကိုဗစ္ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီး ေနာက္ဆက္တြဲ ျပႆနာတခ်ိဳ႕ ရွိတာမို႔ ဒီအစီအစဥ္ ေနာက္က်ႏိုင္တယ္လို႔ သမၼတ ဘိုင္ဒန္ အစိုးရက ေသာၾကာေန႔က ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာလည္း ဒီအပတ္ထဲမွာ ကိုဗစ္အားျဖည့္ကာကြယ္ေဆး ထိုးေပးဖို႔ ရွိေနၿပီး က်န္းမာေရးလုပ္သားေတြနဲ႔ ကိုဗစ္လူနာေတြနဲ႔ အနီးကပ္ ထိေတြ႔ေနသူေတြကိုသာ ထိုးေပးမယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ဩစတြေးလျမှာ ကိုဗစ်ရောဂါပိုးကြောင့် သေဆုံးသူ ၃ ဦးတိုး

သြစတြေးလျနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်တခုဖြစ်တဲ့ New South Wales ပြည်နယ်မှာ အခု တနင်္ဂနွေမှာတော့ COVID-19 ရောဂါနဲ့ သေဆုံးသူ ၃ ဦးရှိပြီး ကူးစက်မှုအသစ် ၁,၅၀၀ နီးပါးရှိကြောင်း သတင်းရရှိပါတယ်။

လာမယ့် ရက်သတ္တပတ်တွေအတွင်း ရောဂါပိုးကူးစက်မှု အထွတ်အထိပ်ကို ရောက်လာမယ်လို့ ခန့်မှန်းထားကြောင်း News South Wales ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က သတင်းထောက်တွေကို ပြောပါတယ်။

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာတော့ တနင်္ဂနွေနေ့ စာရင်းအရ ပြည်နယ်တွင်းမှာပဲ အချင်းချင်း ကူးစက်ခံရသူ ၁၈၀ ထက်မနည်း ရှိပါတယ်။ ကိုဗစ်ရောဂါနဲ့ ဆေးရုံတင်ထားရသူ အများစုဟာ ကိုဗစ်ကာကွယ်ဆေး ထိုးမထားသူတွေ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာတော့ ရက်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဦးဆုံး COVID-19 နဲ့ ဆက်နွှယ်ပြီး သေဆုံးမှုရှိခဲ့ပြီလို့ ကျန်းမာရေးအရာရှိတွေက ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ COVID-19 ကာကွယ်ဆေးထိုးမှတ်တမ်းကို အွန်လိုင်းကတဆင့် ထုတ်ပေးဖို့ အစိုးရအနေနဲ့ စီစဉ်နေတယ်လို့ Nikkei သတင်းစာမှာ ဖော်ပြထားပါတယ်။

ဘရာဇီးနိုင်ငံမှာတော့ တရားဝင်ခွင့်ပြုချက်မရဘဲ ထုတ်လုပ်ခဲ့တဲ့ Anvisa ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို ရက် ၉၀ ရပ်တန့်လိုက်ပါတယ်။ ဘရာဇီးမြို့ တော်တော်များများမှာတော့ Sinovac ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေဟာ ဆေးအာနိသင်အပေါ် စိုးရိမ်တာကြောင့် နောက်ထပ် ထပ်ဆောင်း အားဖြည့်ကာကွယ်ဆေး ထိုးနေကြတယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။

ပြင်သစ်၊ အစ္စရေး၊ တရုတ်နဲ့ ချီလီနိုင်ငံတွေမှာလည်း အသက်အရွယ်ကြီးရင့်သူ တချို့ကို နောက်တကြိမ် စွမ်းအားမြှင့် ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။

အမေရိကန်နိုင်ငံမှာတော့ လူတော်တော်များများကို စက်တင်ဘာ ၂၀ မှာ နောက်တကြိမ် အားဖြည့်ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားပြီး Moderna ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ပြဿနာတချို့ ရှိတာမို့ ဒီအစီအစဉ် နောက်ကျနိုင်တယ်လို့ သမ္မတ ဘိုင်ဒန် အစိုးရက သောကြာနေ့က ပြောပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဒီအပတ်ထဲမှာ ကိုဗစ်အားဖြည့်ကာကွယ်ဆေး ထိုးပေးဖို့ ရှိနေပြီး ကျန်းမာရေးလုပ်သားတွေနဲ့ ကိုဗစ်လူနာတွေနဲ့ အနီးကပ် ထိတွေ့နေသူတွေကိုသာ ထိုးပေးမယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG