သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ အသက္ ၆၅ ႏွစ္နဲ႔အထက္ Pfizer ကိုဗစ္ကာကြယ္ေဆးျဖည့္စြက္ထိုးဖို႔ FDA ဆံုးျဖတ္


Las Vegas ျမိဳ ့ကိုဗစ္စင္တာတခုမွာ ကိုဗစ္ကာကြယ္ေဆးထိုးေပးနေစဥ္ (ဓာတ္ပံု- AP)

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ Pfizer ကိုဗစ္ကာကြယ္ေဆး အားျဖည့္ ေနာက္တလံုးကို အသက္ ၆၅ ႏွစ္နဲ႔ အထက္ အ႐ြယ္ေတြနဲ႔ ျပင္းထန္တဲ့ေရာဂါ ခံစားေနရသူေတြထိုးဖို႔ အေမရိကန္ အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရးဌာန FDA က ဗုဒၶဟူးေန႔မွာ တရားဝင္ဆုံးျဖတ္လိုက္ပါတယ္။

ေရာဂါကူးစက္ႏိုင္ေျခမ်ားတဲ့ လုပ္ငန္းခြင္မွာ လုပ္ကိုင္ေနရသူေတြကိုလည္း ေနာက္ထပ္ အားျဖည့္ ကိုဗစ္ကာကြယ္ေဆး ထိုးခြင့္ျပဳခဲ့ပါတယ္။ ဒါေၾကာင့္ အားျဖည့္ ကိုဗစ္ကြယ္ေဆး ထိုးရမယ့္စာရင္းထဲမွာ က်န္းမာေရးလုပ္သားေတြ၊ ေက်ာင္းဆရာ ဆရာမေတြ၊ စားေသာက္ဆိုင္ဝန္ထမ္းေတြ၊ သက္ႀကီးေဂဟာေတြနဲ႔ အက်ဥ္းေထာင္ေတြမွာ အလုပ္လုပ္ၾကသူေတြ ပါဝင္ပါတယ္။

အေမရိကန္ျပည္သူအမ်ားစုကို အားျဖည့္ကိုဗစ္ကာကြယ္ေဆး တတိယတလုံးထိုးမယ္႔ အိမ္ျဖဴေတာ္ရဲ႕ အစီအစဥ္ဟာ လံုျခံဳစိတ္ခ်ရမႈပိုင္း အခ်က္အလက္ မျပည့္စံုေသးဘူးဆိုၿပီး FDA က ၿပီးခဲ့တဲ့ ပတ္က ပယ္ခ်ခဲ့ပါတယ္။ အေမရိကန္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဌာန CDC ရဲ႕ အၾကံေပးအဖြဲ႕ကလည္း ဘယ္လိုအုပ္စုေတြကို တတိယ အားျဖည့္ကာကြယ္ေဆး ထိုးသင့္ မသင့္ ဆံုးျဖတ္ခ်က္ကို ဒီေန႔ ၾကာသပေတးေန႔မွာ ဆံုးျဖတ္မယ့္ပံုရပါတယ္။

New York ၿမိဳ႕မွာ ကုလသမဂၢအေထြေထြညီလာခံ က်င္းပေနခ်ိန္မွာပဲ ဗုဒၶဟူးေန႔က အြန္လိုင္းကေန က်င္းပခဲ့တဲ့ ကိုဗစ္ကပ္ေရာဂါဆိုင္ရာ ထိပ္သီးညီလာခံမွာေတာ့ အေမရိကန္သမၼတ Joe Biden က ကမာၻႀကီးအတြက္ ကိုဗစ္ကာကြယ္ေဆး ထပ္မံလွဴဒါန္းဖို႔ ကတိျပဳခဲ့ပါတယ္။
"အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ကာကြယ္ေဆး ၁ လံုးထိုးေပးတိုင္း ကမာၻႀကီးအတြက္ ေဆး ၃ လံုးလွဴဒါန္;ဖို႔ ကတိျပဳထားတယ္" လို႔ သမၼတ Biden ကေျပာပါတယ္။

အေမရိကန္က ကမာၻ႔ႏိုင္ငံေတြအတြက္ Pfizer ကိုဗစ္ကာကြယ္ေဆး ေနာက္ထပ္ သန္း ၅၀၀ လွဴဒါန္းမယ္လို႔ ထပ္မံကတိျပဳခဲ့တာပါ။ ဒါေၾကာင့္ အေမရိကန္ကလွဴဒါန္းမယ္လို႔ ကတိျပဳထားတဲ့ ကိုဗစ္ကာကြယ္ေဆး စုစုေပါင္း ၁.၁ ဘီလ်ံရွိသြားပါၿပီ။ ကပ္ေရာဂါအဆံုးသတ္ေရးအတြက္ အားလံုး ကတိျပဳေဆာင္ရြက္သြားၾကရမယ္လို႔ အေမရိကန္သမၼတ Biden က ေျပာၾကားခဲ့ပါတယ္။

..............................................................................................

တိုက္႐ိုက္ လင့္ခ္


အမေရိကန်မှာ အသက် ၆၅ နှစ်နဲ့အထက် Pfizer ကိုဗစ်ကာကွယ်ဆေးဖြည့်စွက်ထိုးဖို့ FDA ဆုံးဖြတ်

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ Pfizer ကိုဗစ်ကာကွယ်ဆေး အားဖြည့် နောက်တလုံးကို အသက် ၆၅ နှစ်နဲ့ အထက် အရွယ်တွေနဲ့ ပြင်းထန်တဲ့ရောဂါ ခံစားနေရသူတွေထိုးဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA က ဗုဒ္ဓဟူးနေ့မှာ တရားဝင်ဆုံးဖြတ်လိုက်ပါတယ်။
ရောဂါကူးစက်နိုင်ခြေများတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရသူတွေကိုလည်း နောက်ထပ် အားဖြည့် ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် အားဖြည့် ကိုဗစ်ကွယ်ဆေး ထိုးရမယ့်စာရင်းထဲမှာ ကျန်းမာရေးလုပ်သားတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ စားသောက်ဆိုင်ဝန်ထမ်းတွေ၊ သက်ကြီးဂေဟာတွေနဲ့ အကျဉ်းထောင်တွေမှာ အလုပ်လုပ်ကြသူတွေ ပါဝင်ပါတယ်။

အမေရိကန်ပြည်သူအများစုကို အားဖြည့်ကိုဗစ်ကာကွယ်ဆေး တတိယတလုံးထိုးမယ့် အိမ်ဖြူတော်ရဲ့ အစီအစဉ်ဟာ လုံခြုံစိတ်ချရမှုပိုင်း အချက်အလက် မပြည့်စုံသေးဘူးဆိုပြီး FDA က ပြီးခဲ့တဲ့ ပတ်က ပယ်ချခဲ့ပါတယ်။ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC ရဲ့ အကြံပေးအဖွဲ့ကလည်း ဘယ်လိုအုပ်စုတွေကို တတိယ အားဖြည့်ကာကွယ်ဆေး ထိုးသင့် မသင့် ဆုံးဖြတ်ချက်ကို ဒီနေ့ ကြာသပတေးနေ့မှာ ဆုံးဖြတ်မယ့်ပုံရပါတယ်။

New York မြို့မှာ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန်မှာပဲ ဗုဒ္ဓဟူးနေ့က အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ထိပ်သီးညီလာခံမှာတော့ အမေရိကန်သမ္မတ Joe Biden က ကမ္ဘာကြီးအတွက် ကိုဗစ်ကာကွယ်ဆေး ထပ်မံလှူဒါန်းဖို့ ကတိပြုခဲ့ပါတယ်။
"အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကာကွယ်ဆေး ၁ လုံးထိုးပေးတိုင်း ကမ္ဘာကြီးအတွက် ဆေး ၃ လုံးလှူဒါန်;ဖို့ ကတိပြုထားတယ်" လို့ သမ္မတ Biden ကပြောပါတယ်။

အမေရိကန်က ကမ္ဘာ့နိုင်ငံတွေအတွက် Pfizer ကိုဗစ်ကာကွယ်ဆေး နောက်ထပ် သန်း ၅၀၀ လှူဒါန်းမယ်လို့ ထပ်မံကတိပြုခဲ့တာပါ။ ဒါကြောင့် အမေရိကန်ကလှူဒါန်းမယ်လို့ ကတိပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း ၁.၁ ဘီလျံရှိသွားပါပြီ။ ကပ်ရောဂါအဆုံးသတ်ရေးအတွက် အားလုံး ကတိပြုဆောင်ရွက်သွားကြရမယ်လို့ အမေရိကန်သမ္မတ Biden က ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG