သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ျဖစ္အၿပီး အိပ္မရျခင္း


ကိုဗစ္ျဖစ္အၿပီး အိပ္မရျခင္း
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ကိုဗစ္-19 ေရာဂါ အခုတစ္ေခါက္ျဖစ္အၿပီး၊ ေနာက္ဆက္တြဲအျဖစ္ ညပိုင္း အိပ္မရတာတခ်ဳိ ႔ ျဖစ္လာေနတယ္လို႔၊ က်န္းမာေရးပညာရွင္ေတြက ေထာက္ျပေျပာဆိုေနၾကပါတယ္။

ကိုဗစ္ကပ္ေရာဂါႀကီးက အလြန္ေၾကာက္စရာေကာင္းလြန္းၿပီး၊ ေသေက်ၾကတာနဲ႔၊ ေသေရးရွင္ေရးလို ခံစားရကာ၊ ျပန္ျဖစ္မွာကို ထိပ္လန႔္ေျခာက္ျခားေနၿပီး၊ စိတ္ဒဏ္ရာ ရရိွသြားတာေၾကာင့္ အဓိက အိပ္မရၾကတာပါ။ ေကာင္းမြန္စြာ အိပ္စက္ႏိုင္ဖို႔က ကိုယ္က်န္းမာၿပီး၊ စိတ္ခ်မ္းသာဖို႔ လိုအပ္ကာ၊ တေန႔တာ ပင္ပန္းမႈေတြကို အပန္းျပန္ေျဖၿပီး၊ ေနာက္တေန႔ လန္းဆန္းစြာ ရိွႏိုင္ဖို႔အတြက္ ျပန္အားျပည့္ေစတာပါ။ ဒါ့အျပင္ ကိုဗစ္ မျဖစ္ေသးသူေတြကလည္း တျခားသူေတြ ျဖစ္တာကို လူမူ႔မီဒီယာ (ဥပမာ - Facebook) မွာ ေတြ႔ရိွၿပီး၊ ကိုယ္တိုင္ျဖစ္လာမွာကိုလည္း စိုးရိမ္ထိတ္လန႔္ ေနၾကတတ္ပါတယ္။ ေရာဂါျဖစ္လာခ်ိန္မွာလည္း အသက္႐ူၾကပ္သြားမလား၊ ေအာက္ဆီဂ်င္ ျပတ္သြားမလား၊ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ေဆးကုသမူမွ ရႏိုင္ပါ့မလား စသည္ျဖင့္ စိတ္ဂေယာက္ဂယက္၊ မထိန္းႏိုင္ (Overwhelming) ျဖစ္လာကာ၊ ႀကီးမားတဲ့ စိတ္ဖိစီးစိုးရမ္မူေတြနဲ႔အတူ၊ ေနာက္ပိုင္း စိတ္ဒဏ္ရာ (Post Traumatic Stress Disorder - PTSD) ျဖစ္သြားရတာပါ။

ဒီ စိတ္ဒဏ္ရာ ႀကီးမားမူေၾကာင့္ရတဲ့ PTSD က ေသမင္းနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ အေတြ႔အႀကဳံမ်ိဳးရွိခဲ့သူေတြမွာ (ဥပမာ စစ္ပြဲအေတြ႔အႀကံဳ) အဓိက ျဖစ္ေလ့ရွိတတ္ၿပီး၊ အေသအေပ်ာက္မ်ားေစတဲ့ ကိုဗစ္-19 မွာလည္း အခု ပါဝင္လာေနပါတယ္။ PTSD ျဖစ္လာတာကို သိႏိုင္တဲ့ လကၡဏာေတြကေတာ့ ေျခာက္ျခားေၾကာက္လန႔္တာ၊ ႐ုတ္တရက္ ရင္တုန္လန႔္ျဖန႔္တာ၊ ေခါင္းမူးတာ၊ လက္က်ဥ္တာေတြပါ။ အခုလို လကၡဏာေတြ ျဖစ္ရျခင္းကလည္း ကိုယ္တြင္း အလိုအေလွ်ာက္ တံု႔ျပန္တဲ့ အာ႐ုံေၾကာစနစ္ (Sympathetic Nervous System) ကေန၊ ေသြးေပါင္ခ်ိန္၊ ဆီးလမ္းေၾကာင္းလုပ္ငန္း စတာေတြကို သြားထိခိုက္ေစၿပီး၊ ေသြေပါင္အတက္အက်၊ ရင္တုန္မူ စတာေတြျဖစ္ေစကာ ပိုၿပီးလန႔္ျဖန႔္သြားေစႏိုင္လို႔ပါ။ ဒါ့အျပင္ ႏွလုံးေဖာက္လာမလား၊ အသက္႐ူ မရေတာ့ပါလားစတဲ့ ထိတ္လန႔္မူေတြ ဆက္ျဖစ္ကာ ေၾကာက္လန႔္မူ သံသရာလည္ကာ ပိုဆိုးသြားေစႏိုင္ပါတယ္။ ဘယ္အခ်ိန္မွာ ဘာျဖစ္လာမွန္း မသိေတာ့ဘဲ၊ က်ီးလန႔္တစာစာ ေယာက္ယက္ခတ္ (Restless) ျဖစ္သြားရတာမ်ိဳးပါ။

အိပ္စက္ခ်ိန္မွာေတာ့၊ အထက္ပါေၾကာက္လန႔္တဲ့ လကၡဏာေတြေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ကာ အိပ္လို႔မရျဖစ္လာတာအျပင္၊ အရင္ျဖစ္ခဲ့တဲ့ ကိုဗစ္ေၾကာင့္ ေသလုေမ်ာပါးခံစားခဲ့ရတာေတြပါ ျပန္ျမင္ေယာင္လာၿပီး၊ ထိတ္လန႔္မႈစိတ္ ပိုဆိုးလာႏိုင္ပါတယ္။ အက်ိဳးဆက္အျဖစ္ အိမ္မက္ဆိုးမက္ျခင္း၊ ေဇာေခြၽးေတြပ်ံကာ ခ်က္ခ်င္း တကယ္ျဖစ္လာသလို ျပန္ခံစားရတတ္ပါတယ္။ ဒါ့အျပင္ လက္ရွိ စစ္အာဏာသိမ္းထားအၿပီး၊ လူေတြဖမ္ဆီးခံရတာနဲ႔ အျခားဆိုးဆိုးဝါးဝါး ျဖစ္တာေတြ ေန႔စဥ္ၾကားသိေတြ႔ျမင္ ေနရတာေတြေၾကာင့္လည္း၊ စိတ္မလုံမၿခဳံျဖစ္၊ ဝမ္းနည္းပက္လက္ျဖစ္ကာ၊ ကိုဗစ္ စိတ္ဒဏ္ရာကို ထပ္ေထာင္းေစကာ အားလုံး စုၿပံဳခံစားလာရတာေၾကာင့္ အိပ္မရတာ ပိုဆိုးသြားေစႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက ၾသစေတ်းလ်အေျခစိုက္ စိတ္က်န္းမာေရး အထူးကုသမားေတာ္ႀကီးနဲ႔၊ ျမန္မာေဆးတကၠသိုလ္ေတြရဲ႕ ဂုဏ္ထူးေဆာင္ပါေမာကၡ Dr.Raymond တင့္ေဝ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။


==Unicode==

မြန်မာနိုင်ငံမှာ ကိုဗစ်-19 ရောဂါ အခုတစ်ခေါက်ဖြစ်အပြီး၊ နောက်ဆက်တွဲအဖြစ် ညပိုင်း အိပ်မရတာတချို့ ဖြစ်လာနေတယ်လို့၊ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြီးက အလွန်ကြောက်စရာကောင်းလွန်းပြီး၊ သေကျေကြတာနဲ့၊ သေရေးရှင်ရေးလို ခံစားရကာ၊ ပြန်ဖြစ်မှာကို ထိပ်လန့်ခြောက်ခြားနေပြီး၊ စိတ်ဒဏ်ရာ ရရှိသွားတာကြောင့် အဓိက အိပ်မရကြတာပါ။ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့က ကိုယ်ကျန်းမာပြီး၊ စိတ်ချမ်းသာဖို့ လိုအပ်ကာ၊ တနေ့တာ ပင်ပန်းမှုတွေကို အပန်းပြန်ဖြေပြီး၊ နောက်တနေ့ လန်းဆန်းစွာ ရှိနိုင်ဖို့အတွက် ပြန်အားပြည့်စေတာပါ။ ဒါ့အပြင် ကိုဗစ် မဖြစ်သေးသူတွေကလည်း တခြားသူတွေ ဖြစ်တာကို လူမူ့မီဒီယာ (ဥပမာ - Facebook) မှာ တွေ့ရှိပြီး၊ ကိုယ်တိုင်ဖြစ်လာမှာကိုလည်း စိုးရိမ်ထိတ်လန့် နေကြတတ်ပါတယ်။ ရောဂါဖြစ်လာချိန်မှာလည်း အသက်ရူကြပ်သွားမလား၊ အောက်ဆီဂျင် ပြတ်သွားမလား၊ နိုင်ငံရေးအခြေအနေတွေကြောင့် ဆေးကုသမူမှ ရနိုင်ပါ့မလား စသည်ဖြင့် စိတ်ဂယောက်ဂယက်၊ မထိန်းနိုင် (Overwhelming) ဖြစ်လာကာ၊ ကြီးမားတဲ့ စိတ်ဖိစီးစိုးရမ်မူတွေနဲ့အတူ၊ နောက်ပိုင်း စိတ်ဒဏ်ရာ (Post Traumatic Stress Disorder - PTSD) ဖြစ်သွားရတာပါ။

ဒီ စိတ်ဒဏ်ရာ ကြီးမားမူကြောင့်ရတဲ့ PTSD က သေမင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံမျိုးရှိခဲ့သူတွေမှာ (ဥပမာ စစ်ပွဲအတွေ့အကြုံ) အဓိက ဖြစ်လေ့ရှိတတ်ပြီး၊ အသေအပျောက်များစေတဲ့ ကိုဗစ်-19 မှာလည်း အခု ပါဝင်လာနေပါတယ်။ PTSD ဖြစ်လာတာကို သိနိုင်တဲ့ လက္ခဏာတွေကတော့ ခြောက်ခြားကြောက်လန့်တာ၊ ရုတ်တရက် ရင်တုန်လန့်ဖြန့်တာ၊ ခေါင်းမူးတာ၊ လက်ကျဉ်တာတွေပါ။ အခုလို လက္ခဏာတွေ ဖြစ်ရခြင်းကလည်း ကိုယ်တွင်း အလိုအလျှောက် တုံ့ပြန်တဲ့ အာရုံကြောစနစ် (Sympathetic Nervous System) ကနေ၊ သွေးပေါင်ချိန်၊ ဆီးလမ်းကြောင်းလုပ်ငန်း စတာတွေကို သွားထိခိုက်စေပြီး၊ သွေပေါင်အတက်အကျ၊ ရင်တုန်မူ စတာတွေဖြစ်စေကာ ပိုပြီးလန့်ဖြန့်သွားစေနိုင်လို့ပါ။ ဒါ့အပြင် နှလုံးဖောက်လာမလား၊ အသက်ရူ မရတော့ပါလားစတဲ့ ထိတ်လန့်မူတွေ ဆက်ဖြစ်ကာ ကြောက်လန့်မူ သံသရာလည်ကာ ပိုဆိုးသွားစေနိုင်ပါတယ်။ ဘယ်အချိန်မှာ ဘာဖြစ်လာမှန်း မသိတော့ဘဲ၊ ကျီးလန့်တစာစာ ယောက်ယက်ခတ် (Restless) ဖြစ်သွားရတာမျိုးပါ။

အိပ်စက်ချိန်မှာတော့၊ အထက်ပါကြောက်လန့်တဲ့ လက္ခဏာတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ကာ အိပ်လို့မရဖြစ်လာတာအပြင်၊ အရင်ဖြစ်ခဲ့တဲ့ ကိုဗစ်ကြောင့် သေလုမျောပါးခံစားခဲ့ရတာတွေပါ ပြန်မြင်ယောင်လာပြီး၊ ထိတ်လန့်မှုစိတ် ပိုဆိုးလာနိုင်ပါတယ်။ အကျိုးဆက်အဖြစ် အိမ်မက်ဆိုးမက်ခြင်း၊ ဇောချွေးတွေပျံကာ ချက်ချင်း တကယ်ဖြစ်လာသလို ပြန်ခံစားရတတ်ပါတယ်။ ဒါ့အပြင် လက်ရှိ စစ်အာဏာသိမ်းထားအပြီး၊ လူတွေဖမ်ဆီးခံရတာနဲ့ အခြားဆိုးဆိုးဝါးဝါး ဖြစ်တာတွေ နေ့စဉ်ကြားသိတွေ့မြင် နေရတာတွေကြောင့်လည်း၊ စိတ်မလုံမခြုံဖြစ်၊ ဝမ်းနည်းပက်လက်ဖြစ်ကာ၊ ကိုဗစ် စိတ်ဒဏ်ရာကို ထပ်ထောင်းစေကာ အားလုံး စုပြုံခံစားလာရတာကြောင့် အိပ်မရတာ ပိုဆိုးသွားစေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ Dr.Raymond တင့်ဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG