သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၇ သိန္းေက်ာ္ရွိ


အေမရိကန္ျပည္ေထာင္စု ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ ကုိဗစ္ကာကြယ္ေဆး ထုိးႏွံေပးေနတဲ့ျမင္ကြင္း။ (ၾသဂုတ္ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ႏုိင္ငံမွာ COVID-19 ေၾကာင့္ ေသဆံုးရသူဟာ ေအာက္တိုဘာလ ၂ ရက္ေန႔မွာ ၇၀၀,၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ဒါဟာ အေမရိကန္အေရွ႕ပိုင္းက ေဘာ့စတြန္ၿမိဳ႕ လူဦးေရထက္ မ်ားပါတယ္။ ႏိုင္ငံတြင္း ကာကြယ္ေဆးေတြ ထိုးႏွံေပးေနခ်ိန္မွာပဲ လူ ၁၀၀,၀၀၀ ေလာက္ ထပ္ၿပီး ဒီေရာဂါနဲ႔ အသက္ဆံုးခဲ့ရတာ ျဖစ္ပါတယ္။

ကာကြယ္ေဆးေတြက ကိုဗစ္ေၾကာင့္ ေသဆံုးမႈေတြ၊ ေဆး႐ုံတက္ရေလာက္ေအာင္ နာမက်န္းျဖစ္မႈေတြကို ကာကြယ္ႏိုင္တယ္ဆိုတာ အေထာက္အထားေတြနဲ႔ သိလာသလို အသက္ ၁၂ ႏွစ္အထက္ ဘယ္သူမဆို ကာကြယ္ေဆးထိုးဖို႔ ခြင့္ျပဳထားခ်ိန္မွာမွ ေနာက္ထပ္ ၁၀၀,၀၀၀ ေလာက္ ၃ လခြဲအတြင္း ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

ကာကြယ္ေဆး မထိုးခ်င္တဲ့ အေမရိကန္ေတြ သန္းခ်ီရွိေနခ်ိန္မွာပဲ ကူးစက္ျမန္ ဗီဇေျပာင္း ဒယ္လ္တာ ပိုးသစ္ေၾကာင့္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြလည္း တိုးလာခဲ့တာပါ။

ေနာက္ထပ္ေသဆံုးရတဲ့ ၁၀၀,၀၀၀ ေလာက္ထဲက ေသဆံုးမႈအမ်ားဆံုးက ဖေလာ္ရီဒါျပည္နယ္မွာျဖစ္ၿပီး ဇြန္လလယ္ေလာက္က စၿပီး ကိုဗစ္နဲ႔ ေသဆံုးရသူ ၁၇,၀၀၀ ေလာက္ရွိသလို ဒုတိယအမ်ားဆံုး ေသဆံုးမႈရွိတဲ့ တကၠဆက္စ္မွာေတာ့ ၁၃,၀၀၀ ေလာက္ရွိပါတယ္။ ဒီျပည္နယ္ ၂ ခုေပါင္းရင္ အဲဒီကာလအတြင္း ေသဆံုးသူ စုစုေပါင္းရဲ႕ ရာႏႈန္း ၃၀ ေက်ာ္ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

အခု ေနာက္ထပ္ ေသဆံုးခဲ့ရတဲ့ လူေပါင္း ၁၀၀,၀၀၀ ေလာက္ထဲက ၇၀,၀၀၀ ေလာက္ဟာ ကာကြယ္ေဆး မထိုးၾကသူေတြ ျဖစ္ေၾကာင္း Johns Hopkins တကၠသိုလ္ ကူးစက္ေရာဂါဆိုင္ရာဌာနက ေဒါက္တာ David Dowdy က ေျပာပါတယ္။ ကာကြယ္ေဆးထိုးႏွံမႈကို ခုထက္ပို ထိေရာက္ေအာင္ လုပ္ႏိုင္မယ္ဆိုရင္ ဒီလူေတြထဲက ၉၀ ရာခုိင္ႏႈန္းရဲ႕ အသက္ေတြ မေသဆံုးေအာင္ ကာကြယ္ႏိုင္မယ္လို႔ သူယံုၾကည္ေၾကာင္းလည္း ေျပာပါတယ္။

ကာကြယ္ေဆးေတြ ထိုးႏွံေပးေနခ်ိန္မွာပဲ ကာကြယ္ေဆးတမ်ိဳးျဖစ္တဲ့ Johnson & Johnson ေၾကာင့္ အႏၲရာယ္ႀကီးတဲ့ ေသြးခဲမႈျဖစ္ေစတာ ေတြ႔ရတဲ့အတြက္ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနတယ္ဆိုတဲ့ သတင္းမ်ိဳးေၾကာင့္ တခ်ိဳ႕က ေဆးထိုးဖို႔လုပ္ၿပီးမွ မထိုးျဖစ္တာမ်ိဳးေတြ ရွိခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၇ သိန်းကျော်ရှိ

အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးရသူဟာ အောက်တိုဘာလ ၂ ရက်နေ့မှာ ၇၀၀,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အရှေ့ပိုင်းက ဘော့စတွန်မြို့ လူဦးရေထက် များပါတယ်။ နိုင်ငံတွင်း ကာကွယ်ဆေးတွေ ထိုးနှံပေးနေချိန်မှာပဲ လူ ၁၀၀,၀၀၀ လောက် ထပ်ပြီး ဒီရောဂါနဲ့ အသက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေက ကိုဗစ်ကြောင့် သေဆုံးမှုတွေ၊ ဆေးရုံတက်ရလောက်အောင် နာမကျန်းဖြစ်မှုတွေကို ကာကွယ်နိုင်တယ်ဆိုတာ အထောက်အထားတွေနဲ့ သိလာသလို အသက် ၁၂ နှစ်အထက် ဘယ်သူမဆို ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုထားချိန်မှာမှ နောက်ထပ် ၁၀၀,၀၀၀ လောက် ၃ လခွဲအတွင်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ကာကွယ်ဆေး မထိုးချင်တဲ့ အမေရိကန်တွေ သန်းချီရှိနေချိန်မှာပဲ ကူးစက်မြန် ဗီဇပြောင်း ဒယ်လ်တာ ပိုးသစ်ကြောင့် ကူးစက်ပျံ့နှံ့မှုတွေလည်း တိုးလာခဲ့တာပါ။

နောက်ထပ်သေဆုံးရတဲ့ ၁၀၀,၀၀၀ လောက်ထဲက သေဆုံးမှုအများဆုံးက ဖလော်ရီဒါပြည်နယ်မှာဖြစ်ပြီး ဇွန်လလယ်လောက်က စပြီး ကိုဗစ်နဲ့ သေဆုံးရသူ ၁၇,၀၀၀ လောက်ရှိသလို ဒုတိယအများဆုံး သေဆုံးမှုရှိတဲ့ တက္ကဆက်စ်မှာတော့ ၁၃,၀၀၀ လောက်ရှိပါတယ်။ ဒီပြည်နယ် ၂ ခုပေါင်းရင် အဲဒီကာလအတွင်း သေဆုံးသူ စုစုပေါင်းရဲ့ ရာနှုန်း ၃၀ ကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အခု နောက်ထပ် သေဆုံးခဲ့ရတဲ့ လူပေါင်း ၁၀၀,၀၀၀ လောက်ထဲက ၇၀,၀၀၀ လောက်ဟာ ကာကွယ်ဆေး မထိုးကြသူတွေ ဖြစ်ကြောင်း Johns Hopkins တက္ကသိုလ် ကူးစက်ရောဂါဆိုင်ရာဌာနက ဒေါက်တာ David Dowdy က ပြောပါတယ်။ ကာကွယ်ဆေးထိုးနှံမှုကို ခုထက်ပို ထိရောက်အောင် လုပ်နိုင်မယ်ဆိုရင် ဒီလူတွေထဲက ၉၀ ရာခိုင်နှုန်းရဲ့ အသက်တွေ မသေဆုံးအောင် ကာကွယ်နိုင်မယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။

ကာကွယ်ဆေးတွေ ထိုးနှံပေးနေချိန်မှာပဲ ကာကွယ်ဆေးတမျိုးဖြစ်တဲ့ Johnson & Johnson ကြောင့် အန္တရာယ်ကြီးတဲ့ သွေးခဲမှုဖြစ်စေတာ တွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းမျိုးကြောင့် တချို့က ဆေးထိုးဖို့လုပ်ပြီးမှ မထိုးဖြစ်တာမျိုးတွေ ရှိခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG