(Zawgyi / Unicode)
ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး (WHO) ရဲ႕ ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က အခုကပ္ေဘးႀကီးက စီးပြားလူမႈနဲ႔ အစိုးရေတြကို မၿငိမ္မသက္ ျဖစ္ေစခဲ့တာမို႔ က်န္းမာေရးမလံုၿခံဳရင္ ကမၻာႀကီး မလံုၿခံဳဘူးလို႔ ေထာက္ျပေျပာဆိုလိုက္ပါတယ္။
ကပ္ေဘးႀကီးကို အဆံုးသတ္ဖုိ႔ အေကာင္းဆံုးနဲ႔ အလွ်င္ျမန္ဆံုးနည္းက ကာကြယ္ေဆး ေထာက္ပံ့မႈနဲ႔ ရပို္င္ခြင့္ေတြအေပၚ စစ္မွန္တဲ့ ကမၻာလံုးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ေဆာင္ၾကရမယ္လို႔လည္း သူက ဆက္ေျပာသြားပါတယ္။
ဥေရာပသမဂၢရဲ႕ ႏုိင္ငံေရးနဲ႔ စီးပြားေရး ကိုယ္စားလွယ္ေတြနဲ႔ သံတမန္ေတြနဲ႔ မၾကာေသးမီက ေတြ႔ဆံုရာမွာ COVID-19 နဲ႔ပတ္သက္ၿပီး Tedros က အခုလို ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
ကာကြယ္ေဆးမမွ်တမႈေတြ ရွိေနသမွ် ကာလပတ္လံုး လူမႈေရးနဲ႔ စီးပြားေရးေတြလည္း ပရမ္းပတာ ဆက္ျဖစ္ေနမွာျဖစ္တာမို႔ ဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔လည္ပတ္ဖို႔နဲ႔ ပိုးသစ္ေျပာင္းဖို႔လည္း အခြင့္သာေနမွာျဖစ္တယ္လို႔ ေျပာဆိုသြားပါတယ္။
Johns Hopkins တကၠသိုလ္ ကို႐ုိနာဗိုင္းရပ္စ္ဌာနရဲ႕ တနဂၤေႏြေန႔ ထုတ္ျပန္ခ်က္အရ တကမၻာလံုး ကိုဗစ္ကူးစက္သူ ၂၃၄ ဒသမ ၆ သန္းရွိၿပီး ၅ သန္းနီးပါး ေသဆံုးခဲ့ၾကၿပီး ျဖစ္ပါတယ္။
ဥေရာပႏုိင္ငံေတြမွာလည္း ကို႐ုိနာဗိုင္းရပ္စ္ ေန႔စဥ္ကူးစက္သူ အေရအတြက္ဟာ အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ ၁၉ သန္းအထိ ျမင့္တက္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့လက ကူးစက္သူ တေန႔ ၁,၀၀၀ နီးပါးရွိခဲ့တဲ့ ႐ုိေမးနီးယားႏုိင္ငံဟာ အခုဆို တေန႔ ၁၂,၅၀၀ အထိ ကူးစက္ေနပါတယ္။ ကူးစက္မႈအသစ္ေတြနဲ႔အတူ စည္းမ်ဥ္းကန္႔သတ္မႈ အသစ္ေတြေၾကာင့္ ဘူခ်ာရပ္ၿမိဳ႕မွာ ဆႏၵျပမႈေတြလည္း ျဖစ္ပြားေနတယ္လို႔ ႐ုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
--------------------
(Unicode)
“ကျန်းမာရေး ဘေးကင်းလုံခြုံမှုမရှိရင် ကမ္ဘာကြီး မလုံခြုံနိုင်” WHO အကြီးအကဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က အခုကပ်ဘေးကြီးက စီးပွားလူမှုနဲ့ အစိုးရတွေကို မငြိမ်မသက် ဖြစ်စေခဲ့တာမို့ ကျန်းမာရေးမလုံခြုံရင် ကမ္ဘာကြီး မလုံခြုံဘူးလို့ ထောက်ပြပြောဆိုလိုက်ပါတယ်။
ကပ်ဘေးကြီးကို အဆုံးသတ်ဖို့ အကောင်းဆုံးနဲ့ အလျှင်မြန်ဆုံးနည်းက ကာကွယ်ဆေး ထောက်ပံ့မှုနဲ့ ရပိုင်ခွင့်တွေအပေါ် စစ်မှန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ကြရမယ်လို့လည်း သူက ဆက်ပြောသွားပါတယ်။
ဥရောပသမဂ္ဂရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ကိုယ်စားလှယ်တွေနဲ့ သံတမန်တွေနဲ့ မကြာသေးမီက တွေ့ဆုံရာမှာ COVID-19 နဲ့ပတ်သက်ပြီး Tedros က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကာကွယ်ဆေးမမျှတမှုတွေ ရှိနေသမျှ ကာလပတ်လုံး လူမှုရေးနဲ့ စီးပွားရေးတွေလည်း ပရမ်းပတာ ဆက်ဖြစ်နေမှာဖြစ်တာမို့ ဗိုင်းရပ်စ် ပျံ့နှံ့လည်ပတ်ဖို့နဲ့ ပိုးသစ်ပြောင်းဖို့လည်း အခွင့်သာနေမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ်ဌာနရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ တကမ္ဘာလုံး ကိုဗစ်ကူးစက်သူ ၂၃၄ ဒသမ ၆ သန်းရှိပြီး ၅ သန်းနီးပါး သေဆုံးခဲ့ကြပြီး ဖြစ်ပါတယ်။
ဥရောပနိုင်ငံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်သူ အရေအတွက်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် ၁၉ သန်းအထိ မြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ကူးစက်သူ တနေ့ ၁,၀၀၀ နီးပါးရှိခဲ့တဲ့ ရိုမေးနီးယားနိုင်ငံဟာ အခုဆို တနေ့ ၁၂,၅၀၀ အထိ ကူးစက်နေပါတယ်။ ကူးစက်မှုအသစ်တွေနဲ့အတူ စည်းမျဉ်းကန့်သတ်မှု အသစ်တွေကြောင့် ဘူချာရပ်မြို့မှာ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။