သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖရိက ၁၁ ႏိုင္ငံက ခရီးသည္ေတြ ျပည္ဝင္ခြင့္ ပိတ္ပင္မႈ ၿဗိတိန္ ႐ုပ္သိမ္းေတာ႔မည္


(Zawgyi / Unicode)

Covid-19 တိုက္ဖ်က္ေရး အတြက္ ရည္ရြယ္ၿပီး အာဖရိကတိုက္ ႏိုင္ငံ ၁၁ ခုက ခရီးသည္ေတြ ၿဗိတိန္ကို ၀င္ေရာက္ခြင့္ တားျမစ္ထားတာကို အဆံုးသတ္မယ့္ အေၾကာင္း ၿဗိတိန္ အစိုးရက အဂၤါေန႔မွာ ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးကြဲ အိုမီခရြန္ ပ်ံ႔ႏွံ႔မႈက စိုးရိမ္ဖြယ္ ျဖစ္ေပမယ့္လည္း ၿဗိတိန္ အစိုးရက အခုလို ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။ ေတာင္အာဖရိကနဲ႔ ေဟာင္ေကာင္မွာ ႏို၀င္ဘာလ အတြင္း အိုမီခရြန္ မ်ိဳးကြဲကို ပထမဆံုး ေတြ႕ခဲ႔ရၿပီးေနာက္ ႏို၀င္ဘာလ ေႏွာင္းပိုင္းမွာဘဲ အာဖရိကတိုက္ ႏိုင္ငံ ၁၁ ခုကို ၿဗိတိန္ အစိုးရက ခရီးသြားလာမႈ တားျမစ္ စာရင္းထဲ ထည့္သြင္းခဲ႔တာပါ။

ၿဗိတိန္ လူမႈ အသိုင္းအဝိုင္းတြင္း အိုမီခရြန္ မ်ိဳးကြဲ ကူးစက္မႈ ရွိခဲ႔ၿပီး ျဖစ္ေၾကာင္းနဲ႔ ဗုဒၶဟူးေန႔ ဂရင္းနစ္ စံေတာ္ခ်ိန္ မနက္ ၄ နာရီမွာ ခရီးသြားလာမႈ တားျမစ္မိန္႔ကို ႐ုပ္သိမ္းမယ့္ အေၾကာင္း က်န္းမာေရး ၀န္ႀကီး Sajid Javid က ပါလီမန္မွာ အဂၤါေန႔က ေၾကညာခဲ႔တာပါ။

ၿဗိတိန္မွာ လူမႈ အသိုင္းအဝိုင္းတြင္း အိုမီခရြန္ ကူးစက္မႈ ရွိသလို ကမ ၻာတလႊားမွာလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ပ်ံ႕ႏွံ႔ ကူးစက္ေနေၾကာင္း၊ ျပည္ပကေန အိုမီခရြန္ ၀င္ေရာက္လာမႈကို ေလွ်ာ့ခ်ေရး အတြက္ ခရီးသြား တားျမစ္ခ်က္က ထိေရာက္မႈ သိပ္မရွိေတာ့ေၾကာင္း သူက ေျပာဆိုခဲ႔တာပါ။

ဒီ ခရီးသြား တားျမစ္ခ်က္ကို က်င့္သံုးစဥ္မွာေတာ့ တားျမစ္စာရင္း၀င္ ႏိုင္ငံေတြကို ေရာက္ေနၾကတဲ႔ ၿဗိတိန္ ႏိုင္ငံသားေတြ၊ ေနထိုင္ခြင့္ ရသူေတြ အေနနဲ႔ ကိုယ့္စားရိတ္နဲ႔ကိုယ္ ဟိုတယ္မွာ Quarantine ၀င္ရမယ္ဆိုတဲ႔ သတ္မွတ္ခ်က္နဲ႔ ၿဗိတိန္ကို ၀င္ေရာက္ခြင့္ျပဳခဲ႔တာ ျဖစ္ပါတယ္။

ၿဗိတိန္ရဲ႕ ခရီးသြား ကန္႔သတ္ စာရင္းသြင္းခံရတဲ႔ ႏိုင္ငံေတြကေတာ့ အန္ဂိုလာ၊ ေဘာစ္႔ဝါနာ၊ အက္စ္ဝါတီနီ၊ လီဆိုသို၊ မာလာဝီ၊ မိုဇမ္းဘစ္ခ္၊ နမ္မီးဘီးယား၊ ႏိုင္ဂ်ီးရီးယား၊ ေတာင္အာဖရိက၊ ဇမ္းဘီယားနဲ႔ ဇင္ဘာေဘြ ႏိုင္ငံတို႔ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

အာဖရိက ၁၁ နိုင်ငံက ခရီးသည်တွေ ပြည်ဝင်ခွင့် ပိတ်ပင်မှု ဗြိတိန် ရုပ်သိမ်းတော့မည်

Covid-19 တိုက်ဖျက်ရေး အတွက် ရည်ရွယ်ပြီး အာဖရိကတိုက် နိုင်ငံ ၁၁ ခုက ခရီးသည်တွေ ဗြိတိန်ကို ဝင်ရောက်ခွင့် တားမြစ်ထားတာကို အဆုံးသတ်မယ့် အကြောင်း ဗြိတိန် အစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန် ပျံ့နှံ့မှုက စိုးရိမ်ဖွယ် ဖြစ်ပေမယ့်လည်း ဗြိတိန် အစိုးရက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ တောင်အာဖရိကနဲ့ ဟောင်ကောင်မှာ နိုဝင်ဘာလ အတွင်း အိုမီခရွန် မျိုးကွဲကို ပထမဆုံး တွေ့ခဲ့ရပြီးနောက် နိုဝင်ဘာလ နှောင်းပိုင်းမှာဘဲ အာဖရိကတိုက် နိုင်ငံ ၁၁ ခုကို ဗြိတိန် အစိုးရက ခရီးသွားလာမှု တားမြစ် စာရင်းထဲ ထည့်သွင်းခဲ့တာပါ။

ဗြိတိန် လူမှု အသိုင်းအဝိုင်းတွင်း အိုမီခရွန် မျိုးကွဲ ကူးစက်မှု ရှိခဲ့ပြီး ဖြစ်ကြောင်းနဲ့ ဗုဒ္ဓဟူးနေ့ ဂရင်းနစ် စံတော်ချိန် မနက် ၄ နာရီမှာ ခရီးသွားလာမှု တားမြစ်မိန့်ကို ရုပ်သိမ်းမယ့် အကြောင်း ကျန်းမာရေး ဝန်ကြီး Sajid Javid က ပါလီမန်မှာ အင်္ဂါနေ့က ကြေညာခဲ့တာပါ။ ဗြိတိန်မှာ လူမှု အသိုင်းအဝိုင်းတွင်း အိုမီခရွန် ကူးစက်မှု ရှိသလို ကမ ္ဘာတလွှားမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ ကူးစက်နေကြောင်း၊ ပြည်ပကနေ အိုမီခရွန် ဝင်ရောက်လာမှုကို လျှော့ချရေး အတွက် ခရီးသွား တားမြစ်ချက်က ထိရောက်မှု သိပ်မရှိတော့ကြောင်း သူက ပြောဆိုခဲ့တာပါ။

ဒီ ခရီးသွား တားမြစ်ချက်ကို ကျင့်သုံးစဉ်မှာတော့ တားမြစ်စာရင်းဝင် နိုင်ငံတွေကို ရောက်နေကြတဲ့ ဗြိတိန် နိုင်ငံသားတွေ၊ နေထိုင်ခွင့် ရသူတွေ အနေနဲ့ ကိုယ့်စားရိတ်နဲ့ကိုယ် ဟိုတယ်မှာ Quarantine ဝင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ဗြိတိန်ကို ဝင်ရောက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ခရီးသွား ကန့်သတ် စာရင်းသွင်းခံရတဲ့ နိုင်ငံတွေကတော့ အန်ဂိုလာ၊ ဘောစ့်ဝါနာ၊ အက်စ်ဝါတီနီ၊ လီဆိုသို၊ မာလာဝီ၊ မိုဇမ်းဘစ်ခ်၊ နမ်မီးဘီးယား၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ ဇမ်းဘီယားနဲ့ ဇင်ဘာဘွေ နိုင်ငံတို့ ဖြစ်ပါတယ်။

XS
SM
MD
LG