သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ အတိုက္အခံေတြ ေဆြးေႏြးေရး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး တိုက္တြန္း


In this photo provided by Myanmar's Ministry of Information, Chinese Foreign Minister Wang Yi, center, is welcomed by Myanmar Foreign Ministry representatives and Chinese embassy officials upon his arrival at Nyaung Oo Airport in Bagan, Myanmar, July 2, 2

[[ ZAWGYI / UNICODE ]]

စစ္ေကာင္စီနဲ႔ အတိုက္အခံေတြ ေဆြးေႏြးေရး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး တိုက္တြန္း

အတိုက္အခံေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးဖို႔ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က စစ္ေကာင္စီကို တနဂၤေႏြေန႔က တိုက္တြန္းလိုက္ပါတယ္။ ျမန္မာႏိုင္ငံကို ေရာက္ေနတဲ႔ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးရဲ႕ တိုက္တြန္းခ်က္ဟာ ႀကိဳဆိုရမယ့္အခ်က္လို႔ သံုးသပ္သူ တခ်ိဳ႕က ယူဆၾကေပမယ့္လည္း ခိုင္ခိုင္မာမာ ရလဒ္မ်ိဳး ထြက္လာႏိုင္ပါ့မလား ဆိုတာကိုေတာ့ သတိထားေစာင့္ၾကည့္ရမွာ ျဖစ္ေၾကာင္း ေျပာဆိုၾကပါတယ္။ ကိုခင္ေမာင္စိုးမင္း စုစည္း တင္ျပထားပါတယ္။

.........

ျမန္မာႏိုင္ငံကို ေရာက္ေနတဲ႔ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က စစ္ေကာင္စီနဲ႔ အတိုက္အခံေတြၾကား ေဆြးေႏြးဖို႔ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝ႑ေမာင္လြင္ ကို ေျပာဆိုလိုက္တာဟာ ႀကိဳဆိုရမယ့္ အခ်က္ျဖစ္ေၾကာင္း အေမရိကန္ ျပည္ေထာင္စုမွာ ေနထိုင္တဲ့ ႏိုင္ငံေရး သုံးသပ္သူတဦးျဖစ္တဲ့ ေဒါက္တာ ရိုဒင္းငါ က သူရဲ႕အျမင္ကို အခုလိုေျပာပါတယ္။

" တကယ့္ အင္အားႀကီးႏိုင္ငံတခု ျမန္မာျပည္နဲ႔ အဓိက ဆက္စပ္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံရဲ႕ အဆင့္ျမင့္ေခါင္းေဆာင္ ႏိုင္ငံျခားေရးဝန္ႀကီး ကိုယ္တိုင္ အဲဒီလိုေျပာသြားတဲ့ ကိစၥကေတာ့ အေျခခံအားျဖင့္ ၾကဳိဆိုတယ္၊ ဒါေပမဲ့ သတိႀကီးစြာနဲ႔ နည္းနည္း ေစာင့္ၾကည့္ရမယ္လို႔ ယူဆတယ္။ ျမန္မာျပည္ရဲ႕ ႏိုင္ငံေရးအက်ပ္အတည္းကို ေျဖရွင္းဖို႔ အေကာင္းဆုံးနည္းလမ္း ျဖစ္မယ္လို႔လည္း က်ေနာ္ ယူဆတယ္။ တ႐ုတ္ရဲ႕ အဓိက ရည္မွန္းခ်က္ကေတာ့ ျမန္မာျပည္မွာ တည္ၿငိမ္တဲ့အစိုးရတရပ္ ရွိဖို႔ သူတို႔လိုလားတယ္။ ဒီ အာဏာသိမ္း စစ္ေကာင္စီကလည္း ဘယ္လိုမွ တည္ၿငိမ္ေအာင္ မထိန္းႏိုင္ဘူးဆိုတာ လက္ရွိအေျခအေနအရ ေပၚလြင္ေနပါတယ္။ ဒီလိုပဲ ဆက္သြားမယ္ဆိုရင္ အခုလက္ရွိ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ ဆုတ္ယုတ္ပ်က္စီးႏိုင္တဲ့ အေျခအေနမွာ .. တ႐ုတ္ကေန အခုလို တင္ျပလာတယ္ ၊ အဆိုျပဳလာတယ္လို႔ပဲ က်ေနာ္ သုံးသပ္ပါတယ္။ "

ဒါ့အျပင္ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က ျမန္မာႏိုင္ငံေရးမွာ ပါဝင္ပတ္သက္ၾကတဲ့ အဖြဲ႔အစည္းေတြ အေနနဲ႔ ဆင္ျခင္တုံတရားကို လက္ကိုင္ထားၿပီး ညိွႏိႈင္းေဆြးေႏြးၾကဖို႔ နဲ႔ ႏိုင္ငံေရးအရ ျပန္လည္သင့္ျမတ္ေရးကို ႀကိဳးပမ္းၾကဖို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း ေျပာပါတယ္။

ျမန္မာႏုိင္ငံက စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေပၚေပါက္ေနတဲ့ ႏိုင္ငံေရးျပႆနာေတြကို ေျဖရွင္းေရး ဖမ္းဆီးခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးဖို႔ မျဖစ္ႏိုင္ဘူးလို႔ အျပတ္မေျပာႏိုင္ေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္း ေျပာဆိုခဲ႔ၿပီးေနာက္မွာ တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီးရဲ႕ တိုက္တြန္းခ်က္ ထြက္ေပၚလာတာပါ။

ရင္ ၁၉၉၀ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ NLD ရဲ႕ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ တဦးလည္းျဖစ္၊ အေမရိကန္ ျပည္ေထာင္စုမွာ ေနထိုင္ေနတဲ့ ျမန္မာႏိုင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာ တင့္ေဆြကေတာ့ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ တိုက္တြန္းမႈေၾကာင့္ေတာ့ ထိေရာက္တဲ႔ ရလဒ္မ်ိဳး အေျပာင္းအလဲမ်ိဳး ထြက္လာပါ့မလား ဆိုၿပီး သံသယ ရွိေနပါတယ္။

" ထူးျခားခ်က္ တခုကေတာ့ ေတြ႕ဆုံေဆြးေႏြးမႈ အေၾကာင္း သူကေျပာလာတယ္။ စကစ ေျပာေရးဆိုခြင့္ရွိသူ ေျပာတဲ့ သေဘာကလည္း ၊ လူၾကားေကာင္းေအာင္ ေျပာတာလား .. ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ေကာင္းေတြ႕မယ္- ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို လူေတြ ယုံေနေစခ်င္တာလား။ သူေျပာတဲ့ အတိုက္အခံဆိုတာ ဘာလဲ။ ဒီ စစ္ေကာင္စီလက္ထက္မွာ လုပ္တဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြ ျဖစ္ျဖစ္ တျခားေဆြးေႏြးပဲြျဖစ္ျဖစ္ ဆိုရင္၊ တက္ခ်င္တဲ့လူေတြ တက္ၿပီးေတာ့ တက္တဲ့လူေတြကလည္း စစ္ေကာင္စီနဲ႔ေပါင္းၿပီးေတာ့ သူတို႔ အက်ဳိးစီးပြားရေအာင္လုပ္တဲ့ ေဆြးေႏြးပြဲေတြ ျဖစ္ေတာ့ကာ ..တ႐ုတ္ႏိုင္ငံက အခုေျပာတဲ့ ေတြ႕ဆုံေဆြးေႏြးပဲြမွာ အတိုက္အခံဘက္လို႔ ေျပာရမယ့္ ေဒၚေအာင္ဆန္းစုၾကည္ ပါမလား ဆိုတာကလည္း ေျပာလို႔မရႏိုင္ေသးတဲ့ အေနအထားျဖစ္တဲ့အတြက္ က်ေနာ္ကေတာ့ သိပ္ထူးျခားၿပီး တိုးတက္တဲ့လကၡဏာလို႔ မျမင္ပါဘူးခင္ဗ်ား။ "

ပုဂံမွာ က်င္းပတဲ႔ Lanchang - Mekong မဲေခါင္ျမစ္ေၾကာင္း တေလွ်ာက္က ႏိုင္ငံျခားေရးဝန္ႀကီး အစည္းအေဝးကို တက္ေရာက္ေရး အတြက္ တ႐ုတ္ ႏိုင္ငံျခားေရး ၀န္ႀကီး ျမန္မာႏိုင္ငံကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ ေပၚေပါက္လာတဲ႔ ႏိုင္ငံေရးအက်ပ္အတည္းကို သက္ဆိုင္သူ အားလံုး ေတြ႕ဆံုေဆြးေႏြး ေျဖရွင္းေရး တိုက္တြန္းထားတဲ႔ အာဆီယံ ဘံုသေဘာတူညီခ်က္ကို ႏိုင္ငံတကာကလည္း ေထာက္ခံထားတာ ျဖစ္ပါတယ္။ အားလံုးပါ၀င္တဲ႔ ႏိုင္ငံေရး ေဆြးေႏြးမႈမ်ိဳးနဲ႔ ႏိုင္ငံသားေတြရဲ႕ ႏိုင္ငံေရး အခြင့္အေရးကို စိုးရိမ္မႈ ၿခိမ္းေျခာက္ခံရမႈ မရွိဘဲ အသံုးျပဳႏိုင္တဲ႔ အေျခအေနမ်ိဳး မရွိဘူးဆိုရင္ေတာ့ အၾကမ္းဖက္မႈေတြနဲ႔ မတည္ၿငိမ္မႈေတြ ေနာက္ထပ္ ပိုၿပီး ႀကီးမားက်ယ္ျပန္႔လာပါမယ္လို႔ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ NoeleenHeyzer က ၿပီးခဲ႔တဲ႔ လ အတြင္း ကုလသမဂၢ အေထြေထြ ညီလာခံမွာ သတိေပးထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========================

{{ UNICODE }}

စစ်ကောင်စီနဲ့ အတိုက်အခံတွေ ဆွေးနွေးရေး တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စစ်ကောင်စီကို တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ တိုက်တွန်းချက်ဟာ ကြိုဆိုရမယ့်အချက်လို့ သုံးသပ်သူ တချို့က ယူဆကြပေမယ့်လည်း ခိုင်ခိုင်မာမာ ရလဒ်မျိုး ထွက်လာနိုင်ပါ့မလား ဆိုတာကိုတော့ သတိထားစောင့်ကြည့်ရမှာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ ကိုခင်မောင်စိုးမင်း စုစည်း တင်ပြထားပါတယ်။

.........

မြန်မာနိုင်ငံကို ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စစ်ကောင်စီနဲ့ အတိုက်အခံတွေကြား ဆွေးနွေးဖို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင် ကို ပြောဆိုလိုက်တာဟာ ကြိုဆိုရမယ့် အချက်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ နိုင်ငံရေး သုံးသပ်သူတဦးဖြစ်တဲ့ ဒေါက်တာ ရိုဒင်းငါ က သူရဲ့အမြင်ကို အခုလိုပြောပါတယ်။

" တကယ့် အင်အားကြီးနိုင်ငံတခု မြန်မာပြည်နဲ့ အဓိက ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ အဆင့်မြင့်ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် အဲဒီလိုပြောသွားတဲ့ ကိစ္စကတော့ အခြေခံအားဖြင့် ကြိုဆိုတယ်၊ ဒါပေမဲ့ သတိကြီးစွာနဲ့ နည်းနည်း စောင့်ကြည့်ရမယ်လို့ ယူဆတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်မယ်လို့လည်း ကျနော် ယူဆတယ်။ တရုတ်ရဲ့ အဓိက ရည်မှန်းချက်ကတော့ မြန်မာပြည်မှာ တည်ငြိမ်တဲ့အစိုးရတရပ် ရှိဖို့ သူတို့လိုလားတယ်။ ဒီ အာဏာသိမ်း စစ်ကောင်စီကလည်း ဘယ်လိုမှ တည်ငြိမ်အောင် မထိန်းနိုင်ဘူးဆိုတာ လက်ရှိအခြေအနေအရ ပေါ်လွင်နေပါတယ်။ ဒီလိုပဲ ဆက်သွားမယ်ဆိုရင် အခုလက်ရှိ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဆုတ်ယုတ်ပျက်စီးနိုင်တဲ့ အခြေအနေမှာ .. တရုတ်ကနေ အခုလို တင်ပြလာတယ် ၊ အဆိုပြုလာတယ်လို့ပဲ ကျနော် သုံးသပ်ပါတယ်။ "

ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်ကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး ညှိနှိုင်းဆွေးနွေးကြဖို့ နဲ့ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းကြဖို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရေး ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ အပြတ်မပြောနိုင်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ပြောဆိုခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာတာပါ။

ရင် ၁၉၉၀ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်၊ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ တင့်ဆွေကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ တိုက်တွန်းမှုကြောင့်တော့ ထိရောက်တဲ့ ရလဒ်မျိုး အပြောင်းအလဲမျိုး ထွက်လာပါ့မလား ဆိုပြီး သံသယ ရှိနေပါတယ်။

" ထူးခြားချက် တခုကတော့ တွေ့ဆုံဆွေးနွေးမှု အကြောင်း သူကပြောလာတယ်။ စကစ ပြောရေးဆိုခွင့်ရှိသူ ပြောတဲ့ သဘောကလည်း ၊ လူကြားကောင်းအောင် ပြောတာလား .. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ကောင်းတွေ့မယ်- ဆိုတဲ့ မျှော်လင့်ချက်ကို လူတွေ ယုံနေစေချင်တာလား။ သူပြောတဲ့ အတိုက်အခံဆိုတာ ဘာလဲ။ ဒီ စစ်ကောင်စီလက်ထက်မှာ လုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်ဖြစ် တခြားဆွေးနွေးပွဲဖြစ်ဖြစ် ဆိုရင်၊ တက်ချင်တဲ့လူတွေ တက်ပြီးတော့ တက်တဲ့လူတွေကလည်း စစ်ကောင်စီနဲ့ပေါင်းပြီးတော့ သူတို့ အကျိုးစီးပွားရအောင်လုပ်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်တော့ကာ ..တရုတ်နိုင်ငံက အခုပြောတဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အတိုက်အခံဘက်လို့ ပြောရမယ့် ဒေါ်အောင်ဆန်းစုကြည် ပါမလား ဆိုတာကလည်း ပြောလို့မရနိုင်သေးတဲ့ အနေအထားဖြစ်တဲ့အတွက် ကျနော်ကတော့ သိပ်ထူးခြားပြီး တိုးတက်တဲ့လက္ခဏာလို့ မမြင်ပါဘူးခင်ဗျား။ "

ပုဂံမှာ ကျင်းပတဲ့ Lanchang - Mekong မဲခေါင်မြစ်ကြောင်း တလျှောက်က နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တက်ရောက်ရေး အတွက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေး ဖြေရှင်းရေး တိုက်တွန်းထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို နိုင်ငံတကာကလည်း ထောက်ခံထားတာ ဖြစ်ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုမျိုးနဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံရေး အခွင့်အရေးကို စိုးရိမ်မှု ခြိမ်းခြောက်ခံရမှု မရှိဘဲ အသုံးပြုနိုင်တဲ့ အခြေအနေမျိုး မရှိဘူးဆိုရင်တော့ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ နောက်ထပ် ပိုပြီး ကြီးမားကျယ်ပြန့်လာပါမယ်လို့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် NoeleenHeyzer က ပြီးခဲ့တဲ့ လ အတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သတိပေးထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG