သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ကာမှာ Hajj ဘုရားဖူး တသန်း လက်ခံမည်


Muslim worshippers gather before the Kaaba at the Grand Mosque in Saudi Arabia's holy city of Mecca, Saudi Arabia, July 2, 2022.
Muslim worshippers gather before the Kaaba at the Grand Mosque in Saudi Arabia's holy city of Mecca, Saudi Arabia, July 2, 2022.

ဆော်ဒီအာရေဗျနိုင်ငံ Mecca မြို့မှာ ကမ္ဘာအရပ်ရပ်က အစ္စလာမ်ဘာသာဝင် Hajj ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။ Covid-19 ကပ်ရောဂါကြောင့် မက္ကာမြို့မှာ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ၂ နှစ်ကြာချမှတ်ခဲ့တာတဲ့နောက်ပိုင်း ခုလိုပြန်ပြီး စည်းကားလာတာပါ။

Zawgyi/ Unicode

မက်ကာမှာ Hajj ဘုရားဖူး တသန်း လက်ခံမည်

ဆော်ဒီအာရေဗျနိုင်ငံ Mecca မြို့မှာ ကမ္ဘာအရပ်ရပ်က အစ္စလာမ်ဘာသာဝင် Hajj ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။ Covid-19 ကပ်ရောဂါကြောင့် မက္ကာမြို့မှာ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ၂ နှစ်ကြာချမှတ်ခဲ့တာတဲ့နောက်ပိုင်း ခုလိုပြန်ပြီး စည်းကားလာတာပါ။

အစ္စလာမ်ဘာသာဝင်တွေအတွက် အထွတ်မြတ်ဆုံးနေရာဖြစ်တဲ့ မက္ကာမြို့မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားဧည့်သည် ၈ သိန်းခွဲအပါအဝင် ဘုရားဖူး တသန်းထိလက်ခံမယ်လို့ တာဝန်ရှိသူတွေကကြေငြာထားပါတယ်။

တနှစ်တခါကျင်းပတဲ့ မက္ကာ ဘုရားဖူးပွဲတော်က ဗုဒ္ဓဟူးနေ့မှာ တရားဝင်စတင်မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာဆော်ဒီအာရေဗျနိုင်ငံကို Hajj ဘုရားဖူ ၂ သန်းခွဲထိရှိရောက်လာခဲ့ပေမယ့် ၂၀၂၀ မှာတော့ ဧည့်သည် တထောင်လောက်တောင်ရောက်မလာပါဘူး။

မနှစ် ၂၀၂၁ ခုနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဆော်ဒီပြည်သူ ၆ သောင်းကိုပဲ Hajj ဘုရားဖူးခွင့်ပြုခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးပါတဲ့ ကဏ္ဍငါးခုထဲက တစ်ခုဖြစ်တဲ့ မက္ကာက ဝတ်ပြုပွဲကို မွတ်ဆလင်တိုင်း တသက်မှာတခါလောက်တော့သွားနိုင်ဖို့ မျှော်လင့်ဆုတောင်းထားကြတာပါ။

ပြည်ပဘုရားဖူးဧည့်သည်တွေပြန်လက်ခံလိုက်တဲ့အတွက် ဟိုတယ်တွေ၊ စားသောက်ဆိုင်နဲ့ အရောင်းဆိုင်တွေပါ လုပ်ငန်းပြန်ပြီးလည်ပတ်လာနိုင်တဲ့အတွက် ကြေနပ်အားရနေကြပါတယ်။ Hajj နဲ့ Umrash ဝတ်ပြုဆုတောင်းရာနေရာ ၂ ခုကနေ ဆော်ဒီအာရေဗျအတွက် တနှစ်ဒေါ်လာ ၁၀.၄ ဘီလီယံလောက်ပုံမှန် ဘဏ္ဍာငွေရှာပေးနေတာဖြစ်ပါတယ်။

Unicode

တိုက်ရိုက် လင့်ခ်







XS
SM
MD
LG