ေဆာ္ဒီမွာ ႏိုင္ငံျခားသား ဘုရားဖူးေတြ ျပန္လည္လက္ခံ
{{Zawgyi/Unicode}}
ကိုဗစ္ကပ္ေရာဂါ ပ်ံ႔ႏွံျခင္းမျဖစ္ခင္ကတည္းက ဘုရားဖူးေတြကို ပိတ္ပင္ထားခဲ့တဲ့ Saudi Arabian ႏိုင္ငံဟာ စေနေန႔မွာ ပထမဆုံးအေနနဲ႔ Hajj ဘုရားဖူး ခရီးသည္ေတြကို ႀကိဳဆိုခဲ့ၾကပါတယ္။
အင္ဒုိနီးရွားႏိုင္ငံက ဘုရားဖူးေတြ စေနေန႔မွာ ေလေၾကာင္းကေန Saudi ႏိုင္ငံ Medina ၿမိဳ႕ကို ေရာက္ရွိခဲ့ၾကၿပီး ေရွ႕လမွာ Hajj ဝတ္ျပဳဖို႔အတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ လာမယ့္ သီတင္းပတ္ထဲ ႏိုင္ငံေတာင္ဖက္မွာရွိတဲ့ Mecca ၿမိဳ႕ ကို သြားေရာက္ဖို႔ စီစဥ္ထားတယ္လို႔ ႏိုင္ငံပိုင္ မီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။
အင္ဒုိနီးရွားႏိုင္ငံက ဘုရားဖူးေတြ ေရာက္လာတာ ဒီႏွစ္ထဲမွာ ပထမဆုံးျဖစ္ၿပီး၊ ေနာက္ထပ္ မေလးရွား နဲ႔ အိႏိၵယက ဘုရားဖူးေလယာဥ္ေတြ လာေရာက္ၾကပါလိမ့္မယ္ လို႔လည္း Saudi ႏိုင္ငံ Hajj ဝန္ႀကီးဌာန ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Mohammed al-Bijawi က ႏိုင္ငံပိုင္ မီဒီယာ Al-Ekhbariya ရုပ္သံသတင္းဌာနကို ေျပာပါတယ္။
ကမၻာမွာ ဘုရားဖူးေတြ အမ်ားဆုံး စုစည္းရာေနရာေတြထဲမွာ အပါအ၀င္ျဖစ္တဲ့ Mecca မွာ ကပ္ေရာဂါ မတိုင္ခင္၂ဝ၁၉ ခုႏွစ္ကဆုိရင္ မြတ္ဆလင္ဘုရားဖူးေပါင္း ၂ သန္းခြဲေလာက္အထိ လာေရာက္ခဲ့ၾကတာပါ။
ကုိဗစ္ကပ္ေရာဂါျဖစ္ပြားခဲ့ၿပီးေနာက္ ဘုရားဖူး တေထာင္ပဲ ခြင့္ျပဳေတာ့မယ္လို႔ Saudi အစိုးက ေၾကညာခဲ့ပါတယ္။
အဲဒီေနာက္ Saudi ႏိုင္ငံသားေတြနဲ႔ Macca မွာ ေနထိုင္ၾကတဲ့သူေတြထဲက ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆးအျပည့္ ထုိးထားတဲ့သူေတြကိုပဲ မဲစနစ္နဲ႔ မြတ္ဆလင္ေပါင္း ၆ ေသာင္းကို ေရြးခ်ယ္ ဘုရားဖူးခြင့္ျပဳခဲ့ပါတယ္။
ကိုဗစ္ကပ္ေရာဂါ မျဖစ္ပြားခင္ကဆုိရင္ Saudi ႏိုင္ငံအေနနဲ႔ Hajj ဘုရားဖူးေတြဆီကေန ဝင္ေငြ ေဒၚလာသန္းေပါင္း ၁ ေသာင္း ၂ ေထာင္ ရရွိၿပီး ႏိုင္ငံအတြက္ အဓိကဝင္ေငြလည္းျဖစ္ပါတယ္။
..............................
ဆော်ဒီမှာ နိုင်ငံခြားသား ဘုရားဖူးတွေ ပြန်လည်လက်ခံ
{{Zawgyi/Unicode}}
ကိုဗစ်ကပ်ရောဂါ ပျံ့နှံခြင်းမဖြစ်ခင်ကတည်းက ဘုရားဖူးတွေကို ပိတ်ပင်ထားခဲ့တဲ့ Saudi Arabian နိုင်ငံဟာ စနေနေ့မှာ ပထမဆုံးအနေနဲ့ Hajj ဘုရားဖူး ခရီးသည်တွေကို ကြိုဆိုခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ဘုရားဖူးတွေ စနေနေ့မှာ လေကြောင်းကနေ Saudi နိုင်ငံ Medina မြို့ကို ရောက်ရှိခဲ့ကြပြီး ရှေ့လမှာ Hajj ဝတ်ပြုဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လာမယ့် သီတင်းပတ်ထဲ နိုင်ငံတောင်ဖက်မှာရှိတဲ့ Mecca မြို့ ကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ဘုရားဖူးတွေ ရောက်လာတာ ဒီနှစ်ထဲမှာ ပထမဆုံးဖြစ်ပြီး၊ နောက်ထပ် မလေးရှား နဲ့ အိန္ဒိယက ဘုရားဖူးလေယာဉ်တွေ လာရောက်ကြပါလိမ့်မယ် လို့လည်း Saudi နိုင်ငံ Hajj ဝန်ကြီးဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ Mohammed al-Bijawi က နိုင်ငံပိုင် မီဒီယာ Al-Ekhbariya ရုပ်သံသတင်းဌာနကို ပြောပါတယ်။
ကမ္ဘာမှာ ဘုရားဖူးတွေ အများဆုံး စုစည်းရာနေရာတွေထဲမှာ အပါအဝင်ဖြစ်တဲ့ Mecca မှာ ကပ်ရောဂါ မတိုင်ခင်၂ဝ၁၉ ခုနှစ်ကဆိုရင် မွတ်ဆလင်ဘုရားဖူးပေါင်း ၂ သန်းခွဲလောက်အထိ လာရောက်ခဲ့ကြတာပါ။
ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက် ဘုရားဖူး တထောင်ပဲ ခွင့်ပြုတော့မယ်လို့ Saudi အစိုးက ကြေညာခဲ့ပါတယ်။
အဲဒီနောက် Saudi နိုင်ငံသားတွေနဲ့ Macca မှာ နေထိုင်ကြတဲ့သူတွေထဲက ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးအပြည့် ထိုးထားတဲ့သူတွေကိုပဲ မဲစနစ်နဲ့ မွတ်ဆလင်ပေါင်း ၆ သောင်းကို ရွေးချယ် ဘုရားဖူးခွင့်ပြုခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားခင်ကဆိုရင် Saudi နိုင်ငံအနေနဲ့ Hajj ဘုရားဖူးတွေဆီကနေ ဝင်ငွေ ဒေါ်လာသန်းပေါင်း ၁ သောင်း ၂ ထောင် ရရှိပြီး နိုင်ငံအတွက် အဓိကဝင်ငွေလည်းဖြစ်ပါတယ်။