(Zawgyi / Unicode)
အစၥလာမ္ဘာသာဝင္ေတြ အထြတ္အျမတ္ထားတဲ့ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ မကၠာၿမိဳ႕က အႀကီးဆုံး ဗလီဝတ္ျပဳေက်ာင္းမွာ တနဂၤေႏြေန႔က ဘုရားဖူးေတြ အုပ္စုလိုက္ ေဘးခ်င္းယွဥ္ စည္စည္ကားကားနဲ႔ ဝတ္ျပဳတာျမင္ရၿပီး ဒီျမင္ကြင္းဟာ ကိုဗစ္ စျဖစ္ခဲ့ခ်ိန္ကစလို႔ ပထမဦးဆုံး ျပန္ျမင္ရတာ ျဖစ္ပါတယ္။
ခပ္ခြာခြာေနၿပီး ဘုရားဝတ္ျပဳရမယ္ဆိုတဲ့ ကိုဗစ္ဆိုင္ရာ စည္းမ်ည္းေတြကိုလည္း ေဆာ္ဒီအာဏာပိုင္ေတြက ျပန္လည္ ေျဖေလွ်ာ့ခဲ့ၿပီးေနာက္ ဘုရားဖူးေတြနဲ႔ ခုလို စည္ကားေနတာပါ။
အခုလို လာေရာက္ ဝတ္ျပဳသူေတြအေနနဲ႔ ကိုဗစ္ကာကြယ္ေဆး အျပည့္အဝ ထိုးထားရမွာ ျဖစ္သလို ဗလီအတြင္း သြားလာရာမွာလည္း ႏွာေခါင္းစည္း တပ္ထားရမွာ ျဖစ္ပါတယ္။ မဟာဗလီေက်ာင္း အလယ္က "Kaaba" ေခၚ အထြတ္အျမတ္ထားရာ ေနရာကိုေတာ့ ထိေတြ႔ရွိခုိးခြင့္ မရေသးဘဲ အတားအဆီးေတြနဲ႔ ကာရံထားဆဲ ျဖစ္ပါတယ္။
ကာကြယ္ေဆးထိုးၿပီးသား ႏုိင္ငံျခားသား မြတ္စလင္ေတြ မကၠာကို လာေရာက္ ဘုရားဖူးႏုိင္ၿပီဆိုၿပီး ေဆာ္ဒီအစိုးရက ၾသဂုတ္လထဲ ေၾကညာခဲ့တာပါ။ ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းကေတာ့ ကာကြယ္ေဆးထိုးၿပီးသား ေဒသခံျပည္သူ ၆၀,၀၀၀ ကိုသာ ႏွစ္စဥ္က်င္းပေနက် Hajj အတြက္ ခြင့္ျပဳေပးခဲ့ပါတယ္။
မကၠာကို တကမၻာလုံးကလာတဲ့ ဘုရားဖူးသူေတြထံကေန ႏွစ္စဥ္ဆိုသလို ေဒၚလာ ၁၂ ဘီလ်ံေလာက္ ဝင္ေငြရေလ့ရွိခဲ့ေပမယ့္ ကိုဗစ္ေၾကာင့္ ေဆာ္ဒီႏိုင္ငံရဲ႕ဝင္ေငြ က်ဆင္းခဲ့ရပါတယ္။ ေဆာ္ဒီႏိုင္ငံမွာ ကိုဗစ္ကူးစက္ခဲ့သူေပါင္း ၅ သိန္းခဲြနီးပါးရွိၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၈,၇၀၀ ေက်ာ္ ရွိပါတယ္။
------------------------
(Unicode)
မက္ကာဘုရားဖူးတွေ လူချင်းခပ်ခွာခွာနေရမယ့် စည်းကမ်း ဖြေလျှော့လိုက်ပြီ
အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့က အကြီးဆုံး ဗလီဝတ်ပြုကျောင်းမှာ တနင်္ဂနွေနေ့က ဘုရားဖူးတွေ အုပ်စုလိုက် ဘေးချင်းယှဉ် စည်စည်ကားကားနဲ့ ဝတ်ပြုတာမြင်ရပြီး ဒီမြင်ကွင်းဟာ ကိုဗစ် စဖြစ်ခဲ့ချိန်ကစလို့ ပထမဦးဆုံး ပြန်မြင်ရတာ ဖြစ်ပါတယ်။
ခပ်ခွာခွာနေပြီး ဘုရားဝတ်ပြုရမယ်ဆိုတဲ့ ကိုဗစ်ဆိုင်ရာ စည်းမျည်းတွေကိုလည်း ဆော်ဒီအာဏာပိုင်တွေက ပြန်လည် ဖြေလျှော့ခဲ့ပြီးနောက် ဘုရားဖူးတွေနဲ့ ခုလို စည်ကားနေတာပါ။
အခုလို လာရောက် ဝတ်ပြုသူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးထားရမှာ ဖြစ်သလို ဗလီအတွင်း သွားလာရာမှာလည်း နှာခေါင်းစည်း တပ်ထားရမှာ ဖြစ်ပါတယ်။ မဟာဗလီကျောင်း အလယ်က "Kaaba" ခေါ် အထွတ်အမြတ်ထားရာ နေရာကိုတော့ ထိတွေ့ရှိခိုးခွင့် မရသေးဘဲ အတားအဆီးတွေနဲ့ ကာရံထားဆဲ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးသား နိုင်ငံခြားသား မွတ်စလင်တွေ မက္ကာကို လာရောက် ဘုရားဖူးနိုင်ပြီဆိုပြီး ဆော်ဒီအစိုးရက သြဂုတ်လထဲ ကြေညာခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ ကာကွယ်ဆေးထိုးပြီးသား ဒေသခံပြည်သူ ၆၀,၀၀၀ ကိုသာ နှစ်စဉ်ကျင်းပနေကျ Hajj အတွက် ခွင့်ပြုပေးခဲ့ပါတယ်။
မက္ကာကို တကမ္ဘာလုံးကလာတဲ့ ဘုရားဖူးသူတွေထံကနေ နှစ်စဉ်ဆိုသလို ဒေါ်လာ ၁၂ ဘီလျံလောက် ဝင်ငွေရလေ့ရှိခဲ့ပေမယ့် ကိုဗစ်ကြောင့် ဆော်ဒီနိုင်ငံရဲ့ဝင်ငွေ ကျဆင်းခဲ့ရပါတယ်။ ဆော်ဒီနိုင်ငံမှာ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၅ သိန်းခွဲနီးပါးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၈,၇၀၀ ကျော် ရှိပါတယ်။