သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆာ္ဒီမွာ ေတာ္ဝင္မိသားစုဝင္ ၃ ဦး ဖမ္းခံရ


ဖမ္းဆီးခံရသူ သုံးဦးထဲမွ တဦးျဖစ္သူ Mohammed bin Nayef (ဝဲစြန္) အား ေဆာ္ဒီဘုရင္ Salman (လယ္)၊ အိမ္ေရွ႕စံမင္းသား Mohammed bin Salman (ယာ) တုိ႔ႏွင့္၂၀၁၆ ခုႏွစ္၊ ဧၿပီလအတြင္းက အတူ ေတြ႔ရွိခဲ့သည့္ျမင္ကြင္း။ (ဧၿပီ ၂၅၊ ၂၀၁၆)

(Zawgyi / Unicode)

ေဆာ္ဒီအာေရဗ်ႏုိင္ငံက အဆင့္ျမင့္ ေတာ္၀င္မိသားစု၀င္ ၃ ဦးကို ေဆာ္ဒီတာ၀န္ရွိသူေတြက ဖမ္းဆီးလိုက္ပါတယ္။

အဲဒီ ၃ ဦးကေတာ့ ဘုရင့္ညီေတာ္ အငယ္ဆုံးျဖစ္တဲ့ မင္းသား Ahmed bin Abdulaziz၊ အိမ္ေရွ႕စံမင္းသားေဟာင္းလည္းျဖစ္ ျပည္ထဲေရး၀န္ႀကီးလည္းျဖစ္တဲ့ Mohammed bin Nayef နဲ႔ သူတို႔ရဲ႕ တ၀မ္းကြဲေမာင္ႏွမေတာ္စပ္သူ မင္းသား Nawaf bin Nayef တို႔ ျဖစ္ပါတယ္။

သူတို႔ထဲက ၂ ေယာက္ကုိေတာ့ ႏုိင္ငံေတာ္ သစၥာေဖာက္မႈနဲ႔ စြဲဆိုထားတယ္လုိ႔ သတင္းေတြမွာ ေဖာ္ျပပါတယ္။

ဒီဖမ္းဆီးမႈနဲ႔ ပတ္သက္ၿပီး ေဆာ္ဒီတာ၀န္ရွိသူေတြရဲ႕ မွတ္ခ်က္ေပး ေျပာဆိုခ်က္ ထြက္မလာေသးပါဘူး။

Salman ဘုရင္ႀကီးရဲ႕ သားေတာ္ျဖစ္တဲ့ အိမ္ေရွ႕စံမင္းသား Mohammed bin Salman က ဖမ္းဆီးမိန္႔ေပးခဲ့တာလို႔လည္း သတင္းေတြက ေဖာ္ျပပါတယ္။

တူရကီႏုိင္ငံက ေဆာ္ဒီသံ႐ုံးမွာ သတင္းေထာက္ Jamal Khashoggi ရက္ရက္စက္စက္ သတ္ျဖတ္ခံရတဲ့ ျဖစ္ရပ္မွာလည္း မင္းသား Mohammed bin Salman မွာ တာ၀န္ရွိတယ္ဆိုၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ယုံၾကည္ေနၾကပါတယ္။

အဂတိလိုက္စားမႈ ႏွိမ္နင္းေရး လုပ္ေဆာင္ခဲ့တဲ့ အိမ္ေရွ႕စံမင္းသား Mohammed bin Salman က ၂၀၁၇ ခုႏွစ္မွာလည္း ေဆာ္ဒီ ေတာ္၀င္မိသားစု၀င္ ရာနဲ႔ခ်ီအျပင္ စီးပြားေရးသမားေတြနဲ႔ အစိုးရ၀န္ႀကီးေတြကို ရီယာ့ဒ္ၿမိဳ႕ေတာ္ Ritz Carlton ဟိုတယ္မွာ ဖမ္းဆီး ပိတ္ေလွာင္ခဲ့ဖူးပါတယ္။

--------------------------------

(Unicode)

ဆော်ဒီမှာ တော်ဝင်မိသားစုဝင် ၃ ဦး ဖမ်းခံရ

ဆော်ဒီအာရေဗျနိုင်ငံက အဆင့်မြင့် တော်ဝင်မိသားစုဝင် ၃ ဦးကို ဆော်ဒီတာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ ၃ ဦးကတော့ ဘုရင့်ညီတော် အငယ်ဆုံးဖြစ်တဲ့ မင်းသား Ahmed bin Abdulaziz၊ အိမ်ရှေ့စံမင်းသားဟောင်းလည်းဖြစ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ Mohammed bin Nayef နဲ့ သူတို့ရဲ့ တဝမ်းကွဲမောင်နှမတော်စပ်သူ မင်းသား Nawaf bin Nayef တို့ ဖြစ်ပါတယ်။

သူတို့ထဲက ၂ ယောက်ကိုတော့ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲဆိုထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဆော်ဒီတာဝန်ရှိသူတွေရဲ့ မှတ်ချက်ပေး ပြောဆိုချက် ထွက်မလာသေးပါဘူး။

Salman ဘုရင်ကြီးရဲ့ သားတော်ဖြစ်တဲ့ အိမ်ရှေ့စံမင်းသား Mohammed bin Salman က ဖမ်းဆီးမိန့်ပေးခဲ့တာလို့လည်း သတင်းတွေက ဖော်ပြပါတယ်။

တူရကီနိုင်ငံက ဆော်ဒီသံရုံးမှာ သတင်းထောက် Jamal Khashoggi ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှာလည်း မင်းသား Mohammed bin Salman မှာ တာဝန်ရှိတယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြပါတယ်။

အဂတိလိုက်စားမှု နှိမ်နင်းရေး လုပ်ဆောင်ခဲ့တဲ့ အိမ်ရှေ့စံမင်းသား Mohammed bin Salman က ၂၀၁၇ ခုနှစ်မှာလည်း ဆော်ဒီ တော်ဝင်မိသားစုဝင် ရာနဲ့ချီအပြင် စီးပွားရေးသမားတွေနဲ့ အစိုးရဝန်ကြီးတွေကို ရီယာ့ဒ်မြို့တော် Ritz Carlton ဟိုတယ်မှာ ဖမ်းဆီး ပိတ်လှောင်ခဲ့ဖူးပါတယ်။

ေဆာ္ဒီမွာ ေတာ္ဝင္မိသားစုဝင္ ၃ ဦး ဖမ္းခံရ
please wait

No media source currently available

0:00 0:00:57 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG