သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမား Khashoggi သတ်ခံရမှု ဆော်ဒီတရားရုံး အမိန့်ချ


သတင်းသမား Khashoggi ဓာတ်ပုံ
သတင်းသမား Khashoggi ဓာတ်ပုံ

(Zawgyi/Unicode)

ပြီးခဲ့တဲ့နှစ်က အသတ်ခံခဲ့ရတဲ့ သတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်မှုနဲ့ Saudi Arabia တရားရုံး တခုက လူ ၅ ယောက်ကို သေဒဏ် အပြစ်ပေးလိုက်ပါတယ်။

Riyadh မြို့တော်မှာရှိတဲ့ ရာဇဝတ်တရားရုံးက စွပ်စွဲခံရသူ ၁၁ ယောက်ကို ပြစ်ဒဏ်ချခဲ့တာမှာ သတ်ဖြတ်မှုကို တိုက်ရိုက်ပါတ်သက်သူ ၅ ယောက်ကို သေဒဏ်ချခဲ့တယ်လို့ တရားရုံးရှေ့နေ ပြောခွင့်ရသူက ပြောပါတယ်။

အမှုဖုံးကွယ်ဖို့ ကြိုးစားမှုနဲ့ နောက်ထပ် ၃ ယောက်ကိုလည်း ထောင်ဒဏ်တွေ ချခဲ့တာမှာ စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ချခဲ့တယ်လို့ ပြောပါတယ်။

Washington Post သတင်းစာတိုက်ရဲ့ သတင်းထောက် Saudi လူမျိုး Jamal Khashoggi ဟာ ၂၀၁၈ ခုနှစ်တုန်းက တူရကီနိုင်ငံ Istanbul မြို့တော်က Saudi ကောင်စစ်ရုံးထဲမှာ အသတ်ခံရပြီး အလောင်းဖျောက်ဖျက်ခံရတာ ဖြစ်ပါတယ်။

Saudi အစိုးရအပေါ် ဝေဖန်သူ သတင်းထောက် အသတ်ခံရမှုမှာ Saudi အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပေမဲ့ Saudi အစိုးရကတော့ ဒါကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပါတယ်။

အိမ်ရှေ့မင်းသားရဲ့အဓိက အကြံပေး Saud al-Qahtani ကို အတော်ကြီး လျှို့လျှို့ဝှက်ဝှက် စစ်ဆေးမှုတွေကနေ မကြာခင်တုန်းကပဲ လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG