ဆော်ဒီအာရေဗျနိုင်ငံဟာ Amazon ကုမ္ပဏီနဲ့ ဝါရှင်တန်ပိုစ် သတင်းစာတိုက်ပိုင်ရှင် Jeff Bezos ရဲ့ လက်ကိုင်ဖုန်းကို Hack လုပ်ပြီး အချက်အလက်တွေ ခိုးယူခဲ့ဖွယ် ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။
ဆော်ဒီနဲ့ ပတ်သက်ပြီး ဝါရှင်တန်ပိုစ့် သတင်းစာက ရေးသားနေတာတွေ အပေါ် တစ်စုံတစ်ရာ အကျိုး သက်ရောက်မှု ရှိအောင် ကြိုးပမ်း ခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman ရဲ့ WhatsApp အကောင့်ကနေ ကွန်ပြူတာ ဗိုင်းရပ်စ် ရှိတဲ့ ဗီဒီယို ဖိုင်ကို Jeff Bezos ကို ပေးပို့ခဲ့တာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူးတွေက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
Bezos ရဲ့ လက်ကိုင်ဖုန်းကို hack လုပ်ပြီး အချက်အလက်တွေကို ခိုးယူခဲ့တယ်ဆိုတဲ့ အချက်က အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ဒီကိစ္စကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့ လိုအပ်လာခဲ့ပါပြီလို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူးတွေဖြစ်တဲ့ Agnes Callamand နဲ့ David Kaye တို့က ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ Bezos ရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးခဲ့တဲ့ ဒီဂျီတယ် ပြစ်မှုဆိုင်ရာ ကျွမ်းကျင်သူတွေက ဆော်ဒီ မင်းသား account ကနေ ပေးပို့တဲ့ ဗီဒီယိုဖိုင်ကို လက်ခံပြီး နာရီပိုင်းအကြာမှာပဲ Bezos ရဲ့ ဖုန်းဟာ ပုံမမှန်တဲ့ လက္ခဏာတွေကို ပြသခဲ့တာလို့ ဆိုပါတယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အခု အစီရင်ခံစာဟာ ဆော်ဒီ အာရေဗျနို်င်ငံနဲ့ Jeff Bezos တို့အကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုပြီး ဆိုးရွားလာစေမှာ ဖြစ်ပါတယ်။
ဝါရှင်တန်ပိုစ့် သတင်းထောက်လည်းဖြစ် ဆော်ဒီ အိမ်ရှေ့မင်းသားကို အစဉ် ဝေဖန်နေသူလည်းဖြစ်သူ သတင်းထောက် Jamal Khashoggi ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း တူရကီနိုင်ငံမှာ ဆော်ဒီတို့ရဲ့ လုပ်ကြံမှုကိုခံခဲ့ရအပြီး ဆော်ဒီ အာရေဗျနိုင်ငံနဲ့ Jeff Bezos တို့အကြား ဆက်ဆံရေး စတင် တင်းမာလာခဲ့တာ ဖြစ်ပါတယ်။
(Zawgyi)
Washington Post ပိုင္ရွင္ရဲ႕ လက္ကိုင္ဖုန္း ေဆာ္ဒီမင္းသား Hack လုပ္ခဲ့သလား
ေဆာ္ဒီအာေရဗ်ႏိုင္ငံဟာ Amazon ကုမၸဏီနဲ႔ ဝါရွင္တန္ပိုစ္ သတင္းစာတိုက္ပိုင္ရွင္ Jeff Bezos ရဲ႕ လက္ကိုင္ဖုန္းကို Hack လုပ္ၿပီး အခ်က္အလက္ေတြ ခိုးယူခဲ့ဖြယ္ ရွိတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ စုံစမ္း စစ္ေဆးေရးမႉးေတြက ေျပာပါတယ္။ ေဆာ္ဒီနဲ႔ ပတ္သက္ၿပီး ဝါရွင္တန္ပိုစ့္ သတင္းစာက ေရးသားေနတာေတြ အေပၚ တစ္စုံတစ္ရာ အက်ိဳး သက္ေရာက္မႈ ရွိေအာင္ ႀကိဳးပမ္း ခဲ့ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။
ေဆာ္ဒီ အိမ္ေရွ႕မင္းသား Mohammed bin Salman ရဲ႕ WhatsApp အေကာင့္ကေန ကြန္ျပဴတာ ဗိုင္းရပ္စ္ ရွိတဲ့ ဗီဒီယို ဖိုင္ကို Jeff Bezos ကို ေပးပို႔ခဲ့တာ ျဖစ္တယ္လို႔လည္း ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ စုံစမ္း စစ္ေဆးေရးမႉးေတြက ဗုဒၶဟူးေန႔မွာ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ပါရွိပါတယ္။
Bezos ရဲ႕ လက္ကိုင္ဖုန္းကို hack လုပ္ၿပီး အခ်က္အလက္ေတြကို ခိုးယူခဲ့တယ္ဆိုတဲ့ အခ်က္က အေမရိကန္ ျပည္ေထာင္စုမွာ ရွိတဲ့ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြ အေနနဲ႔ ဒီကိစၥကို ခ်က္ခ်င္း စုံစမ္းစစ္ေဆးဖို႔ လိုအပ္လာခဲ့ပါၿပီလို႔လည္း ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ စုံစမ္း စစ္ေဆးေရးမႉးေတြျဖစ္တဲ့ Agnes Callamand နဲ႔ David Kaye တို႔က ေျပာပါတယ္။
၂၀၁၉ ခုႏွစ္မွာ Bezos ရဲ႕ လက္ကိုင္ဖုန္းကို စစ္ေဆးခဲ့တဲ့ ဒီဂ်ီတယ္ ျပစ္မႈဆိုင္ရာ ကြၽမ္းက်င္သူေတြက ေဆာ္ဒီ မင္းသား account ကေန ေပးပို႔တဲ့ ဗီဒီယိုဖိုင္ကို လက္ခံၿပီး နာရီပိုင္းအၾကာမွာပဲ Bezos ရဲ႕ ဖုန္းဟာ ပုံမမွန္တဲ့ လကၡဏာေတြကို ျပသခဲ့တာလို႔ ဆိုပါတယ္။ ကုလသမဂၢ စုံစမ္းစစ္ေဆးေရးမႉးေတြရဲ႕ အခု အစီရင္ခံစာဟာ ေဆာ္ဒီ အာေရဗ်ႏို္င္ငံနဲ႔ Jeff Bezos တို႔အၾကား တင္းမာေနတဲ့ ဆက္ဆံေရးကို ပိုၿပီး ဆိုး႐ြားလာေစမွာ ျဖစ္ပါတယ္။
ဝါရွင္တန္ပိုစ့္ သတင္းေထာက္လည္းျဖစ္ ေဆာ္ဒီ အိမ္ေရွ႕မင္းသားကို အစဥ္ ေဝဖန္ေနသူလည္းျဖစ္သူ သတင္းေထာက္ Jamal Khashoggi ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလအတြင္း တူရကီႏိုင္ငံမွာ ေဆာ္ဒီတို႔ရဲ႕ လုပ္ႀကံမႈကိုခံခဲ့ရအၿပီး ေဆာ္ဒီ အာေရဗ်ႏိုင္ငံနဲ႔ Jeff Bezos တို႔အၾကား ဆက္ဆံေရး စတင္ တင္းမာလာခဲ့တာ ျဖစ္ပါတယ္။