Zawgyi/ Unicode
ျမန္မာ- ႐ုရွားပူးတြဲႀကီးၾကပ္မယ့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ညီလာခံ နယူးဇီလန္ မတက္ဖို႔ ဆံုးျဖတ္
ျမန္မာနဲ႔ ႐ုရွားစစ္ဖက္က ပူးတြဲဥကၠဌအျဖစ္ တာဝန္ယူက်င္းပမယ့္ အၾကမ္းဖက္မႈတန္ျပန္ေဆာင္႐ြက္ေရး အစည္းအေဝးကို တက္မွာမဟုတ္ဘူးလို႔ နယူးဇီလန္ႏိုင္ငံတာဝန္ရွိသူကို ကိုးကားၿပီး Myanmar Now သတင္းတရပ္က ေဖာ္ျပပါတယ္။
ဂ်ဴလိုင္ ၂၀ နဲ႔ ၂၁ ရက္ ေမာ္စကိုၿမိဳ႕မွာ (၂)ရက္တာက်င္းပမယ့္ အစည္းအေဝးမွာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN) အဖြဲ႕ဝင္ႏိုင္ငံကိုယ္စားလွယ္ေတြ၊ ADMM-Plus အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးက အၾကမ္းဖက္မႈတန္ျပန္ေဆာင္႐ြက္ေရးဆိုင္ရာ ကြၽမ္းက်င္ပညာရွင္အုပ္စု တို႔တက္ေရာက္ၾကမွာျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။
ဒီအစည္းအေဝးကို နယူးဇီလန္ကတက္ေရာက္မွာမဟုတ္ဘူးလို႔ နယူးဇီလန္ကာကြယ္ေရးဝန္ႀကီးဌာန၊ မူဝါဒနဲ႔ အစီအစဥ္ေရးရာ ဒုဝန္ႀကီး Michael Swain က Myanmar Now သတင္းဌာနကို အီးေမးလ္နဲ႔ျပန္လည္ေျဖၾကားခဲ့တယ္လို႔လည္း ေဖာ္ျပထားပါတယ္။ အစည္းအေဝးဖိတ္ၾကားခ်က္အေပၚ နယူးဇီလန္ႏိုင္ငံက ေသခ်ာစဥ္းစားခဲ့ေၾကာင္း၊ အစည္းအေဝးကိုတက္ျခင္းအားျဖင့္ ရလာမယ့္ အက်ိဳးရလာဒ္ထက္ ႐ုရွားနဲ႔ျမန္မာ ကသူတို႔ရဲ႕ ေဆာင္႐ြက္ခ်က္ေတြအေပၚ ေထာက္ခံသူအျဖစ္ ပုံေဖာ္ခံရတာမ်ိဳး ပိုျဖစ္သြားႏိုင္တယ္လို႔ တာဝန္ရွိသူေတြ ေကာက္ခ်က္ခ်ခဲ့ေၾကာင္းလည္း ဒုဝန္ႀကီး Michael Swain ကေျပာပါတယ္။
ၾသစေတးလ်ႏိုင္ငံက အၾကမ္းဖက္မႈတန္ျပန္ေဆာင္႐ြက္ေရးအစည္းအေဝးကို တက္မွာမဟုတ္ဘူးလို႔ ဂြၽန္လ ၂၂ ရက္ေန႔မွာ ေၾကညာခဲ့ၿပီးေနာက္မွာပဲ နယူးဇီလန္ႏိုင္ငံရဲ႕ဆုံးျဖတ္ခ်က္ထြက္လာတာပါ။ အဲဒီ အစည္းအေဝးကို အိႏၵိယ၊ ဂ်ပန္၊ ေတာင္ကိုရီးယား နဲ႔အေမရိကန္ႏိုင္ငံက ကာကြယ္ေရးအရာရွိေတြ တက္ေရာက္ဖို႔ရွိပါတယ္။ ယူကရိန္းကို က်ဴးေက်ာ္စစ္ဆင္ႏြဲေနတဲ့႐ုရွားနဲ႔ ကိုယ့္ျပည္သူေတြအေပၚ ၾကမ္းၾကဳတ္ရက္စက္ေနတဲ့ ျမန္မာစစ္တပ္နဲ႔ပူးတြဲက်င္းပတဲ့ အစည္းအေဝးကို မတက္ေရာက္ၾကဖို႔ တက္ႂကြလႈပ္ရွားသူေတြဖက္က တိုက္တြန္းမႈေတြရွိေနတယ္လို႔လည္း Myanmar Now ရဲ႕ဂ်ဴလိုင္လ ၄ ရက္ေန႔သတင္းမွာ ေဖာ္ျပထားပါတယ္။
##
မြန်မာ- ရုရှားပူးတွဲကြီးကြပ်မယ့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံ နယူးဇီလန် မတက်ဖို့ ဆုံးဖြတ်
မြန်မာနဲ့ ရုရှားစစ်ဖက်က ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူကျင်းပမယ့် အကြမ်းဖက်မှုတန်ပြန်ဆောင်ရွက်ရေး အစည်းအဝေးကို တက်မှာမဟုတ်ဘူးလို့ နယူးဇီလန်နိုင်ငံတာဝန်ရှိသူကို ကိုးကားပြီး Myanmar Now သတင်းတရပ်က ဖော်ပြပါတယ်။
ဂျူလိုင် ၂၀ နဲ့ ၂၁ ရက် မော်စကိုမြို့မှာ (၂)ရက်တာကျင်းပမယ့် အစည်းအဝေးမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်တွေ၊ ADMM-Plus အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးက အကြမ်းဖက်မှုတန်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်အုပ်စု တို့တက်ရောက်ကြမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီအစည်းအဝေးကို နယူးဇီလန်ကတက်ရောက်မှာမဟုတ်ဘူးလို့ နယူးဇီလန်ကာကွယ်ရေးဝန်ကြီးဌာန၊ မူဝါဒနဲ့ အစီအစဉ်ရေးရာ ဒုဝန်ကြီး Michael Swain က Myanmar Now သတင်းဌာနကို အီးမေးလ်နဲ့ပြန်လည်ဖြေကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အစည်းအဝေးဖိတ်ကြားချက်အပေါ် နယူးဇီလန်နိုင်ငံက သေချာစဉ်းစားခဲ့ကြောင်း၊ အစည်းအဝေးကိုတက်ခြင်းအားဖြင့် ရလာမယ့် အကျိုးရလာဒ်ထက် ရုရှားနဲ့မြန်မာ ကသူတို့ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ထောက်ခံသူအဖြစ် ပုံဖော်ခံရတာမျိုး ပိုဖြစ်သွားနိုင်တယ်လို့ တာဝန်ရှိသူတွေ ကောက်ချက်ချခဲ့ကြောင်းလည်း ဒုဝန်ကြီး Michael Swain ကပြောပါတယ်။
သြစတေးလျနိုင်ငံက အကြမ်းဖက်မှုတန်ပြန်ဆောင်ရွက်ရေးအစည်းအဝေးကို တက်မှာမဟုတ်ဘူးလို့ ဂျွန်လ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက်မှာပဲ နယူးဇီလန်နိုင်ငံရဲ့ဆုံးဖြတ်ချက်ထွက်လာတာပါ။ အဲဒီ အစည်းအဝေးကို အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား နဲ့အမေရိကန်နိုင်ငံက ကာကွယ်ရေးအရာရှိတွေ တက်ရောက်ဖို့ရှိပါတယ်။ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲနေတဲ့ရုရှားနဲ့ ကိုယ့်ပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်နေတဲ့ မြန်မာစစ်တပ်နဲ့ပူးတွဲကျင်းပတဲ့ အစည်းအဝေးကို မတက်ရောက်ကြဖို့ တက်ကြွလှုပ်ရှားသူတွေဖက်က တိုက်တွန်းမှုတွေရှိနေတယ်လို့လည်း Myanmar Now ရဲ့ဂျူလိုင်လ ၄ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။