သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ထိပ်တန်းခေါင်းဆောင်တဦး အမေရိကန်ဒရုန်း ထိမှန်သေဆုံး


FILE - U.S.-backed Syrian Democratic Forces soldiers search for Islamic State militants in Hassakeh, Syria, Jan. 28, 2022. The U.S. Central Command said in a news release it killed Maher al-Agal, a top leader of the Islamic State in Syria, in a drone stri
FILE - U.S.-backed Syrian Democratic Forces soldiers search for Islamic State militants in Hassakeh, Syria, Jan. 28, 2022. The U.S. Central Command said in a news release it killed Maher al-Agal, a top leader of the Islamic State in Syria, in a drone stri

IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ၅ ဦးထဲက တဦးကို ခြေရာခံထောက်လှမ်းပြီး ဆီးရီးယား အနောက်မြောက်ပိုင်းမှာ အဝေးထိန်းဒရုန်းနဲ့ သုတ်သင်လိုက်ကြောင်း အမေရိကန်က ကြေညာပါတယ်။

Zawgyi/Unicode

IS ထိပ်တန်းခေါင်းဆောင်တဦး အမေရိကန်ဒရုန်း ထိမှန်သေဆုံး

IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ၅ ဦးထဲက တဦးကို ခြေရာခံထောက်လှမ်းပြီး ဆီးရီးယား အနောက်မြောက်ပိုင်းမှာ အဝေးထိန်းဒရုန်းနဲ့ သုတ်သင်လိုက်ကြောင်း အမေရိကန်က ကြေညာပါတယ်။

သေဆုံးသူဟာ အိုင်အက်စ်အဖွဲ့နဲ့ ကမ္ဘာတလွှားက သူတို့နဲ့လက်တွဲဆောင်ရွက်နေသူတွေကြား အဓိကဆက်သွယ် ဆောင်ရွက်သူ တဦးဖြစ်တဲ့ ဆီးရီးယားအခြေစိုက် Maher al-Agal ဖြစ်ပြီး စစ်သွေးကြွအဖွဲ့ရဲ့ ကွန်ယက်ချိတ်ဆက်မှုတွေ အားကောင်းအောင် အပြင်းအထန် ကြိုးပမ်းနေသူဖြစ်ကြောင်း အမေရိကန်စစ်တပ်ရဲ့ အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာန CENTCOM က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဆီးရီးယားမှာ Al-Agal ကို အသေရမိတာဟာ အဓိကအကြမ်းဖက်သမား တယောက်ကို ဖယ်ရှားလိုက်တာဖြစ်ပြီး အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်ဖို့စီစဉ်မှုတွေ၊ အရင်းအမြစ်တွေအပြင် ဒေသတွင်းတိုက်ခိုက်နိုင်စွမ်းကိုပါ လျော့ပါးစေတဲ့ အတွက် ဒါဟာ စွမ်းအင်ကြီးမားတဲ့သတင်းစကားပါးတာမျိုး ဖြစ်ကြောင်း အင်္ဂါနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ သမ္မတဂျိုးဘိုင်ဒန်က ချီးကြူးခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ Aleppo ပြည်နယ်က Jindayris မြို့ပြင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး al-Agal ရဲ့ အနီးကပ်နေထိုင်သူ တဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့လည်း အမေရိကန်က သတင်းထုတ်ပြန်ပါတယ်။ သူဟာ မော်တော်ဆိုင်ကယ်နဲ့ သွားနေချိန် မစ်ဇိုင်းဒုံးထိမှန်ခဲ့တာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်ရေးစောင့်ကြည့် အဖွဲ့က ပြောပါတယ်။

ကနဦး စစ်ဆေးသုံးသပ်ချက်တွေအရ ဒီတိုက်ခိုက်မှု အတွင်း အရပ်သား ထိခိုက်မှု တစုံတရာ မတွေ့ရဘူးလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

##

တိုက်ရိုက် လင့်ခ်

Unicode







XS
SM
MD
LG