သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း အက်ဥ္းေထာင္တြင္း လြတ္ရက္ေစ႔ ျမန္မာေတြ ေနရပ္ျပန္ေရး ၾကန္႔ၾကာ  


ထိုင္း အက်ဥ္းေထာင္တြင္း လြတ္ရက္ေစ႔ ျမန္မာေတြ ေနရပ္ျပန္ေရး ၾကန္႔ၾကာ

ထိုင္းႏိုင္ငံအတြင္းက အက်ဥ္းေထာင္ေတြကေန လြတ္ရက္ေစ့ ျမန္မာေတြဟာ ထုိင္းလူ၀င္မႈႀကီးႀကပ္ေရးအခ်ဳပ္ေတြမွာ စုပံုျပည့္ႀကပ္ေနသလို အစားအေသာက္ မလံုေလာက္တဲ့ အခက္အခဲေတြျဖစ္ေနတယ္လို့ ေရႊ႕ေျပာင္းအလုပ္သမားေရး လုပ္ေဆာင္ေနသူေတြက ဆုိပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

ထိုင္း အက်ဥ္းေထာင္တြင္း လြတ္ရက္ေစ႔ ျမန္မာေတြ ေနရပ္ျပန္ေရး ၾကန္႔ၾကာ

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံအတြင္းက အက်ဥ္းေထာင္ေတြကေန အေႀကာင္းအမ်ိဳးမ်ိဳးနဲ႔ ပစ္ဒဏ္က်ျပီး လြတ္ရက္ေစ့ ျမန္မာေတြဟာ ေနရပ္ကုိ ျပန္ပုိ႔ဖို႔ ၾကန့္ႀကာေနတာေႀကာင့္ ထုိင္းလူ၀င္မႈႀကီးႀကပ္ေရးအခ်ဳပ္ေတြမွာ စုပံုျပည့္ႀကပ္ေနသလို ေနရာထုိင္ခင္း အစားအေသာက္ မလံုေလာက္တဲ့ အခက္အခဲေတြျဖစ္ေနတယ္လို့ ေရႊ႕ေျပာင္းအလုပ္သမားေရး လုပ္ေဆာင္ေနသူေတြက ဆုိပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

ထိုင္းႏိုင္ငံအတြင္းက အက်ဥ္းေထာင္ေတြကေန အေႀကာင္းအမ်ိဳးမ်ိဳးနဲ့ ျပစ္ဒဏ္က်ျပီး လြတ္ရက္ေစ့ ျမန္မာေတြဟာ ေနရပ္ကုိ ျပန္ပုိ့ဖို့ ျကန့္ႀကာေနတာေႀကာင့္ ထုိင္းလူ၀င္မႈ ႀကီးႀကပ္ေရးအခ်ဳပ္ေတြမွာ က်ဥ္းႀကပ္စြာ ေနထိုင္ေနရသလို စားေသာက္ေရး အခက္အခဲေတြ ရင္ဆုိင္ေနရတယ္လို႔ ရေနာင္းျပည္နယ္ လူ၀င္မႈ ႀကီးႀကပ္ေရးအခ်ဳပ္က ျမန္မာေတြကို သြားေရာက္ႀကည့္ရႈ႕ခဲ့တဲ့ ပညာေရးနဲ႔ ဖြံျဖိုးတုိးတက္ေရးအဖဲြ့က အမႈေဆာင္ဒါရိုက္တာ ဦးထူးခ်စ္ကေျပာပါတယ္။

"အခန္းက်ဥ္းေတြထဲမွာ အရင္ကလူ ၄၀ ေလာက္ ၅၀ေလာက္ထားတဲ့ေနရာေတြမွာ အခုဆုိရင္ လူ၁၀၀ေက်ာ္ ထားထားတယ္။ တခ်ိဳ့ဆိုရင္ ႏွစ္ႀကီးသမားေတြ။ ၆ ႏွစ္ ၇ႏွစ္ ၁၀ႏွစ္က်ျပီးတဲ့သူေတြက အခုလ၀ကအခ်ဳပ္မွာ ေနရပ္ျပန္ဖို့သြားေစာင့္ေနရတယ္။ ႏွစ္ျပီးက်ျပီးတာေတာင္မွ ၄ လ ၅ လ ေလာက္ျပန္ေစာင့္ေနရတယ္။ ေတာ္ေတာ္က်ဥ္းက်ဥ္း ႀကပ္ႀကပ္ျဖစ္တယ္။ တခ်ိဳ ့ဆုိ ေန့ဘက္ အိပ္သူအိပ္၊ ညဘက္အိပ္သူအိပ္နဲ့ ခဲြျပီးအိပ္ေနရတယ္။ ေနာက္တခုကေတာ့ အစားအေသာက္ အခက္အခဲေတြရွိတယ္။ လူကမ်ားလာေတာ့ သံုးေရမလံုေလာက္ေတာ့ယားနာေတြျဖစ္တယ္ ။ တခ်ိဳ ့ကလည္း ေသာက္သံုးေရမလံုေလာက္ေတာ့ အိမ္သာက ေရေတြေသာက္ရတာလည္းရွိတယ္"

လူ၀င္မႈႀကီးႀကပ္ေရး အခ်ဳပ္စခန္းေတြမွာ လနဲ့ခ်ီျပီး ေနထုိင္ေနရတာ လြတ္ရက္ေစ့ျပီးတာေတာင္ ႏွစ္၀က္ေလာက္ထပ္ျပီး အခ်ဳပ္ထဲမွာေစာင့္ေနရတာေတြရွိေနတာပါ။ အဲဒီအခ်ဳပ္စခန္းေတြကေန ေနရပ္ရင္းကို အျမန္ျပန္ပုိ့ဖို့အတြက္ ပဲြစားကုိ အခေႀကးေငြေပးရတာေတြလည္း ရွိေနတယ္လို့လည္း ဦးထူးခ်စ္ကဆုိပါတယ္ ။

"ပိုျပီးစိုးရိမ္မူေတြျဖစ္ေနတာက ပုိက္ဆံေပးႏိုင္တဲ့သူေတြက ႀကိဳျပီးထြက္ရတယ္။ ဆုိလိုတာကေတာ့ အရင္ထြက္ရတယ္။ ပထမဖမ္းထားတယ္။ တလႏွစ္လေနျပီး မထြက္ရေသးဘူး။ ေနာက္မွဖမ္းတယ္။ အခုမွေ၇ာက္လာတဲ့သူေတြက်ေတာ့ အခ်ဳပ္ထဲကေန အခုထြက္ခ်င္တယ္ဆိုရင္ ပုိက္ဆံေပးျပီးထြက္ရတယ္။ အဲဒီအေျခအေနမ်ိဳးေတြလည္း ႀကားရတယ္။ ဆိုလိုခ်င္တာက ပဲြစားကေနတဆင့္ ဘယ္သူေပးရလဲ မသိဘူး ။ ဟိုဘက္ဒီဘက္ကုိ ေပးရတယ္လို့ေတာ့ႀကားရတယ္။ ေပးတာကေတာ့တုိက္ရိုက္ေပးတာမဟုတ္ဘူး။ ပဲြစားကေနေပးရတာျဖစ္တယ္ ။ သူတို့ထြက္ဖို့ စာရင္းေတြကုိေတာ့ ျမန္မာျပည္ အစိုးရ ဘက္ကုိပုိ့ရတယ္။ အဲဒီစာရင္းထဲပါမွပဲ သူတို့ထြက္ရတာျဖစ္တယ္"

ထိုင္းႏိုင္ငံထဲမွာ ျပစ္ဒဏ္က်ခံျပီးသား ျမန္မာေတြဟာ တျခားႏုိင္ငံသားေတြနဲ့မတူပဲ လ၀ကအခ်ဳပ္မွာ အႀကာႀကီးဆက္ျပီး ေနထုိင္ေနရတယ္လို့လည္း ဦးထူးခ်စ္ကဆုိပါတယ္။

" လြက္ရက္ေစ့ေပမယ့္ ျမန္မာျပည္ျပန္ပုိ့တာျဖစ္လို့ ေထာင္ဗူး၀ကေန ျပန္ပုိ့တာမဟုတ္ဘူး ။ ထုိင္းနဲ့ႏုိင္ငံျခားသားေတြက်ေတာ့ ေထာင္ဗူး၀ကေန လႊတ္ေပးလုိက္တာ။ ျမန္မာကေတာ့ ေထာင္ဗူး၀ကေန လႊတ္တာမဟုတ္ဘူး ။ လြတ္ရက္ေစ့ျပီ ျပစ္ဒဏ္က်ျပီးေပမယ့္ လ၀က အခ်ဳပ္ကုိပို့တာပါ ။ သူတုိ့ကလည္း ဟုိဘက္ကမ္းကိုျပန္ပုိ့ဖို့အတြက္ အဲဒီကေန ေစာင့္ေနတာေပါ့ "

ကုိဗစ္ကပ္ေဘးကာလမွာ ေနရပ္ရင္းကုိျပန္ပုိ့တဲ့အခါ ကြာရမ္တင္းစင္တာေတြ မလံုေလာက္တာေႀကာင့္ ျမန္မာဘက္ကလည္း လူမ်ားမ်ား လက္မခံႏိုင္တာေတြေႀကာင့္လည္း ကုိဗစ္ကပ္ေဘးကာလ ၂ႏွစ္ေက်ာ္အတြင္းမွာ ထုိင္းႏိုင္ငံနယ္စပ္အသီးသီးက လ၀ကအခ်ဳပ္ေတြမွာ ျမန္မာေတြ စုပံုျပည့္ႀကပ္ေနျပီး ေနထုိင္ေရးနဲ့ အစားအေသာက္အခက္အခဲေတြႀကံဳကေနတာပါ။ ဒီအတြက္ ႏွစ္နိုင္ငံအစိုးရေတြအေနနဲ့ ျပစ္ဒဏ္က်ခံျပီးသား ျမန္မာႏိုင္ငံသားေတြကုိ အျမန္ဆုံး ျပန္ပို့ႏိုင္ဖို့အတြက္ တိုက္တြန္းေနတာျဖစ္တယ္လို့လည္း ဦးထူးခ်စ္ကေျပာဆုိသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

ထိုင်း အကျဉ်းထောင်တွင်း လွတ်ရက်စေ့ မြန်မာတွေ နေရပ်ပြန်ရေး ကြန့်ကြာ

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံအတွင်းက အကျဉ်းထောင်တွေကနေ အကြောင်းအမျိုးမျိုးနဲ့ ပစ်ဒဏ်ကျပြီး လွတ်ရက်စေ့ မြန်မာတွေဟာ နေရပ်ကို ပြန်ပို့ဖို့ ကြန့်ကြာနေတာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအချုပ်တွေမှာ စုပုံပြည့်ကြပ်နေသလို နေရာထိုင်ခင်း အစားအသောက် မလုံလောက်တဲ့ အခက်အခဲတွေဖြစ်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံအတွင်းက အကျဉ်းထောင်တွေကနေ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့ မြန်မာတွေဟာ နေရပ်ကို ပြန်ပို့ဖို့ ကြန့်ကြာနေတာကြောင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေးအချုပ်တွေမှာ ကျဉ်းကြပ်စွာ နေထိုင်နေရသလို စားသောက်ရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ရနောင်းပြည်နယ် လူဝင်မှု ကြီးကြပ်ရေးအချုပ်က မြန်မာတွေကို သွားရောက်ကြည့်ရှု့ခဲ့တဲ့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောပါတယ်။

"အခန်းကျဉ်းတွေထဲမှာ အရင်ကလူ ၄၀ လောက် ၅၀လောက်ထားတဲ့နေရာတွေမှာ အခုဆိုရင် လူ၁၀၀ကျော် ထားထားတယ်။ တချို့ဆိုရင် နှစ်ကြီးသမားတွေ။ ၆ နှစ် ၇နှစ် ၁၀နှစ်ကျပြီးတဲ့သူတွေက အခုလဝကအချုပ်မှာ နေရပ်ပြန်ဖို့သွားစောင့်နေရတယ်။ နှစ်ပြီးကျပြီးတာတောင်မှ ၄ လ ၅ လ လောက်ပြန်စောင့်နေရတယ်။ တော်တော်ကျဉ်းကျဉ်း ကြပ်ကြပ်ဖြစ်တယ်။ တချို့ဆို နေ့ဘက် အိပ်သူအိပ်၊ ညဘက်အိပ်သူအိပ်နဲ့ ခွဲပြီးအိပ်နေရတယ်။ နောက်တခုကတော့ အစားအသောက် အခက်အခဲတွေရှိတယ်။ လူကများလာတော့ သုံးရေမလုံလောက်တော့ယားနာတွေဖြစ်တယ် ။ တချို့ကလည်း သောက်သုံးရေမလုံလောက်တော့ အိမ်သာက ရေတွေသောက်ရတာလည်းရှိတယ်"

လူဝင်မှုကြီးကြပ်ရေး အချုပ်စခန်းတွေမှာ လနဲ့ချီပြီး နေထိုင်နေရတာ လွတ်ရက်စေ့ပြီးတာတောင် နှစ်ဝက်လောက်ထပ်ပြီး အချုပ်ထဲမှာစောင့်နေရတာတွေရှိနေတာပါ။ အဲဒီအချုပ်စခန်းတွေကနေ နေရပ်ရင်းကို အမြန်ပြန်ပို့ဖို့အတွက် ပွဲစားကို အခကြေးငွေပေးရတာတွေလည်း ရှိနေတယ်လို့လည်း ဦးထူးချစ်ကဆိုပါတယ် ။

"ပိုပြီးစိုးရိမ်မူတွေဖြစ်နေတာက ပိုက်ဆံပေးနိုင်တဲ့သူတွေက ကြိုပြီးထွက်ရတယ်။ ဆိုလိုတာကတော့ အရင်ထွက်ရတယ်။ ပထမဖမ်းထားတယ်။ တလနှစ်လနေပြီး မထွက်ရသေးဘူး။ နောက်မှဖမ်းတယ်။ အခုမှရောက်လာတဲ့သူတွေကျတော့ အချုပ်ထဲကနေ အခုထွက်ချင်တယ်ဆိုရင် ပိုက်ဆံပေးပြီးထွက်ရတယ်။ အဲဒီအခြေအနေမျိုးတွေလည်း ကြားရတယ်။ ဆိုလိုချင်တာက ပွဲစားကနေတဆင့် ဘယ်သူပေးရလဲ မသိဘူး ။ ဟိုဘက်ဒီဘက်ကို ပေးရတယ်လို့တော့ကြားရတယ်။ ပေးတာကတော့တိုက်ရိုက်ပေးတာမဟုတ်ဘူး။ ပွဲစားကနေပေးရတာဖြစ်တယ် ။ သူတို့ထွက်ဖို့ စာရင်းတွေကိုတော့ မြန်မာပြည် အစိုးရ ဘက်ကိုပို့ရတယ်။ အဲဒီစာရင်းထဲပါမှပဲ သူတို့ထွက်ရတာဖြစ်တယ်"

ထိုင်းနိုင်ငံထဲမှာ ပြစ်ဒဏ်ကျခံပြီးသား မြန်မာတွေဟာ တခြားနိုင်ငံသားတွေနဲ့မတူပဲ လဝကအချုပ်မှာ အကြာကြီးဆက်ပြီး နေထိုင်နေရတယ်လို့လည်း ဦးထူးချစ်ကဆိုပါတယ်။

" လွက်ရက်စေ့ပေမယ့် မြန်မာပြည်ပြန်ပို့တာဖြစ်လို့ ထောင်ဗူးဝကနေ ပြန်ပို့တာမဟုတ်ဘူး ။ ထိုင်းနဲ့နိုင်ငံခြားသားတွေကျတော့ ထောင်ဗူးဝကနေ လွှတ်ပေးလိုက်တာ။ မြန်မာကတော့ ထောင်ဗူးဝကနေ လွှတ်တာမဟုတ်ဘူး ။ လွတ်ရက်စေ့ပြီ ပြစ်ဒဏ်ကျပြီးပေမယ့် လဝက အချုပ်ကိုပို့တာပါ ။ သူတို့ကလည်း ဟိုဘက်ကမ်းကိုပြန်ပို့ဖို့အတွက် အဲဒီကနေ စောင့်နေတာပေါ့ "

ကိုဗစ်ကပ်ဘေးကာလမှာ နေရပ်ရင်းကိုပြန်ပို့တဲ့အခါ ကွာရမ်တင်းစင်တာတွေ မလုံလောက်တာကြောင့် မြန်မာဘက်ကလည်း လူများများ လက်မခံနိုင်တာတွေကြောင့်လည်း ကိုဗစ်ကပ်ဘေးကာလ ၂နှစ်ကျော်အတွင်းမှာ ထိုင်းနိုင်ငံနယ်စပ်အသီးသီးက လဝကအချုပ်တွေမှာ မြန်မာတွေ စုပုံပြည့်ကြပ်နေပြီး နေထိုင်ရေးနဲ့ အစားအသောက်အခက်အခဲတွေကြုံကနေတာပါ။ ဒီအတွက် နှစ်နိုင်ငံအစိုးရတွေအနေနဲ့ ပြစ်ဒဏ်ကျခံပြီးသား မြန်မာနိုင်ငံသားတွေကို အမြန်ဆုံး ပြန်ပို့နိုင်ဖို့အတွက် တိုက်တွန်းနေတာဖြစ်တယ်လို့လည်း ဦးထူးချစ်ကပြောဆိုသွားပါတယ်။

XS
SM
MD
LG