သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ရေကြီးမှုကြောင့် တရုတ်မှာ အနည်းဆုံး တဒါဇင် သေဆုံး၊ ထောင်ချီ ပြောင်းရွှေ့ရ  


China Extreme Weather
China Extreme Weather

တရုတ်နိုင်ငံ အနောက် တောင်ပိုင်းနဲ့ အနောက် မြောက်ပိုင်းမှာ ရုတ်တရက် ရေကြီးတာတွေကြောင့် အနည်းဆုံး တဒါဇင် သေဆုံးပြီး ထောင်ချီ ထိခိုက်ရကြောင်း နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။ စနေနေ့ထိ လူပေါင်း ၁၃၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရကြောင်းလည်း ဖော်ပြပါတယ်။

ရေကြီးမှုကြောင့် တရုတ်မှာ အနည်းဆုံး တဒါဇင် သေဆုံး၊ ထောင်ချီ ပြောင်းရွှေ့ရ

{{Zawgyi/Unicode}}
တရုတ်နိုင်ငံ အနောက် တောင်ပိုင်းနဲ့ အနောက် မြောက်ပိုင်းမှာ ရုတ်တရက် ရေကြီးတာတွေကြောင့် အနည်းဆုံး တဒါဇင် သေဆုံးပြီး ထောင်ချီ ထိခိုက်ရကြောင်း နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။ အနောက်တောင်ပိုင်း ပြည်နယ် စီချွမ်းမှာ မိုးသည်ထန်ပြီး ရုတ်တရက် ရေကြီးတာကြောင့် အနည်းဆုံး ၆ ဦး သေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင် သတင်းဌာန CGTN က ဖော်ပြပါတယ်။ စနေနေ့ထိ လူပေါင်း ၁၃၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရကြောင်းလည်း ဖော်ပြပါတယ်။

နိုင်ငံရဲ့ အနောက်မြောက်ပိုင်း Gansu ပြည်နယ် Longnan မြို့မှာလည်း နောက်ထပ် လူ ၆ ဦး သေဆုံးပြီး လူ ၃၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရကြောင်း နိုင်ငံပိုင် CCTV သတင်းက ပြောပါတယ်။ တရက်ခွဲကြာ မိုးရွာသွန်းမှုက မိုးရေချိန် ၃ ဒသမ ၉ လက်မထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ဇူလိုင်လရဲ့ ပျမ်းမျှ မိုးရေချိန် ၂ ဆလောက် တက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အမြင့်ဆုံး အပူချိန် ၁၀၇ ဒီဂရီ ဖာရင်ဟိုက် အထိ ရောက်ရှိခဲ့တဲ့ ရှန်ဟိုင်းမြို့နဲ့ အရှေ့ပိုင်း Zhejiang ပြည်နယ်တို့ အပါအဝင် နိုင်ငံရဲ့ ဒေသ တချို့မှာ အပူလှိုင်း ရိုက်ခတ်ခဲ့ချိန်မှာ မိုးရွာတာ ဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် အခုလို ပြင်းထန် မိုးလေဝသ အခြေအနေတွေ ပေါ်ပေါက်လာပုံ ရတယ်လု့ိလည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

နိုင်ငံမှာ Covid လုံး၀ ကင်းစင်ရေး အရေးယူ ဆောင်ရွက်မှု အနေနဲ့ ခရီးသွားလာမှု တားမြစ်ကန့်သတ်ချက်ကို တင်းတင်းကြပ်ကြပ် ချမှတ်ထားပြီး ကုန်စည် သယ်ယူပို့ဆောင်ရေး ကွင်းဆက်ကြီးကို အဟန့်အတား ဖြစ်စေတာကြောင့် စီးပွားရေး အပေါ် ရိုက်ခတ်သက်ရောက်မှုမှာ အခု ရေကြီးမှုက ထပ်ပြီး ရိုက်ခတ်စေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

................................


{{Zawgyi/Unicode}}





XS
SM
MD
LG