သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔ ထိုင္း ခ်ိတ္ဆက္ ရထားလမ္း ၂၀၂၈ မွာ အၿပီးတည္ေဆာက္ဖို႔ ရည္မွန္း 


China Lao Thai railway.

ၾကန္႔ၾကာေနတဲ့ ထိုင္း-လာအို-တ႐ုတ္ ၃ ႏိုင္ငံေပါက္မယ့္ ျမန္နႈန္းျမင့္ ရထားလမ္းတည္ေဆာက္ေရး စီမံကိန္းကို ၆ ႏွစ္ အတြင္းအၿပီးသတ္မယ္လို႔ ထိုင္းအစိုးရက ကတိေပးလိုက္တာေၾကာင့္ ေဒၚလာ ၁၂ ဘီလီယံကုန္က်မယ့္ ဒီစီမံကိန္း အတြက္ ေငြအေၾကေပးႏိုင္ မေပးႏိုင္ သံသယဝင္လာေနၾကပါတယ္။

တ႐ုတ္နဲ႔ ထိုင္း ခ်ိတ္ဆက္ ရထားလမ္း ၂၀၂၈ မွာ အၿပီးတည္ေဆာက္ဖို႔ ရည္မွန္း

{{Zawgyi/Unicode}}
ၾကန္႔ၾကာေနတဲ့ ထိုင္း-လာအို-တ႐ုတ္ ၃ ႏိုင္ငံေပါက္မယ့္ ျမန္နႈန္းျမင့္ ရထားလမ္းတည္ေဆာက္ေရး စီမံကိန္းကို ၆ ႏွစ္ အတြင္းအၿပီးသတ္မယ္လို႔ ထိုင္းအစိုးရက ကတိေပးလိုက္တာေၾကာင့္ ေဒၚလာ ၁၂ ဘီလီယံကုန္က်မယ့္ ဒီစီမံကိန္း အတြက္ ေငြအေၾကေပးႏိုင္ မေပးႏိုင္ သံသယဝင္လာေနၾကပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ Prayut Chan-ocha နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Don Pramudwinai တို႔ ဘန္ေကာက္မွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီနဲ႔ ေတြ႕ဆံုအၿပီး ေနာက္တေန႔မွာပဲ ၂၀၂၈ မွာ အၿပီးသတ္မယ္ဆိုတဲ့ ေၾကညာခ်က္ ထြက္လာတာ ျဖစ္ပါတယ္။ ဒီေတြ႕ဆံုေဆြးေႏြးမႈမွာ ထိုင္း- လာအို- တ႐ုတ္ ဆက္သြယ္ေရးစၾကၤန္ ဆိုင္ရာ ေဆြးေႏြးမႈလည္း ပါဝင္တယ္လို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ဘန္ေကာက္ၿမိဳ႕ေတာ္ကေန လာအိုနယ္စပ္က Nong Khai အထိ ေဖါက္မယ့္ ၆၀၉ ကီလိုမီတာရွည္ လမ္းအတြက္ အခုအခါမွာ ၅ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ၿပီး ဒါကို ၂၀၂၈ မွာ အၿပီးေဖါက္မွာျဖစ္ေၾကာင္း လမ္းပမ္းဆက္သြယ္ေရးနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အရာရွိေတြက ဇူလိုင္လ ၆ ရက္ေန႔က သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။ Nong Khai ဟာ လာအိုၿမိဳ႕ေတာ္ ဗီယင္က်န္းရွိရာ မဲေခါင္ျမစ္တဖက္ကမ္းမွာ တည္ရွိၿပီး အဲဒီကေန လာအို- တ႐ုတ္နယ္စပ္အထိေပါက္တဲ့ ျမန္ႏႈန္းျမင့္ ရထားကို ဒီဇင္ဘာလမွာ စတင္ေျပးဆြဲခဲ့တာ ျဖစ္ပါတယ္။

ဒီရထားဟာ တနာရီကို ကီလိုမီတာ ၂၅၀ (မိုင္အားျဖင့္ ၁၅၅ မိုင္) အျမန္ႏႈန္းနဲ႔ ေျပးမွာ ျဖစ္တဲ့အတြက္ ဘန္ေကာက္- Nong Khai ခရီးအတြက္ အခ်ိန္ကုန္သက္သာသြားမွာ ျဖစ္ပါတယ္။ ဒီစီမံကိန္းဟာ တ႐ုတ္ႏိုင္ငံ ယူနန္ခ႐ိုင္ကေန စကၤာပူဆိပ္ကမ္း အထိ ဆက္သြယ္မယ့္ တ႐ုတ္စီမံကိန္းျဖစ္ၿပီး လာအို- ထိုင္း- မေလးရွား ႏိုင္ငံေတြကို ျဖတ္သြားမယ့္ ခါးပတ္လမ္း စီမံကိန္းထဲက အေရးပါတဲ့ အပိုင္းလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................

တရုတ်နဲ့ ထိုင်း ချိတ်ဆက် ရထားလမ်း ၂၀၂၈ မှာ အပြီးတည်ဆောက်ဖို့ ရည်မှန်း

{{Zawgyi/Unicode}}
ကြန့်ကြာနေတဲ့ ထိုင်း-လာအို-တရုတ် ၃ နိုင်ငံပေါက်မယ့် မြန်နှုန်းမြင့် ရထားလမ်းတည်ဆောက်ရေး စီမံကိန်းကို ၆ နှစ် အတွင်းအပြီးသတ်မယ်လို့ ထိုင်းအစိုးရက ကတိပေးလိုက်တာကြောင့် ဒေါ်လာ ၁၂ ဘီလီယံကုန်ကျမယ့် ဒီစီမံကိန်း အတွက် ငွေအကြေပေးနိုင် မပေးနိုင် သံသယဝင်လာနေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် Prayut Chan-ocha နဲ့ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့ ဘန်ကောက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံအပြီး နောက်တနေ့မှာပဲ ၂၀၂၈ မှာ အပြီးသတ်မယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုမှာ ထိုင်း- လာအို- တရုတ် ဆက်သွယ်ရေးစင်္ကြန် ဆိုင်ရာ ဆွေးနွေးမှုလည်း ပါဝင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဘန်ကောက်မြို့တော်ကနေ လာအိုနယ်စပ်က Nong Khai အထိ ဖေါက်မယ့် ၆၀၉ ကီလိုမီတာရှည် လမ်းအတွက် အခုအခါမှာ ၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ဒါကို ၂၀၂၈ မှာ အပြီးဖေါက်မှာဖြစ်ကြောင်း လမ်းပမ်းဆက်သွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ဇူလိုင်လ ၆ ရက်နေ့က သတင်းထောက်တွေကို ပြောခဲ့တာပါ။ Nong Khai ဟာ လာအိုမြို့တော် ဗီယင်ကျန်းရှိရာ မဲခေါင်မြစ်တဖက်ကမ်းမှာ တည်ရှိပြီး အဲဒီကနေ လာအို- တရုတ်နယ်စပ်အထိပေါက်တဲ့ မြန်နှုန်းမြင့် ရထားကို ဒီဇင်ဘာလမှာ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒီရထားဟာ တနာရီကို ကီလိုမီတာ ၂၅၀ (မိုင်အားဖြင့် ၁၅၅ မိုင်) အမြန်နှုန်းနဲ့ ပြေးမှာ ဖြစ်တဲ့အတွက် ဘန်ကောက်- Nong Khai ခရီးအတွက် အချိန်ကုန်သက်သာသွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံ ယူနန်ခရိုင်ကနေ စင်္ကာပူဆိပ်ကမ်း အထိ ဆက်သွယ်မယ့် တရုတ်စီမံကိန်းဖြစ်ပြီး လာအို- ထိုင်း- မလေးရှား နိုင်ငံတွေကို ဖြတ်သွားမယ့် ခါးပတ်လမ်း စီမံကိန်းထဲက အရေးပါတဲ့ အပိုင်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG