သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းက ႏွံစားသီးႏွံျပန္လည္တင္ပို႔ဖို႔  ႐ုရွားနဲ႔ သေဘာတူညီမႈရ


Turkish President Recep Tayyip Erdogan, right, and U.N. Secretary General Antonio Guterres lead a signing ceremony at Dolmabahce Palace in Istanbul, Turkey, Friday, July 22, 2022.

ယူကရိန္းႏိုင္ငံ ကေန ကမာၻ႔ေဈးကြက္ကို ႏွံစားသီးႏွံ ေတြ ျပန္တင္ပို႔ႏိုင္ၿပီး ဖြံ႕ံၿဖိဳးဆဲႏိုင္ငံေတြမွာ ၾကံဳေတြ႕ေနရတဲ့ စားနပ္ရိကၡာ အခက္အခဲေျပလည္ ေစမယ့္ သေဘာတူညီခ်က္ တရပ္ကို ေသာၾကာေန႔က ႐ုရွားနဲ႔ ယူကရိန္းတို႔ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ လက္မွတ္ေရးထိုးႏိုင္ၿပီျဖစ္ပါတယ္။

ယူကရိန္းက ႏွံစားသီးႏွံျပန္လည္တင္ပို႔ဖို႔ ႐ုရွားနဲ႔ သေဘာတူညီမႈရ

{{Zawgyi/Unicode}}
ယူကရိန္းႏိုင္ငံ ကေန ကမာၻ႔ေဈးကြက္ကို ႏွံစားသီးႏွံေတြ ျပန္တင္ပို႔ႏိုင္ၿပီး ဖြ႕ံၿဖိဳးဆဲႏိုင္ငံေတြမွာ ၾကံဳေတြ႕ေနရတဲ့ စားနပ္ရိကၡာ အခက္အခဲေျပလည္ေစမယ့္ သေဘာတူညီခ်က္တရပ္ကို ေသာၾကာေန႔က ႐ုရွားနဲ႔ ယူကရိန္းတို႔ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ လက္မွတ္ေရးထိုးႏိုင္ၿပီျဖစ္ပါတယ္။

ဒီသေဘာတူညီခ်က္ဟာ လြယ္လြယ္နဲ႔ ရခဲ့တာ မဟုတ္ဖူးလို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ေျပာပါတယ္။

" အားလံုးအတြက္ ဘံုအက်ိဳးစီးပြားကို ေဖၚေဆာင္ေပးမယ့္ ကနဦးေျခလွမ္းကို လမ္းဖြင့္ေပးဖို႔ မတူကြဲျပားမႈေတြကို ေဘးဖယ္ထားၿပီး အခက္အခဲေတြကိုေက်ာ္လႊားႏိုင္ခဲ့ၾကပါၿပီ " လို႔ အတြင္းေရးမႉးခ်ဳပ္ က ႐ုရွား နဲ႔ ယူကရိန္း ကိုယ္စားလွယ္ေတြ လက္မွတ္ေရးထိုးတဲ့ အခမ္းအနားမွာ ေျပာသြားတာပါ။

ယူကရိန္းႏိုင္ငံ ဟာ လူသန္းေပါင္း ၄ဝဝ ေလာက္ကို တႏွစ္စာ အလုံအေလာက္ ေကၽြးေမြးႏိုင္တဲ့ ႏွံစားသီးႏွံ တင္ပို႔ေရာင္းခ်တဲ့ ဦးေဆာင္ႏိုင္ငံ ျဖစ္ပါတယ္။ ဒါေပမယ့္ ႐ုရွားက ပင္လယ္နက္မွာ ပိတ္ဆို႔ထားတဲ့အတြက္ ႏွံစားသီးႏွံ တန္ခ်ိန္သန္းေပါင္း ၂ဝ ေလာက္ဟာ သိုေလွာင္က်ီေတြမွာ သေဘၤာေတြေပၚမွာပဲ ပိတ္မိေနတာျဖစ္ပါတယ္။

Black Sea Initiative ပင္လယ္နက္ သေဘာတူညီခ်က္ လို႔ အမည္ရတဲ့ အဲဒီစာခ်ဳပ္ကို ယူကရိန္း အေျခခံအေဆာက္အအံုဆိုင္ရာ ဝန္ႀကီး Oleksandr Kubrakov နဲ႔ ႐ုရွား ကာကြယ္ေရးဝန္ႀကီး Sergei Shoigu တို႔ဟာ မ်က္ႏွာခ်င္းမဆိုင္ၾကပဲ စားပြဲမွာ တေယာက္တလွည့္ဆီ လာေရာက္ၿပီး လက္မွတ္ထိုးၾကပါတယ္။

အဲဒီ သေဘာတူညီခ်က္အရ ယူကရိန္းဆိပ္ကမ္းေတြကို ႏွံစားသီးႏွံေတြ လာေရာက္ သယ္ယူၾကဖို႔ ဝင္ေရာက္လာၾကတဲ့ ကုန္တင္ သေဘၤာေတြအေနနဲ႔ လက္နက္ေတြ သယ္ေဆာင္လာတာ မရွိေစဖို႔အတြက္ တူရကီ၊ ရုရွား နဲ႔ ယူကရိန္း ပူးတြဲ စစ္ေဆးေရးအဖြဲ႔ေတြက စစ္ေဆးဖို႔ပါရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................

ယူကရိန်းက နှံစားသီးနှံပြန်လည်တင်ပို့ဖို့ ရုရှားနဲ့ သဘောတူညီမှုရ

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံ ကနေ ကမ္ဘာ့ဈေးကွက်ကို နှံစားသီးနှံတွေ ပြန်တင်ပို့နိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာ အခက်အခဲပြေလည်စေမယ့် သဘောတူညီချက်တရပ်ကို သောကြာနေ့က ရုရှားနဲ့ ယူကရိန်းတို့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လက်မှတ်ရေးထိုးနိုင်ပြီဖြစ်ပါတယ်။

ဒီသဘောတူညီချက်ဟာ လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဖူးလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ပြောပါတယ်။

" အားလုံးအတွက် ဘုံအကျိုးစီးပွားကို ဖေါ်ဆောင်ပေးမယ့် ကနဦးခြေလှမ်းကို လမ်းဖွင့်ပေးဖို့ မတူကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး အခက်အခဲတွေကိုကျော်လွှားနိုင်ခဲ့ကြပါပြီ " လို့ အတွင်းရေးမှူးချုပ် က ရုရှား နဲ့ ယူကရိန်း ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောသွားတာပါ။

ယူကရိန်းနိုင်ငံ ဟာ လူသန်းပေါင်း ၄ဝဝ လောက်ကို တနှစ်စာ အလုံအလောက် ကျွေးမွေးနိုင်တဲ့ နှံစားသီးနှံ တင်ပို့ရောင်းချတဲ့ ဦးဆောင်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားက ပင်လယ်နက်မှာ ပိတ်ဆို့ထားတဲ့အတွက် နှံစားသီးနှံ တန်ချိန်သန်းပေါင်း ၂ဝ လောက်ဟာ သိုလှောင်ကျီတွေမှာ သင်္ဘောတွေပေါ်မှာပဲ ပိတ်မိနေတာဖြစ်ပါတယ်။

Black Sea Initiative ပင်လယ်နက် သဘောတူညီချက် လို့ အမည်ရတဲ့ အဲဒီစာချုပ်ကို ယူကရိန်း အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ကြီး Oleksandr Kubrakov နဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu တို့ဟာ မျက်နှာချင်းမဆိုင်ကြပဲ စားပွဲမှာ တယောက်တလှည့်ဆီ လာရောက်ပြီး လက်မှတ်ထိုးကြပါတယ်။

အဲဒီ သဘောတူညီချက်အရ ယူကရိန်းဆိပ်ကမ်းတွေကို နှံစားသီးနှံတွေ လာရောက် သယ်ယူကြဖို့ ဝင်ရောက်လာကြတဲ့ ကုန်တင် သင်္ဘောတွေအနေနဲ့ လက်နက်တွေ သယ်ဆောင်လာတာ မရှိစေဖို့အတွက် တူရကီ၊ ရုရှား နဲ့ ယူကရိန်း ပူးတွဲ စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးဖို့ပါရှိပါတယ်။

XS
SM
MD
LG