သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာ့အရေးဆွေးနွေးမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

[[ ZAWGYI / UNICODE ]]

ကန် နိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာ့အရေးဆွေးနွေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ လာမယ့် အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာ့အရေး ဆွေးနွေးဖို့ ရှိနေပါတယ်။ အမေရိကန်-အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးအတွက် ရှေ့သီတင်းပတ်ထဲ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ မြန်မာ့အရေး အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အာဏာပိုင်တွေ ကွပ်မျက်ခဲ့တဲ့အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေက ဝေဖန်ရှုတ်ချမှုတွေနဲ့ စိုးရိမ်တဲ့ သဘောထားတွေ ထွက်ပေါ်နေချိန်မှာပဲ မြန်မာ့အရေး ဖြေရှင်းဖို့ အမေရိကန် တာဝန်ရှိသူတွေကလည်း ဖိအားပေးနေပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို သေဒဏ်စီရင်ခဲ့တဲ့အပေါ် အမေရိကန်က ရှုတ်ချသလို၊ ပိတ်ဆို့ဒဏ်ခတ် အရေးယူတာတွေ အပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ဒေသတွင်းနဲ့ တခြားက မိတ်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်သွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

မြန်မာစစ်အာဏာပိုင်တွေ အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် လုပ်ရမယ့်အစား အကြမ်းဖက် ဖိနှိပ်မှုတွေ ဆက်လုပ်နေသမျှ ဖိအားတွေ တိုးမြှင့်သွားမယ်လို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း သြဂုတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကမ္ဘောဒီယားနိုင်ငံ ခရီးစဉ်အပြီးမှာတော့၊ ဖိလစ်ပိုင်နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးအပြင်၊ သမ္မတအသစ် Ferdinand Marcos Jr နဲ့လည်း တွေဆုံမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}







XS
SM
MD
LG