သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်း မြန်မာနိုင်ငံမှာ လူမှောင်ခိုမှုအန္တရာယ် ကန်အစီရင်ခံစာထောက်ပြ


(Zawgyi / Unicode)


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အခြေအနေတွေကြောင့် လူမှောင်ခိုမှု အန္တရာယ်ရှိနေသလို၊ တိုက်ဖျက်ရေးမှာ အားနည်းချက်တွေ ရှိနေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

စစ်အာဏာပိုင်တွေဟာ ဒီမိုကရေစီရေး လိုလားသူတွေကို ဖိနှိပ်အရေးယူဖို့ ဦးစားပေးလာတာကြောင့် လူမှောင်ခိုမှု တိုက်ဖျက်ရေး သိသိသာသာ ကျဆင်းသွားတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က လူမှောင်ခိုမှု အန္တရာယ်နဲ့ ပတ်သက်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့ အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုသွားပါတယ်။ကမ ္ဘာတဝန်းမှာ လက်ရှိ လူကုန်ကူးမှုရဲ့ သားကောင်းဖြစ်ရသူ လူပေါင်း ၂၅ သန်း နီးပါး ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် စစ်တပ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF အဖွဲ့တွေ၊ နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား နိုင်ငံတဝန်းမှာ ပဋိပက္ခတွေ ပိုပြီး ကျယ်ပြန့်စေခဲ့ပြီး လူပေါင်း သိန်းချီ အိုးအိမ်စွန့် ထွက်ပြေးကြရကြောင်း အစီရင်ခံစာက ထောက်ပြပါတယ်။ လူနည်းစု တိုင်းရင်းသားတွေနဲ့ နိုင်ငံရေး သဘောထား ကွဲပြားသူတွေက အများစု ဖြစ်ပြီး ဒီထွက်ပြေးရသူတွေထဲက အများအပြားဟာ လူကုန်ကူးခံရမယ့် အန္တရာယ် ရှိကြောင်းလည်း ဖော်ပြပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် အနိမ့်ဆုံး အဆင့် သတ်မှတ်ချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့လည်း ဖော်ပြပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နှစ်ပတ်လည် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို လူကုန်ကူးမှု အဆိုးရွားဆုံး အဆင့် Tier-3 အဖြစ် ဆက်လက် သတ်မှတ်လိုက်တာကြောင့် မြန်မာနိုင်ငံဟာ အနိမ့်ဆုံးအဆင့် သတ်မှတ်ခံရတာ အခုဆိုရင် ၅ နှစ် ဆက်တိုက် ရှိသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG