[[ ZAWGYI / UNICODE ]]
ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ ရန္ကုန္ၿမိဳ႕မွာ ဖမ္းဆီးခံရ
ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူတဦးကို ရန္ကုန္ၿမိဳ႕မွာ စေနေန႔က ျမန္မာအာဏာပိုင္ေတြ ဖမ္းဆီးသြားပါတယ္။ ဂ်ပန္ႏိုင္ငံသား Toru Kubota ကို ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းမွာ စစ္အာဏာပိုင္ေတြကို ဆန္႔က်င္လႈပ္ရွားသူ တခ်ဳိ႕နဲ႔အတူ စေနေန႔က ဖမ္းဆီးသြားေၾကာင္း ေဒသခံ သတင္းေတြက ေဖာ္ျပခဲ့သလို၊ ဂ်ပန္သတင္းဌာနတခုျဖစ္တဲ့ Nikkei Asia ကလည္း အမည္မေဖာ္လိုတဲ့ အာဏာပိုင္အသိုင္းအဝိုင္းကို ကိုးကားေဖာ္ျပခဲ့ပါတယ္။
အသက္ ၂၀ ေက်ာ္အရြယ္ ဂ်ပန္ႏိ္ုင္ငံသား ဖမ္းဆီးခံထားရတယ္လို႔ ဂ်ပန္သံ႐ုံးက အတည္ျပဳခဲ့ေၾကာင္း NHK သတင္းကလည္း ေဖာ္ျပခဲ့တာပါ။ ရဲကစစ္ေဆးေမးျမန္းေနတဲ့ ဂ်ပန္ႏိုင္ငံသားကို ခ်က္ျခင္း ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုမယ္လို႔လည္း ေျပာပါတယ္။
ဂ်ပန္ႏိုင္ငံသားတဦး ဖမ္းဆီးခံရမႈ သတင္းနဲ႔ ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီဖက္က လတ္တေလာ သတင္းထုတ္ျပန္တာေတာ့ မေတြ႕ရေသးပါဘူး။ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဂ်ပန္ႏိုင္ငံသားတခ်ဳိ႕ ဖမ္းဆီးခံရတဲ့အထဲမွာ ဒါဟာ ေနာက္ဆုံးေတြ႕ရတာ ျဖစ္ပါတယ္။
စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲေတြကို သတင္းယူရင္း ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔က အလြတ္သတင္းေထာက္ Yuki Kitazumi ေခတၱဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။ ဧၿပီလမွာ ဒုတိယအႀကိမ္ ထပ္မံဖမ္းဆီးခံရခ်ိန္မွာေတာ့ လုပ္ႀကံသတင္းျဖန႔္မႈနဲ႔ စြဲခ်က္တင္ခံခဲ့ရေပမဲ့ တလေလာက္ အၾကာမွာပဲ ျပန္လႊတ္ေပးခဲ့ပါတယ္။
=============
{{ UNICODE }}
ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရန်ကုန်မြို့မှာ ဖမ်းဆီးခံရ
ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတဦးကို ရန်ကုန်မြို့မှာ စနေနေ့က မြန်မာအာဏာပိုင်တွေ ဖမ်းဆီးသွားပါတယ်။ ဂျပန်နိုင်ငံသား Toru Kubota ကို ဒဂုံမြို့သစ်တောင်ပိုင်းမှာ စစ်အာဏာပိုင်တွေကို ဆန့်ကျင်လှုပ်ရှားသူ တချို့နဲ့အတူ စနေနေ့က ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းတွေက ဖော်ပြခဲ့သလို၊ ဂျပန်သတင်းဌာနတခုဖြစ်တဲ့ Nikkei Asia ကလည်း အမည်မဖော်လိုတဲ့ အာဏာပိုင်အသိုင်းအဝိုင်းကို ကိုးကားဖော်ပြခဲ့ပါတယ်။
အသက် ၂၀ ကျော်အရွယ် ဂျပန်နိုင်ငံသား ဖမ်းဆီးခံထားရတယ်လို့ ဂျပန်သံရုံးက အတည်ပြုခဲ့ကြောင်း NHK သတင်းကလည်း ဖော်ပြခဲ့တာပါ။ ရဲကစစ်ဆေးမေးမြန်းနေတဲ့ ဂျပန်နိုင်ငံသားကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုမယ်လို့လည်း ပြောပါတယ်။
ဂျပန်နိုင်ငံသားတဦး ဖမ်းဆီးခံရမှု သတင်းနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဖက်က လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံသားတချို့ ဖမ်းဆီးခံရတဲ့အထဲမှာ ဒါဟာ နောက်ဆုံးတွေ့ရတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကို သတင်းယူရင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အလွတ်သတင်းထောက် Yuki Kitazumi ခေတ္တဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဧပြီလမှာ ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရချိန်မှာတော့ လုပ်ကြံသတင်းဖြန့်မှုနဲ့ စွဲချက်တင်ခံခဲ့ရပေမဲ့ တလလောက် အကြာမှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။